Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၉.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. သီးလေးသီးအဖွဲ့အား တားမြစ်ခြင်းကြောင့် ဂေါပက အဖွဲ့အား ကန်ထရိုက်မှ တရားစွဲ
  2. ပြည်တွင်း ခရီးသွားကုမ္ပဏီအချို့ထံမှ နိုင်ငံခြားသားပိုင် ကုမ္ပဏီများ ဈေးကွက်လုယူ
  3. တရုတ်မှ ကျောက်မျက်အခွန် တိုးမြှင့်လိုက်သည့်အတွက် မြန်မာ့သတ္တုကဏ္ဍ အရောင်းကျ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် နေရာကို ကေအိုင်အိုနှင့်အစိုးရတို့ ရွေးချယ်နေ
  1. ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် လားရှိုးသို့ မတ်လတွင် သွားရောက်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

သီးလေးသီးအဖွဲ့အား တားမြစ်ခြင်းကြောင့် ဂေါပက အဖွဲ့အား ကန်ထရိုက်မှ တရားစွဲ

နှစ်စဉ် ကျင်းပမြဲဖြစ်သည့် သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားပွဲတွင် သီးလေးသီးအဖွဲ့အား အငြိမ့်ဆက်မကရန် ဘုရားဂေါပကအဖွဲ့မှ တားမြစ်ခဲ့ခြင်းကြောင်း ပွဲကန်ထရိုက်က ဂေါပကအဖွဲ့အား တရားစွဲဆိုထားကြောင်း သိရသည်။

ဇန်န၀ါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ ကျင်းပသည့် သန်လျင် ကျိုက်ခေါက်ဘုရားပွဲတွင် သီးလေးသီး အငြိမ့်အဖွဲ့အား ဖေဖော်ဝါရီ ၁ရက်နေ့မှ ၃ ရက်နေ့အထိ ကပြရန် ပွဲကန်ထရိုက်တာ ဦးမျိုးသိန်းမှ ငှားရမ်းခဲ့သည်။

“ရက်ကြေး သုံးရက်စာကို သိန်းလေးဆယ်ကျော် ပေးပြီးသွားပြီ။ ဇာတ်ပွဲတွေထုံးစံကလည်း နောက်ဆုံးနေ့မှ လူ စည်တာလေ။ဒါကို ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက်ပဲ ကပြရသေးတယ်။ ဆက်မကရဘူးလို့ ဂေါပကက အမိန့်ထုတ်တော့ ကျွန် တော် နာတာပေါ့”ဟု ယင်းဇာတ်ပွဲကန်ထရိုက်မှ ဆိုသည်။

သက်ဆိုင်ရာ ဒေသအာဏပိုင်မဟုတ်ဘဲ တားမြစ်သဖြင့် ယင်းဖြစ်ရပ်အား တောင်ပိုင်းခရိုင်တရားရုံးသို့ တရားလိုအဖြစ် တိုင်ကြားခြင်း ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

သီးလေးသီးအငြိမ့်မှ ဘုရားဖူးပရိတ်သတ်များကို ဖျော်ဖြေရာတွင် ဂေါပကအား ပျက်လုံးထုတ်သဖြင့် ယင်းသို့ ဆက်မကရန် တားမြစ်ရခြင်း ဖြစ်ကြောင်း သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားမှ ဂေါပကတစ်ဦးက ရန်ကုန်ခရော်နီကယ် သို့ ပြောကြားသော်လည်း မည်သို့သော အဓိပ္ပာယ်ရသည့် ပျက်လုံးမျိုးကြောင့် တားမြစ်ရသည်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်သည်။

“သီးလေးသီးတွေက ပျက်တဲ့ပျက်လုံးတွေက အိပ်နေတဲ့  ဘုရားဂေါပကကို ကျော်ခွမသွားနဲ့။ ကျော်ခွသွားရင် ငရဲကြီးတယ်။ ဘာကြောင့်လည်း ဆိုတော့ သူ့ဗိုက်ထဲမှာ ဘုရားဌာပနာတွေရှိလို့ဆိုတဲ့ ပျက်လုံးတွေပျက်တယ်ဗျ” ဟု သန်လျင်မြို့ခံ တစ်ဦးအား ရန်ကုန်ခရော်နီကယ်မှ ဆက်သွယ် မေးမြန်ရာတွင် ပြောကြားသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ကျိုက်ခေါက် ဘုရားဂေါပကအဖွဲ့မှ သန်လျင်မြို့ခံ လူမှုရေး အသင်းအဖွဲ့များအား ဖြေရှင်းရန် ပြင်ဆင် နေကြောင်း သိရသည်။

KS

-----------------------------------------------------------------------------------------------------------------------------------

ပြည်တွင်း ခရီးသွားကုမ္ပဏီအချို့ထံမှ နိုင်ငံခြားသားပိုင် ကုမ္ပဏီများ ဈေးကွက်လုယူ

ပြည်တွင်းရှိ ခရီးသွားလုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများထံမှ နိုင်ငံခြားသားပိုင် ခရီးသွားကုမ္ပဏီများ၏ ဆက်စပ်ကုမ္ပဏီများမှ ခရီးသွားလုပ်ငန်း ဈေးကွက်လုယူခဲ့သည့်အတွက် ပြည်တွင်းရှိ ခရီးသွားလုပ်ငန်းအချို့မှ လုပ်ငန်းရပ်နားရသည်အထိ ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားခရီးသွားလာမှုလုပ်ငန်း ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်စေရန် ပြည်တွင်း၌ နိုင်ငံခြားသားပိုင် ခရီးသွားကုမ္ပဏီများ ဖွင့်လှစ်ခြင်းကို ပိာုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ခွင့်ပြုပေးခဲ့သော်လည်း နောက်ပိုင်းကာလများတွင် နိုင်ငံသားပိုင်ကုမ္ပဏီများမှ ဈေးကွက်လုယူခြင်း၊ ချဲ့ထွင်ခြင်းများ ပြုလုပ်လာသည့် အတွက် ပိာုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်တွင်း၌ နိုင်ငံခြားသားပိုင် ခရီးသွားကုမ္ပဏီများ ဖွင့်လှစ်ခြင်းကို ပြန်လည်ပိတ်ပင်ခဲ့ကြောင်း ပြည်တွင်းခရီးသွားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်း ကိစ္စရပ်နှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “အခုလို ပြည်တွင်းကကုမ္ပဏီတွေ အထိနာအောင် နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေက တိုက်ခိုက်တယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ဒီကိစ္စတွေကို ရပ်တန့်သင့်ပါပြီ။ ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့လည်း နိုင်ငံခြား လုပ်ငန်းရှင်တွေကို တန်းတူယှဉ်ပြိုင်နိုင်ဖို့အတွက် ဆောင်ရွက်သင့်ပါပြီ” ပာု ပြောကြားသည်။

ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် မြန်မာနိုင်ငံသား ခရီးသွားကုမ္ပဏီများ၏ အကျိုးကိုကြည့်၍ ကာကွယ်ရန် လိုအပ်ပြီး လက်ရှိ နိုင်ငံခြားသားပိုင် ခရီးသွားကုမ္ပဏီများအား လုပ်ငန်းလိုင်စင် ချထားပေးခြင်းများကို ရပ်တန့်နိုင်ရန် လိုအပ်ပြီဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း ခရီးသွားလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ တရုတ်၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ အမေရိကန်နှင့် ဥရောပ နိုင်ငံများမှ ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

တရုတ်မှ ကျောက်မျက်အခွန် တိုးမြှင့်လိုက်သည့်အတွက် မြန်မာ့သတ္တုကဏ္ဍ အရောင်းကျ

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကျောက်မျက်များ တင်ပို့ရောင်းချရာတွင် ယခင်က တရုတ်နိုင်ငံဘက်မှ အခွန်ကင်း လွတ်ခွင့်ပြုထားခဲ့သော်လည်း ယခုအခါ တရုတ်နိုင်ငံမှ ၎င်း အခွန်ကင်းလွတ်ခွင့်အား ပြန်လည်ရုတ်သိမ်းလိုက်ပြီး အခွန်နှုန်းထားအား ၃၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံလိုက်သည့် အတွက် မြန်မာ့သတ္တုကဏ္ဍတွင် ယခင်ထက် ကန်ဒေါ်လာ သန်း ရာကျော် အရောင်းကျဆင်းသွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် သတ္တုတွင်းကဏ္ဍ၌ ဝင်ငွေ ကန်ဒေါ်လာ ၂ ဒဿမ ၀၂ ဘီလီယံ ရှိခဲ့ ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် မကုန်မီကာလအတွင်းတွင် ယခင် ဘဏ္ဍာရေးနှစ်ထက် ပိုမိုလျော့ကျသွားခဲ့ရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ့သတ္တုတွင်း ကဏ္ဍကဲ့သို့ သစ်တောထွက်ပစ္စည်းများနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ပြည်ပသို့ တင်ပို့ရောင်းချမှု များမှာလည်း ဒေါ်လာသန်းချီကာ ရှုံးနိမ့်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ပို့ကုန်ကဏ္ဍ အားကောင်းခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၁၅ ဒဿမ ၂ ဘီလီယံရှိခဲ့ပြီး ယခုနှစ် ဘဏ္ဍာနှစ်တွင်မူ သွင်းကုန်ကဏ္ဍသာ အားကောင်းလျက်ရှိပြီး စုစုပေါင်း ကုန်သွယ်မှု မှာ ၁၅ ဒဿမ ၁ ဘီလီယံသာရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရ သည်။

Ref:Popular News

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် နေရာကို ကေအိုင်အိုနှင့်အစိုးရတို့ ရွေးချယ်နေ

အပစ်အခတ်ရပ်စဲရေးအဆင့်ကို မတက်လှမ်းနိုင်သေးသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အဖွဲ့(A)တို့အကြား ဆွေးနွေးရန် နေရာကို ရွေးချယ်နေကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့အနေဖြင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့ကို ယင်းတို့၏အခြေခံဒေသသို့ ခေါ်ဆောင်ပြီး အစိုးရ အနေဖြင့် ကေအိုင်အိုအား နေပြည်တော်သို့ လာရောက်ဆွေးနွေးရန် ခေါ်ဆောင်နေခြင်းကြောင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် နေရာရွေးချယ်မှုနှင့် ရပ်တန့်နေကြောင်း ယင်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။