Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၀.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြန်မာနိုင်ငံ၌ ကမ္ဘာ့ဘဏ်လုပ်ငန်း ပြန်လည်စတင်မည်
  1. စက်မှုဇုန် ၄ တည်ဆောက်မှုများနှင့် ပတ်သက်၍ ဇေကမ္ဘာ ပြန်လည်ရှင်းလင်း

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ရွှေညဝါဆရာတော်အား ၈၈ကျောင်းသား ခေါင်းဆောင်များမှ မှော်ဘီသို့ လိုက်ပါပို့ဆောင်
  1. ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးကို ပြည်သူအများ စိုးရိမ်
  2. ကရင်အမျိုးသားများ စည်းလုံးညီညွတ်မှု တည်ဆောက်ရေးအဖွဲ့ ဖွဲ့စည်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

မြန်မာနိုင်ငံ၌ ကမ္ဘာ့ဘဏ်လုပ်ငန်း ပြန်လည်စတင်မည်

မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းများစွာ လုပ်ဆောင်ရန် ရပ်နားထားခဲ့သည့် ကမ္ဘာ့ဘဏ်လုပ်ငန်းအား ယခုအစိုးရသစ်လက်ထက်တွင် ပြန်လည်စ တင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ကမ္ဘာ့ဘဏ်မှ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံ၏ သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေးနှင့် စီးပွားရေးအပြောင်းအလဲများကို လုပ်ဆောင်ပြသ ခဲ့သည့်အတွက် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂနိုင်ငံတို့မှ ဖြေ လျော့မှုများ ပြုလုပ်ပေးခဲ့သည့်နည်းတူ အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၌ လုပ်ငန်းများ ပြန်လည်လုပ် ဆောင်နိုင်ရန် စတင်နေပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်မှ စတင်၍ ပြုပြင်ပြောင်းလဲမှုများအရ ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တရှိန်ထိုး ဝင်ရောက် လာခဲ့ပြီး ပြည်တွင်း၊ ပြည်ပမှ အကူအညီ အထောက်အပံ့များမှာလည်း ပိုမို ဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ၌ ဘဏ်လုပ်ငန်းများ ပြန်လည်လုပ်ဆောင်မည့် ကမ္ဘာ့ဘဏ်အနေဖြင့် ရှေးဦးစွာ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကဏ္ဍများကို သုံးသပ်လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ၎င်းသုံးသပ်ချက်များအား မကြာမီ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံ နယ်စပ်ဒေသတည်ငြိမ်ရေးကို အထောက်အကူပြုရန်နှင့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများအတွက် နည်းပညာ အရ အထောက်အကူကောင်းများ ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ကမ္ဘာ့ဘဏ်သည် ၁၉၈၇ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံတွင် လုပ်ဆောင်လျက်ရှိသော ဘဏ်လုပ်ငန်းဆိုင်ရာ လည်ပတ်မှုများကို ရပ်ဆိုင်းခဲ့သည်။

WY

-----------------------------------------------------------------------------------------------------------------------------------

စက်မှုဇုန် ၄ တည်ဆောက်မှုများနှင့် ပတ်သက်၍ ဇေကမ္ဘာ ပြန်လည်ရှင်းလင်း

မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စုအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော လယ်မြေများပေါ်တွင် ဇေကမ္ဘာကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် စက်မှုဇုန် အပိုင်း(၄)နှင့် ပတ်သက်၍ ၂၀၁၂ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် Orchid Hotel၌ သတင်းစာရှင်းလင်း ပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါရှင်းလင်းပွဲတွင် ဇေကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက စက်မှုဇုန်အပိုင်း (၄)ရှိ လယ်မြေများကို ဇေကမ္ဘာကုမ္ပဏီမှ သိမ်းယူခြင်းမပာုတ် ကြောင်း၊ နိုင်ငံတော်၏ အစီအမံများအရ လုပ်ဆောင်ရခြင်းသာဖြစ်ကြောင်း၊ စက်မှုဇုန် အပိုင်း(၄) တည်ဆောက်ရန် ယင်းနေရာရှိ လယ်မြေများ သိမ်းယူ ခြင်းမပြုနိုင်ချိန်တွင် ရွှေနံ့သာကျေးရွာမှ လယ်သမားများနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း၊ ၎င်းလယ်သမားများအား ဇေကမ္ဘာကုမ္ပဏီမှ တစ်ဧကလျှင် ကျပ် ၅၀,၀၀၀ ပေးသော်လည်း လက်မခံခဲ့ကြကြောင်း၊ ထိုသို့ လက်မခံသည့်အတွက် ကုမ္ပဏီမှ တစ်ဧကလျှင် တစ်သိန်းထပ်မံတိုးပေးခဲ့ကြောင်း၊ လယ်သ မားများ နှင့် ဇေကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူများ အကြိမ်ကြိမ်အခါခါ တွေ့ဆုံ၍ ညှိနှိုင်းပြီးမှသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ၂၀၁၁ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့ သာကျေးရွာအုပ်စုအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသော လယ်မြေများပေါ်၌ ဇေကမ္ဘာကုမ္ပဏီ၏ စက်မှုဇုန်အပိုင်း(၄) အကောင်အထည် ဖော်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ၏ ခွင့်ပြုမိန့်ရရှိမှသာ ဆက်လက်ဆောင်ရွက်ရန်နှင့်  သက်ဆိုင်ရာ၏ ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ စက်မှုဇုန်အဖြစ် ဆက်လက်ဆောင်ရွက်နေပါက လယ်မြေကို ဖျက်ဆီးခြင်းပာုသတ်မှတ်၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့ သည်ဟု သတင်းများအရ သိရသည်။

လက်ရှိအချိန်တွင် ဇေကမ္ဘာကုမ္ပဏီနှင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံ ဥယျာဉ်မြို့တော် စီမံကိန်းနှင့် ရန်ကုန်စက်မှုဇုန် စီမံကိန်း အပိုင်း ၁၊ ၂၊ ၃၊ ၄ အား တည်ဆောက်လျက်ရှိကြောင်း သိရသည်။

WY

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ရွှေညဝါဆရာတော်အား ၈၈ကျောင်းသား ခေါင်းဆောင်များမှ မှော်ဘီသို့ လိုက်ပါပို့ဆောင်

ကြည့်မြင်တိုင်မြို့နယ်ရှိ သာဓုပရိယတ္တိစာသင်တိုက်ကျောင်းမှ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ရွှေညဝါဆရာတော် ဘ ဒ္ဒန္တ ဦးပညာသီဟသည် ဖေဖော်ဝါရီလ ၁၉ရက်နေ့ နေ့လည်တွင် ကျောင်းတိုက်မှ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၏ လိုက်ပါပို့ဆောင်မှုဖြင့် မှော်ဘီသို့  ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

ရွှေညဝါဆရာတော်သည် သာဓုပရိယတ္တိစာသင်တိုက်ကျောင်းမှ မှော်ဘီမြို့နယ်ရှိ သဲအင်းဂူကျောင်းနားသို့ ပြောင်းရွှေ့သီတင်းသုံးနေထိုင်ရန် ထွက်ခွာသွားခဲ့ပြီး တပည့် သံဃာများမှလည်း လိုက်ပါပို့ဆောင်ခဲ့သည်ဟု သိရသည်။

ထိုသို့ ကျောင်းတိုက်မှ မထွက်ခွာမှီအချိန်တွင် ရွှေညဝါဆရာတော်မှ ၎င်းအား လာရောက်နှုတ်ဆက်ကြသည့် ဒကာ/မများအား ဝမ်းနည်းနေမည့် အစား ကျလာသည့် မျက်ရည်များကို ခွန်အားအဖြစ်သုံး၍ တက္ကသိုလ်ကြီးတစ်ခု တူထောင်နိုင်ရန် ကြိုးစားသင့်ကြောင်း၊ ၎င်းအနေဖြင့် အမျိုးသားရေးနှင့် ဘာသာ၊ သာသနာရေးအား အမြဲလုပ်ဆောင်သွားမည်ဖြစ်ပြီး ဖြစ်လာမည့် ပြဿနာများအား ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း မိန့်ကြားသည်။

ထို့နောက် သာသနာပြုလုပ်ငန်းများကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး မြတ်စွာဘုရားနှင့် ဘုရားအလောင်းတို့ ကျင့်ကြံ လုပ် ဆောင်နေသည့် လမ်းစဉ်အတိုင်း ကျင့်ကြံအားထုတ်သွားမည်ဟုလည်း မိန့်ကြားသွားခဲ့သည်ဟု သိရသည်။

ယခုအခါတွင် ယင်းကျောင်းတိုက်နှင့် ပတ်သက်၍ “ဆရာတော်ရဲ့လက်ထောက်ဖြစ်တဲ့ ဆရာတော် ဦးတေဇနိယက ဆက်ပြီး အုပ်ချုပ် သွားမှာ ဖြစ်တယ်။ ကျောင်းမှာက ကထိကနှင့် စာသင်၊ စာချဆရာတော်များလည်း ရှိနေပါသေးတယ်။ ပြီးတော့ ကျောင်းမှာဖွင့်လှစ်ထားတဲ့ သင်တန်းတွေကိုလည်း ဆက်လက်ဖွင့်ခွင့်မပြုခဲ့ရင်လည်း ယခုနှစ်ဝက်လောက်တော့ ခွင့်ပြုပေးရန် သည်းခံဖို့ မိန့်သွားခဲ့ပါသေးတယ်”ဟု ရွှေညဝါဆရာတော်၏ ဒကာတစ်ဦးမှ ပြော သည်။

ယင်းကျောင်းတိုက်တွင် စာသင်သားသံဃာအပါး ၂၅၀ကျော်ရှိပြီး အပြင်မှ လာရောက်စာသင်သည့် သံဃာနှင့် သီလရှင်အပါးစုစုပေါင်း ၁၀၀၀ကျော်ရှိသည်ဟုလည်း သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးကို ပြည်သူအများ စိုးရိမ်

ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီကာလတွင် မြန်မာနိုင်ငံအနှံ့အပြားသို့ စည်းရုံးရေးခရီးစဉ်ထွက်ခွာနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ပြည်သူအများက စိုးရိမ်ပူပန်နေကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အနည်းဆုံး ခရီးတစ်ခေါက် ထွက်ခွာမည်ဟု ကြေငြာထားသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယင်းလုံခြုံရေးအတွက် သူမကိုယ်တိုင် ဂရုစိုက်ခြင်းမရှိသည်ကို တွေ့မြင်နေရကြောင်း ယင်း၏ခရီးစဉ်များကို လိုက်ပါသတင်းယူလေ့ရှိသည့် သတင်းစာဆ ရာ တစ်ဦးက ဆိုသည်။

“လမ်းတွေမှာ ပန်းစည်းတွေပေးတာတို့၊ နမ်းတာတို့က အန္တရာယ်များတယ်။ ဒီလိုမလုပ်သင့်ဘူး။ ဘေးမှာက လုံခြုံရေးလည်းမရှိတော့ အကွက် ချောင်းနေတဲ့သူတွေက အန္တရာယ် ပြုလိုက်နိုင်တယ်။”ဟု ၎င်းက ပြောကြားသည်။

ခရီးစဉ်ထွက်နေစဉ်အချိန်တွင်း လမ်းမှစောင့်ကြိုနေသည့် ပြည်သူများနှင့်ထိတွေ့ရန် ကားရပ်ခိုင်းခြင်းကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်စေ ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

လူချစ်၊လူခင်များသည့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါတီအောင်နိုင်ရေး ခရီးထွက်ခွာနေခြင်းကြောင့် သူမနှင့် သူမ၏ပါတီ လွှတ်တော်ထဲ ရောက်ရှိလာခြင်း မရှိစေရန် ကြံရွယ်နေသူများက လုပ်ကြံရန်မှာ အခွင့်အလမ်းများစွာ ရှိနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အငြိမ်းစားယူခဲ့သူ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည် ဘယ်သွားမယ်ဆိုတဲ့လမ်းကြောင်းကို သူမရဲ့လုံခြုံရေးတွေအနေနဲ့ သိထားသင့်တယ်။ ပြီးတော့ သူသွားမယ့် လမ်း ကြောင်းမှာ ဘယ်နေရာက လူပြတ်တယ်။ ရွာမရှိဘူး။ ဘယ်နေရာက အထပ်မြင့်တွေ ၀ိုင်းနေတယ်။ ဘယ်လမ်းကနေ သွားမယ်ဆိုရင် တံတားအောက်ကို ဖြတ်သင့်တယ်ဆိုတာတွေ ကြိုပြင်ဆင်သင့်တယ်။ ပြီးတော့ သူမကို ပြည်သူတွေ ပန်းစည်းပေးရင် သူ့အစား လုံခြုံရေးတစ်ယောက်က အရင်ယူသင့် တယ်”ဟု ယင်းရဲအရာရှိက ဆိုသည်။

တိုင်းပြည်၏ အပြောင်းအလဲတစ်ခုကို ဖော်ဆောင်နေသည့် သူမသည် ယခုအချိန်တွင် အစွန်းရောက်သမားများ၏ အန္တာရယ်ကို စိုးရွံ့သင့် ကြောင်း ၎င်းမှဆက်လက် ပြောကြားသည်။

“သူမရဲ့ လုံခြုံရေးတွေ လုပ်သင့်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူကြားမှာ ကြားခံဖြစ်သင့်တာပဲ၊ ဒါမှ သူမအတွက် အန္တရာယ်လျော့မယ်” ဟု ယင်းရဲအရာရှိက အကြံပြုသည်။

ကမ္ဘာ့နိုင်ငံရေး ဖြစ်ရပ်များတွင် ဒီမိုကရေစီ အားကောင်းပြီး၊ လုပ်နိုင်စွမ်းအားနည်းပါက လုက်ကြံသတ်ဖြတ်မှုများ ဖြစ်တတ်သည်မှာ ဖြစ်လေ့ဖြစ် ထရှိသည့် အခြေအနေဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံဖြိုးရေးအဖွဲ့မှ ဦးတင်မောင်သန်း(သင့်ဘဝ)က ဆိုသည်။

KS

-----------------------------------------------------------------------------------------------------------------------------------

ကရင်အမျိုးသားများ စည်းလုံးညီညွတ်မှု တည်ဆောက်ရေးအဖွဲ့ ဖွဲ့စည်း

ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဘာသာ ပေါင်းစုံမှ ဆရာတော်များနှင့် သံဃာတော်များမှ ဘာသာရေးနှီးနှောဖလှယ်ပွဲတစ်ခုအား ဖေဖော်ဝါရီလ ၁၅ရက်နေ့မှ ၁၇ရက်နေ့အထိ ဂျပန်နိုင်ငံမှ ဘာသာရေးအဖွဲ့တစ်ဖွဲ့က ဦးစီးကျင်းပပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်ဟု ကရင် သတင်းဆိုဒ်တစ်ခု၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲတွင် ကရင်အဖွဲ့အစည်းမှ ခေါင်းဆောင်များမှ ဇန်နဝါရီလ ၁၂ရက်နေ့တွင် KNUမှ ဆောင်ရွက်လျက်ရှိသည့် အပစ် အခတ်ရပ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးများအား တက်ရောက်လာသည့် ဆရာတော်များနှင့် သံဃာတော်များအား ရှင်းပြသွားခဲ့ပြီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟုလည်း ယင်းဌာနမှ သိရသည်။

ထို့ပြင် ယင်းဆွေးနွေးပွဲတွင် အစိုးရနှင့် ကရင်တော်လှန်ရေး ညီညွတ်ရေးတွင်လည်း ဘာသာရေးအဖွဲ့အစည်းမှ ပါဝင်ရန်၊ နိုင်ငံအတွင်း ဘာသာရေးအရနှင့် နယ်မြေအရ ဂိုဏ်းပုံစံဖြင့် ကွဲပြားခြားနားနေမှုများအား ပြန်လည်စုစည်းနိုင်ရန်၊ မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်သွားရန်အတွက် သံဃာတော် ၁၁ပါး၊ သိက္ခာတော်ရဆရာတော် ၉ဦးတို့နှင့် “ကရင်အမျိုးသားများ စည်းလုံးညီညွတ်မှု တည်ဆောက်ရေးအဖွဲ့”တွင် နာယကများအဖြစ် အရှင်ဝိဇာနနှင့် ဆရာတော်စောရောဘတ်ထွေးတို့အား တာဝန်ယူ၍ ဖွဲ့စည်းခဲ့ကြောင်းလည်း သိရသည်။

ကေအန်ယူနှင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့မှ ငြိမ်းချမ်ရေးအဖွဲ့ကောင်စီနှင့် ဇန်နဝါရီလ ၁၂ရက်နေ့တွင် လက်မှတ်ရေးထိုး ခဲ့ပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အပစ်အခတ်ဖြစ်ပွားသည့် ဒေသတွင်းမှ ပြည်သူများ စိတ်ချယုံကြည်စွာ နေထိုင်နိုင်ရေးနှင့် ကေအန်ယူနှင့် အစိုးရတပ်တို့၏ ထိပ်တိုက်ဖြစ်ပွားမှုများအား ထိရောက်စွာ ဖြေရှင်းရန်အတွက် သက်ဆိုင်ရာအဖွဲ့များမှ တာဝန်ရှိ ခေါင်းဆောင်များအား တိုက်တွန်းလိုက်သည်ဟု ယင်းဆွေးနွေးပွဲမှ ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြပါရှိသည်ဟု ကရင်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ထို့နောက် ယင်းဆွေးနွေးပွဲ၌ ကွဲပြားခြားနားနေသော ကရင်အမျိုးသားများအား ပြန်လည်စည်းလုံးညီညွတ်ရန်၊ ယင်းအဖွဲ့အစည်း ဖွဲ့ပြီးသည်နှင့် သတ်မှတ်ချက်ထုတ်ရန်အတွက် ဦးဇင်းများမှလည်း အကောင်အထည်ဖော်ရန်နှင့် လက်ရှိစည်းလုံးညီညွတ်မှု ရှိသည်ထက် ပို၍ စည်းလုံးညီညွတ်လာရန် အတွက် လုပ်ဆောင်ဖို့လည်း စဉ်းစားထားသည်ဟု ကော့ကရိတ်မြို့မြောက်ပိုင်း နောင်ကိုင်းကျေးရွာရှိ တောင်ရိပ်သာကျောင်းမှ အရှင်ဝါသဝမှ မိန့်ကြား သည်။

အဆိုပါ ဘာသာရေးနှီးနှောဖလှယ်ပွဲသို့ ဘာသာပေါင်းစုံမှ ဆရာတော်များ၊ သိက္ခာတော်ရ ဆရာတော်များ၊ ကရင်အဖွဲ့အစည်းတစ်ချို့မှ လူပုဂ္ဂိုလ် များအပါအဝင် ၉၅ဦးကျော် တက်ရောက်ဆွေးနွေးသွားခဲ့ပြီး ကရင်ပြည်နယ်အတွင်းမှ မြဝတီ၊ လှိုင်းဘွဲ့၊ ဖာပွန်ဒေသများမှ သံဃာတော်များလည်း ပါဝင် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ATM

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး- လက်ရှိ မြန်မာ့နိုင်ငံရေးအပြောင်းအလဲ Change အပေါ်မှာဘယ်လိုမြင်ပါသလဲ။

ဖြေ- Change ဆိုတာသက်ရှိသက်မဲ့အကုန်ပြောင်းလဲပါတယ်။ ကျောက်တုံးတွေ၊ သစ်ပင်တွေတောင် ပြောင်းလဲပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လူသက်တမ်းက တိုပါတယ်။ နှစ် ၆၀ ကျော်ပဲနေကြရတာပါ။ အဲဒီသက်တမ်းအတွင်း ပြောင်းပါမှ လူတစ်ဦးအတွက် ပိုတန်ဖိုးရှိမှာပါ။ ပြောင်းတော့ ပြောင်းတယ်၊ နှစ် ၁၀၀ ကြာသော်… ဆိုတာ မျိုးကလူတစ်ဦးအတွက် ဘာမှအဓိပ္ပယ်မရှိပါဘူး။

နောက်တစ်ခုက အပြောင်းအလဲတိုင်းမှာ (ဆရာကျော်ဝင်းစကားနဲ့ ပြောရင်) ပေါက်သူနဲ့ ကွဲသူ (Winne -rs and Losers) ဆိုတာရှိပါတယ်။ ပြည်သူတွေက Winner ဖြစ်ဖို့ လိုအပ်ပါတယ်။ Transformational Chan- ge ခေါ်တဲ့ ကျွန်တော်တို့ ဖွံ့ဖြိုးရေးဘာသာရပ်တွေမှာပြောသလို ပြည်သူတွေက ခွန်အားအာဏာရှိ ဆုံးဖြတ်ခွင့် ရတဲ့ နေရာမျိုးဖြစ်လာဖို့ လိုအပ်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ထုတ်The Voice Weekly အတွဲ (၈) အမှတ် (၁၀) တွင်ပါသည့် “ဦးအောင်သူငြိမ်းနှင့်အင်တာ ဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အမိနိုင်ငံအတွက် ဘာလုပ်ဖို့လိုလဲဆိုတာကို ဆုံးဖြတ်လိုက်တဲ့အခါမှာ ရွေးကောက်ပွဲရဲ့ ရည်ရွယ်ချက်တွေထဲမှာ အချက် (၃)ချက်ကို ကျွန်မတို့ တင်ပြထား ပါတယ်။ ပထမအချက်ကတော့ တရားဥပဒေစိုးမိုးရေး၊ တချို့ပြည်သူတွေက တရားဥပဒေစိုးမိုးရေးဆိုတာငါတို့နဲ့ ဘာဆိုင်လဲလို့ မေးတာတွေလဲ ရှိပါလိမ့် မယ်။ အဲဒီတော့ ဘာဆိုင်လဲဆိုတော့ အခုချက်ချင်း လက်ငင်းဖြစ်ခဲ့တဲ့ ကိစ္စလေးတစ်ခုကို ပြောပြချင်ပါတယ်။ မနေ့ကဆိုလို့ရှိရင် ကျွန်မတို့ ဒီထဲက ပရိ သတ်အများစုလည်း သိပြီးဖြစ်ပါလိမ့်မယ်။ ဒီဘောလုံးကွင်းကို သုံးခွင့်ပြုပြီးကာမှ ဒီသုံးပိုင်ခွင့်ကို ပြန်ပြီးရုတ်သိမ်းပါတယ်ဆိုတာ ဖြစ်လာတယ်။ အဲဒီအခါ ကျတော့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဥပဒေစိုးမိုးရေးကို ယုံကြည်တဲ့အလျောက် ကျွန်မတို့ရဲ့ အဖွဲ့ချုပ်တာဝန်ခံများဟာ ရွေး ကောက်ပွဲကော်မရှင်ကို ဒီကိစ္စတင်ပြပါတယ်။ တင်ပြတဲ့အခါကျတော့ ရွေးကောက်ပွဲကော်မရှင်ကလည်း မှန်မှန်ကန်ကန်နဲ့ ဆုံးဖြတ်လိုက်တာ မူလခွင့်ပြု ချက်အတိုင်း ရရှိစေရမယ်။ ဆက်ပြီးတော့ လုပ်စေရမယ်ဆိုတာနဲ့ ကျွန်မတို့ ဒီလိုစည်းရုံးနိုင်ခွင့်၊ စုဝေးနိုင်ခွင့်ရတာပါ။ အဲဒါ ဥပဒေစိုးမိုးရေးပဲ။ ဒါကတော့ အဖွဲ့ချုပ်ကိစ္စလေးတစ်ခုပါ။ ဒါပေမဲ့ ဥပဒေစိုးမိုးရေးဟာ ငါတို့နဲ့ဘာဆိုင်လဲလို့ စဉ်းစားတဲ့သူတွေ ချက်ချင်းလက်ငင်းနားလည်နိုင်အောင် ဒီလို ကိုယ်ရဲ့ နိစ္စ ဒူဝလေးတွေက ဥပဒေစိုးမိုးရေးအောက်မှာ ရှိနေပါတယ်။ အဲဒါကြောင့် ကျွန်မတို့ကဥပဒေစိုးမိုးရေးကို ကြိုးစားသွားမယ်လို့ တင်ပြချင်ပါတယ်။ ဒုတိယတစ် ခုကတော့ ပြည်တွင်းငြိမ်းချမ်းရေး။ ဒါကတော့ ထူးထူးထွေထွေ ရှင်းပြဖို့မလိုဘူး ထင်ပါတယ်။ နောက်တစ်ချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ရေးကို ဦး တည်ပါတယ်”

ဖေဖော်ဝါရီ ၁၉ ထုတ် လျှပ်တစ်ပြက် သတင်းဂျာနယ် အတွဲ (၃) အမှတ် (၇၆) တွင်ပါသည့် “၁၉၉၀ ခုနှစ်က တည်းကစပြီးတော့ ကြံ့ကြံ့ခိုင် ခိုင် ရပ်တည်ခဲ့လို့ ကျွန်မတို့ ဒီအခြေအနေမျိုး ရောက်လာတာပါဆိုတဲ့ လှည်းကူးမြို့နယ်ခရီးစဉ်က ဒေါ်အောင်ဆန်းစုကြည်” သတင်း ဆောင်းပါးမှ ဒေါ်အောင် ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment