Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၆.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. တက္ကသိုလ်ဝင် စာမေးပွဲအပြီး မီးရထားပိုင်မြေမှ ကျုးကျော်များ ဆက်လက် ဖယ်ရှားမည်
  2. တောင်သူများ၏ ဘဏ်စုငွေများ ပြန်လည်ထုတ်ပေးပြီ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. သမိုင်းအမှန်အတွက် လွတ်လပ်ပြီး တရားမျှတမှုပေးသင့်ဟု တံတားနီအခမ်းအနားတွင် မင်းကိုနိုင်ပြောကြား
  1. ပြည်ခိုင်ဖြိုးပါတီဝင်က NLD ပါတီတွင် လှုပ်ရှားနေသူတစ်ဦးအား ခြိမ်းခြောက်မှုဖြင့် တိုင်ချက်ဖွင့်
  1. ဌာနဆိုင်ရာအချို့ ဖျက်သိမ်းရန် အဆိုတင်သွင်း

  သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

တက္ကသိုလ်ဝင် စာမေးပွဲအပြီး မီးရထားပိုင်မြေမှ ကျုးကျော်များ ဆက်လက် ဖယ်ရှားမည်

လက်ရှိ ဖြေဆိုလျက်ရှိသော တက္ကသိုလ်ဝင်စာမေးပွဲများ ပြီးဆုံးသွားပါက မြန်မာ့မီးရထားပိုင် မြေနေရာများတွင် ကျုးကျော်ဝင်ရောက်နေထိုင် လျက်ရှိသောသူများ၊ ဝန်ထမ်းလိုင်းခန်းများတွင် တရားမဝင်ဌားရမ်း နေထိုင်နေသူများအား သက်ဆိုင်ရာမှ ဆက်လက်ဖယ်ရှားသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မြန်မာ့မီးရထားက ပိုင်တဲ့မြေတွေပေါ်မှာ ကျုးကျော်ပြီးဆောက်လုပ်ထားတဲ့ နေအိမ်တွေ၊ ဝန်ထမ်းလိုင်းခန်းတွေကို ပြင်ပက အခပေးပြီးတော့ တရားမဝင် ဌားရမ်းနေထိုင်တာတွေကို ဖယ်ရှားနိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက စီမံချက်ချပြီးလုပ်ဆောင်ခဲ့တာပါ။ ဒါပေမယ့် ဒီလူတွေက ၁၀ တန်း စာမေးပွဲပြီးမှသာ ဖယ်ပေးပါ့မယ်လို့ တောင်းဆိုတဲ့အတွက် ခုလို စောင့်ဆိုင်းနေရတာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

မြန်မာ့မီးရထားပိုင်မြေအတွင်းမှ ကျုးကျော်များနှင့် တရားမဝင် ဝန်ထမ်းလိုင်းခန်းအတွင်း နေထိုင်သူများကို ဖယ်ရှားရန် ညွှန်ကြားချက်များ ရှိနေ သော်လည်း ၎င်းနေထိုင်သူတို့မှ ဝါတွင်းကာလအတွင်း အပြောင်းအရွေ့ မလွယ်ကူကြောင်း တင်ပြခဲ့သည့်အတွက် ပြောင်းရွှေ့ရန်ရက်ကို ရွှေ့ဆိုင်းပေးခဲ့ရ သည့်အပြင် တက္ကသိုလ်ဝင်တန်း ဖြေဆိုချိန်တွင် ပညာရေးကြောင့် ပြောင်းရွှေ့ရန် အဆင်မပြေပာု ထပ်မံတောင်းဆိုလာသည့်အတွက် ယခုကဲ့သို့ တက္ကသိုလ် ဝင်တန်း စာမေးပွဲပြီး ချိန်အထိ စောင့်ဆိုင်းနေရခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားက တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောကြားသည်။

                ယခုကဲ့သို့ မြန်မာ့မီးရထားပိုင်မြေအတွင်းမှ ကျုးကျော်များအား ရှင်းလင်းဖယ်ရှားရန် ညွှန်ကြားရခြင်းမှာ ကျုးကျော် ဝင်ရောက်နေထိုင်သူများ၏ စည်းကမ်းမဲ့မှုများ၊ တရားမဝင် ဝန်ထမ်းလိုင်းခန်းဌားနေသူများ၏ ပြဿနာအချို့ကြောင့် မြန်မာ့မီးရထား၏ ဂုဏ်သိက္ခာကို ထိုခိုက်နစ်နာစေသည့် အတွက် ကြောင့်ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

တောင်သူများ၏ ဘဏ်စုငွေများ ပြန်လည်ထုတ်ပေးပြီ

တောင်သူများမှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အတွင်းထည့်ဝင်ထားသည့် စုဆောင်းငွေများကို ကာယကံရှင်ဆန္ဒအရ ထုတ်ပေးရန် တင်ပြလာ ပါက ပြန်လည်ထုတ်ပေးနေပြီဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်

“တောသူတွေက လိုအပ်တဲ့ ဘဏ်စုဆောင်းငွေကို ပြန်ထုတ်ပေးပါဆိုပြီး တင်ပြလာရင် ဘဏ်က ထုတ်ပေးနေပါပြီ။ တောင်သူတွေရဲ့ စုဆောင်းငွေ အပေါ်ကိုလည်း ဗပိာုဘဏ်က သတ်မှတ်ထားတဲ့ အတိုးနှုန်းအတိုင်း ပေါင်းထည့်ပေးထားပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ တောင်သူများအနေဖြင့် ဘဏ်မှချေးငွေရယူပြီး ပြန်လည်ပေးချေသည့်အခါတွင် ဘဏ်၌ စုငွေထည့်ဝင် ရသော်လည်း ၎င်း တောင်သူများ၏ ဘဏ်စုဆောင်းငွေများကို ပြန်လည်ထုတ်ယူရာတွင် အခက်အခဲ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

“ခုလို ဘဏ်စုဆောင်းငွေတွေကို ပြန်ထုတ်ပေးနေပြီဆိုတော့ ကောင်းတာပေါ့ နို့မို့ဆို ကျွန်တော်တို့ နောက်နှစ် စပါးစိုက်ဖို့တောင် အခက်အခဲ ဖြစ်နေပြီလေ။ ကျွန်တော်တို့အနေနဲ့တော့ စားဝတ်နေရေး လုံလောက်အောင်တောင် မနည်းလုပ်ကိုင်နေရတဲ့အတွက် စုငွေတွေ စုဆောင်းနိုင်ဖို့ဆိုတာ အတော်ကိုဝေးပါတယ်။”ပာု တောင်သူတစ်ဦးက ပြောကြား သည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

သမိုင်းအမှန်အတွက် လွတ်လပ်ပြီး တရားမျှတမှုပေးသင့်ဟု တံတားနီအခမ်းအနားတွင် မင်းကိုနိုင်ပြောကြား

မတ်လ ၁၆ရက်နေ့တွင် တံတားနီနေ့ ၂၄နှစ်မြောက် အထိမ်းအမှတ်အား ရန်ကုန်တိုင်းအတွင်းရှိ ဗဟန်းမြို့နယ် ရွှေဂုံတိုင်အနီးရှိ ဒို့ရိုးရာ စားသောက်ဆိုင်၌ ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

“ဒီလို ကျင်းပပြုလုပ်ခွင့်ရတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်။ ပြီးတော့ ဒီတံတားနီနေ့ အောက်မေ့ဖွယ် အခမ်းအနားဆိုပြီး ဘာကြောင့် ကျင်းပ တာလဲဆိုတော့ ၈လေးလုံးအရေးအခင်း စပြီးဖြစ်ရတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ အဲဒီနေ့မှာ ကျောင်းသားလှုပ်ရှားမှု ပြုလုပ်တဲ့ ကျောင်းသားတွေဟာ ရန်ကုန်မှာရှိတဲ့ ပြည်လမ်းပေါ်က တံတားဖြူနားမှာ သွေးနဲ့ရင်းပြီးတော့ လှုပ်ရှားမှုပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ၁၉၈၈ခုနှစ် မတ်လ ၁၆ရက်နေ့မှာ အဲဒီလို လှုပ်ရှားမှုတွေစဖြစ်ပြီး နောက်ပိုင်း မှာပဲ ၈၈အရေးခင်းဖြစ်တာပါ”ဟု ဗကသကျောင်းသားဟောင်းတစ်ဦးမှ ပြောကြားသည်။

ထို့ပြင် ယင်းအခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက်မှာ နောင်တစ်ချိန်တွင် ဖြစ်ပေါ်လာမည့် မျိုးဆက်သစ် လူငယ်ကျောင်းသားများအား ထိုအချိန်ကလှုပ်ရှားခဲ့သည့် ကျောင်းသားများ၏ လှုပ်ရှားမှုများနှင့် အတွေ့အကြုံများကို သိစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း အထက်ပါ ကျောင်းသားဟောင်း တစ်ဦး၏ ထပ်မံပြောပြချက်အရ သိရသည်။

ထို့နောက် တံတားနီနေ့ အထိမ်းအမှတ်ပြုလုပ်ကျင်းပရာတွင် ၈၈ကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် ကိုဂျင်မီအပါအဝင် အခြားနာမည်ကြီး ၈၈ ကျောင်းသားအချို့မှ ၎င်းတို့၏ လှုပ်ရှားခဲ့ပုံများနှင့် အတွေ့အကြုံများအား ပြောကြားသွားခဲ့ပြီး ကိုပြုံးချိုမှ ကဗျာတစ်ပုဒ် ရွတ်ဖတ်ပြသွားသည်ဟု သိရသည်။

ထို့ပြင် ယင်းအခမ်းအနားအား NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ တက်ရောက်၍ ၎င်းသည် ထိုလှုပ်ရှားမှုတွင် မပါရှိသော်လည်း ယင်း အချိန်တွင် လှုပ်ရှားခဲ့ကြသူများ၏ သစ္စာတရားအား ဂုဏ်ပြုလိုသောကြောင့် လာရောက်ရခြင်းဖြစ်ကြောင်းနှင့် ၎င်းမဲဆွယ်စည်းရုံးစဉ် အချိန်များတွင် ပြောကြားသွားခဲ့ဖူးသည့် မိန့်ခွန်းများကိုသာ ပြန်လည်ပြောကြားသွားပြီး နေပြည်တော်တွင် တပ်မတော်အား ၎င်းတို့၏ပါတီကို မဲထည့်ရန်နှင့် တပ်မတော် သည် စစ်တပ်အုပ်ချုပ်ရေး တွင် သာ ပါရှိသည်ကြောင်း ပြောကြားသွားခဲ့သည်ဟု သိရသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်ဆောင်ဖြစ်သည့် မင်းကိုနိုင်မှ တက်ရောက်၍ “ဒီလိုပွဲလုပ်တာကိုတော့ ဝမ်းမြောက်ပါတယ်။ ဒါပေမယ့် အရှေ့မှာ ကျောင်းသားဟောင်းတွေက သူတို့ရဲ့အတွေ့အကြုံတွေ လှုပ်ရှားမှုတွေကို ပြောနေတယ်။ အောက်မှာ တက်ရောက်လာတဲ့လူတွေက နှစ် ၂၀ကျော် ကြာပြီ ဖြစ်တဲ့ သူတို့ရဲ့ အသိတွေနဲ့ တွေ့ပြီး သမိုင်းတွေကို ပြန် ပြောနေတယ်။ ဒါတွေကတော့ ပွဲတော်တော်များများမှာ တွေ့ဖူးပါတယ်။ ပြီးတော့ သတင်းထောက် တော်တော်များများကလည်း တစ်ယောက်ပြောပြီးလို့ဆင်းလာရင် ဒီပွဲပေါ်အမြင်လေးတွေကိုပဲ မေးနေကြတာ တွေ့ရတယ်။ နောက်ပြီး ဓာတ်ပုံသမားတွေ ကလည်း သူတို့ ဓာတ်ပုံရရှိရေးကိုပဲ အာရုံစိုက်နေကြတယ်။ ကျွန်တော်တို့ကလည်း ပွဲတွေနောက်ထပ်လုပ်ဖို့ ရှိပါသေးတယ်။ အဲဒီအခါမှာ ကျွန်တော်အပါ အဝင်ပေါ့ အားလုံးလွဲနေတာလေးတွေကို နည်းနည်းလောက် ပြင်စေလိုပါတယ်။ နောက်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု လုပ်နေတဲ့အခါမှာ သမိုင်းအမှန် အတွက် တရားမျှတသည့် လွတ်လပ်မှုများ ပေးသင့်ကြောင်းနှင့် နိုင်ငံသားတိုင်း အခွင့်အရေးပေးသင့်ပါတယ်”ဟုလည်း ပြောကြားသည်။

ယင်းအခမ်းအနားသို့ ၈၈မျိုးဆက်ကျောင်းသားဟောင်းများ၊ ဗကသကျောင်းသားဟောင်းများနှင့် မျိုးဆက်သစ်ကျောင်းသားများလည်း တက် ရောက်၍ ပြည်ပအသီးသီးသို့ ရောက်ရှိနေသည့် ကျောင်းသားဟောင်းတစ်ချို့၏ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်ဟု သိရသည်။

“ပထမတော့ ကျွန်တော်တို့က တံတားဖြူမှတ်တိုင်အနီးမှာရှိတဲ့ အိုင်ဘီစီမှာ ကျင်းပမလို့ဘဲ ဒါပေမယ့် သက်ဆိုင်ရာက ခွင့်မပြုတော့ ရွှေဂုံတိုင်က ဒို့ရိုးရာစားသောက်ဆိုင်ကို ပြောင်းပြီး လုပ်လိုက်ရတာပါ။ ဒါပေမယ့် တက်ရောက်တဲ့လူတွေကလည်း တော်တော်များတယ်။ ပြီးတော့ အင်းယျားကန်မှာ လည်း ပန်းခွေမျှောဖို့ဆိုပြီး တစ်ဖွဲ့သွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း မအားတဲ့ကြားက လာရောက်လို့ ဝမ်းသာပါတယ်”ဟု ယင်းပွဲအား ဦးဆောင် ကျင်းပပြုလုပ် သည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦးမှ ပြောကြားသည်။

ထို့နောက် ယင်းအခမ်းအနားတွင် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များ၊ နိုင်/ကျဉ်းဟောင်းများမှ ဖယောင်းတိုင်များ အသီးသီး ကိုင်ဆောင်၍ ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေး ရရှိစေရန်အတွက် ဆုတောင်းမှုများ ပြုလုပ်၍ အခမ်းအနား ပြီးဆုံးသွားခဲ့ပြီး ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ တံတားဖြူမှတ်တိုင်အနီးမှ အင်းယျားကန်ရေပြင်တွင် ပန်းခွေမျှောခြင်းများပြုလုပ်၍ မတ်လ ၁၆ရက် နေ့အား တံတားနီနေ့ဟု သတ်မှတ်ခဲ့ ကြောင်း ၈၈မျိုးဆက်ကျောင်းသားဟောင်းတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ပြည်ခိုင်ဖြိုးပါတီဝင်က NLD ပါတီတွင် လှုပ်ရှားနေသူတစ်ဦးအား ခြိမ်းခြောက်မှုဖြင့် တိုင်ချက်ဖွင့်

ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးဝင်းလှိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် တက်ကြွ လှုပ်ရှားနေသူ ဌေးဝင်းလှိုင်၏မိခင် ဒေါ်သန်းသန်းဌေးအား ခြိမ်းခြောက်ပြောဆိုမှုဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းတွင် မတ်လ ၁၂ ၇က်နေ့က တိုင်ချက်ဖွင့်ခဲ့ကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ဦးလှမင်းဦးက Yangon Chronical သတင်းဌာနသို့ ပြောကြားသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် တောင်ညွန့်ရထားရပ်ကွက် လိုင်းအမှတ် (၁၃)၊ အခန်း(H) ဝန်ထမ်းအိမ်ယာတွင် နေထိုင်သူ ဒေါ်သန်းသန်းဌေးမှ မတ်လ ၇ ရက်နေ့ နေ့လည် ၃ နာရီခွဲအချိန်တွင် ရပ်ကွက်ဓမ္မာရုံသို့ ချေးငွေသွားရောက် ထုတ် ယူစဉ် ချေးငွေလာရောက်ထုတ်ယူသူများရှေ့မှောက်တွင် လိုင်း အမှတ်(၁၅)၊ အခန်း(D) ဝန်ထမ်းအိမ်ယာတွင် နေထိုင်သူ ဦးဝင်းလှိုင် (ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်)က “ ဒေါ်သန်းသန်းဌေး ခင်ဗျား သားက NLD ပါတီမှာ အရမ်း တက်ကြွနေပါလားဗျ၊ အဲ့ပုံတွေကျုပ်တို့ ဓာတ်ပုံရိုက်ထားတာ စီဒီတစ်ခွေစာ အပြည့်ရှိတယ် ထောင်ကျသွားချင်သလား ” ဟုခြိမ်းခြောက်ပြောဆိုခဲ့သောကြောင့် ရဲစခန်းသို့တိုင်ကြားရခြင်းဖြစ်ကြောင်း ကိုလှမင်းမှ ဆိုသည်။

တရားလို ဒေါ်သန်းသန်းဌေးက “ ကျွန်မသားအကြီးကောင် ဇင်မျိုးလှိုင်က R.B.E အကြီးတန်းစက်ရုံဒီဇယ်ဌာနမှာ တာဝန်ထမ်းဆောင်နေတယ် ဦးဝင်းလှိုင်၏ ခြိမ်းခြောက်စကားထဲမှာက သားအငယ်ကောင် ဌေးဝင်းလှိုင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှာ တက်ကြွလှုပ်ရှားသူအဖြစ် ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် အကြီးကောင်ကို အလုပ်ဖြုတ်ပစ်မယ်ဟု ထည့်ပြောသွားတယ် ” ဟု ဆိုသည်။

ဦးဝင်းလှိုင်အား တိုင်ကြားမှုနှင့် ပတ်သက်ပြီး မတ်လ ၂၈ ရက်နေ့တွင် စတင်ကြားနာမည်ဖြစ်ပြီး တရားလိုပြရှေ့နေအဖြစ် ပန်ဘဲတန်းမြို့နယ်မှ ဦးမောင်မောင်အေးမှ လိုက်ပါဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ခြိမ်းခြောက်မှုများ ပြုလုပ်ပါက ဥပဒေအရ အရေးယူ သွားမည် ဖြစ် ကြောင်း ပြောကြားထားသည်။

ထိန်လင်းလက်

-----------------------------------------------------------------------------------------------------------------------------------

ဌာနဆိုင်ရာအချို့ ဖျက်သိမ်းရန် အဆိုတင်သွင်း

နေပြည်တော်၌ ကျင်းပလျက်ရှိသော ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က လက်ရှိ မြန်မာနိုင်ငံရှိ ခေတ်နှင့်လျော်ညီမှု မရှိတော့သည့် ဌာနဆိုင်ရာအချို့အား ဖျက်သိမ်းရန် အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

“လက်ရှိ မြန်မာရဲတပ်ဖွဲ့ဆိုရင်လည်း(လုံထိန်း) ရဲတပ်ရင်းတွေက ဒီလောက်ထိ များစရာမလိုပါဘူး။ ဆန္ဒပြတာ ထိန်းချုပ်ဖို့အတွက် ဖွဲ့ထားခဲ့မယ် ဆိုရင် ဒီရည်မှန်းချက်က မလိုအပ်တော့ပါဘူး”ပာု ဒေါက်တာအေးမောင်က ဆက်လက်ပြောကြားသည်။

ထို့ပြင် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးနှင့် အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ၂ ခုရှိကြောင်း၊ ဗပာိုဝန်ထမ်း၊ တက္ကသိုလ်၊ ဝန်ထမ်းအစ ဝန်ထမ်းများ၏ အရာရှိ ၅ လ သင်တန်းသာ ပေးသင့်ကြောင်း၊ ကျောင်းဆရာ၊ ဆရာမများ၊ အခြားဝန်ထမ်း အကြီးအကဲများကို အထူးမွမ်းမံသင်တန်း ပေးခြင်းမှာ နိုင်ငံတော်၏ စရိတ်ကို အဆမတန် ကုန်ကျစေသည့်အတွက် ၎င်း သင်တန်းများကို မပေးသင့်တော့ကြောင်း ၎င်းက ဆက်လက်ဆိုသည်။

“ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုအတွက် သူ့ရဲ့ဝန်ကြီးဌာနအောက်မှ ပေးရင်ရတဲ့ သင်တန်းမျိုးကို အခုလို အချိန်ကုန်ခံပြီး ပေးတာမျိုးပာာ ဒီနေ့ အချိန်ကာလပာာ ဆိုရှယ်လစ်ခေတ် မပာုတ်တော့ပါဘူး။ နအဖ၊ နဝတခေတ် မပာုတ်တော့ပါဘူး။ ကျွန်တော်တို့သွားတဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လိုအပ်ရဲ့လားဆိုတာ အစိုးရအဖွဲ့သိမှာပါ”ပာု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အဆိုတင်သွင်းခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သော်လည်း ဌာနဆိုင်ရာများ၏ အကျင့်ပျက်ခြစားမှုနှင့် ခေတ်နှင့်လျော်ညီမှုမရှိသည့် ဌာနဆိုင်ရာများ ရှိနေသေးပါက မြန်မာနိုင်ငံ၏ ရှေ့ဆက်လျှောက်မည့် ဒီမိုကရေစီပန်းတိုင်မှာ ဝေးနေဦးမည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး စောင့်ကြည့် လေ့ လာနေသူတစ်ဦးက ဆိုသည်။

YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“စာရင်းဇယားတွေ အလွဲသုံးစားမရှိသော်လည်း ဝန်ကြီးဌာနက တာဝန်ယူဖို့လိုပါတယ်။ ဒါကို သေချာလေးမှတ်ပြီး ဆောင်ရွက်ပေးရမယ်။ မြေသြဇာကို လယ်သမားတွေ လာမထုတ်ဘူးဆိုတာကြောင့် အထူးပြုကုမ္ပဏီတွေကို လုပ်စေခိုင်းတာ ကျွန်တော်ရဲ့ အိုင်ဒီယာပါ။ ကိုယ် တိုင်လုပ်မယ့် ပိုးသတ်ဆေးမျိုး ကိုလည်း လုပ်နိုင်အောင် ကြိုးစားရမယ်။ ဝယ်စရာငွေ လည်း မရှိဘူး။ Organic Farming ဆိုတဲ့ စီမံချက်တစ်ခုကို ပြင်းပြင်းထန်ထန်လုပ်ဖို့တော့ လိုပါတယ်”

မတ် ၁၅ ထုတ် Popular News အတွဲ (၄) အမှတ် (၁၁) တွင်ပါသည့် “ဆင်းရဲသော တောင်သူတို့၏ဘဝ အမျိုးသား လွှတ် တော် ဥက္ကဋ္ဌ မေးခွန်း ထုတ်ပြီ” သတင်းမှ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့နိုင်ငံမှာ သမ္မတဦးသိန်းစိန်အစိုးရတက်လာခဲ့ပြီး နောက်ပိုင်းတစ်နှစ်အတွင်းမှာ အကောင်းဘက်သို့ ဦးတည်တဲ့ အပြောင်းအလဲတွေ အများကြီး ဖြစ်ထွန်းလာခဲ့တာ ဘယ်သူမှငြင်းလို့မရတဲ့ အချက်ဖြစ်တယ်ဗျ။ ဒါပေမဲ့ ဒီမိုကရေစီ တောင်တက်ခရီးကို နှင်နေတဲ့ကားကြီး နောက်ပြန်လန်ကျ သွားလောက် အောင် မဖြစ်ခဲ့ပေမယ့် အရှိန်နှေးသွားစေခဲ့တဲ့ အခုအခံ အတားအဆီးတချို့ကို တွေ့ခဲ့ရ တွေ့နေရဆဲဖြစ်တာလည်းအမှန်ပဲဗျ။ အထူးသဖြင့် တာဝန်ရှိသူတချို့ရဲ့အပြောအဆို အပြုအမူတွေကြောင့် ပြည်သူတွေရဲ့ ယုံကြည်ကိုးစားအားထားမှုကို အနည်းနဲ့အများ ထိခိုက်စေခဲ့တာတွေရှိခဲ့တာ အမှန်ပဲ ဗျာ။ ပြည်သူအများ သိခဲ့ကြပြီးသား အပြောအဆို အပြုအမူတွေကို ပြန်ကောက်မနေတော့ပါဘူး။ မြစ်ဆုံရေကာတာ ကိစ္စ၊ အတွင်းဝန်ရုံဟောင်းကြီး ကိစ္စ စတာတွေမှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီး ဖြစ်တယ်ဗျ။ လတ်တလော ကိစ္စတွေထဲက သီးခြားထုတ်နုတ်ပြောဆိုရရင် အခုတလော နိုင်ငံရေးပါတီ ဥက္ကဋ္ဌ တစ်ဦးရဲ့ စည်းရုံးရေးခရီးစဉ်တချို့မှာ အနှောင့်အယှက် အဟန့်အတားတွေနဲ့ ကြုံခဲ့ရတယ်ဆိုတဲ့ သတင်းတွေအရ ဒီမိုကရေစီရေစီးကိုလက်ဖဝါးနဲ့ တားဆီးဖို့ ကြိုးစားနေသူတွေများ ရှိနေသလားဆိုတဲ့ ပြည်သူတွေရဲ့သံသယကို ပိုမိုကြီးထွားစေတယ်ဗျ”

မတ် ၁၅ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၈၆) တွင်ပါသည့် ဆောင်းပါးရှင် မောင်ဝံသ၏ “နိုင်ငံတော် အကြီးအကဲ မိန့်ခွန်း” ဆောင်းပါးမှကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းမယ့်အခါ အလုပ်သမားတွေအတွက် လိုအပ်တဲ့ ဥပဒေဆိုင်ရာ၊ လုပ်ထုံးလုပ်နည်း ဆိုင်ရာ အကူအညီတွေကို ပေးသွားမှာပါ။ အလုပ်သမားတွေဟာ သူတို့နဲ့ဆိုင်တဲ့ အလုပ်သမား ဥပဒေကိုရော၊ ဥပဒေပါ သူတို့ရဲ့ အခွင့်အရေးတွေကိုပါ ယေဘုယျအားဖြင့် မသိကြတဲ့ အတွက် ကူညီနိုင်ဖို့ စီစဉ်တာဖြစ်တယ်"

မတ် ၁၆ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၉) အမှတ် (၅၆၁) တွင်ပါသည့် “ဥပဒေနှင့်အညီ အခြေခံအလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေး ကူညီပေးမည်” သတင်းမှ 'လွတ်လပ်သော အလုပ်သမားအဖွဲ့အစည်းများ' ဖြစ်မြောက်ရေး ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲနိုင်ဝင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment