Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂ဝ.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နေသော မြန်မာ့ပြုပြင်ပြောင်းလဲရေးများ

(Financial Times မှ 19 March 2012 ရက်စွဲပါ Gwen Robinson ရေးသားသော Myanmar pushes reform to woo investor ကို ဘာသာ ပြန်ဆိုသည်)

*****************************************************************

ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နေသော မြန်မာ့ပြုပြင်ပြောင်းလဲရေးများ

(Financial Times မှ Gwen Robinson ရေးသားသော Myanmar pushes reform to woo investor ကို ဘာသာ ပြန်ဆိုသည်)

photo-www.indianexpress.com 

မြန်မာနိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများကို အခွန်ကင်းလွတ်ခွင့် ၅ နှစ်ပေးခြင်း၊ ပြည်သူပိုင် မသိမ်းကြောင်း အာမခံခြင်း၊ မြန်မာနိုင်ငံသား ပါတနာ မပါဘဲ လုပ်ငန်း ထူထောင်နိုင်ခြင်း စသည်တို့ ထည့်သွင်းထားပြီး စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းသွားစေရန် တစ်စိတ်တစ်ပိုင်းအနေဖြင့် ဆောင်ရွက်လျက် ရှိသည်။

အစိုးရက ဧပြီ ၁ မှစ၍ ငွေကြေးဖြစ်သော ကျပ်ကို နှုန်းရှင်ထားမည်ဟုလည်း ကြေညာထားသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် အရင်းအနှီးများ လျင်မြန်စွာ စီးဝင်လာခြင်းကြောင့် တိုင်းပြည်တွင် ဆိုးဝါးသော သက်ရောက်မှုများ မဖြစ်အောင် ကာကွယ်သည့် ခြေလှမ်းတစ်ရပ်လည်း ဖြစ်သည်။ အစိုးရ၏ ဆောင်ရွက်ချက်များသည် စီးပွားရေးအရ နှစ်ပေါင်းများစွာ အရေးယူမှုများ ခံခဲ့ရပြီးနောက် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန် ပြင်းပြသော ရည်ရွယ်ချက်များ ရှိကြောင်း ပြသနေသည်။ ထို့ပြင် စစ်အစိုးရက ရေးဆွဲထားသော ခေတ်မမီတော့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်ရန် ပြည်တွင်းမှ ပြင်းပြင်းထန်ထန် တောင်းဆိုမှုများကြောင့်လည်း ဖြစ်သည်။ ဥပဒေကို ပြန်လည် ပြုပြင်ရာတွင် နိုင်ငံခြား စီးပွားရေး လုပ်ငန်းများသည် မြန်မာပါတနာများ မပါဘဲ မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ ထူထောင်နိုင်ရန် ရေးဆွဲပေးထားသည်။ ယခင်က မြန်မာနိုင်ငံသားတစ်ဦးနှင့် တွဲဖက် လုပ်ဆောင်ရန်သာ ရေးဆွဲထားသည်။ ပြည်သူပိုင် မသိမ်းကြောင်း အာမခံခြင်း၊ ပုဂ္ဂလိကမြေ အသုံးပြုမှုနှင့် အမြတ်ငွေများ နိုင်ငံခြား တိုင်းပြည်သို့ ပြန်လည် ထုတ်ယူသွားနိုင်ရေး တို့တွင် ဖြေလျော့မှုများ ပြုလုပ်ပေးထားခြင်းအပြင် နိုင်ငံခြား ကုမ္ပဏီများအတွက် အမြတ်ခွန် ကင်းလွတ်ခွင့် ၅ နှစ် သတ်မှတ် ပေးထားသည်။ အဆိုပါ ဥပဒေကို ပြည်သူ့လွှတ်တော်က လာမည့် နှစ်ပတ်အတွင်း အတည်ပြုတော့မည် ဖြစ်သည်။ ယင်းဥပဒေကြမ်းကို ပြီးခဲ့သည့် ဇန်နဝါရီလက ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးကြရာ၌ နိုင်ငံခြားကုမ္ပဏီများကို အခွန်ကင်းလွတ်ခွင့် ၈ နှစ်ပေးခြင်းကဲ့သို့ အချက်များသည် မျက်နှာသာ ပေးလွန်းသည်ဟု ပြည်တွင်း စီးပွားရေးအုပ်စုများက ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် အစိုးရသည် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ရရေး အတွက် အရေးကြီးအချက် ဖြစ်သည့် ငွေကြေး ပြုပြင်ပြောင်းလဲမှုများကို စတင်လုပ်ဆောင်ပေးလျက် ရှိသည်။ အစိုးရအနေဖြင့် ဧပြီ ၁ မှစ၍ ဗဟိုဘဏ်၏ စောင့်ကြည့်မှုဖြင့် ကျပ်ငွေကို နှုန်းရှင်ထားမည် ဖြစ်သည်။ ထို့ပြင် ဘဏ်များအချင်းချင်းကြား ငွေကြေးဈေးကွက်ကို ဖွံ့ဖြိုးစေရန် IMF ၏ ကြီးကြပ်မှုဖြင့် လုပ်ဆောင်မည် ဖြစ်သည်။ ယင်းမှာ အစိုးရက တစ်မျိုး၊ စီးပွားရေး လုပ်ငန်းများက တစ်မျိုး၊ စားသုံးသူ ပြည်သူများက တစ်မျိုးဖြင့် အမျိုးမျိုး ကွဲပြားနေသော ကျပ်နှင့် ဒေါ်လာ လဲနှုန်းကို အစပိုင်းတွင် တရားမဝင် ဈေးနှုန်း ၈ဝဝ ကျပ်ခန့်နှင့် နီးစပ်အောင် ထားရှိ လဲလှယ်နိုင်ရေးကို ရည်ရွယ်ထားသည်။ ယခင်က အစိုးရ၏ တရားဝင်ငွေလဲနှုန်းမှာ အဆ ၁၂ဝ ခန့် နည်းပါးလျက် ရှိပြီး တစ်ဒေါ်လာလျှင် ၆.၄ ကျပ်သာ ဖြစ်သည်။

IMF သည် မြန်မာနိုင်ငံတွင် အားလုံးပါဝင်သော ငွေကြေး ပြုပြင်ပြောင်းလဲရေး စီမံချက်ကို ရေးဆွဲလျက် ရှိရာ ပြီးခဲ့သည့် ဇန်နဝါရီက အသေးစိတ် လေ့လာသည့် နည်းပညာမစ်ရှင်တစ်ခု လာရောက်အပြီးတွင် ငွေကြေးလဲလှယ်မှုနှုန်း ပြုပြင်ရန် အရေးပေါ် လုပ်ဆောင်ရေးအတွက် အလေးပေး ပြောကြားသွားခဲ့သည်။ ငွေကြေး လဲလှယ်မှုနှုန်း အမျိုးမျိုး ဖြစ်နေဖြင်းကို ပယ်ဖျက်လိုက်ပါက အာရှ၏ နောင်လာမည့် စီးပွားရေး မျက်နှာစာတစ်ခု ဖြစ်လာရန် အလားအလာများ ရှိနေကြောင်း ဆိုခဲ့သည်။

နှုန်းရှင်စနစ်တွင် အစိုးရသည် ငွေလဲလှယ်နှုန်းတွင် ဝင်ရောက် စွက်ဖက် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ အမေရိကန် စီးပွားရေး ပညာရှင် ဂျိုးဇက် စတစ်ဂလစ်က ထိုသို့ လုပ်ဆောင်ခြင်းဖြင့် နိုင်ငံခြား အကူအညီများ၊ ရင်းနှီးမြှုပ်နှံမှုများ များစွာ ဝင်ရောက်လာပါက ငွေကြေး မတည်ငြိမ်မှုအတွက် အန္တရာယ် ကြီးမှုကို အကာအကွယ် ပေးနိုင်မည် ဟု မကြာသေးမီက ပြောကြားသွားသည်။

ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းသည် ဦးတည်ချက်မှန်သော ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း ဩစတြေးလျနိုင်ငံ မက်ကွာရီတက္ကသိုလ်မှ စီးပွားရေး ပညာရှင် ရှောင်တာနဲက ပြောကြားခဲ့သည်။ "ပိုမို ကျယ်ပြန့်တဲ့ စီးပွားရေး ရာသီဥတုဟာ ပိုပြီး အဆင်ပြေတာ အမှန်ပါပဲ။ ဒါပေမဲ့ ဒီမှာတော့ အခြေအနေကောင်းတွေ လာနေပါပြီ။ ဥပမာ - နိုင်ငံခြားသား လုပ်ငန်းတွေကို ပြည်သူပိုင် မသိမ်းတော့ဘူးလို့ ဥပဒေသစ်မှာ ဆိုပါတယ်။ အရင် အစိုးရခေတ်ကဆို မြန်မာနိုင်ငံမှာ ကံမကောင်းတဲ့ အတိတ်က ရှိခဲ့သော ဂရုစိုက်နေရတယ်။ အခုတော့ ကတိတစ်ခု ရှိလာပြီဖြစ်လို့ ခိုင်မာတာပေါ့" ဟု ယင်းက ဆိုသည်။

ပြည်သူ့လွှတ်တော်သည် အဆိုပါဥပဒေကြမ်းကို မတ်လ ၃၁ ရက်နေ့ မပြီးဆုံးမီ အတည်ပြုခဲ့ပါက သမ္မတဦးသိန်းစိန်၏ ၁၄ ရက်အတွင်း အတည်ပြုရန် သို့မဟုတ် လွှတ်တော်သို့ ပြန်ပို့ရန်ဟု အခြေခံ ဥပဒေက ဆိုထားသည်။

************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment