Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၂.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ဧပြီ ၁ ရက်နေ့မှ စတင်၍ အခွန်တိုးကောက်မည်
  2.  အာဆီယံဘဏ်ထူထောင်နိုင်ရန် ဆွေးနွေးမည်
  3. ဖမ်းဆီးတရားစွဲဆိုမှုများကြောင့် ရွာသားအချို့ထွက်ပြေးတိမ်းရှောင်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အာဆီယံနိုင်ငံများကို ဖိတ်ခေါ်ပြီ
  2. ကြားဖြတ်ရွေးကောက်ပွဲ၌ မဲလက်မှတ် ပုံစံပြောင်းမည်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ဧပြီ ၁ ရက်နေ့မှ စတင်၍ အခွန်တိုးကောက်မည်

လက်ရှိ နေပြည်တော်၌ ကျင်းပလျက်ရှိသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ် စတင်မည့် ဧပြီလ ၁ ရက် နေ့မှ စတင်၍ ကျပ်သန်းပေါင်း နှစ်သိန်းကျော်ရရှိသည်အထိ အခွန်တိုးကောက်ရန် သက်ဆိုင်ရာမှ တင်ပြခဲ့ကြောင်း သိရသည်။

“ပြည်ထောင်စုလွှတ်တော်က ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် အစိုးရတင်ပြတဲ့ အသုံးစရိတ်တွေထဲက ဝန်ကြီးဌာနကိုးခုရဲ့ အသုံးစရိတ်ကို လျှော့ချလိုက်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံက ပြည်ပနိုင်ငံကို အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော် အကြွေးပေးဖို့ ရှိနေပါတယ်”ပာု လွှတ်တော် ကိုယ်စား လှယ်တစ်ဦးက ဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့တော်စည်ပင်မှ ကောက်ခံလျက်ရှိသည့် အခွန်အရပ်ရပ်တွင် အခွန် (၅၀)ရာခိုင်နှုန်းကျော်မှာ ကင်းလွတ် လျက်ရှိနေသေးသည့်အတွက် ၎င်း ကင်းလွတ်နေသည့်အခွန်များအတွက် ပြန်လည်စိစစ်၍ ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့် ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ရန်ကုန်မြို့တော်အတွင်းမှာ စည်ပင်ကကောက်ခံနေပေမယ့် လုပ်ငန်းအချို့ကတော့ ခုထိ အခွန်ကင်းလွတ်နေတုန်းပဲ။ ဒီလို လုပ်ငန်းတွေကို စည်ပင်က သေသေချာချာ စိစစ်ပြီးတော့ ကောက်ခံတော့မှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

လက်ရှိအချိန်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စာရင်းထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အိမ်ထောင် စုပေါင်း ရှစ်သိန်းကျော်ရှိသော်လည်း အိမ်ထောင်စု နှစ်သိန်းကျော်ခန့်သာ အခွန်ပေးဆောင်ရလျက်ရှိသည့်အတွက် ၎င်းအခွန်များအတွက်ပါ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ အိမ်ထောင်စုအရေအတွက်က များပေမယ့် တကယ်တမ်း အခွန်မှန်မှန်ဆောင်နေတဲ့လူက နည်းပါတယ်။ ဒီလူတွေ အပေါ်မှာလည်း အခွန်မှန်မှန်ပေးဆောင်ဖို့အတွက် လုပ်ဆောင်သွားဦးမှာပါ”ပာု စည်ပင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

 အာဆီယံဘဏ်ထူထောင်နိုင်ရန် ဆွေးနွေးမည်

၂၀၁၂ မတ်လ နောက်ဆုံးပတ်အတွင်း အာဆီယံဘဏ် ထူထောင်နိုင်ရေးအတွက် အာဆီယံဒေသတွင်း ဗပိာုဘဏ်များမှ စုပေါင်း၍ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အာဆီယံဘဏ်ထူထောင်ရခြင်းမှာ အာဆီယံ၏ လုံခြုံစိတ်ချရသော ဘဏ်စနစ်ကြီးတစ်ခု ပေါ်ပေါက် လာစေရန်နှင့် AEC(ASEAN Economic Community) ၏ ငွေကြေးဆိုင်ရာ ဈေးကွက်အားလုံး တစ်စုတစ်စည်းတည်း ဖြစ်လာစေရန် ရည်ရွယ်ကြောင်း သိရသည်။

“အခုလ ၂၆ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံက ဖနွမ်းပင်မြို့မှာ ကျင်းပမယ့် အာဆီယံဗပိာုဘဏ်များ အစည်းအဝေးမှာ အာဆီယံဗပိာုဘဏ် တည်ထောင်နိုင်ဖို့အတွက် ဆွေးနွေးသွားကြမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ထိုကဲ့သို့ အာဆီယံ ဗပိာုဘဏ်ကြီးတစ်ခုဖြစ်ပေါ်လာပါက လာမည့် ၂၀၁၅ တွင်ဖြစ်ပေါ်လာမည့် အာဆီယံဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်ခွင့် (AFTA) လုပ်ဆောင်ရာတွင် ပိုမိုအဆင်ပြေလာနိုင်မည်ဖြစ်ပြီး ကောင်းကျိုးများ ရှိလာနိုင်သကဲ့သို့ ဆိုးကျိုးအနည်းငယ်လည်း ရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍ မြင့်တက်လာနိုင်ဖို့အတွက်ဆိုရင် ကိုယ့်နိုင်ငံတစ်ခုတည်းနဲ့ ရပ်တည်နေလို့ မရတော့ပါဘူး။ ဒီလို ဘဏ်စနစ်တွေ ပေါ်ပေါက်လာမှလည်း AFTA မှာ တခြားလုပ်ငန်းရှင်တွေနည်းတူ မြန်မာနိုင်ငံကလည်း ယှဉ်ပြိုင်နိုင်စွမ်းရှိလာနိုင်မှာပါ”ပာု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဖမ်းဆီးတရားစွဲဆိုမှုများကြောင့် ရွာသားအချို့ထွက်ပြေးတိမ်းရှောင်

၂၀၁၂ခုနှစ် အောက်တိုဘာလမှစတင်၍ သက်ဆိုင်ရာမှ စီမံကိန်းနယ်မြေအဖြစ် ဖော်ဆောင်စဉ်အချိန်က ဖယ်ရှားရန် ငြင်းဆိုနေသည့် နေပြည်တော်ခရိုင်အတွင်းရှိ လယ်ဝေးမြို့နယ် မီးသွေးဖိုကုန်းရွာ၌ နေထိုင်နေသည့် လယ်သမားများအား ဖမ်းဆီးတရားစွဲမှုများ ပြုလုပ်လျက်ရှိပြီး ယခုလ အတွင်းတွင် ရွာသားခြောက်ဦးအား ဖမ်းဆီးခဲ့သည်ဟု သိရသည်။

“သူတို့က လယ်ဝေးမြို့နယ်အတွင်းကမှာ စီမံကိန်းနယ်မြေတွေအဖြစ် ဖော်ဆောင်တုန်းက ဖယ်ပေးဖို့ ပြောတာပါ။ မဖယ်ပေးရင် ဖမ်းမယ် တရားစွဲ မယ်ဆိုပြီး ပြောပါတယ်။ ပြီးတော့ သူတို့က ဒီမတ်လထဲမှာ ရွာသားခြောက်ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချမှတ်ထားပါတယ်။ တစ်ချို့ဆိုရင် ရွာမှာမနေရဲ လို့ ထွက်ပြေးကုန်ကြပါတယ်”ဟု ယင်းကျေး ရွာတွင် နေထိုင်သူတစ်ဦးမှ ပြောကြားသည်။

မတ်လအတွင်း ၁၄ရက်နေ့နှင့် ၁၆ရက်နေ့များတွင် ရွာသားခြောက်ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး ရွာတွင် ကျန်ရှိနေသည့် အိမ်ခြေ ၂၀နီးပါးအား တရားစွဲထားသည်ဟုလည်း အထက်ပါပုဂ္ဂိုလ်မှ ပြောကြားသည်။

“စီမံကိန်းနေရာနဲ့ မလွတ်တဲ့အိမ်က အားလုံးပေါင်း အိမ်ခြေ ၁၅၀ကျော်လောက်ရှိတယ်။ ဖျက်ခိုင်းတော့ နေစရာမရှိလို့ သစ်ပင်တွေနားမှာ တဲထိုးပြီးနေရတာပေါ့။ ဒါပေမယ့် သက်ဆိုင်ရာကတော့ ပြောင်းရွှေ့တာနဲ့ ပတ်သက်ပြီး ၂သိန်းရယ် မြေလွတ်တွေတော့ ပေးပါတယ်။ တရားစွဲမယ်လို့ ပြောတာတော့ ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ စပြီးပြောတာပါ။ လောလောဆယ်တော့ ၆ယောက်ဖမ်းထားပြီး ၈ယောက်တရားစွဲခံထားရပါတယ်”ဟု NLD အဖွဲ့ချုပ်ပါတီမှ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်မှ ပြောကြားသည်။

ယခုအမှုနှင့်ပတ်သက်၍ အဆင့်ဆင့် အယူခံတက်သွားမည်ဖြစ်ပြီး ရွာသားများဘက်မှ လယ်ဝေးမြို့ခံဖြစ်သည့် ရှေ့နေဦးခင်မောင်ကြီးမှ ဆောင်ရွက်ပေးနေကြောင်းကိုလည်း ၎င်း၏ ထပ်မံပြောဆိုချက်အရ သိရသည်။

ATM

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အာဆီယံနိုင်ငံများကို ဖိတ်ခေါ်ပြီ

လာမည့် ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် တရားမျှတမှုရှိ၊ မရှိ စောင့်ကြည့် လေ့လာနိုင်ရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ငါးဦးနှင့် အာဆီယံပါလီမန် အဖွဲ့ဝင် ၁၈ ဦးတို့အား မြန်မာနိုင်ငံသို့ လာရောက်လေ့လာရန် ဖိတ်ကြားခဲ့ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ မတ်လ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

“လာမည့် ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှမျှတတ ကျင်းပတယ်ဆိုတာကို လေ့လာနိုင်ဖို့အတွက် အာဆီယံနိုင်ငံတွေက စောင့်ကြည့်လေ့လာမည့်သူတွေကို ဖိတ်ခေါ်ထားပါတယ်။ သူတို့နဲ့အတူ နိုင်ငံတကာက မီဒီယာသမားတွေလည်း ပါလာမယ်လို့ ကြားပါတယ်။ ရန်ကုန်ကို မတ်လ ၂၈ ရက်နေ့ရောက်ရှိဖို့လိုအပ်တယ်လို့လည်း ပြော ထားပါတယ်”ပာု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတမှုရှိရေးအတွက် အာဆီယံနိုင်ငံများမှ လေ့လာသူများသာမက အမေရိကန်နှင့် ဥရောသမဂ္ဂနိုင်ငံများမှ စောင့်ကြည့်လေ့လာသူများကို စေလွှတ်ရန် မြန်မာနိုင်ငံရှိ တာဝန်ရှိသူများက ဖိတ်ခေါ်ခဲ့ကြောင်း အမေရိကန်သရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“မြန်မာနိုင်ငံမှာ ကျင်းပမယ့်ကြားဖြတ်ရွေူးကောက်ပွဲမှာ လာရောက်ပြီး စောင့်ကြည့်လေ့လာဖို့အတွက်ဆိုပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂ နိုင်ငံ တွေက စောင့်ကြည့်လေ့လာမယ့်သူတွေ လာရောက်ဖို့ ဖိတ်ခေါ်ထားပါပြီ။ ဒီလိုမျိုးဖိတ်ခေါ် ထားတဲ့အတွက် ကျွန်တော်တို့အနေနဲ့ တော်တော်ကို အားတက် မိပါတယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲပာာ တရားမျှတပြီး လွတ်လပ်စွာကျင်းပနိုင်လိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်”ပာု မြန်မာ့အရေး စောင့်ကြည့် လေ့လာနေသူတစ်ဦးက ဆိုသည်။

ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်တွင်း လစ်လပ်နေရာပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲ များတွင် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာရှိပြီး ၎င်း လစ်လပ်မဲဆန္ဒနယ်များ၌ နိုင်ငံရေးပါတီ(၁၇) ခုမှ လွှတ်တော်ကိုယ်စား လှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလွှတ်တော်ကိုယ်စားလှယ်များမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ကြားဖြတ်ရွေးကောက်ပွဲ၌ မဲလက်မှတ် ပုံစံပြောင်းမည်

ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲများတွင် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ရေးအတွက် ပြည်သူများမဲထည့်နိုင်ရန် အသုံးပြုမည့် မဲပြားပုံစံအား ၂၀၁၀ ရွေးကောက်ပွဲမဲပြားပုံစံနှင့် တူညီမှုမရှိဘဲ ပုံစံပြောင်းလဲသွားမည်ဖြစ်ကြောင်း တရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“အခု ကြားဖြတ်ရွေးကောက်ပွဲမှာ အသုံးပြုမယ့် မဲပြားပုံစံက အသစ်ပါ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းကနဲ့ မတူပါဘူး။ အခု မဲပြားပုံစံအသစ်နဲ့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်က မဲရုံးမှူးသင်တန်းတွေ ပို့ချနေပါတယ်”ပာု ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာနေသူတစ်ဦးက ဆိုသည်။

ယခင် ၂၀၁၀ ရွေးကောက်ပွဲ၌ အသုံးပြုသည့် မဲပြားပုံစံမှာ အရွက်လိုက်ဖြစ်သော်လည်း ယခုကြားဖြတ်ရွေးကောက်ပွဲ၌ အသုံးပြုမည့် မဲပြားပုံစံမှာ စာအုပ်ပုံစံအရွက် ၅၀ ကို တစ်အုပ်လုပ်ထားကြောင်း၊ ယခု စာအုပ်ပုံစံနှင့်ဖြစ်သည့်အတွက် အရွက်အမှတ်အသားများ ပါလာတော့မည်ဖြစ်ကြောင်း၊ မဲပေး ချိန်တွင် ၎င်းစာအုပ်ထဲမှ မဲပြားများကို ပေတံနှင့်ဖြတ်၍ မဲပေးရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် မဲဖောင်းပွမှု မဖြစ်ပေါ်လာနိုင်တော့ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲအတွင်း အသုံးပြုခဲ့သည့် မဲပြားပုံစံနှင့် မတူညီနိုင်စေရန် စနစ်တကျပြုလုပ်ထားကြောင်း မဲရုံမှူးသင်တန်းသို့ တက်ရောက်ခဲ့သည့် မဲရုံမှူးတစ်ဦးက ပြောကြားကြောင်း True News ဂျာနယ်၌ ဖော်ပြပါရှိသည်။

“အရင် ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲမသမာမှုကိစ္စတွေ တော်တော်ဖြစ်ခဲ့ပါတယ်။ ဘယ်ကရောက်လာမှန်း မသိတဲ့မဲတွေနဲ့ ကိုယ်စားလှယ် တော်တော်များများ ရှုံးနိမ့်ခဲ့ရတယ်။ ဒီတစ်ခါ ရွေးကောက်ပွဲကိုတော့ နိုင်ငံတကာ စောင့်ကြည့်သူတွေ အများကြီး လာရောက်သင့်တယ်”ပာု မြန်မာ့နိုင်ငံရေး လေ့လာနေသူတစ်ဦးက ဆိုသည်။

                YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒါဖြင့် ဘာအတွက် ကျောင်းကို နှစ်အတော်ကြာ အချိန်ပေးပြီး တက်ခဲ့ကြရတာလဲ။ ဘယ်လို အကျိုးအမြတ်အတွက်လဲ။ အမှန်ပြောရရင်တော့ အောင် လက်မှတ်အတွက်ဆိုတဲ့ ရည်ရွယ်ချက်ပဲရှိခဲ့ပါတယ်။ ကျောင်းသားတွေဘက်က ရည်မှန်းချက်ကလည်း စံတင်လောက်ပါပေတယ်။ ခေတ်ကလည်း မျက်စိ ပိတ် နားပိတ်ခေတ်ပါပဲ။ ဒါနဲ့ ပညာတွေ တကယ်တတ်ခဲ့လား။ ဘဝကို အထောက်အကူပြုရဲ့လားဆိုတော့ No ပါပဲ။ ပေါင်းသင်းဆက်ဆံရေး နည်းနည်း မြင့်လာတယ်။ လူကြီးလူကောင်း တစ်ယောက်ဖြစ်ချင်ရင် ဘယ်လိုနေရမယ်ဆိုတာ နည်းနည်းသိလာတယ်။ ဒါပါပဲ။ စိတ်မကောင်းစရာတစ်ခု ကိုယ်အား ထားခဲ့တဲ့ အောင်လက်မှတ်ကလည်း အလုပ်မဖြစ်ခဲ့ပါဘူး။ ပညာရေးဆိုရင် အသံတောင်မကြားချင်ရာက နိုင်ငံရပ်ခြား သွား အလုပ်လုပ်တော့မှပဲ သူတို့ဆီက ပညာရေး လောကကို တစေ့တစောင်း တွေ့ခဲ့မြင်ခဲ့ရပါတယ်။ ပညာရေးဆိုတဲ့ အဓိပ္ပါယ်၊ ကျောင်းဆိုတဲ့ အဓိပ္ပယ်ကိုလည်း  သဘောပေါက်စပြုလာပါတယ်”

မတ် ၂၂ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) မှတ် (၈၇) တွင်ပါသည့် ဆောင်းပါးရှင် ကောင်းဆက်နိုင်၏ “အံ့သြလွန်းလို့ သေတော့မယ်” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“လိုင်စင်တွေကတော့ အရင်ကနဲ့စာရင် မြန်လာတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အကန့်အသတ် ရှိနေသေးတာပေါ့။ ပို့ကုန်သွင်းကုန်လိုင်စင်အားလုံး လျင်လျင်မြန်မြန် ဆောင်ရွက်ပေးနိုင်ရင်တော့ ကုန်သွယ်စီးဆင်းမှု ပို မြန်လာမှာပေါ့”

မတ် ၂၀ ထုတ် The Flower News အတွဲ (၈) အမှတ် (၁၂) တွင်ပါသည့် “မြန်မာ့ကုန်သွယ်ရေး မူဝါဒပြောင်းတော့မည်” သတင်းမှ ပြည်တွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် ဒေါက်တာစိုးထွန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အခုရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာက ဧည့်သည်တွေလာတဲ့အခါမှာ လွတ်လပ်ဖို့၊ တရားမျှတဖို့၊ ဂုဏ်သိက္ခာရှိဖို့လိုကြောင်း ပြောပါတယ်။ အဲဒီ အစိုးရအဖွဲ့ဖြစ်တဲ့ ဥပဒေပြုရေးခေါင်းဆောင်တစ် ယောက်အနေနဲ့ ကျွန်တော်ဘက်က နိုင်ငံတကာလေ့လာရေးအဖွဲ့တွေ လာဖို့လိုလားတယ်။ လိုလားတယ် ဆိုတာ ကိုယ့်ဘက်က မှန်မှန်ကန်ကန်လုပ်မှာလေ။ လာကြည့်။ မှန်မှန်ကန်ကန်မလုပ်ဘူးဆိုရင် လာကြည့်ခံမှာ မဟုတ်ဘူး”

မတ် ၂၂ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) မှတ် (၈၇) တွင်ပါသည့် “နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ ပြည်သူတို့၏ မျှော်လင့် ချက်၊ လွတ်လပ်မှုနှင့် တရားမျှတသော ကြားဖြတ်ရွေးကောက်ပွဲ ဘယ်လိုပုံဖော်မလဲ” သတင်းဆောင်းပါးမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment