Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၇.၄.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လူငယ်နှင့် ပါတီ၊ အဖွဲ့အစည်း

****************************************

ဆောင်းပါးကဏ္ဍ

လူငယ်နှင့် ပါတီ၊ အဖွဲ့အစည်း

ထက်မြတ်

(ဧပြီ ၂၆ ထုတ် Popular News အတွဲ (၄) အမှတ် (၁၆) မှ ထုတ်ယူဖော်ပြသည်။)

လွတ်လပ်မှုပင် ပြောပြော၊ ဒီမိုကရေစီအခွင့်အလမ်းများ ပွင့်လင်းလာသည်ဟုပင်ဆိုဆို ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် အသင်းအဖွဲ့များ လွတ်လွတ်လပ်လပ် ပေါ်ပေါက်လာသည်မှာ အချိန်နှစ်ချိန်သာ ရှိပါသည်။ တစ်ချိန်မှာ ၁၉၈၈၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့် ရှစ်လေးလုံးတိုက်ပွဲများ အပြီး အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ရခြင်းပင် ဖြစ်သည်။ အုပ်ချုပ်ရေး ယန္တရားမှာလည်း ယိုယွင်းပျက်ပြားနေပြီဖြစ်၏။ ဒီမိုကရေစီအဟုန်ဖြင့် လူတန်းစား အသီးသီးသည် အလုပ်သမား၊ လယ်သမားအဖွဲ့၊ ကျောင်းသားများကလည်း အဖွဲ့များ ဖွဲ့ခဲ့ကြသည်။ အာဏာသိမ်း စစ်ကောင်စီအောက်တွင် နိုင်ငံရေး ပါတီ အများအပြား ပေါ်ပေါက်ခဲ့၏။ ထို့နောက် ထိုအဖွဲ့များမှာ ပြန်လည် အားနည်းသွားကြပြန်ပါသည်။ လူတန်းစားအဖွဲ့အစည်း အသီးသီးမှာ ပျက်ပြား သွားသလို၊ ကျောင်းသားအဖွဲ့အစည်းများမှာလည်း တရားမဝင်အဖွဲ့အစည်းများ ဖြစ်သွားပါသည်။ NLDလို နိုင်ငံရေးပါတီသာ ကျန်ရှိခဲ့သည်။ သို့သော် နိုင်ငံရေးလှုပ်ရှားမှု မရှိသလောက် နည်းပါးခဲ့၏။ သို့သော် ၂ဝ၁ဝအကုန်နှင့် ၂ဝ၁၁ခုနှစ်တွင်ကား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေအရ ပါတီအသီး သီး၊ အဖွဲ့အစည်းအသီးသီး ပေါ်ပေါက်လာခဲ့သည်။

၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသမိုင်းတွင် နိုင်ငံရေးအခွင့်အလမ်း ပွင့်လန်းလာသည်မှာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ယခုအထိ နှစ်ကြိမ်သာရှိ၏။ ၁၉၈၈ နှင့် ၂ဝ၁၁ ခုနှစ်ကာလများဖြစ်သည့် ယနေ့ကာလတွင် ပွင့်လာသော ပါတီဖွဲ့စည်းခွင့်၊ အသင်းအ ဖွဲ့များ ဖွဲ့စည်းမှတ်ပုံတင်ခွင့် စသော ဥပဒေပြဋ္ဌာန်းချက်များကြောင့် NLDလို အင်အားကောင်းသော အဖွဲ့ကြီးမှာလည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ယခုမူ လွှတ်တော်တွင်းသို့ပင် ရောက်လေတော့မည်။ လူငယ်များသည် မြန်မာ့နိုင်ငံရေးဖြစ်ပေါ်မှုတွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်သူများချည်း ဖြစ်၏။ လွတ် လပ်ရေးတိုက်ပွဲ ကာလက ဗိုလ်ချုပ်အောင်ဆန်းလို၊ ကိုဗဟိန်းလို၊ ဦးနုလို၊ သခင်စိုး၊ သခင်သန်းထွန်းလို၊ သခင်သိန်းဖေလို စသည့် ပညာတတ်အများ အပြားမှာ နိုင်ငံရေးကို ဦးဆောင်ခဲ့သည်။ တို့ဗမာအစည်းအရုံးလို တပ်ဦးကြီးကိုလည်း လူငယ်များက ပါဝင်ဖွဲ့စည်းခဲ့သည်။ ဖဆပလလို တပ်ပေါင်းစုကြီးကို လူငယ်များပင် ဦးဆောင်၍ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးတွင် ပြတ်ပြတ်သားသား ပါဝင် တိုက်ပွဲဝင်ခဲ့ကြပါသည်။ ထိုအချိန်က လူငယ်များ၏ စိတ်ဓာတ်ထဲတွင် နိုင်ငံရေးသည်အမိ၊ နိုင်ငံရေးသည်အဖ လွတ်လပ်ရေးရဖို့ နိုင်ငံရေးလုပ်ရမည်ဟု အခိုင်အမာ ယုံကြည်ခဲ့သည်။ ထိုလူငယ်များကပင် နယ် ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးများအတွက် စွန့်လွှတ်ကာ အသက်ပေးခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များသည် လွတ်လပ်ရေးအတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့သည့် အာဇာနည်များ ဖြစ်သည်မှာ အားလုံး အသိပင် ဖြစ်ပါသည်။ ထိုကဲ့သို့ပင် လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတိုက်ပွဲများ၊ ဆိုရှယ်လစ်ရေးအတွက် တိုက်ပွဲများ၊ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး တိုက်ပွဲများတွင် လူငယ်များ ပင် ပါဝင်ခဲ့ကြလေသည်။ ယခုလို အသင်းအဖွဲ့များ ဖွဲ့စည်းခွင့် အခွင့်အလမ်းများ ထွက်ပြူစတွင် လူငယ်များအဖို့ အသင်းအဖွဲ့များကို မှန်မှန်ကန်ကန် အသုံးချဖွဲ့စည်းနိုင်ဖို့ လိုအပ်ပါသည်။ ကျွန်တော့်အတွေ့အကြုံနှင့် ကျွန်တော်၏အမြင် အရဆိုလျှင် မြန်မာနိုင်ငံတွင် နိုင်ငံရေးစံနှုန်းနှင့် စနစ်အကျဆုံး ဖွဲ့စည်းခဲ့သောပါတီမှာ နှစ်ခုသာရှိပါသည်။ တစ်ခုမှာ ‘ဗမာပြည် ကွန်မြူနစ်ပါတီ’ ဖြစ်သည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဖွဲ့စည်းပုံဥပဒေကို စနစ်တကျ ဖွဲ့စည်းပြီး ၁၉၃၉ ခုနှစ်၊ သြဂုတ်လ ၁၅ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းက အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သော ပါတီဖြစ်၏။ ထိုအချိန်က ဖွဲ့စည်းပုံစနစ်တကျ ရှိချင်မှရှိမည် ဖြစ်သော်လည်း နောင်အခါတွင် ဌာနအသီးသီး ထားရှိခဲ့သည်။ သုတေသနဌာန၊ ပြန်ကြားရေးဌာန၊ စည်းရုံးရေးဌာန၊ ရန်ပုံငွေရှာဖွေရေးဌာန စသည်၊ စသည်ဖြင့် ပါတီတစ်ရပ်၏ ဖွဲ့စည်းပုံအတိအကျဖြင့် ဖွဲ့စည်းထားသည်ကို နိုင်ငံရေးသမားများ (လက်ဝဲဖြစ်စေ၊ လက်ယာဖြစ်စေ) အတုယူသင့်သလို နမူနာ ယူ ဖွဲ့စည်းသင့်သော ဖွဲ့စည်းပုံဖြစ်သည်။ နောင်လက်နက်ကိုင်တိုက်ပွဲသို့ ကူးပြောင်းပြီး ယခု ပါတီပြိုကွဲသွားသည်အထိ ဗကပသည် စနစ်တကျဖွဲ့ထား သော နိုင်ငံရေးပါတီဖြစ်သည်ကိုကား ငြင်းကွယ်၍ မရနိုင်ပေ။

နောက် နိုင်ငံရေးပါတီတစ်ခုမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဖြစ်ပါသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ)ကို စတင် ဖွဲ့စည်းခဲ့က တည်းက အမြုတေပါတီအဖြစ် ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းပုံဥပဒေကို စနစ်တကျရေးဆွဲပြီးမှသာ ပါတီဝင်၊ အရန်၊ မိတ်ဆွေ စသည်ဖြင့် ခွဲခြားသတ်မှတ်ပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်၏။ အာဏာရစစ်အစိုးရက ဦးဆောင်ဖွဲ့စည်းသည်ဖြစ်၍ ရန်ပုံငွေနှင့် အဆောက်အအုံ အတွေ့အကြုံရှိသူများဖြင့် စနစ်တကျ ဖွဲ့စည်းခဲ့ပါ သည်။ ပါတီအောက်တွင် အလုပ်သမားဌာန၊ လယ်သမားဌာန၊ စည်းရုံးရေးဌာန၊ သုတေသနဌာန၊ နိုင်ငံခြားဆက်ဆံရေးစသည့် ဌာနအဆင့်ဆင့် ခွဲခြားကာ တာဝန်ပေးခဲ့သည်။ ပါတီ၏ သဘောတရားနှင့် မူဝါဒကိုလည်း ရေးဆွဲခဲ့၏။ လူနှင့် ပတ်ဝန်းကျင်တို့၏ အပြန်အလှန် ဆက်ဆံရေး၏ အညမည သဘော    တရားမှာ မဆလပါတီ၏ လမ်းညွှန်သဘောတရား ဖြစ်ပါသည်။ ကွန်မြူနစ်ပါတီသည် လမ်းစဉ် သဘောတရားအနေဖြင့် မာ့က်စ်လီနင်ဝါဒနှင့် မော်စီတုန်း အတွေးအခေါ်ကို ကိုင်စွဲထားသလို အလုပ်သမားလူတန်းစားကိုလည်း ပင်မအခြေခံ အင်အားအဖြစ် သတ်မှတ်၏။ မဆလကမူ အညမည သဘောတရား ကို လမ်းညွှန်သဘောတရားအဖြစ် သတ်မှတ်ပြီး လယ်သမားလူတန်းစားကို အခြေခံအင်အားအဖြစ် သတ်မှတ်ခဲ့၏။ ဆိုလိုသည်မှာ ယခုကာလ နိုင်ငံရေး လှုပ်ရှားမှုများ ပွင့်လင်းစအချိန်မျိုးတွင် လူငယ်များသည် နိုင်ငံရေးပါတီများ၊ လူထုလူတန်းစား အဖွဲ့အစည်းများ တည်ထောင်မည်ဆိုလျှင် မိမိနိုင်ငံနှင့် ကိုက်ညီသော လမ်းစဉ်သဘောတရားများနှင့် ဖွဲ့စည်းရန်လိုအပ်သည်။ ဒီမိုကရေစီဆိုသော ဝေါဟာရတစ်ခုနှင့် နိုင်ငံရေးလုပ်၍ မရနိုင်ပေ။ ဒီမိုကရေစီဆို သည်မှာ ဝါဒမဟုတ် လမ်းညွှန်သဘောတရားလည်း မဟုတ်ပေ။ ဒီမိုကရေစီကို အခြေခံသည်ဆိုတိုင်း ပီပြင်သော နိုင်ငံရေးပါတီတစ်ရပ်ကို ထူထောင်၍မရ နိုင်၊ လက်ဝဲလက်ယာ နိုင်ငံရေး အဖွဲ့အစည်းများတွင် ဒီမိုကရေစီကိုကား လက်ခံကြသည်ဖြစ်၏။ လက်ဝဲသမားများက ပြည်သူ့ဒီမိုကရေစီကို လက်ခံကြ သလို လယ်သမားများက လစ်ဘရယ်ဒီမိုကရေစီကို လက်ခံကြသည်။ တစ်ခုနှင့်တစ်ခု ခြားနားမှုရှိ၏။ သို့သော် ဒီမိုကရေစီကတော့ အတူတူပင် ဖြစ်၏။ လွတ်လပ်စွာရေးသားခွင့်၊ ပြောဆိုခွင့်များဖြစ်သည်။ နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်၊ လူမှုရေးအဖွဲ့အစည်းတစ်ရပ်၊ နိုင်ငံရေးပါတီတစ်ရပ် ထူထောင်မည်ဆို လျှင် ထို့ထက် စနစ်ကျသော ဖွဲ့စည်းပုံရှိရန် လိုအပ်သည်။

အခြေခံအတွေးအခေါ်သစ် သဘောထားရှိရန် လိုအပ်သည်။ အခြေခံလူတန်းစားရှိရန် လိုအပ်ပေသည်။ မြန်မာနိုင်ငံတွင် ယခုအချိန်၌ အင်အား အကောင်းဆုံးသော ပါတီကြီးနှစ်ရပ် ရှိလာသည်။ ပါတီတစ်ခုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဖြစ်ပြီး နောက်တစ်ခုမှာ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ ဖြစ်လေသည်။ ထိုပါတီများသည် ဘယ်လူတန်းစားကို အခြေခံပြီး ပြည်သူများကို ဘယ်လိုစည်းရုံးနိုင်မည်။ ပြည်သူလူထု၏ အကျိုးစီးပွား ကို ဘယ်လောက်ထမ်းဆောင်နိုင်မည်။ ပြည်သူလူထုအတွက် ဘယ်လောက် အကျိုးစွန့် အနစ်နာခံနိုင်မည်ကို နောင်လာမည့် မြန်မာ့သမိုင်းတွင် လူငယ်များ ကရော၊ ကျွန်တော်တို့ကပါ စောင့်ကြည့်နေရပေမည်။ လူအင်အားမည်မျှပင် တောင့်တင်း၊ မည်မျှပင်ငွေအင်အား ကြွယ်ဝကြွယ်ဝ ပြည်သူ့အကျိုးစီးပွားကို အထူးသဖြင့် မြန်မာနိုင်ငံရှိ အလုပ်သမား၊ လယ်သမားများ၏ အကျိုးစီးပွားကို အမှန်တကယ် ဆောင်ရွက်မပေးနိုင်လျှင် ထိုပါတီသည် ကျဆုံးသွားပေမည်။ ကိုယ်ကျိုးအတွက် တည်ထောင်သော ဘယ်ပါတီမဆို ပြည်သူလူထုက ဖယ်ရှားပစ်မည်မှာ သေချာပေသည်။ သမိုင်းတွင် ပြည်သူ့အကျိုးစီးပွားကို ဆန့်ကျင် သော ပြည်သူလူထု၏ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးတိုက်ပွဲများတွင် ရှေ့ကတားဆီးသော မည်သည့်နိုင်ငံရေးပါတီကိုမဆို ပြည်သူလူထုက ဆွဲယူဖယ်ရှားပြီး မြောင်းထဲပစ်ချခဲ့သည်ကို သမိုင်းတွင် တွေ့ကြုံခဲ့ရပြီးပြီ။ ထို့ကြောင့် နိုင်ငံရေးလှုပ်ရှားမှုနှင့် လူထုလှုပ်ရှားမှုများကို ဆောင်ရွက်တော့မည့် လူငယ်များအဖို့ စိတ်ခံစားမှုသက်သက်ဖြင့် လုပ်ဆောင်၍ မရနိုင်ပေ။ အလေးအနက်ထားပြီး စနစ်တကျ လုပ်ဆောင်ရမည်ဖြစ်၏။ လက်)