Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၆.၅.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ·ဆန္ဒပြမှုများကို ဖြေရှင်းရာတွင် အကြမ်းဖက်ခြင်းများကို ရှောင်ရှားရန် အာဆီယံအကြီးအကဲ သတိပေး

(Reuters News မှ 24 May 2012 ရက်စွဲပါ “Myanmar must Cope with protest,aroid xiolence: ASEAM chief”သတင်းကို ဘာသာပြန်ဆိုသည်)

  1.  မြန်မာနိုင်ငံသည် အိန္ဒိယ၏ အိမ်နီးချင်း စွမ်းအင်တင်သွင်းမှု ဖြစ်လာမည်ပာု တရုတ်ပညာရှင်ပြော

(25 May 2012 ရက်စွဲပါ Indo Asian News Service မှ Myanmar could be India’s next-door energy supplier: Chinese export ကိုဘာသာပြန်ဆိုသည်)

  1.  မြန်မာဓာတ်အားကဏ္ဍကို တရုတ် လှမ်းမျှော်

(IANS News မှ 25 May 2012 ရက်စွဲပါ “China eyes Myanmar Power Sector”သတင်းကို ဘာသာပြန်ဆိုသည်)

***************************

ဘာသာပြန်သတင်းများ

ဆန္ဒပြမှုများကို ဖြေရှင်းရာတွင် အကြမ်းဖက်ခြင်းများကို ရှောင်ရှားရန် အာဆီယံအကြီးအကဲ သတိပေး

(Reuters News မှ 24 May 2012 ရက်စွဲပါ “Myanmar must Cope with protest,aroid xiolence: ASEAM chief”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအာဏာပိုင်များအနေဖြင့် လျှပ်စစ်မီးပြတ်တောက်မှုအပေါ် ဆန္ဒပြမှုများကို အကြမ်းဖက်မနှိမ်နင်းပဲ အေးအေးဆေးဆေး ကိုင်တွယ်ထိန်းသိမ်းရန်လိုအပ်ပြီး၊ ၎င်းဆန္ဒပြမှုများကို စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် ဖြစ်ရိုးဖြစ်စဉ်တစ်ခုအဖြစ် ရှုမြင်သင့်ကြောင်း အာဆီယံအဖွဲ့အကြီးအကဲက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြောင်းလဲမှုရေချိန်ကို စမ်းသပ်သည့်အနေဖြင့် ရန်ကုန်မြို့တော်အပါအဝင် နိုင်ငံအနှံ့အပြားတွင် လျှပ်စစ်မီးပြတ်တောက်မှုအပေါ် ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိရာ အာဏာပိုင်များ တုန့်ပြန်ရခက်အောင် အကျပ်ရိုက်မှုကို ဖြစ်ပေါ်စေသည်။

ဆန္ဒပြပွဲများကို ရက်အနည်းငယ် စောင့်ကြည့်ပြီးနောက်တွင် ပြည်မြို့၌ ရဲတပ်ဖွဲ့အကြမ်းဖက်ဖြိုခွဲခဲ့ပြီး၊ မန္တလေးမြို့တော်တွင်လည်း NLD ပါတီဝင်များကို ခေါ်ယူမေးမြန်းလျက်ရှိသည်။

အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က မြန်မာနိုင်ငံအနေဖြင့် အသွင်ကူးပြောင်းလမ်းကြောင်းပေါ်မှ ချော်မသွားရန်နှင့် ဆန္ဒပြပွဲနှိမ်နင်းမှုမှန်သမျှကို ရှောင်ရှားရန် အရေးကြီးသည်ပာု ထုတ်ဖော်ပြောဆိုသည်။

“နိုင်ငံတစ်ခု(သို့) လူ့အဖွဲ့အစည်းတစ်ခုပာာ ဒီမိုကရေစီစနစ်ကို တံခါးဖွင့်ကူးပြောင်းတော့မယ်ဆိုရင် တင်းမာမှုတွေ တခါတရံ အကြမ်းဖက်မှုတွေကို အေးအေးဆေးဆေးရင်ဆိုင်ဖို့ ပြင်ဆင်ထားရပါလိမ့်မယ်”ပာု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပောာင်း ဆူရင်က ရိုက်တာသတင်းဌာနနှင့် အင်တာဗျူးတွင်ပြောကြားသည်။

မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ အုပ်ချုပ်ခဲ့သော တပ်မတော်အစိုးရသည် အဆိုပါကာလအတွင်း ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများကို နှိမ်နင်းရာတွင် အင်အားအသုံးပြုသည့် အလေ့အထရှိခဲ့သည်။

ထိုကဲ့သို့ ဆိုးဝါးသော လူ့အခွင့်အရေးမှတ်တမ်းများကြောင့် အနောက်အင်အားကြီးနိုင်ငံများက မြန်မာတပ်မတော်အစိုးရကို အရေးယူဒဏ်ခတ်ပစ်ပယ်ထားခဲ့ချိန်တွင် မျက်နှာမပျက်လိုသော အာဆီယံအိမ်နီးခြင်းနိုင်ငံများက အပြုသဘောထိတွေ့ဆက်ဆံကာ မြန်မာနိုင်ငံကို အားပေးခဲ့ကြသည်။

အာဆီယံမိတ်ဆွေ အနောက်နိုင်ငံများ၏ သံသယများ အဖိနှိပ်ခံ ဒီမိုကရေစီလှုပ်ရှားမှု ထောက်ခံသူတို့၏ ကန့်ကွက်မှုများ ရှိနေသည့်ကြားမှပင် ၁၉၉၇ တွင် အာဆီယံအဖွဲ့ထဲသို့ မြန်မာနိုင်ငံဝင်ရောက်လာခဲ့သည်။

အာရပ်နွေဦးပုန်ကန်မှုကာလတွင် တိုက်တိုက်ဆိုင်ဆိုင် အာဏာရလာသော လက်ရှိအရပ်သားတစ်ပိုင်း မြန်မာအစိုးရသည် ကျယ်ပြန့်သော နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ရုတ်တရက်မြန်မြန်ဆန်ဆန် ပြုလုပ်လာခဲ့သည်။

 

အကြမ်းမဖက်ရ

အာဆီယံအဖွဲ့အနေဖြင့် အဖွဲ့ဝင်များ၏ အတွေ့အကြုံများကို အခြေခံကာ ရေ၊ စားနယ်ရိက္ခာ၊ သယ်ယူပို့ဆောင်ရေး စသော လိုအပ်ချက်မပြည့်မှီမှု ပြဿနာများတွင် ကျရောက်လာမည့် ဖိအားများကို မြန်မာနိုင်ငံ ဖြေရှင်းနိုင်အောင် ကူညီသွားမည်ပာု ဆူရင်ကဆိုသည်။

“ပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အကြမ်းဖက်နှိမ်နင်းမှုမျိုးမရှိတာကိုပဲ ကျွန်တော်တို့မြင်ချင်ပါတယ်”ပာု ဆူရင်က ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသား ရာချီလွှတ်ပေးခဲ့သော၊ ဆင်တာတင်းကြပ်မှုကို ဖြေလျော့ပေးခဲ့သော၊ တိုင်းရင်းသားအုပ်စုများနှင့် ငြိမ်းချမ်းရေး စတင်ညှိနှိုင်းနေသော ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲသို့ ရောက်အောင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးခဲ့သော ဗိုလ်ချုပ်ကြီးပောာင်း ပြုပြင်ပြောင်းလဲရေးဝါဒီသမ္မတသစ် ဦးသိန်းစိန်ကို ယခုသီတင်းပတ်ဆန္ဒပြပွဲများက စမ်းသပ်မှုပြုလုပ်လျက်ရှိသည်။

သို့သော်လည်း လက်ရှိပြူပြင်ပြောင်းလဲမှုအနေအထားများက အစိုးရနှင့် အတိုက်အခံတို့ နှစ်ဖက်စလုံးမှန်းချက်ကိုက်အောင် ရုန်းကန်ကြရလိမ့်မည်ပာူသော မျှော်မှန်းမှုများကို ဖြစ်ပေါ်စေမည့် လက္ခဏာရှိသည်။

လူဦးရေ သန်း ၆၀ ကို လျှပ်စစ်မီးလုံလောက်အောင် မဖြန့်ဖြူးနိုင်ခြင်းသည် အာဆီယံအဖွဲ့၏ ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံတစ်နိုင်ငံရင်ဆိုင်နေရသော စိန်ခေါ်မှုများထဲမှတစ်ခုမျှသာ ဖြစ်ပေသည်။

အာဆီယံ ၄ နိုင်ငံအပါအဝင် ၉ နိုင်ငံညှိနှိုင်းနေသော အမေရိကန်ဦးဆောင် ပစ္စဖိတ်အနားသတ်ကုန်သွယ်ဖက်စာချုပ်၏ သက်ရောက်မှုအလားအလာကို မေးမြန်းရာတွင် ဆူရင်က ယင်းကိစ္စကြောင့် အာဆီယံနိုင်ငံ၏ မူပိုင်စီးပွားရေးပေါင်းစည်းမှု အစီအစဉ်ကို အနှောက်အယှက်မရှိပါပာု ဖြေကြားသည်။

ဆင်းရဲသော လာအိုမှသည် သယံဇာတပေါသော အင်ဒိုနီးရှား၊ ချမ်းသာသော စင်္ကာပူတို့ အထိကွာခြားလွန်းအားကြီးသော အာဆီယံအနေဖြင့် ၂၀၁၅ တွင် ကုန်စည်၊ ငွေကြေး၊ ဝန်ဆောင်မှု၊ လုပ်သားများ လွတ်လပ်စွာ စီးမျောခွင့်ပေးမည့် ပေါင်းစည်းမှုအစီအစဉ်ကို ပြင်ဆင်ဆောင်ရွက်နေသော်လည်း စီးပွားရေးပညာရှင်များကမူ ၎င်းရည်မှန်းချက်သည် လက်တွေမကျ၊ သဘာဝမကျပာု သံသယရှိနေကြသည်။

ပစ္စဖိတ်ကုန်သွယ်ဖက် စာချုပ်ဆွေးနွေးပွဲများတွင် စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်းတို့ ပါဝင်ဆွေးနွေးနေကြပြီး၊ အကယ်၍ သူတို့ ၄ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းသည်ဆိုပါက ကျန်အာဆီယံအဖွဲ့ဝင်များကလည်း ပစ္စဖိတ်ကုန်သွယ်ရေးစာချုပ်သို့ ပူးပေါင်းပါဝင်ရန် စဉ်းစားကြလိမ့်မည်ပာု ဆူရင်က မှတ်ချက်ပေးပြောကြားသည်။

****************************************

မြန်မာနိုင်ငံသည် အိန္ဒိယ၏ အိမ်နီးချင်း စွမ်းအင်တင်သွင်းမှု ဖြစ်လာမည်ပာု တရုတ်ပညာရှင်ပြော

(25 May 2012 ရက်စွဲပါ Indo Asian News Service မှ Myanmar could be India’s next-door energy supplier: Chinese export ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ပထဝီမပာာဗျူပာာ(geostrategic)၏ အရေးပါမှုကို ထည့်သွင်းစဉ်းစားမည်ဆိုပါက အိန္ဒိယသည် မြန်မာနိုင်ငံနှင့် မိတ်ဆွေဖြစ်ရန် အရေးပါလှသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် အိန္ဒိယကို အရှေ့တောင်အာရှနှင့် ဆက်သွယ်ပေးသည့် တံတားသဖွယ်ဖြစ်ခြင်း၊ အိန္ဒိယ၏ တိုးတက်လာသော စီးပွားရေးတွင် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ကို အလွန်အမင်လိုအပ်ခြင်းတို့ကြောင့်ဖြစ်သည်ပာု တရုတ်ပညာရှင်တစ်ဦးက ပြောသည်။

အိန္ဒိယဝန်ကြီးချုပ် မန်မိုပာန်ဆင်းသည် တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ရာ ၁၉၈၇ ခုနှစ်က ရာဂျစီဂန္ဒီ သွားရောက်ပြီးကတည်းက ၂၅ နှစ်အတွင်း ပထမဆုံး သွားရောက်မည့် အိန္ဒိယဝန်ကြီးချုပ်ဖြစ်သည်။

Chinese Academy of social Science မှ တောင်အာရှလေ့လာရေးပညာရှင် Ye Hailin က Global Times နေ့စဉ်သို့ပြောကြားရာတွင် “အချို့အိန္ဒိယပညာရှင်တွေက ဒီခရီးစဉ်ပာာ အိန္ဒိယရဲ့ ကစားပွဲကို နောက်ကျမှ ဝင်တဲ့ ဥပမာတစ်ခုလို့ပြောကြတယ်။ ဘာလို့လဲဆိုတော့ တရုတ်ရယ်၊ အမေရိကန်က ခေါင်းဆောင်တွေတောင် မြန်မာပြည်ကိုသွားပြီးကြပြီ”ပာု ဆိုသည်။

သို့သော် ၎င်းကပြောကြားရာတွင် ၎င်းအနေဖြင့် မန်မိုပာန်ဆင်း၏ မြန်မာနိုင်ငံခရီးစဉ်သည် အရေးပါသော ပြောင်းလဲမှုပာုလည်းကောင်း၊ သို့မပာုတ် အမေရိကန်နှင့် အခြားသူများ၏ နောက်မှလိုက်ခြင်းပာုလည်းကောင်း မမြင်မိကြောင်းဆိုသည်။

အိန္ဒိယ၏ “အရှေ့မျှော်ဝါဒ”အရ၊ အိန္ဒိယသည် မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒ၏အရေးပါသောပြောင်းလဲမှုများ ၁၉၉၀ ခုနှစ်များက စတင်ခဲ့သည်။ ၎င်းသည် ဒီမိုကရေစီလှုပ်ရှားမှုများကို ထောက်ခံနေရာမှာ စစ်တပ်အစိုးရကို စတင်ပြောင်းလဲဆက်ဆံခဲ့သည်ပာု ၎င်းကပြောသည်။

“မြန်မာနိုင်ငံရဲ့ ပထဝီမပာာဗျူပာာရဲ့အရေးပါမှုကို စဉ်းစားမယ်ဆိုရင်၊ မြန်မာနိုင်ငံနဲ့ မိတ်ဆွေဖြစ်ဖို့ အရေးပါလှပါတယ်။ မြန်မာနိုင်ငံပာာ အိန္ဒိယနိုင်ငံနဲ့ ၁၆၀၀ ကီလိုမီတာ ကုန်းတွင်းနယ်စပ်ထိစပ်နေတဲ့ တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံ ဖြစ်ပါတယ်။ အာဆီယံနဲ့ အိန္ဒိယ ဆက်စပ်ပေးတဲ့ မြေပေါ်တံတား(Land-bridge)တစ်စင်းဖြစ်ပါတယ်”ပာု အဆိုပါတရုတ်ပညာရှင်က ဆိုသည်။

“မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတည်ငြိမ်အောင် ဆက်လက်ထိန်းသိမ်းထားရမယ့် အခြားအဓိကအကြောင်းကတော့ အိန္ဒိယရဲ့ တိုးတက်လာတဲ့စီးပွားရေးမှာ အငမ်းမရ လိုအပ်နေတဲ့ မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ပဲဖြစ်ပါတယ်”ပာု ၎င်းကပြောသည်။

အိန္ဒိယသည် ကမ္ဘာပေါ်တွင် စွမ်းအင်အရင်းအမြစ်များကို လိုက်လံရှာဖွေလျက်ရှိရာ မြန်မာနိုင်ငံသည် အိန္ဒိယ၏ အိမ်နီးချင်းဖြည့်ဆည်းပေးမယ့်သူဖြစ်လာနိုင်သည်။ အိန္ဒိယအတွက် သယ်ယူပို့ဆောင်ရေးစရိတ်လျှော့ချနိုင်ပြီး စွန်းစားရမည့်အန္တရာယ်ကိုလည်း လျော့နည်းသွားနိုင်သည်။

ထို့ပြင် အိန္ဒိယအရှေ့မြောက်ဒေသနှင့် မြန်မာနိုင်ငံသည် ရှည်လျားသော နယ်စပ်ထိစပ်လျက်ရှိခြင်းကြောင့် အိန္ဒိယ၏ စစ်သွေးကြွအုပ်စုများသည် မြန်မာနိုင်ငံတွင် ခိုလှုံလျက်ရှိရာ နှစ်နိုင်ငံဆက်ဆံရေး ရင်းနှီးသည်နှင့်အမျှ အိန္ဒိယအစိုးရဆန့်ကျင်ရေးအင်အားစုများ မြန်မာနိုင်ငံတွင် လက်မခံရေး ပြောကြားနိုင်မည်ဖြစ်သည် ပာု ၎င်းက ပြောသည်။

မန်မိုပာန်ဆင်း၏ ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးအင်အားကောင်းလာရေးအတွက် လုပ်ဆောင်သည့် ထင်ရှားသည့်လက္ခဏာ တစ်ရပ်ဖြစ်သည်ပာု ၎င်းကဆိုသည်။

“အိန္ဒိယပာာ မြန်မာနိုင်ငံမှာ ပါဝင်ပတ်သက်မှုကြီးမားတဲ့ နိုင်ငံထဲမှာပါတဲ့အလျောက် အမေရိကန်ဝင်လာတာနဲ့ သူ့ကိုလျစ်လျူရှုသွားမှာ စိုးရိမ်နေပါတယ်”ပာု ၎င်းကပြောသည်။

မြန်မာနိုင်ငံသည် အနောက်နှင့် ဆက်ဆံရေး တံခါးဖွင့်လာသောအခါ အမေရိကန်နှင့် တရုတ်တို့သည် မပာာဗျူပာာကျသော အနေအထားတွင်ရှိသည့် ဆင်းရဲသည့် မြန်မာနိုင်ငံအပေါ် မျက်နှာသာရရေးအတွက် ဘာမဆို လုပ်ပေးကြမည်ဖြစ်ရာ အိန္ဒိယသည် အဓိကဇာတ်ခုံပေါ်တွင် ဘေးရောက်သွားနိုင်သည်။

 “ဒီလို အခြေအနေမျိုးကို အိန္ဒိယကလည်း မြင်တွေ့လိုမှာမပာုတ်ပါဘူး”ပာု ၎င်းက ပြောသည်။

အိန္ဒိယသည် တရုတ်ကို ယှဉ်နိုင်ရန် မြန်မာနိုင်ငံတွင် အခြေခံဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုကို အရှိန်မြှင့်နေသည်။

သမ္မတဦးသိန်းစိန်အစိုးရသည် ၂၀၁၁ စက်တင်ဘာလက တရုတ်တို့ဆောက်လုပ်နေသော ရေလှောင်တမံကို ရပ်ဆိုင်းခဲ့ခြင်းကြောင့် Beijinig ၏ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးမှာ အေးခဲလာခဲ့သည်။

         “ဒါ့အပြင် တရုတ်-မြန်မာ ဆက်ဆံရေးပာာ စစ်ရေးရှုထောင့် ပါသလားလို့ အိန္ဒိယကအနီးကပ်စောင့်ကြည့်နေပါတယ်။ ကောလပာာလတွေကနေ တရုတ်က မြန်မာနိုင်ငံနှာ ရေတပ်စခန်းတို့ ထောက်လှမ်းရေးအဆောက်အဦးတွေ တကယ်ဆောက်လာခဲ့ရင်ဆိုတာ စောင့်ကြည့်နေပါတယ်”ပာု Global Times သို့ပြောကြားသည်။

“အိန္ဒိယက မြန်မာနိုင်ငံကို လက်ရှိနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ၂၀၁၅ မှ လွတ်လပ်ပြီး၊ တရားမျှတစေဖို့ အားပေးလိုပါတယ်”ပာု ၎င်းက ပြောသည်။

သို့သော် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယအား အဓိကမပာာမိတ်အဖြစ် လက်ခံရန် စိတ်ဝင်စားခြင်းရှိ၊ မရှိ သံသယရှိကြောင်း တရုတ်ပညာရှင်က ပြောသည်။

အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးမှာ ၂၀၀၅ မှ စတင်၍ နှစ်ဆတိုးလာရာ ၂၀၁၀ တွင် ဒေါ်လာ ၁ ဒဿမ ၂ ဘီလီယံ ရှိခဲ့သည်။

****************************************

မန်မာဓာတ်အားကဏ္ဍကို တရုတ် လှမ်းမျှော်

(IANS News မှ 25 May 2012 ရက်စွဲပါ “China eyes Myanmar Power Sector”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ဓာတ်အားတည်ဆောက်မှု ပြဿနာအတွက် အထောက်အကူဖြစ်စေမည့် မပာာဓာတ်အားလိုင်း ကွန်ယက်အဆင့်မြှင့်ခြင်း အစီအစဉ်တွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးအောင် တရုတ်ကုမ္ပဏီများကို တရုတ်အစိုးရက အားပေးတိုက်တွန်းမည်ပာု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ မြန်မာနိုင်ငံအနှံ့အပြား၌ ဓာတ်အားမလုံလောက်မှုကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိသည်။

မြန်မာအစိုးရသည် လျှပ်စစ်မီးပြတ်တောက်စေသည်အထိ တရုတ်နိုင်ငံသို့ စွမ်းအင်အရင်းအမြစ်များ ရောင်းချနေသည်ပာု ဆန္ဒပြသူများက စွပ်စွဲထားသည်။

“တရုတ်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရာမှာ နှစ်နိုင်ငံ အကျိုးစီးပွား၊ နှစ်ဖက်ပြည်သူတွေရဲ့ အကျိုးစီးပွားဖြစ်ထွန်းရေးမူဝါဒနဲ့ ကိုက်ညီအောင်လုပ်ကြပါလို့ တရုတ်အစိုးရက အမြဲတမ်းတောင်းဆိုနေတာပါ”ပာု တရုတ်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ပောာင်လီက ကာကွယ်ပြောကြားသည်။

တရုတ်ကုမ္ပဏီများနှင့် မြန်မာနိုင်ငံအကြားတွင် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး ကန်ထရိုက်စာချုပ်များသည် ပြည်တွင်းဥပဒေ၊ စည်းကမ်းများနှင့်အညီ လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်ပာုလည်း ပောာင်လီကဆိုသည်။ မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမှာ ယိုယွင်းနေသော ဓာတ်အားလိုင်း စနစ်ကြောင့်ဖြစ်သည်ပာု သူကထောက်ပြသည်။

ထိုသို့ လျှပ်စစ်ဓာတ်အားမလုံလောက်မှုကြောင့် မြန်မာနိုင်ငံတွင် ဧပြီလဆန်းမှစ၍ စက်မှုဇုန်များကို ညဦးပိုင်း ၆ နာရီ လျှပ်စစ်မီး မသုံးစွဲရန်တားမြစ်ခဲ့သည်။ ယင်းသို့ ပြတ်တောက်ခြင်းဖြင့် အများပြည်သူ အများဆုံးသုံးစွဲချိန် ညနေ ၅ နာရီမှ ၂၂ နာရီအတွင်း လျှပ်စစ်ဓာတ်အား ပိုထွက်လာလိမ့်မည်ပာု အာဏာပိုင်များက မျှော်လင့်ခဲ့ကြသည်။

ယခု လတ်တလောတွင် နိုင်ငံခြားမှ မှာယူထားသော အကြီးစားဂျင်နရေတာ ၅၂ လုံး တစ်ပတ်အတွင်း ရောက်ရှိလာမည်ပာု နိုင်ငံပိုင် သတင်းစာများက သတင်းထုတ်ပြန်သည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ တောင်ကိုရီးယားကုမ္ပဏီများနှင့် ပူးပေါင်း၍ ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန်စီစဉ်နေသည်ပာုလည်း အစိုးရအာဘော် News Light of Myanmar သတင်းစာက မကြာသေးမီက ဖော်ပြခဲ့သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများမှာ အမေရိကန် General Electric နှင့် Caterpillar၊ ဂျပန်မှ J Power၊ တောင်ကိုရီးယား BKB  ကုမ္ပဏီတို့ဖြစ်သည်ပာုသိရှိရသည်။

ရန်ကုန်အနီးတွင် ၆၀၀ မဂ္ဂါဝပ် ကျောက်မီးသွေး လောင်စာသုံးဓာတ်အားပေးစက်ရုံကို ဂျပန်ကုမ္ပဏီနှင့် ပူးပေါင်း၍လည်းကောင်း၊ ၅၀၀ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံကို တောင်ကိုရီးယားကုမ္ပဏီနှင့်လည်းကောင်း ပူးပေါင်းတည်ဆောက်မည်ပာု အဆိုပါသတင်းက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင်(ရေအားလျှပ်စစ် ၁၈၊ ကျောက်မီးသွေးလောင်စာသုံး ၁၊ ဓာတ်ငွေ့သုံး ၁၀) စုစုပေါင်း ဓာတ်အားပေးစက်ရုံ ၂၉ ခုရှိပြီး မိုးရာသီတွင် အမြင့်ဆုံး ၁၆၁၀ မဂ္ဂါဝပ်နှင့် နွေရာသီတွင် ၁၃၄၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးလျက်ရှိသည်။

မိုးရာသီသုံးစွဲမှု ၁၅၆၀ မဂ္ဂါဝပ်သည် ထုတ်လုပ်နိုင်စွမ်း ၁၆၁၀ မဂ္ဂါဝပ်ထက် လျော့နေသော်လည်း နွေရာသီသုံးစွဲမှု ၁၈၅၀ မဂ္ဂါဝပ်သည် ထုတ်လုပ်နိုင်စွမ်း ၁၃၄၀ မဂ္ဂါဝပ်ထက် များစွာ ကျော်လွန်နေသည်ပာု အစိုးရ ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 

                                 ********************************************************************************

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment