Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၈.၅.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာမုန့်ပျားသလက် ဝေစုရရှိရန် အိန္ဒိယ မျှော်မှန်း

(The Stateman News မှ 26 May 2012 ရက်စွဲပါ “India aims for share of Myanmar pie”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာသမ္မတ ဘန်ကောက်ခရီးစဉ်ပယ်ဖျက်မည်ပာု မျှော်လင့်ရပာုဆို

(27 May 2012 ရက်စွဲပါ The Nation မှ Myanmar President expeeted to cancel Bangkok Trip ကိုဘာသာပြန်ဆိုသည်)

  1. ဂျပန် နှင့် မြန်မာ ကုန်သွယ်ရေးအတွက်စကားပြောလျှက်ရှိ

(27 May 2012 ရက်စွဲပါ Two circles မှ IANS ၏ Japan , Myanmar open trade talks ကိုဘာသာပြန်ဆိုသည်)

  1. မန်မိုဟန်ဆင်း၏ မြန်မာခရီးစဉ် မတိုင်မှီ တရုတ်ကို အိန္ဒိယ စကားစစ်ထိုး

( The Times of India မှ 28 May 2012 ရက်စွဲပါ “India pokes China as PM Lands in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

******************************

မြန်မာမုန့်ပျားသလက် ဝေစုရရှိရန် အိန္ဒိယ မျှော်မှန်း

(The Stateman News မှ 26 May 2012 ရက်စွဲပါ “India aims for share of Myanmar pie”သတင်းကို ဘာသာပြန်ဆိုသည်)

အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်ဝါဒကိုမြှင့်တင်ရန်နှင့် ကမ္ဘာသို့ တံခါးဖွင့် ဖိတ်ခေါ်နေသော မြန်မာမုန့်ပျားသလက်ကို ဝေစုရရှိရန်အတွက် ကြိုးပမ်းသည့်အနေဖြင့် နေပြည်တော်သို့ ရောက်ရှိနေသော မန်မိုပာန်ဆင်းသည် ၂၅ နှစ်အတွင်း မြန်မာနိုင်ငံရောက် ပထမဆုံး အိန္ဒိယ ဝန်ကြီးချုပ်ဖြစ်လာသည်။

၁၉၉၀ ခုနှစ်များအလွန်က မြန်မာတပ်မတော်အစိုးရကို သပိတ်မှောက်ရန် အနောက်အုပ်စုနိုင်ငံများက မေတ္တာရပ်ခံခဲ့ခြင်းကို အိန္ဒိယနိုင်ငံက ငြင်းပယ်ကာ မြန်မာနိုင်ငံနှင့် လက်တွေ့အပြုသဘောဆောင် ဆက်ဆံခဲ့သည်။

မြန်မာတို့၏ ဒီမိုကရေစီအသွင်ပြောင်းမှုကို အပြည့်အဝအားပေးထောက်ခံကြောင်း ပြသရန် ရည်မှန်းထားသော ဝန်ကြီးချုပ် မန်မိုပာန်ဆင်းသည် မြန်မာနိုင်ငံ၌ ၃ ရက်ကြာနေထိုင်မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ရန်ဂျန်မာထိုင်းက “မြန်မာနိုင်ငံသည် အိန္ဒိယ၏အရှေ့မျှော်ဝါဒတွင် အဓိကကျကြောင်း၊ မိုပာန်ဆင်း၏ ယခု ခရီးစဉ်ကို မနှစ်က သမ္မတ ဦးသိန်းစိန် အိန္ဒိယသို့လာစဉ်ကပင် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာအစိုးရနှင့် ဆွေးနွေးရာတွင် လုံခြုံရေး၊ ဆက်သွယ်ရေး၊ စွမ်းအင်နှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို ဦးစားပေးဆွေးနွေးရန် စီစဉ်ထားကြောင်း၊ ကဏ္ဍရပ်များတွင် ယခုထက်ပိုမိုရင်းနှီးစွာ ဖလှယ်နိုင်မည့် လမ်းကြောင်းသစ်များချမှတ်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း၊ လေကြောင်းခရီးစဉ် တိုးချဲ့ရေးအပါအဝင် သဘောတူညီမှုများစွာ လက်မှတ်ထိုးရန်မျှော်လင့်ထားကြောင်း၊ ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ချေးငွေအစီအစဉ်သစ်နောက်တစ်ခုကို အိန္ဒိယက ကြေညာဖွယ်ရှိကြောင်း” အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

အင်ဖာ-မန္တလေး အဝေးပြေးဘတ်စ်ကား ပြေးဆွဲမည့် ဆက်ကြောင်းကိုလည်း အပြီးသတ် ပြင်ဆင်ပြီးပြီဖြစ်၍ မန္တလေးသည် နယ်စပ် မိုးရေးမှ ကီလိုမီတာ ၆၀၀၊ အင်ဖာသည် မိုးရေးမှ ကီလိုမီတာ ၁၀၀ ကြာဝေးသည်ပာု မစ္စတာ မာထိုင်းက ဆိုသည်။

မြန်မာနိုင်ငံသည် သဘာဝသယံဇာတ လွန်စွာ ကြွယ်ဝသောကြောင့် ယခုခရီးစဉ်၏ စီးပွားရေးမှန်းချက်မှာ လွန်စွာအရေးကြီးပါသည်။ မြန်မာနိုင်ငံသို့ လိုက်ပါသွားကြမည့် အိန္ဒိယကုမ္ပဏီ CEO များ ကိုယ်စားလှယ်အဖွဲ့ကို ဘာရ်တီအင်တာပရိုက်စ်မှ စူနီးဘာရ်တီမီတယ်လ်နှင့် ကာနိုရီယား ကယ်မီကယ်လီမီတက်မှ ရာဂျား ဗာဒန်း ကာနိုးရီးယား တို့က ဦးဆောင်မည်ဖြစ်သည်။ လက်ရှိ နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် ပဲအမျိုးမျိုး၊ သားငါးထွက်ကုန်၊ ကျွန်းနှင့် သစ်မာ၊ ဆေးဝါးပစ္စည်းများ ရောင်းဝယ်လျက်ရှိပြီး တန်ဖိုး ၁.၂ ဘီလျံဒေါ်လာခန့် ရှိနေသည်။ ကုန်သွယ်ရေးပမာဏကို ၂၀၁၅ နောက်ဆုံးထား၍ နှစ်ဆမြှင့်တင်ရန် နယူးဒေလီက မျှော်မှန်းထားသည်။

အိန္ဒိယဝန်ကြီးချုပ်သည် မြန်မာသမ္မတနှင့် တနင်္လာနေ့တွင် တွေ့ဆုံဆွေးနွေးပြီးလျှင် အင်္ဂါနေ့တွင် ရန်ကုန်သို့ ဆက်လက် ထွက်ခွာကကာ အတိုက်အခံခေါင်းဆောင်(သို့) ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံမည်ပာု သိရသည်။

*****************************

မြန်မာသမ္မတ ဘန်ကောက်ခရီးစဉ်ပယ်ဖျက်မည်ပာု မျှော်လင့်ရပာုဆို

(27 May 2012 ရက်စွဲပါ The Nation မှ Myanmar President expeeted to cancel Bangkok Trip ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ သမ္မတဦးသိန်းစိန်သည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားလည်း ဖိတ်ကြားထားသော နိုင်ငံတကာ ခရီးစဉ်ဖိုရမ်သို့ တက်ရောက်ရန် ထိုင်းနိုင်ငံခရီးစဉ်အား ဖျက်သိမ်းခဲ့ကြောင်း အစိုးရ တာဝန်ရှိသူများက တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

“သမ္မတကြီး ဘန်ကောက်ကိုသွားဖို့ အစီအစဉ်မရှိပါဘူး။”ပာု အမည်မဖော်လိုသူ အစိုးရ အရာရှိကြီးတစ်ဦးက ပြောသည်။

သမ္မတကြီး ဦးသိန်းစိန်သည် ဘန်ကောက်တွင် ကြာသပတေးနေ့နှင့်သောကြာနေ့တွင် ကျင်းပမည့် အရှေ့အာရှအတွက် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံ၏ အာမခံချက်ရှိသော အနာဂါတ်အကြောင်း မိန့်ခွန်းပြောကြားရန် စီစဉ်ထားခဲ့သည်။

ထိုင်းအစိုးရကလည်း မြန်မာသမ္မတအား ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ရန် သောကြာနေ့က ဖိတ်ကြားခဲ့သည်။

“ဦးသိန်းစိန် ကို ကမ္ဘာ့စီးပွားရေးဖိုရမ်နဲ့ ထိုင်းအစိုးရက ဖိတ်ကြားခဲ့တာပါ။”ပာု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Thani Thongpakdi ကပြောကြားခဲ့သည်။ “အခုထိတော့ ကျွန်တော်တို့ ခရီးစဉ်ဖျက်တာ မကြားမိသေးပါဘူး”ပာု ၎င်းက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် အပတ်က နိုင်ငံတကာ စီးပွားရေးဖိုရမ်သည် ဒေါ်အောင်ဆန်းစုကြည်အားလည်း ဖိတ်ကြားခဲ့သည်။

“နိုင်ငံရေးပါတီခေါင်းဆောင်တစ်ယောက်အနေနဲ့၊ ဘာလို့များသူတို့ဖိတ်လည်းမသိဘူး”ပာု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်သို့ အင်္ဂါနေ့တွင် ရောက်ရှိမည်ဖြစ်ပြီး၊ ဗုဒ္ဓပာူးနေ့တွင် ဒုက္ခသည်စခန်းသို့ သွားရောက်မည်ဖြစ်သည်။ ထို့နောက် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဧည့်သည်တော်အဖြစ် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

*****************************

ဂျပန် နှင့် မြန်မာ ကုန်သွယ်ရေးအတွက်စကားပြောလျှက်ရှိ

(27 May 2012 ရက်စွဲပါ Two circles မှ IANS ၏ Japan , Myanmar open trade talks ကိုဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက် ရရှိရေးအတွက် စတင်ညှိနှိုင်းနေပြီဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

“ပုဂ္ဂလိက ဂျပန်ကုမ္ပဏီတော်တော်များများ မြန်မာနိုင်ငံမှာ စီးပွါးရေးလုပ်ဖို့ ကြိုးပမ်းနေပြီးဖြစ်လို့၊ အမြန်ဆုံး သဘောတူညီချက်ရလိုပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်ကို မဇ္ဖျိမ သတင်းက ကိုးကား ဖော်ပြခဲ့သည်။

သဘောတူညီမှု အစောဆုံးရနိုင်မည့်ကာလမှာ အာဆီယံနှင့် ဂျပန်တို့၏ ကမ္ဘောဒီးယားတွင် နိုင်ဝင်ဘာလတွင်ပြုလုပ်မည့် ထိပ်သီးအစည်းအဝေးကာလအတွင်းဖြစ်ကြောင်း ဝန်ကြီးဌာနကပြောသည်။

ဧပြီလက ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံမှ ပေးရန်ရှိသော ကြွေးဒေါ်လာ ၃.၇ ဘီလီယံကို လျော်ပစ်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ထောက်ခံသည့်အနေဖြင့် အကူအညီများ ပြန်လည်ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံမှ ငတ်မွတ်ခေါင်းပါးမှုများကို တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်သို့ ဂျပန်နိုင်ငံမှ ဒေါ်လာ(၁၀.၆)သန်း လှူဒါန်းခဲ့သည်။

                                                         *****************************

မန်မိုဟန်ဆင်း၏ မြန်မာခရီးစဉ် မတိုင်မှီ တရုတ်ကို အိန္ဒိယ စကားစစ်ထိုး

( The Times of India မှ 28 May 2012 ရက်စွဲပါ “India pokes China as PM Lands in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

အိန္ဒိယနိုင်ငံတွင် မည်သည့်တိုးချဲ့ရေး အစီအစဉ်မှမရှိဘဲ မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်လိုခြင်း၏ အခြေခံရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးနှင့် အောင်မြင်ဖြစ်ထွန်းရေး ရည်ရွယ်ချက်သာဖြစ်သည်ဟု အစိုးရသတင်းရပ်ကွက်က တနင်္ဂနွေနေ့တွင် ပြောကြားခြင်းဖြင့် ဝန်ကြီးချုပ်မန်မိုဟန်ဆင်း မြန်မာသို့ခရီးထွက်ခါနီးတွင် တရုတ်နိုင်ငံအား လေသေနတ်ပစ်လိုက်သည်။ မိုဟန်ဆင်းသည် ၂၅ နှစ်အတွင်း ပထမဆုံးမြန်မာရောက် အိန္ဒိယဝန်ကြီးချုပ်အဖြစ် တနင်္ဂနွေနေ့တွင် နေပြည်တော်သို့  ခြေချခဲ့သည်။

အိန္ဒိယနှင့် မြန်မာသည် ဘာသာရေးဆိုင်ရာ လူ့အဖွဲ့အစည်းဆိုင်ရာ ဆက်သွယ်မှုများ ရှိနေသည်ဟုဆိုသော မိုဟန်ဆင်းသည် ယခုခရီးစဉ်တွင် သမ္မတဦးသိန်းစိန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စသော ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟု ပြောကြားသည်။

“တစ်ခြားအိမ်နီးခြင်းတွေလိုပဲ ကျွန်တော်တို့လည်း မြန်မာနိုင်ငံနဲ့ ပတ်သတ်လို့ ငြိမ်းချမ်းရေးနဲ့ အကျိုးဖြစ်ထွန်းရေးဆိုတဲ့ အခြေခံရည်မှန်းချက်တွေပဲရှိပါတယ်။ သြဇာချဲ့ထွင်လိုသော အစီအစဉ်မျိုး လုံးဝမရှိပါဘူး”ဟု အမည်မဖော်လိုသော ထိပ်တန်းတာဝန်ရှိသူ တစ်ဦးကဆိုသည်။ အိန္ဒိယသည် အိမ်နီးခြင်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ မူဝါဒရေးရာရောထွေးခြင်း မရှိခဲ့ဟု ယင်းပုဂ္ဂိုလ်က ပြောကြားသည်။

“သူတို့ရဲ့ အိမ်နီးခြင်းများနိုင်ငံရေးထဲကို မလွှဲမရှောင်သာ ခင်ဗျားကိုဆွဲသွင်းတာမျိုးရှိပါတယ်။ ကျွန်တော်တို့ဘက်ကလည်း မျက်နှာလွှဲဖို့အတော်ခက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကင်းကင်းရှင်းရှင်း နေခဲ့ပါတယ်။ ကျွန်တော်တို့ စိတ်ဝင်စားတာက အရှေ့မြောက်သူပုန်တွေကို ထိန်းချုပ်နိုင်ဖို့နဲ့ ဒီဒေသတွေ ဖွံ့ဖြိုးဖို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒါတွေဟာ မြန်မာနိုင်ငံနဲ့အတူမျှဝေလုပ်ကိုင်မယ့် အကျိုးစီးပွါးတွေပါ” ဟု ယင်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် နယူးဒေလီသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ကောင်းစွာပျိုးထောင်ခဲ့ခြင်း မရှိခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ကနဦးထောက်ခံခဲ့ရာမှ တပ်မတော်အစိုးရကို ပြောင်းလဲထောက်ခံခဲ့သော အစွန်းနှစ်ဖက် ကူးပြောင်းမှုမျိုးသာရှိခဲ့သည်ဟူသော ဝေဖန်မှုများကိုလည်း အိန္ဒိယနိုင်ငံက ပယ်ချခဲ့သည်။

“အရင်ကတော့ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံက လူကြမ်းဗီလိန်တွေကို လက်ဆွဲနှုတ်ဆက်နေတယ်ဆိုပြီး စွပ်စွဲခံရပါတယ်။ အခုတော့ ဒီလူတွေကပဲ ကျွန်တော်တို့လုပ်ပေးတာ နည်းလွန်းတယ် နောက်ကျလွန်းတယ်လို့ ပြောနေကြပါတယ်။ကျွန်တော်ကတော့ အိန္ဒိယဟာ အကန့်အသတ်ရှိတဲ့ အနေအထားမှာ အမှန်အကန်ဆုံး လုပ်ဆောင်ခဲ့တယ်လို့ ထင်ပါတယ်။မြန်မာနိုင်ငံဟာ လက်ရှိ ပြောင်းလဲရေးဝါဒီအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဖွဲ့ထဲသာမကပဲ၊ အတူတကွ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေအားလုံးနဲ့  သက်ဆိုင်ပါတယ်”လို့ ၎င်းပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏နိုင်ငံရေးဝါဒ မည်သို့ရှိသည်ဖြစ်စေ၊ အိန္ဒိယသည် မိမိနှင့် ဆိုင်သောကိစ္စကိုသာ အာရုံစိုက်မည်ဟု ယင်းကဆိုသည်။“ ကျွန်တော်တို့ကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားနေကြတဲ့ တစ်ခြားနိုင်ငံတွေလိုပဲ၊ ကျွန်တော်တို့လည်း ကိုယ်နဲ့ဆိုင်တဲ့အရာတွေကိုပဲ အာရုံစိုက်သွားမှာ”ဟု ယင်းပုဂ္ဂိုလ်က ပွင့်ပွင့်လင်းလင်း ပြောဆိုသည်။

အိန္ဒိယနိုင်ငံ ပါဝင်ဆွေးနွေးခြင်းမရှိဘဲ NSCN ကပ်ပလန်သူပုန်အုပ်စုနှင့် မြန်မာအစိုးရတို့ အပစ်ရပ်လက်မှတ်ရေးထိုးခဲ့ခြင်းကိုလည်း စိတ်အနှောင့်အယှက်မဖြစ်ပါ”ဟု ထိုပုဂ္ဂိုလ်က ပြောကြားသည်။” ဒါကို အငြင်းပွါးစရာလို့ မမြင်ပါဘူး၊ အဆုံးစွန်ပြောရရင် သူပုန်အုပ်စုအားလုံးကို ဒီလိုလုပ်ကြဖို့ ကျွန်တော်တို့ ပြောနေတာဖြစ်လို့ ဒါဟာတိုးတတ်မှုတစ်ခုပါ”ဟု အမည်မဖေါ်လိုသူ အိန္ဒိယထိပ်တန်းတာဝန်ရှိသူက ပြောကြားသည်။

                                                        *****************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment