Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၈.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. သတင်းစာတွေပေါ်ထွက်လာစေချင်လှပြီ

*****************************************

ဆောင်းပါးကဏ္ဍ

သတင်းစာတွေပေါ်ထွက်လာစေချင်လှပြီ

လူထုစိန်ဝင်း

မြန်မာပို့စ်ဂျာနယ် အတွဲ ၄ အမှတ် ၂၀ (မေလ ၃၀ရက်၊ ၂၀၁၂)မှ ကူးယူဖော်ပြချက်

နိုဝင်ဘာ၇ရက်နေ့မှာ   ကျင်းပတဲ့ ရွေးကောက်ပွဲပြီးကတည်းက ဂျာနယ်သမားတွေ တစ်မေးတည်းမေးနေတဲ့ မေးခွန်းတစ်ခုရှိပါတယ်" ဒီမိုကရေ စီအစိုးရဖြစ်လာရင် သတင်းစာတွေ ဘယ်လိုပုံစံမျိုးနဲ့ ပေးထွက်လာမယ်ထင်သလဲဆိုတဲ့ မေးခွန်းဖြစ်တယ်။

ကြိုဆိုအပ်ပါတယ်။

အခုထွက်နေတဲ့ ဂျာနယ်တွေ လိုပဲနေမှာပါလို့ ဒီလိုပဲဖြေလိုက်ပါတယ်။ဂျာနယ်တွေကို ထုတ်ဝေခွင့်မရခင်က ပြန်ကြားရေးဝန်ကြီးဌာနကထုတ်တဲ့  အင်္ဂလိပ်မြန်မာ သတင်းစာတွေပဲရှိတယ်။ နောက်ဂျာနယ်တွေထုတ်ဝေခွင့်ပြုလိုက်တော့ သူထက်ငါဦးအောင် အပြိုင်အဆိုင်လျှောက်ပြီး ထုတ်လိုက်ကြတာ ဂျာနယ်ပေါင်း ၁၅၀ ကျော်တောင် ရှိသွားခဲ့ပြီ။ ဒါဟာ မြန်မာ့စာနယ်ဇင်းသမိုင်းမှာ ဘယ်တုန်းကမှမရှိဘူးတဲ့ အရေအတွက်ဖြစ်တယ်။ ရှေးပုဂ္ဂလိကသတင်း စာတွေခေတ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရှိတာကမှ သုံးလေးဆယ်ထက် မပိုခဲ့ဘူး။ အခုလို ဂျာနယ်တွေ အများကြီးထုတ်ကြတာ ကောင်းတယ်။ ၀မ်းသာရတယ်။ကြိုဆိုအပ်တဲ့အရာ ဖြစ်တယ်။

နည်းတောင်နည်သေး

တချို့က ဂျာနယ်တွေဖောင်းပွနေပြီဟု ပြောကြတယ်မဟုတ်ပါဘူး။ သန်းငါးဆယ်ကျော် ခြောက်ဆယ်နည်းပါးရှိနေပြီလို့ ခန့်မှန်းကြတဲ့ နိုင်ငံ့ လူဦး ရေနှင့်ယှဉ်ရင် နည်တောင်နည်းပါသေးတယ်။ ဂျာနယ်တွေက အရေအတွက်သာများနေတာ စောင်ရေကျတော့ ဘယ်ဂျာနယ်မှ အားရကျေနပ်လောက်တဲ့ အနေအထားကို ရောက်မလာကြဘူး။ အစောင်ရေနှစ်သောင်းရှစ်သောင်းထုတ်ရတဲ့ ဂျာနယ်က နည်းနည်းသာရှိပြီး အတော်များများက အစောင်ရေ နှစ် ထောင် သုံးထောင်လောက်နဲ့ ရပ်နေကြရတာပါ။ တစ်လနှစ်လလောက်လုပ်ပြီး ရပ်သွားတာတွေလည်းမနည်းပါဘူး။

အ၀ါရောင်သန်းတာတွေ

မကြာမီ လွှတ်တော်တို့ အစိုးရတို့ ပေါ်ထွက်လာတဲ့အခါ ပါတီစုံခေတ်ရဲ့ သင်္ကေတဖြစ်တဲ့ ပေါ်ထွက်လာမယ်လို့ထင်ပါတယ်။ ပေါ်လာမယ်လို့လည်း မျှော်လင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အပြိုင်အဆိုင်တွေများလေ တိုးတက်လေဖြစ်တယ်။ အခု ဂျာနယ်တွေရာကျော်ရှိနေတော့ ဂျာနယ်တိုင်းကပို ကောင်းသထက်ကောင်းအောင် ကြိုးစားနေကြတာကို မြင်တွေ့နေရလိုဖြစ်တယ်။ ဂျာနယ်တွေပေါ်ဦးစက ဖျော်ဖြေရေးလောက်သာရှိခဲ့ပြီး အတင်းအဖျင်း တွေနဲ့ အ၀ါရောင်သန်းနေတာတွေကိုသာ တွေ့ရတယ်။

ပိတ်ရာကပွင့်သွားရင်

နောက်ပိုင်း သတင်းဂျာနယ်နဲ့ အလေးအနက်ဂျာနယ်တွေ ပေါ်ထွက်လာတဲ့အခါ ပရိတ်သတ်က တခဲနက်အားပေးကြတဲ့အတွက် အတင်းအဖျင်းနဲ့ အ၀ါရောင်သန်းတာတွေ မှေးမှိန်သွားကြတယ်။ အခုဆို လူရာတောင်အသွင်းမခံကြရတော့ဘူး။ ပုဂ္ဂလိကသတင်းစာတွေ လွတ်လွတ်လပ်လပ် ထုတ်ဝေခွင့် ပြုလိုက်ရင် ရာနဲ့ချီထွက်လာကြပြီး အတင်းအဖျင်းတွေနဲ့ အ၀ါရောင်ခပ်သန်းသန်းတွေ ပါလာကြမှာပဲ။ ဒါကတော့ ဖြစ်မြဲဓမ္မတာပါ။ အကြာကြီး ပိတ်ထားရာ က ရုတ်တရတ်ဖွင့်ပေးလိုက်တဲ့အခါ ၀ုန်းကနဲပြေးထွက်လာကြတာ ဓမ္မတာပဲ။ ၁၉၉၀ပြည့်နှစ်က ပါတီတွေထောင်ခွင့်ပေးလိုက်တော့ ပါတီပေါင်း ၁၄၀ ကျော် ရှိခဲ့တာပဲ။ အခု ၂၀၁၀မှာ ပါတီပေါင်းသုံးဆယ်ကျော်၊ လေးနီးပါးတော့ရှိခဲ့သေးတယ်။

စိုးရိမ်စရာမဟုတ်

သတင်းစာတွေ အများကြီးထွက်လာတာ စိုးရိမ်စရာမဟုတ်ပါဘူး။ မလိုလားအပ်တဲ့အရာလည်း မဟုတ်ပါဘူး။ အခု ဂျာနယ်တွေ အပြိုင်အဆိုင်ရှိ လာတဲ့အခါ အပြိုင်အဆိုင်ကြိုးစားရင်း ကြိုးစာရင်းနဲ့ အ၀ါရောင်သမားတွေ လူရာသွင်းမခံရတာကတော့ သာဓကပဲ။ တချို့က ပုဂ္ဂလိကတွေကို စိတ်ကြိုက် လုပ်ပိုင်ခွင့်ပေးလိုက်ရင် နိုင်ငံရေးပါတီတွေက ၀င်ရောက်ခြယ်လှယ်ပြီး ပါတီလက်ကိုင်တုတ်သတင်းစာတွေ ဖြစ်ကုန်လိမ့်မယ်ဆိုပြီး စိုးရိမ်ပူပန်ကြောင်း ပြောကြတယ်။ ဒါဟာလည်း ပါတီစုံခေတ်မှာ မရှောင်မလွှဲသာကြုံရမယ့် ကိစ္စပဲ။ ရှေးကလည်း ကွန်မြူနစ်သတင်းစာ၊ ဆိုရှယ်လစ်သတင်းစာတွေ ရှိခဲ့သလို တည်မြဲသတင်းစာ သန့်ရှင်းသတင်းစာတွေလည်း ရှိခဲ့တယ်။ အမေရိကန်လိုလားတဲ့သတင်းစာတွေရှိသလို ဆိုဗီယက်ကွန်မြူနစ်ကို ထောက်ခံတဲ့ သတင်း စာနဲ့ တရုတ်ကွန်မြူနစ်သတင်းစာတွေလည်း ရှိခဲ့ပါတယ်။

နှာတစ်ဖျားသာ

ဒါပေမယ့် ပူစရာမဟုတ်ပါဘူး။ မြန်မာစာဖတ်ပရိတ်သတ်က နိုင်ငံရေးအကင်းပါးတဲ့နေရာမှာ ဘယ်လူမျိုးနဲ့ယှဉ်ယှဉ် နှာတစ်ဖျားသာတယ်။ ပါတီ လက်ကိုင်တုတ်သတင်းစာတွေကို အားမပေးပါဘူး။ မထောက်ခံပါဘူး။ ရှေးက သူရိယသတင်းစာကြီးဟာ ထိပ်တန်းသတင်းစာကြီးပါ။ ဆရာကြီး သခင် ကိုယ်တော်မှိုင်း၊ ဆရာကြီးပီမိုးနင်း၊ ဆရာကြီးရွှေဥဒေါင်းတို့လို ပုဂ္ဂိုလ်ကြီးတွေလုပ်ကိုင်ခဲ့တဲ့ သတင်းစာကြီးဖြစ်တယ်။ လွတ်လပ်ရေးတိုက်ပွဲမှာ အာထား ရတဲ့ သတင်းစာကြီးဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ပိုင်ရှင်တွေကိုယ်တိုင်ဖြစ်တဲ့ ဦးဘဖေတို့ ၊ ဂဠုန်ဦးစောတို့က သတင်းစာရဲ့ အရှိန်အ၀ါကိုသုံး ပြီး သူတို့ရာထူးအာဏာတွေရအောင် လုပ်ခဲ့ကြတဲ့အတွက် ပြည်သူလူထုက ဒဏ်ခတ်တာကိုခံရပြီး လုံးဝရပ်စဲသွားရပါတော့တယ်။

ခွက်စောင်းခုတ်ကြ

ဖဆပလအကွဲအပြဲမှာလဲ သန့်ရှင်းသတင်းစာတွေနဲ့ တည်မြဲသတင်းစာတွေ အပြိုင်အဆိုင် ခွက်စောင်းခုတ်ခဲ့ကြတယ်။ ဒါပေမယ့် ဘယ်သတင်းစာ မှ ကြာကြာမခံပါဘူး။ပိတ်ကုန်ကြတာပဲ။ ဒါကြောင့် စိုးရိမ်စရာမလိုဘူးလို့ ပြောတာပဲ။

တိတိကျကျ အရေးယူ

အခုလက်ရှိမှာ အသရေဖျက်မှု ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု ထိခိုက်စေမှု ၊ အစိုးရကို အကြည်အညိုပျက်အောင် ရေးသားမှု ၊ နိုင်ငံတော် လျှို့ဝှက် ချက်ပေါက်ကြားမှု ၊ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်မှု ၊ တရားမ၀င်အသင်းများနှင့် ဆက်သွယ်မှု ၊ ရုပ်ရှင်နှင့် ဗီဒီယိုအက်ဥပဒေ ချိုးဖောက်မှု ၊ အီလက်ထရောနစ်အက်ဥပဒေ ချိုးဖောက်မှု စတဲ့ဥပဒေတွေရှိပါတယ်။ ဒီဥပဒေနဲ့ ငြိစွန်းသူမှန်သမျှကို တိတိကျကျ အရးယူမှုပြုလုပ်ရင် အလို လို ထိန်းချုပ်ပြီးသားဖြစ်နေမှာပါ။

နံရံကို ခေါင်းနဲ့ မဆောင့်ပါဘူး။

ပါတီစုံခေတ်မှာ ပုဂ္ဂလိကသတင်းစာဟာ မရှိမဖြစ် လိုအပ်ပါတယ်။ လွတ်လပ်စွာ ရေးသားခွင့်ရှိဖို့လည်း အရေးကြီးပါတယ်။ စည်းလွတ်ဝါးလွတ်မ ဖြစ်အောင် တည်ရှိနေတဲ့ ဥပဒေပုဒ်မတွေနဲ့ တိတိကျကျ အရေးယူစရာရှိတာကို ယူလိုက်ရင် ဘယ်သူ့မှ အုတ်နံရံကြီးကို ခေါင်းနဲ့ပြေးမဆောင့်ပါဘူး။ အခု ဂျာနယ်တွေကိုထိန်းရခက်တယ်ဆိုတာ တကယ်တမ်း တိတိကျကျ အရေးမယူလို့ပါ။ ဥပဒေကိုထောက်ပြီး သတင်းစာတွေကို လွတ်လပ်စွာရေးသားခွင့်ပြု လိုက်ရင် အစိုးရလည်း အလုပ်မရှုပ်တော့ပါဘူး။

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment