Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၃၁.၅.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင် ခရီးစဉ်မှာ ပျော်ရွှင်စွာ ကြိုဆိုမှုများ

(30 May 2012 ရက်စွဲပါ BBC News မှ Jonah Fisher ရေးသားသော Repturous welcome for Aung San Suu Kyi's historic trip ကိုဘာသာပြန်သည်)

  1. လာမည့်နှစ်တွင် မြန်မာနိုင်ငံသို့ အာဂျီနိုမိုတို ပြန်လာတော့မည်

(The Daily Yomiuri News မှ 31 May 2012 ရက်စွဲပါ “Ajinomoto to start sales in Myanmar next year” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသည် အိန္ဒိယနှင့် တရုတ်ကြားတွင် ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်နိုင်ပာု အိန္ဒိယဝန်ကြီးချုပ်ပြော

(31 May 2012 ရက်စွဲပါ The Times of India မှ Myanmar can be link between India, China:PM ကို ဘာသာပြန်ဆိုသည်)

  1. U-2 ရော့ခ်စတားဘိုနိုကေ ဒေါ်အောင်ဆန်းစုကြည်ကို Amnesty ဆုပေးအပ်မည်

(The West Australian News မှ 31 May 2012 ရက်စွဲပါ "Bono to present Amnesty award to SuuKyi" သတင်းကို ဘာသာပြန်ဆိုသည်။)

       ******************************

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင် ခရီးစဉ်မှာ ပျော်ရွှင်စွာ ကြိုဆိုမှုများ

(30 May 2012 ရက်စွဲပါ BBC News မှ Jonah Fisher ရေးသားသော Repturous welcome for Aung San Suu Kyi's historic trip ကိုဘာသာပြန်သည်)

မြန်မာနိုင်ငံမှ ရွေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာသည် အမိုးပေါ်တွင်လည်းကောင်း၊ ပြတင်းပေါက်များတွင် ခေါင်းပြူ၍လည်းကောင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို မြင်ခွင့်ရရန် စောင့်ဆိုင်းလျက် ရှိသည်။

အများစုသည် မြို့တော် ဘန်ကောက်မှ တောင်ဖက် မိုင် ၂၀ (၃၀ ကီလို)ဝေးသော မဟာချိုင်၏ လမ်းမပေါ်တွင် စုဝေးနေကြခြင်းဖြစ်ပြီး ငါး၊ အစားအသောက်ပြုပြင်သော စက်ရုံများတွင် လုပ်ကိုင်နေရာမှ တစ်ရက် ခွင့်ယူလာကြခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ဒီကို ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်လို့ လာတာပါ" ဟု အနီးအနားတွင် အလုပ်လုပ်ကိုင်သူ တင့်လွင်ဦးက ပြောသည်။

"သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး။ ဒါကြောင့်လာတာပါ။ သူ့အတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်"ဟု ဆိုသည်။ မဟာချိုင်မှ မြန်မာရွေ့ပြောင်း လုပ်သားထုကြီးသည် ပျော်ရွှင်နေကြသည်။

ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းသည်နှင့် တူနေသေးတော့သည်။ ဒီမိုကရေစီ တေးသံများ ပျံ့လွင့်နေသည်။

အချို့သည် "မြန်မာပြည် လွတ်လပ်ခွင့်ပေးပါ"၊ "အိမ်ပြန်ချင်ပြီ" စသည့် ပိုစတာများ၊ အလံများ၊ ဝှေ့ယမ်းလျက်ရှိပြီး အချို့က ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်များ ဝတ်ဆင်ထားသည်။

"ဘာမှ အားမငယ်ပါနဲ့။ သမိုင်းက အမြဲတမ်း ပြောင်းနေတာပါ။ ဒီနေ့ ကျွန်မ အားလုံးကို ကတိ တစ်ခုတော့ ပေးနိုင်ပါတယ်။ အားလုံးအတွက် ကျွန်မ အကောင်းဆုံး ကြိုးစားမယ် ဆိုတာပါပဲ" ဟု သူက လူအုပ်ကြီးသို့ ပြောသည်။

ဓမ္မာရုံကဲ့သို့ အဆောက်အဦးထဲတွင် များပြားလှသော လူထဲမှ အချို့ကို ရွေးချယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် မိနစ်အနည်းငယ်တွေ့ခွင့် ရကြသည်။

မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံတွင် လုပ်ခအနည်းဆုံးနှင့် ခေါင်းပုံဖြတ် အခံရဆုံး ဖြစ်သည်။ ယင်းတို့က တင်ပြလိုသည်များကို ပြောဆိုကြရာ ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ရပိုင်ခွင့်များကို လေ့လာရန်နှင့် ရအောင်လုပ်ကြရန် ပြောဆိုခဲ့သည်။

"သူတို့အားလုံး တညီတည်း ပြောကြတာ တစ်ခုက မြန်မာနိုင်ငံကို ပြန်ချင်တယ်ဆိုတာပါပဲ" ဟု သူက သတင်းစာဆရာများသို့ ပြောသည်။

"ဒါ ကျွန်မတို့ တာဝန်ပါပဲ။ သူတို့ ပြန်လာချင်တဲ့အချိန် ပြန်လာလို့ရအောင် ဖန်တီးပေးရမယ့် တာဝန် ကျွန်မတို့မှာရှိပါတယ်"ဟု သူကဆိုသည်။

မြန်မာဒုက္ခသည် ၁၃၀၀၀၀ ခန့်သည် ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျက် ရှိသည်။

ယင်းတို့သည် ထိုင်းနိုင်ငံတွင် ဆောက်လုပ်ရေး၊ စက်ရုံများ၊ ငါးဖမ်းလုပ်ငန်းများတွင် တရားဝင်ရော တရားမဝင်ပါ အလုပ်လုပ်ကိုင်လျက် ရှိသည်။

အပြင်ရှိ လူအုပ်ကြီးမှာ အမှန်တရားနှင့် အကောင်းမြင်မှုများ ရောလျက် စိတ်လှုပ်ရှားနေကြသည်။ နိုင်ငံရေးနှင့် စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများသည် အလုပ်အကိုင် ရရှိရေးကို ဖြစ်လာစေရန် မလွဲမသွေ အချိန်ယူရဦးမည် ဖြစ်သည်။

"ကျွန်တော်တို့ တိုင်းပြည်မှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် ဖြစ်လာရင် ဒီမှာ အလုပ် လာလုပ်စရာ မလိုတော့ဘူး"ဟု ဈေးထဲတွင် ငါး သန့်ရှင်းရေး အလုပ်လုပ်သူ ရန်နိုင်က ပြောသည်။

ရန်နိုင် ဖြစ်လိုသော အရာမှာ အစောဆုံး လာမည့် သုံးနှစ်အတွင်း ဖြစ်လာနိုင်စရာ မရှိပေ။

ထိုသို့ ဖြစ်လာနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ပါတီသည် အခြေခံဥပဒေပြောင်းလဲမှုများ ရှိလာရန် တွန်းအားပေးရမည် ဖြစ်သည်။ လက်ရှိအားဖြင့် လွှတ်တော်တွင် ၂၅% ကို စစ်တပ်အတွက် နေရာပေးထားရသည်။

ယခုအချိန်တွင်မူ စီးပွားရေး၏ အဓိပ္ပာယ်ကို ရိုးရိုးလေး စဉ်းစားပါက အရှေ့တောင်အာရှ၏ စီးပွားရေး ဌာနကြီးဖြစ်သော ထိုင်းနိုင်ငံသည် အလုပ်ရှာရန် ဆွဲဆောင်နေသော ဒေသတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။

ခိုင်ထူးကျော်သည် ငါးသေတ္တာ စက်ရုံတွင် အလုပ်လုပ်ရာ တစ်ရက်လျှင် ဘတ် ၃၀၀ (၈ဒေါ်လာ/ ၅ ပေါင်) ရရှိသည်။ ယင်းမှာ ထိုင်းနိုင်ငံ စံဖြင့် ကြည့်လျှင်ပင် လုပ်ခနည်းလှသည်။ သို့သော် ယင်း၏ တိုင်းပြည်ထက် စာလျှင် ဝင်ငွေကောင်းနေသေးသည်။

"ဗမာပြည် ပြန်သွားပြီးတိုင်း၊ ဒီကို ပြန်လာချင်တယ်။ ဒီမှာ ဝင်ငွေ ပိုကောင်းနေလို့ပါပဲ"ဟု ယင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် ယခုသမိုင်းဝင်ခရီးစဉ်၏ အဓိက ဖြစ်စဉ်မှာ သောကြာနေ့တွင် စီးပွားရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားမှု ဖြစ်သည်။

သူသည် မဟာချိုင်သို့ ဦးစွာ လာရောက်၍ မြန်မာရွေ့ပြောင်း လုပ်သားများကို မိန့်ခွန်း ပြောကြားခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အလေးထားမှုများ ဘယ်မှာရှိနေသည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်း ဖြစ်သည်။

*****************************

လာမည့်နှစ်တွင် မြန်မာနိုင်ငံသို့ အာဂျီနိုမိုတို ပြန်လာတော့မည်

(The Daily Yomiuri News မှ 31 May 2012 ရက်စွဲပါ “Ajinomoto to start sales in Myanmar next year”သတင်းကို ဘာသာပြန်ဆိုသည်)

ကမ္ဘာကျော် ပာင်းခတ်ပစ္စည်း ထုတ်လုပ်သူ အာဂျီနိုမိုတိုကုမ္ပဏီသည် ၂၀၁၃ မတ်လကုန် မတိုင်မှီ ယင်း၏ ထုတ်ကုန်များကို မြန်မာနိုင်ငံ၌ ပြန်လည်စတင် ရောင်းချတော့မည်ပာု တာဝန်ရှိသူများက ဗုဒ္ဓပာူးနေ့တွင် ပြောကြားသည်။

ဂျပန်ကုမ္ပဏီသည် ယင်း၏ ကမ္ဘာသိ ပာင်းခတ်အချိုမှုန့်နှင့် ဗူးသွပ်ကော်ဖီ အပါအဝင် ထုတ်ကုန်များကို ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပို့၍ ရောင်းချမည်ပာု ဆိုသည်။

လာမည့် နောင်ကာလတွင် မြန်မာပြည်တွင်း၌ပင် ထုတ်လုပ်သွားရန် အစီအစဉ် ရှိသော်လည်း အချိန်နှင့် နေရာကို မသတ်မှတ်ရသေးပာု ကုမ္ပဏီတာဝန်ရှိသူက ပြောကြားသည်။

အာဂျီနိုမိုသည် ၁၉၉၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီးမှ ပိတ်ထားခဲ့ရသော ရန်ကုန်ရုံးခွဲကို ပြန်လည် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။

*****************************

မြန်မာနိုင်ငံသည် အိန္ဒိယနှင့် တရုတ်ကြားတွင် ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်နိုင်ပာု အိန္ဒိယဝန်ကြီးချုပ်ပြော

(31 May 2012 ရက်စွဲပါ The Times of India မှ Myanmar can be link between India, China:PM ကို ဘာသာပြန်ဆိုသည်)

သဘာဝဓာတ်ငွေ့ကြွယ်ဝသော မြန်မာနိုင်ငံတွင် အိန္ဒိယနှင့် တရုတ်တို့ အပြိုင်အဆိုင် ဖြစ်လာနိုင်သော တွက်ဆမှုများနှင့် ပတ်သက်၍ ဝန်ကြီးချုပ် မန်မိုပာန်ဆင်းက ပြောကြားရာတွင် မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယကြားတွင် စီးပွားရေး တံတားတစ်စင်းသဖွယ် လုပ်ဆောင်ပေးနိုင်သည့် ပြည့်စုံသော အနေအထားတွင် တည်ရှိကြောင်း ပြောကြားခဲ့သည်။ ယခင်က အိန္ဒိယအစိုးရ တာဝန်ရှိသူများက မြန်မာနိုင်ငံကို အိန္ဒိယအတွက် အာဆီယံသို့ ဆက်သွယ်နိုင်သော ဂိတ်ပေါက်သဖွယ် ဖော်ပြခဲ့ကြရာမှ ယခုအခါ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို အိန္ဒိယနှင့် တရုတ်ကြား ဆက်သွယ်ပေးမည့် လမ်းကြောင်းအဖြစ် အစိုးရက ပြောခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် တရုတ်သည် ၇၀% ကျော် ပါဝင်နေချိန်တွင် အိန္ဒိယသည် နံပါတ်(၁၃)နေရာတွင် ရှိနေသည်။ အိန္ဒိယသည် မြန်မာနိုင်ငံတွင် စီးပွားရေးအရ ပိုမို နေရာရရေး ကြိုးစားနေသည် ဆိုသော်လည်း၊ နောက်ကျ ရောက်လာသော ဂျော်နီ(Johnny come-lately)အဖြစ်သာ ရှိနေသေးပြီး ၎င်း၏ ကုလားတန် ဘက်စုံသုံးစီမံကိန်း ကဲ့သို့သော အခြေခံအဆောက်အဦး စီမံကိန်းများ အောင်မြင်ပြီးစီးရန် ခက်ခဲနေဆဲဖြစ်သည်။ အခြားတစ်ဖက်တွင် Beijing သည် မြန်မာနိုင်ငံမှ တရုတ်သို့ ဓာတ်ငွေ့ပိုက်လိုင်းပင် တည်ဆောက်နေပြီဖြစ်သည်။

“မြန်မာနိုင်ငံပာာ အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒအတွက် အရေးပါတဲ့ ပါတနာဖြစ်ပါတယ်။ နေုာက်ပြီး အိန္ဒိယနဲ့ တရုတ်ကြား၊ တောင်အာရှနဲ့ အရှေ့တောင်အာရှကြားမှာ စီးပွားရေးအရ တံတားတစ်စင်းသဖွယ် ပြည့်စုံတဲ့ နေရာမှာ တည်ရှိပြီး လုပ်ဆောင် ပေးနိုင်ပါတယ်”ပာု ဆင်းက ၎င်း၏မြန်မာခရီးစဉ် အပြီးတွင် ရန်ကုန်ရှိ ဉာဏ်ကြီးရှင်အဖွဲ့တစ်ခု၌ ပြောကြားခဲ့သည်။

အိန္ဒိသည် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုကို ပုဂ္ဂလိကကဏ္ဍမှ သွားရောက် ရင်းနှီးရန် ရည်မှန်းချက် ပြောင်းလဲလာခြင်းကြောင့် လုပ်ငန်းကြီးများမှ CEO များလည်း မြန်မာနိုင်ငံသို့ လိုက်ပါ လာခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ဆင်းက လူပြောများသော ထိုင်းနိုင်ငံသို့ လမ်းမကြီး အပါအဝင် အန္ဒိယအစိုးရ ငွေကြေးထည့်ဝင် လုပ်ဆောင် နေသော စီမံကိန်းများ၏ အတော်များများ ပြောခဲ့သည်။ “လမ်းဖောက်လုပ်ရေး စီမံကိန်း အတော်များများ ပူးပေါင်း ဆောင်ရွက်ရန် ကျွန်တော်တို့ သဘောတူခဲ့ကြပါတယ်။ အားလုံးအတွက် အသုံးဝင်မယ့် သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး ဖြစ်တဲ့ အိန္ဒိယ၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့ကို ဆက်သွယ်ပေးမယ့် လမ်းမကြီး ၂၀၁၆ မှာ လုံးဝပြီးစီးမယ်လို့ မျှော်လင့်ပါတယ်။”ပာု ၎င်းကပြောသည်။

အိန္ဒိယသည် ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းကို အကောင်အထည်ဖော်လျက် ရှိသည်။ အဆိုပါ စီမံကိန်းတွင် စစ်တွေဆိပ်ကမ်းအား အဆင့်မြှင့်တင်ရေး၊ အိန္ဒိယမီဇိုရမ်ပြည်နယ် နယ်စပ်မှ ချင်းပြည်နယ် ပလက်ဝသို့ ဆက်သွယ်သော အဝေးပြေးလမ်း ဖောက်လုပ်ခြင်းများ ပါဝင်သည်။ “ဒီအရေးပါတဲ့ စီမံကိန်းပာာ ဒီဒေသရဲ့ စီးပွားရေးကို ပြန်လည် သန်စွမ်းလာစေမှာဖြစ်ပြီး ကူးသန်း ရောင်းဝယ်ရေးနဲ့ သင်္ဘောသွားလာရေး လမ်းကြောင်းကို ဆက်စပ်ပေးပါလိမ့်မယ်။ ဒီစီမံကိန်းကို ၂၀၁၅ မှာ ပြီးစီးမယ်လို့ မျှော်လင့်ပါတယ်”ပာု သူကပြောသည်။ထို့ပြင် ၂၀၁၅ တွင် နှစ်နိုင်ငံကုန်သွယ်ရေး ဒေါ်လာ(၃)ဘီလီယံကျော်မည်ပာု ခန့်မှန်းသည်ပာု ၎င်းကဆိုသည်။

၎င်း၏ ခရီးစဉ်တွင် ဇပါးရှားဘုရင်၏ ဂူဗိမာန်သို့ သွားရောက်ကာ ဒေါ်လာ တစ်သိန်း လှူဒါန်းခဲ့ပြီး၊ ရွှေတိဂုံဘုရားသို့လည်း သွားရောက်ခဲ့သည်။

*****************************

U-2 ရော့ခ်စတားဘိုနိုကေ ဒေါ်အောင်ဆန်းစုကြည်ကို Amnesty ဆုပေးအပ်မည်

(The West Australian News မှ 31 May 2012 ရက်စွဲပါ "Bono to present Amnesty award to SuuKyi" သတင်းကို ဘာသာပြန်ဆိုသည်။)

နောက်လတွင် ၂၄ နှစ်အတွင်း ပထမဆုံး နိုင်ငံတကာ ခရီးထွက်ခွာလာမည့် မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် တစ်စိတ်တစ်ပိုင်း အဖြစ် ဒဗ်ဗလင်မြို့သို့ ရောက်ရှိချိန်တွင် ကမ္ဘာကျော် ရော့ခ်စတား ဘိုနိုကေ က Amnesty International ၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုကို ပေးအပ်လိမ့်မည်ဟု U-2 အဖွဲ့အဆိုတော်နှင့် အခြားစည်းရုံး လှုပ်ရှားသူများက ထုတ်ပြန်ကြေညာလိုက်သည်။

၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆု၊ ၂၀၀၉ ခုနှစ်တွင် Amnesty's Ambassator of Conscience ဆုတို့ကို ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေးနိုင်ငံ အော်စလို၌ နိုဘယ်ဆု လက်ခံစကားပြောကြားပြီး နောက်တစ်ရက် ဇွန် ၁၈ တွင် ဒဗ်ဗလင်သို့ သွားရောက်ရန် စီစဉ်ထားသည်။ မြန်မာ ဒီမိုကရေစီခေါင်းဆောင်သည် ပြီးခဲ့သော ၂၄ နှစ်အတွင်း ၁၅ နှစ်ခန့် အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသောကြောင့် နိုင်ငံတကာဂုဏ်ပြုဆု မှန်သမျှကို ကိုယ်တိုင်လက်ခံယူနိုင်ခြင်း မရှိခဲ့ပါ။ ရံဖန်ရံခါ လွတ်မြောက် နေသည့်တိုင်အောင် တပ်မတော်အစိုးရက ပြည်ဝင်ခွင့် ပြန်ပေးမည် မဟုတ်သောကြောင့် ပြည်တွင်းမှ မထွက်နိုင်ခဲ့ပါ။

U-2 ရော့ခ်စတား ဘိုနိုကေသည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို တောင်းဆိုသည့် ၂၀၀၉ ခုနှစ် ဂီတပွဲများကို ဆက်တိုက်ကျင်းပခဲ့ပြီး ထိုနှစ် ဒဗ်ဗလင် ဂီတပွဲတစ်ခု၌ မြန်မာဒီမိုကရေစီခေါင်းဆောင်ကို Amnesty ဆု ချီးမြှင့်ကြောင်း ထုတ်ဖော် ကြေညာခဲ့သည်။ ဇွန်လ ၁၈ ရက် အခမ်းအနားသည်  အသက် ၆၆ နှစ်အရွယ် ဒီမိုကရေစီခေါင်းဆောင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်လိမ့်မည်ဟု ဘိုနိုကေက ပြောကြားခဲ့သည်။

"စစ်တပ်အားကိုးအာဏာရှင်အပေါ် ကြီးမြတ်တဲ့ ဂရုဏာနဲ့ ခွင့်လွှတ်အနိုင်ယူတာကို မြင်ရတာဟာ ကြုံတောင့်ကြုံခဲပါပဲ။ ဒီလိုဖြစ်လာတဲ့ အချိန်မှာ ကျွန်တော်တို့ လုပ်နိုင်တဲ့ အမြူးတူးဆုံး အသံကို လုပ်ပြသင့်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂရုဏာနဲ့ ရဲရင့်မှုဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ယိမ်းထိုးနေတဲ့ ကမ္ဘာကြီးကို ကဗျည်း ထိုးလိုက်ပါပြီ။ ဒါပေမယ့် အကျဉ်းထောင်မှာ သူမကို သွားတွေ့ရမယ်ဆိုရင်တော့ တကယ့်ကို တုန်လှုပ်စရာပါ"ဟု ကမ္ဘာကျော် U-2 ရော့ခ်စတား ဘိုနိုကေ က ပြောကြားခဲ့သည်။

ယခင်အစိုးရ အကြီးအကဲ၏ နိုင်ငံရေးလှည့်ကွက် အဖြစ် လွတ်မြောက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သောလတွင် လွှတ်တော်ကိုယ်စားလှယ်(အမတ်) အဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် အိမ်နီးချင်းနိုင်ငံသို့ အင်္ဂါနေ့က သွားရောက်ခြင်းဖြင့် သူမ၏ ပထမဆုံး နိုင်ငံတကာခရီးစဉ်ကို စတင်လိုက်ပြီဖြစ်သည်။ သူမ၏ ဥရောပခရီးစဉ်တွင် ဗြိတိန်နိုင်ငံ အထက်၊ အောက် လွှတ်တော်နှစ်ရပ်စလုံး၌ မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်။

ထို့အပြင် ဒဗ်ဗလင်သို့ ရောက်ရှိခိုက် Electric Burma ဟု အမည်ပေးထားသော တေးဂီတပွဲသို့လည်း ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် လာရောက်လိမ့်မည်ဟု မျှော်လင့်ရသည်။

ဂီတပွဲစည်းရုံးလှုပ်ရှားသူ Amnesty တာဝန်ရှိသူ ဘီရှစ်ဆေးက ယခုဂီတပွဲတွင် သရုပ်ဆောင် ဗင်နီဆာရက်ဂရေ့ဗ်၊ ဖော့ခ်ရော့ခ်အဆိုတော် ဒမ်မီယမ်ရိုက်စ်နှင့် ရေးဗားအကအဖွဲ့တို့ကလည်း ပါဝင်ကြမည်ဟု ပြောကြားသည်။

ဘိုနိုကေကဲ့သို့ လူသားခြင်းစာနာရေး လှုပ်ရှားနေသူ အိုင်းရစ် ရော့ခ်စတား ဘော့ဘ်ဂဲလ်ဒေါ့ သည်လည်း ယခုဂီတပွဲသို့ ပါဝင်တက်ရောက်မည် ဖြစ်သည်။ ဂဲဒေါ့ဗ်က ဒေါ်အောင်ဆန်းစုကြည်အား"သူမသည် နိုင်ငံအတွက် သူမ၏ လွတ်လပ်ခွင့် နှင့် မိသားစုတို့ကို စွန့်လွှတ်ခဲ့ရသည့် သိက္ခာရှိသော ဖြောင့်မတ်သော၊ ရဲရင့်သော၊ သံမဏိကဲ့သို့ စိတ်ဓာတ်ခိုင်မာသော အမျိုးသမီး သူရဲကောင်းတစ်ဦး ဖြစ်သည်။ ယခုကဲ့သို့ သူမ လာရောက်ခြင်းကြောင့် အိုင်ယာလန်ကို ဂုဏ်သိက္ခာ တက်စေသည်" ဟု ဂုဏ်ပြုပြောဆိုခဲ့သည်။

                                         ************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment