Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၄.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ရိုဟင်ဂျာကိစ္စနှင့် လျှင်သူစားစတမ်း လူ့လောကသဘာဝ

*****************************************

ဆောင်းပါးကဏ္ဍ

ရိုဟင်ဂျာကိစ္စနှင့် လျှင်သူစားစတမ်း လူ့လောကသဘာဝ

အောင်မောင်း

လပေါင်းများစွာ လမ်းကြောင်းတင်ယူလာခဲ့သည့် ရိုဟင်ဂျာပြဿနာမှာ တကယ်ပင် ဖြစ်ပွားခဲ့ချေပြီ။ အမှန်တကယ်တွင် ဤကိစ္စမှာ ရည်ရွယ် ချက်ရှိရှိ တမင်ဖန်တီးသည့်ကိစ္စ ဖြစ်ကြောင်းကို နားလည်သူက အပေါ်ယံအလွှာလောက်တွင်သာ ရှိနေသည်။ တစ်နိုင်ငံလုံး အတိုင်းအတာနှင့်ယှဉ်လျှင် နက်နက်နဲနဲ မသိနိုင်ရကား ရိုဟင်ဂျာအရေးမှ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ အရေးအခင်းအသွင်မဖြစ်စေရန် နိုင်ငံ့ခေါင်းဆောင်များရော ဘာသာ အသီးသီးမှ ခေါင်းဆောင်တွေရော အသည်းအသန် ထိန်းနေရပေပြီ။ မည်သို့ပင်ဆိုစေကာမူ လမ်းကြောင်းတင်သူတို့၏ ရည်ရွယ်ချက်မှာ အထမြောက်ခဲ့ ပြီဖြစ်သည်။ ဘာရည်ရွယ်ချက်နှင့် လမ်းကြောင်းတင်ကြသနည်း။ ရှင်းပါ၏။ ကိုယ်ကျိုးစီးပွားအတွက်သာ ဖြစ်သည်။ ဘယ်သူတွေ ဘယ်လို အကျိုးရှိနေ သနည်း။ သေချာသည်ကတော့ ရခိုင်လူမျိုးတွေမှာ ဒုက္ခတွေကို ခါးစည်းခံနေရသည်။ မြန်မာမွတ်စလင်တွေ မျက်ခုံးလှုပ်နေရပြီ။ ဒီမိုကရေစီ ဖွံ့ဖြိုးတိုး တက်ရေး မျှော်မှန်းသူတွေ တိုင်းပြည် နောက်ကြောင်းပြန်မလှည့်ရန် ရင်တမမ ဘုရားတနေရသည်။ လမ်းကြောင်းတင်သူတို့၏ နောက်ဆုံး ရည်မှန်းချက် ပန်းတိုင်ရောက်ရန်ကား အောင်မြင်လုနီးနေပြီလား။

ရိုဟင်ဂျာ အရေးဖန်တီးသူတို့ကား မြန်မာပြည်၏ ဒီမိုကရေစီအပြောင်းအလဲကို နှောင့်ယှက်ရန်ဖြစ်သည်။ ထိုသူများထဲတွင် ရခိုင်တွေကို လမ်း ပေါ်တင်မည့် ရခိုင်၊ ဗမာတွေကို လမ်းပေါ်တင်မည့်ရခိုင်၊ မွတ်စလင်မ်တွေကို လမ်းပေါ်တင်မည့် မွတ်စလင်မ် စသည်ဖြင့် တာဝန်အသီးသီးယူ၍ ၎င်းတို့ ကတော့ အကျိုးအမြတ်ရရှိလာလျှင် ခွဲဝေယူစားကြရန်သာ။ Face -book ပေါ်တွင် ဆဲနေကြသည့် သူတို့တွေမှာ ညနေဘက် ဘီယာအတူတူ သောက်ကြ ၏။ သူတို့အတွက် မည်သို့အကျိုး ရှိသနည်းဟုဆိုလျှင် လတ်တလော အကျိုးအမြတ်အဖြစ် ဒေါ်လာတွေ တနင့်တပိုးရကြမည်ဖြစ်သည်။ ထိုဒေါ်လာတွေ ကို မည်သူတွေက ပေးသနည်း။ ဗေဒင်မမေးနှင့် ဆန်ကုန်သည်။ ဗြိတိသျှသခင်ကြီးများနှင့် အန်ကယ်ဆမ်တို့ ထိပ်ဆုံးက ဖြစ်မည်။ ဘာကြောင့်ပေး သနည်း။ ဗြိတိသျှသခင်ကြီးတို့ အကွက်ချ၍ ရေးဆွဲသွားခဲ့သည့် နယ်နမိတ်ပြဿနာတွေကြောင့် နိုင်ငံမဲ့ဖြစ်ရသည့် ရိုဟင်ဂျာမွတ်စလင်မ်တွေမှာ တနေ့ တခြား လူဦးရေတိုးပွားလာသည်နှင့်အမျှ ဒေသခံရခိုင်တို့နှင့် ဝမ်းရေးပဋိပက္ခအတွက် တိုက်ပွဲဝင်ရမှု ပို၍ ပြင်းထန်လာသည်။ ထိုပစ္စည်းမဲ့ဒေါသတွေ တနေ့တခြား ကြီးထွားလာနေသော ရိုဟင်ဂျာတွေသာ အယ်ကေဒါလို အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့အစည်းတွေနှင့် ချိတ်မိသွားလျှင် ဗြိတိသျှသခင် ကြီးတို့ရော အန်ကယ်ဆမ်တို့အတွက်ရော ခေါင်းကိုက်ရမည့်ရန်သူတွေ တိုးလာပေလိမ့်မည်။ ထို့ကြောင့် ဟိတ်ကြီးဟန်ကြီးနှင့် လူသားချင်းစာနာသ ယောင် တစ်ဖက်တွင်လည်း သူတို့သည် အစ္စလာမ်ဘာသာဝင်တွေကို ဂရုဏာထားကြောင်း ပြသရန် ရိုဟင်ဂျာတွေကို အလွန်စာနာထောက်ထား ကြောင်း၊ မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာတွေကို တိုင်းရင်းသားအခွင့်အရေး ပေးသင့်ကြောင်း ၎င်းတို့၏ ဝါဒဖြန့်ယန္တရားကြီးများဖြစ်သည့် BBC နှင့် VOA တို့မှ တဆင့်ဝါဒဖြန့်၏။ တဖက်တွင်လည်း ရိုဟင်ဂျာအရေးသည် လူမျိုးတုန်းသတ်ဖြတ်မှုပုံစံအထိ ဖြစ်လာခဲ့ပါက လုံခြုံရေးကောင်စီကို အသုံးချ၍ မြန်မာပြည်ကို ဝင်တိုက်မည်။ ရိုဟင်ဂျာတွေအတွက် လွတ်မြောက်နယ်မြေထူထောင်ပေးလိုက်မည်။ ထိုသို့ဆိုလျှင် သခင်ကြီးတို့အတွက် တရန်အေးပေ ပြီ။ ထို့ကြောင့်ပင်လျှင် ဒေါ်လာသန်းပေါင်းများစွာရင်း၍ ရိုဟင်ဂျာအရေးကို ပုံအောထားခြင်းဖြစ်ပေသည်။ ထိုအထဲတွင် ရခိုင်ပြည်က သယံဇာတတွေကို အာသာငမ်းငမ်းဝါးမြိုနေ၍ ဝေဖန်ခံနေရသည့် ကိုရွှေပေါက်ဖော်တို့လည်း ရှယ်ယာထည့်ဝင်ကောင်း ထည့်ဝင်နိုင်၏။ ယခုအရေးအခင်းသာမပေါ်လျှင် တရုတ်တွေနှင့် ရခိုင်တွေအကြား အကြီးအကျယ် ပြဿနာ တက်နိုင်စရာရှိသည်။ ယခုတော့ ရိုဟင်ဂျာနှင့်ရခိုင် စိတ်တိုင်းကျ သတ်ဖြတ်နေချိန်တွင် သူတို့ ၏ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်လုပ်ဆောင်လျှက်ရှိနေသည်။

သခင်ကြီးတို့ခိုင်းသမျှလုပ်၍ ဒေါ်လာစားသည့် ရခိုင်တွေ၊ ဗမာတွေ၊ မွတ်စလင်မ်တွေက လတ်တလော ဒေါ်လာတွေကို အိပ်ထဲထည့်နိုင်မည် ဖြစ်သည့်အပြင် သူတို့ကို နှိပ်စက်ခဲ့ဖူးသော စစ်အစိုးရဟောင်းကို ဆက်ခံသည့် အစိုးရကို ဖရိုဖရဲဖြစ်အောင် လက်စားချေနိုင်သေးသည်။ အကယ်၍ တိုင်းပြည် ဖရိုဖရဲဖြစ်ခဲ့လျှင် အဆင်သင့် နေရာဝင်ယူနိုင်သေး၏။  တစ်သီး၊ နှစ်သီး၊ သုံးသီးစား အကျိုးအမြတ်များပင်တည်း။

ထို့ထက်ပို၍ အကြံကြီးသော လူတန်းစာ အလွှာတစ်လွှာလည်း ရှိသေးသည်။ INGOs, NGOs များနှင့် မြန်မာ့အရေး ကျွမ်းကျင်သူများပင် ဖြစ် သည်။ INGOs နှင့် NGOs ကြီးများတွင် လခအမြောက်အများရပြီး ဒေါ်လာတွေ တဒိုင်းဒိုင်းဝင်နေသူများမှာ လူသားချင်း စာနာထောက်ထားပါသည် ဆိုသည့် မျက်နှာဖြူများနှင့် ပြည်တွင်းက အီလစ်အလွှာများဖြစ်သည်။ ပရောဂျက်ရှာ၍ ဒေါ်လာတွေ အိတ်ထဲထည့်ရန်အတွက် ဒုက္ခသည်တွေ အမြောက် အများရှိဖို့ လိုသည်။ ယခု မြန်မာပြည်၏ အခြေအနေမှာ အပြောင်းအလဲကြီးစွာဖြစ်လာပြီး တိုက်ပွဲတွေ ရပ်သလောက်နီးပါး ဖြစ်လာသည်။ စစ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် ကရင်ဒုက္ခသည်များကို မြန်မာအစိုးရက စနစ်တကျ ပြန်လည်နေရာချထားရန် ပြင်ဆင်နေသည်။ ထိုအခါ နိုင်ငံတကာ အကူအညီများမှာ ယခင်က INGOs ကြီးများ NGOs ကြီးများထံ စီးဆင်းနေခဲ့ရာမှ မြန်မာအစိုးရထံသို့ ပုံအောစီးဆင်းသွားသောအခါ ထို INGOs နှင့် NGOs ကြီးများမှ ဒေါ်လာစား မျက်နှာဖြူများနှင့် မြန်မာ့အရေးလှုပ်ရှားသည့် အီလစ် အလွှာများအတွက် ထမင်းအိုးကွဲကိန်း ဆိုက်လေတော့သည်။ ကရင် အရေးအတွက် ကရင်ဒုက္ခသည်တွေကို ဗန်းပြ၍ ပရောဂျက်ရှာနေသူများ ထိုအဖွဲ့အစည်းကြီးများမှ ကရင်အီလစ်အလွှာများ၊ ကချင်ဒုက္ခသည်များကို ခုတုံးလုပ်၍ ဝင်ငွေကောင်းနေသည့် ကချင်အချို့၊ မိမိဗမာအချင်းချင်းကို ပြည့်တန်ဆာဇာတ်သွင်း၍ AIDS ကာကွယ်ရေးဟူ၍ ပရောဂျက်ရှာစားနေ သည့် ဗမာအီလစ်များအတွက် ဒုက္ခသည်မရှိတော့လျှင် ဆန်တောင်းစရာ မျောက်မရှိတော့သည့် အဖြစ်နှင့် ကြုံရပေတော့မည်။ မွတ်စလင်များတွင်လည်း ထိုနည်းနှင်နှင်သာ။ ရိုဟင်ဂျာအစစ်ကြီးများက အမေရိကားနှင့် အရှေ့အလယ်ပိုင်း သူဌေးနိုင်ငံများတွင် နေထိုင်၍ အာရပ်သူဌေးတွေထံမှ ပရောဂျက် တွေ တောင်းစား၏။ ရိုဟင်ဂျာမှာ လူနည်းစုလေးသာဖြစ်၍ ရိုဟင်ဂျာဦးရေ မတိုးတိုးအောင် ကလေးမွေးသန်သော ဘင်္ဂလီတွေကိုပါ ရိုဟင်ဂျာဟု ခေါင်း စဉ်တပ်၍ မြန်မာပြည်အတွင်း ဝင်ရောက်နေထိုင်စေသည်။ မွတ်စလင်တွေအတွက်ဟု ဗန်းပြ၍ အာရပ်သူဌေးနိုင်ငံများမှ ငွေကို သဲ့ယူ၍ အိပ်ထဲထည့်၏။ နိုင်ငံတကာက ကူညီထောက်ပံ့နေသည့် အကူအညီများမှာ ရိုဟင်ဂျာဆိုသည့် လူနည်းစုလေးထံသာ အမှန်အကန်ရောက်ပါက  ရိုဟင်ဂျာတွေမှာ ဝမ်းရေး အတွက် ဒေသခံရခိုင်တို့နှင့်တိုက်ခိုက်ရန် မလိုအပ်ပေ။ စင်စစ်တွင် ပဋိပက္ခများ၏ အဓိကအကြောင်းအရင်းမှာ ဆင်းရဲခြင်းကြောင့်ဖြစ်ကာ ရခိုင်တွေ ရိုဟင်ဂျာတွေမှာ စားဝတ်နေရေးအတွက် မပူပန်ရလျှင် ပစ္စည်းမဲ့ဒေါသများလည်း ရှိလာတော့မည်မဟုတ်ပေ။ ယခုမူ ချမ်းသာသွားကြသူတွေက လုပ်စား ကြသူ မျက်နှာဖြူများ၊ မြန်မာများ နှင့် မုတ်ဆိတ်ပြ၍ မွတ်စလင်အကျိုးသယ်ပိုး ယောင်ဆောင်သူများပင်ဖြစ်ကြသည်။ ဘယ်ရိုဟင်ဂျာမှ ဝလင်အောင် မစားရသလို ရခိုင်တွေမှာလည်း မိမိမြေပေါ်က မိမိလယ်မြေဥစ္စာတွေ မဆုံးရှုံးအောင် အသန်းအသန်ကာကွယ်နေရသည်။  ယခု ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများတွင် ဘင်္ဂလီဘက်ရော ရခိုင်ဘက်ရောမှ သွေးထိုးပေးနေသူများ တွင် INGO နှင့် NGO ကြီးတချို့မှ ဝန်ထမ်းများ ပါဝင် ပတ်သက်နေသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းက ဤအချက်တွေကို သက်သေပြနေသကဲ့သို့ရှိပါသည်။

အစိုးရအဖွဲ့ထဲမှ အာဏာပြန်သိမ်းလိုသည့် ခေါင်းမာဂိုဏ်သားတို့ကလည်း ရသင့်အခွင့်အရေးကို ဒိုက်ဗင်ဝင်ထိုးလေသည်။ တိုင်းပြည်ဆူအောင် နိုင်ငံပိုင်မီဒီယာကနေ ဖွပြန်သည်။ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ကိစ္စများ လူထုအကြား ရေပန်းစားနေလျှင် တိုင်းပြည်၏ အင်တာ နက်က အလွန်နှေးကွေး၏။ ယခုမူ အင်တာနက်လိုင်းတွေက အလွန်ကောင်းနေပြန်သည်။ Facebook ပေါ်မှ အမျိုးသားရေး ကြွေးကြော်၍ လမ်းကြောင်း တင်သူများတွင် ပြန်ကြားရေးနှင့် အစိုးရအရာရှိကြီးများလည်း ပါနေသည်။  သူတို့ကား တပ်မတော်မှ အာဏာပြန်သိမ်းသည်နှင့် ယခင်ရွှေထီးဆောင်း၍ အဘအခေါ်ခံခဲ့ရသည့် ဘဝများကို အိပ်မက်နေကြပေပြီ။

နိုင်ငံရေးဆိုသည်မှာ အလွန်ညစ်ပတ်သောအရာဖြစ်၍ အသုံးမတတ်လျှင် ကိုယ်ကျင့်တရားမကောင်းသူတွေပါလာလျှင် တိုင်းပြည်ပျက်ကိန်း ဆိုက်ရောက်တတ်သည်။ ပို၍ဆိုးသည်မှာ ပြည်သူတွေက အတွေးအခေါ်ခေါင်းပါးသူ အများစု ဖြစ်နေပြီး ထိုညစ်ပတ်သည့်နိုင်ငံရေး (Dirty Politic) ကို ကစားနေသူများက ပညာတတ်လျှင် ပို၍ဆိုးသည်။ ယခု ရိုဟင်ဂျာအရေးမှ ဘာသာရေး အဓိကရုဏ်းများ၏ နောက်ကွယ်မှ Invisible Hands ပိုင်ရှင် အသီးသီး၏ ရည်မှန်းချက်များ အထမြောက်ရန် နီးသထက် နီးနေပေပြီ။ ယင်းတို့၏ ရည်မှန်းချက်များ အောင်မြင်သွားခဲ့ပါကလည်း ရိုဟင်ဂျာအရေးမှာ လည်သူတွေက စားသွားကြသည်ဟု ဖြေသိမ့်ရန် ရှိပေတော့မည်ဖြစ်သည်။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment