Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

 ၁၈.၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. အီးယူမှ ကုန်သွယ်ရေးဆန်ရှင်များ အပြည့်အဝ ရုတ်သိမ်းတော့မည်
  2. ရခိုင်ပြည်နယ်အတွင်း နယ်စည်းမထားဆရာဝန်များအဖွဲ့မှ ဝန်ထမ်းတစ်ဦးအား သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေး
  3. ရွှေတိဂုံ စေတီတော်ပေါ်၌ လူစုလူဝေးမပြုလုပ်ရန် တားမြစ်ချက် ထုတ်ပြန်ကြေညာ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. သမ္မတဦးသိန်းစိန်အား ကုလအထွေထွေ ညီလာခံတက်ရောက်ရန် ကုလ ဒု-အတွင်းရေးမှူးချုပ် ဖိတ်ခေါ်
  2. NDF ပါတီ တတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေး ပြုလုပ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************

ပြည်တွင်းသတင်းများ

အီးယူမှ ကုန်သွယ်ရေးဆန်ရှင်များ အပြည့်အဝ ရုတ်သိမ်းတော့မည်

မကြာသေးမီက ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ရိုပာင်ဂျာများ၏ ဆူပူအကြမ်းဖက်မှုများအပေါ် မြန်မာအစိုးရမှ စနစ်တကျ ကိုင်တွယ် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားသည့် ဥရောပသမဂ္ဂ(EU)မှ ယခုသီတင်း ပတ်အတွင်း ကုန်သွယ်ရေး ဆန်ရှင်များကို အပြည့်အဝ ရုတ်သိမ်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်တွင်းသတင်းမီဒီယာများ ဖော်ပြချက် အရ သိရသည်။

“ဒီလိုမှန်ကန်တဲံ ဆူပူအကြမ်းဖက်မှုကို လုံခြုံရေးတပ်ဖွဲ့တွေက မှန်ကန်တဲ့နည်းလမ်းနဲ့ ကိုင်တွယ်နေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ မြန်မာအစိုးရရဲ့ တိုင်းရင်းသားပဋိပက္ခတွေအားလုံးအပေါ် အလေးထား ညှိနှိုင်းဖြေရှင်းမှုကိုလည်း ကြိုဆိုပါတယ်”ပာု ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံမှ ပြော ရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် မြန်မာပို့စ်ဂျာနယ်မှ ဖော်ပြချက်အရ သိရသည်။

မြန်မာအစိုးရသစ်၏ ရခိုင်အရေးဆောင်ရွက်မှုများအပေါ် ဥရောပသမဂ္ဂက ချီးကျူးပြောဆိုခဲ့ပြီး လေးရက်ခန့်အကြာ၌ မြန်မာနိုင်ငံမှ ဥရောပ သမဂ္ဂသို့ တင်သွင်းလျက်ရှိသည့် ကုန်စည်များကို ယခုထက်ပိုမိုကောင်းမွန်သည့် လမ်းကြောင်းမှ ဖြန့်ဖြူးရောင်းချနိုင်ရန်နှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှု ပြုလုပ်ထားသည့် ကုန်သွယ်ရေး ဆန်ရှင်အားလုံး အပြည့်အဝရုတ်သိမ်းပေးရေးအတွက် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချင်းချင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း EU မှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

“ဥရောပသမဂ္ဂအနေနဲ့ ILO အစီရင်ခံစာအရေးကြီးပုံကို အပြည့်အဝ နားလည်သဘောပေါက်ပါတယ်။ ဒါပာာ ဥရောပဈေးကွက်သို့ မြန်မာ့ထွက် ကုန်များ ပိုမို ထိုးဖောက်ဝင်ရောက်ခွင့်ရရှိရေးအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ခုအဖြစ် ဥရောပသမဂ္ဂက ယူဆပါတယ်”ပာု ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒနှင့် ကုန်သွယ်မှုအကြီးအကဲများ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ထို့ပြင် ၂၀၁၂ ဇွန်လ ၁၃ ရက်နေ့က ကျင်းပခဲ့သည့် (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတွင် ILO မှ မြန်မာ နိုင်ငံတွင် အဓမ္မစေခိုင်းမှုပပျောက်ရေး ဆောင်ရွက်ချက်များကြောင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)မှ မြန်မာနိုင်ငံအပေါ် တားမြစ် ကန့်သတ်ချက်အများစုကို ရုတ်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် မြန်မာနိုင်ငံ အား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည့် ဥရောပသမဂ္ဂအဖွဲ့ ဝင် (EU) နိုင်ငံများမှ ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

Ref:Myanmar Post

-----------------------------------------------------------------------------------------------------------------------------------

ရခိုင်ပြည်နယ်အတွင်း နယ်စည်းမထားဆရာဝန်များအဖွဲ့မှ ဝန်ထမ်းတစ်ဦးအား သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေး

ရခိုင်ပြည်နယ်အတွင်း ပြည်သူများအား အကူအညီပေးလျက်ရှိသည့် နယ်စည်းမထားဆရာဝန်များအဖွဲ့ Medicines Sans Frontieres- Holland (AZG) မှ ဝန်ထမ်းတစ်ဦးဖြစ်သည့် ဦးကျော်လှအောင်အား ဝန်ထမ်းစည်းကမ်းဖောက်ဖျက်သည့်အတွက် သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးများကို ပြုလုပ်လျက်ရှိကြောင်း AZG မှ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြပါရှိသည်။

“သက်ဆိုင်ရာက စစ်ဆေးနေတယ်ဆိုတာတော့ အမှန်ပါပဲ။ အဆိုပါဝန်ထမ်းနဲ့ ပတ်သက်လို့ ဆက်လက်စောင့်ကြည့် စုံစမ်းသွားပါမယ်။ သူနဲ့ ပတ်သက်လို့ အစိုးရက တရားဝင်ဆက်သွယ် သတင်းပြန်ကြားခြင်းတော့ မရှိသေးပါဘူး”ပာု ၎င်းက ဇွန်လ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည့် AZG အဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

နယ်စည်းမခြား ဆရာဝန်ထမ်းများအဖွဲ့ (AZG) သည် အေအိုင်ဒီအက်စ်ဝေဒနာသည်များအတွက် ART ဆေးဝါးများကို အများဆုံး ဖြန့်ဖြူးပေး လျက်ရှိသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည့် အဖွဲ့ တစ်ဖွဲ့ဖြစ်သည်။

“အဖွဲ့အစည်းကပဲဖြစ်ဖြစ်၊ အစိုးရကပဲဖြစ်ဖြစ် ဒီက ဝန်ထမ်းတွေက ကျင့်ထုံးဥပဒေဖောက်ဖျက်တယ်လို့ အထောက်အထား သက်သေခံရခဲ့ရင် Code of Conduct မှာ လက်မှတ်ထိုးထားတဲ့အတိုင်းပဲ ဆုံးဖြတ်ပါမယ်။ သက်သေအတိအကျ မရသေးခင်မှာတော့ ဝန်ထမ်းအဖြစ် ဆက်ရှိနေဆဲ ဖြစ်မှာ ပါ။ ဌာနဆိုင်ရာတာဝန်ရှိသူတွေကို လတ်တလောမှာတော့ မေးမြန်းထားပါတယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ (AZG)သည် စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး၊ လူမျိုးရေး၊ ဘာသာရေးတို့အပေါ် မှီခိုမှုမရှိဘဲ ဆေးကုသမှုခံယူရန် အမှန်တကယ်လိုအပ်နေသူများကိုသာ ကုသပေးလျက်ရှိသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း သတင်းများအရ သိရသည်။

Ref:Weekly Eleven

-----------------------------------------------------------------------------------------------------------------------------------

ရွှေတိဂုံ စေတီတော်ပေါ်၌ လူစုလူဝေး မပြုလုပ်ရန် တားမြစ်ချက် ထုတ်ပြန်ကြေညာ

ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်၌ ဘာသာရေးနှင့် မအက်စပ်သော လူစုလူဝေးများ မပြုလုပ်ရန်နှင့် ရွှေတိဂုံ ကုန်းတော်ရင်ပြင်ပရိဝုဏ်အတွင်း စီတန်းလှည့်လည်မှုများ မပြုလုပ်ရန် ရွှေတိဂုံဂေါပကအဖွဲ့က စည်းမျဉ်းအပိုဒ် ၇၇ (ဏ)အရ တားမြစ်ချက် ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ရေတိဂုံစေတီတော်၌ လူစုလူဝေးမပြုလုပ်ရန် တားမြစ်ချက် ထုတ်ပြန်ကြေညာရခြင်းမှာ မကြာသေးမီကာလအတွင်းက ရွှေတိဂုံ စေတီတော် ရင်ပြင်ပေါ်တွင် လူတစ်စုမှ ဆိုင်းဘုတ်များ၊ စာတမ်းများနှင့် စာရွက်များ ကိုင်ဆွဲကာ ဆန္ဒထုတ်ဖော်ပြသမှုများ ပြုလုပ်ခဲ့သည့်အတွက်ကြောင့် ဖြစ်ပြီး ဘုရားပေါ်ရှိ ဘုရားဖူးအများပြည်သူများ စိတ်ချမ်းသာစွာ ဘုရားလာရောက်ဖူးမြော်သည့်နေရာတွင် အနှောင့်အယှက်မဖြစ်စေရန်အတွက် ရွှေတိဂုံ စေတီတော်ပေါ်တွင် လူစုလူဝေးများ မပြုလုပ်ရန် တားမြစ်ချက်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ခု ရွှေတိဂုံစေတီတော်ပေါ်မှာ လူစုလူဝေးနဲ့ ဆန္ဒထုတ်ဖော်တာတွေ၊ လူစုလူဝေးဖြစ်အောင် မလုပ်ဖို့ တားမြစ်ချက်တွေကို ဗီနိုင်းတွေနဲ့ ကပ်ပြီး ထုတ်ပြန်ထားပါတယ်။ ဘုရားလာဖူးမြော်တဲ့ အများပြည်သူ စိတ်အေးချမ်းသာနိုင်ဖို့နဲ့ ဘာသာရေးနဲ့ မအက်စပ်တဲ့ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့ အစည်း၊ မည်သည့်ပါတီကိုမျှ မပြုလုပ်ဖို့ သတိပေးချက် ထုတ်ပြန်ရတာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

အဆိုပါ တားမြစ်ထုတ်ပြန်ချက်များတွင် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးသည် ဤဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူပြီးသော ဘုရားရှင်လေး ဆူတို့၏ ဓာတ်တော်၊ မွေတော်များ ကိန်းဝပ်စံပျော်တော်မူရာ ဗုဒ္ဓသာသနာ့ သမိုင်းဝန်ဌာနကြီးဖြစ်သည်သာမက မြန်မာနိုင်ငံ၏ ကျက်သရေဆောင်ပုံရိပ် ဖြစ်သောကြောင့် နေ့စဉ်နေ့တိုင်း ပြည်တွင်းမှ ဘုရားဖူးများသာမက ပြည်ပမှ နိုင်ငံခြားသားများမှ နိုင်ငံသားဧည့်သည်များစွာ လာရောက်လျက်ရှိသည့် အတွက် ပြည်သူများ အနှောင့်အယှက်ဖြစ်စေမည့် ရွှေတိဂုံကုန်းတော်ပရိဝုဏ်အတွင်း လူစုလူဝေးနှင့် စာတမ်းကိုင် ဆန္ဒပြစီတန်းလှည့်လည်ခြင်း၊ ပောာ ပြောလှုံဆော်ခြင်း၊ ကျယ်လောင်စွာ ရွတ်ဆိုဆုတောင်းခြင်းနှင့် ရန်ပုံငွေ အလှူငွေကောက်ခံခြင်းစသည့် ကိစ္စရပ်များကို မပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိ ပါက သက်ဆိုင်ရာတာဝန်ရှိသူများက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တားမြစ်ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယင်းထုတ်ပြန်ကြေညာချက်များအား ၂၀၁၂ ဇွန်လ ၁၅ ရက်နေ့မှ စတင်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

YC

********************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

သမ္မတဦးသိန်းစိန်အား ကုလအထွေထွေ ညီလာခံတက်ရောက်ရန် ကုလ ဒု-အတွင်းရေးမှူးချုပ် ဖိတ်ခေါ်

၂၀၁၂ ဇွန်လ ၁၂ ရက်နေ့တွင် နေပြည်တော်၌ မြန်မာနိုင်ငံမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာဗီဂျေ နမ်ဘီး ယားတို့ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား လာမည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ပေးပါရန် ကုလ အထွေထွေ အတွင်းရေးမှူးချုပ်ကိုယ်စား ကုလ ဒု-အတွင်းရေးမှူးချုပ်က ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

“နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို လာမည့် ကုလ အထွေထွေညီလာခံကို တက်ပေးဖို့ မစ္စတာဗီဂျေနမ်ဘီးယားက ဖိတ်ခေါ်ခဲ့ပါတယ်။ သမ္မတ ကြီး သွားတက်မယ်လို့ ထင်ပါတယ်”ပာု နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့တွင် ပါဝင်သူတစ်ဦးက ဆိုသည်။

ယင်းတွေ့ဆုံပွဲတွင် မစ္စတာဗီဂျေနမ်ဘီးယားက သမ္မတဦးသိန်းစိန်အား လာမည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ပါရန် ကုလ သမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ်က မျှော်လင့်နေကြောင်းနှင့် ကုလသမဂ္ဂအနေဖြင့် ငြိမ်းချမ်းရေးရန်ပုံငွေမှ ကနဦး အမေရိကန်ဒေါ်လာ ငါးသန်း ထည့်ဝင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဆက်လက် အကောင်အထည်ဖော်ချိန်တွင် ထပ်မံထည့်ဝင်သွားရန် အစီအစဉ် ရှိကြောင်း ပြောကြားသည်။

ယခုကဲ့သို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ကုလ အထွေထွေညီလာခံသို့ တက်ရောက်ရန် ဖိတ်ခေါ်ရခြင်းမှာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဥရောပသမဂ္ဂအပါအင် ကုလသမဂ္ဂနှင့် ရရှိသည့် သဘောတူ ညီချက် အစိတ်အပိုင်းတစ်ရပ်အဖြစ် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အပြင် ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၁)ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရာတွင် လက်ရှိအချိန်တွင် အဖွဲ့ (၁၀)ဖွဲ့နှင့် အပစ်အခတ်ရပ်စဲ ရေး သဘောတူညီမှုများရရှိခဲ့ကြောင်း သိရသည်။

Ref:Flower News

-----------------------------------------------------------------------------------------------------------------------------------

NDF ပါတီ တတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေး ပြုလုပ်

ဇွန်လ ၁၆ ရက်နေ့မှ စတင်၍ နှစ်ရက်ကြာ နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ပါတီမှ တတိယအကြိမ် ဗဟို ကော်မတီအစည်းအဝေးအား ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အမှတ်(၅) ဦးဂွယ်လမ်း၊ စမ်းချောင်း တောင်ရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ယင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"ပထမနေ့မှာ ပါတီခေါင်းဆောင်နဲ့ ပါတီဥက္ကဋ္ဌတို့ အသီးသီးမိတ်ဆက်ပြီး အမှာစကားပြောတယ်။ ပြီးတော့ အစည်းအဝေးကို တက်ရောက်ကြတဲ့ ဗဟိုဦးစီးကော်မတီဝင်တွေကို မိတ်ဆက်တယ်ပေါ့။ ပါတီမူဝါဒရေးရာကော်မတီနဲ့ပတ်သက်ပြီး စည်းရုံးရေးဆိုင်ရာ တင်ပြချက်စာတမ်းတွေကို ပါတီခေါင်း ဆောင်တွေက ဖတ်တယ်။ တင်သွင်းစရာရှိတာ တင်သွင်းတယ်။ ဒုတိယနေ့မှာ ပထမနေ့က တင်သွင်းထားတာတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အလိုက် ပြန်ဆွေးနွေးတယ်။ ပါတီဥက္ကဋ္ဌအဖြစ် ဦးခင်မောင်ဆွေကို တာဝန်ပေးပြီး ပါတီခေါင်းဆောင်အဖြစ် ဒေါက်တာသန်းငြိမ်းက တာဝန်ယူလိုက် တယ်"ဟု ၎င်းက ပြောကြားသည်။

ထို့နောက် တတိယအကြိမ် ဗဟိုဦးစီးကော်မတီအစည်းအဝေးကျင်းပသည့် ဒုတိယမြောက်နေ့ ဇွန်လ ၁၇ ရက်နေ့၌ ပထမနေ့တွင် ပါတီဥက္ကဋ္ဌ နေရာနှင့် ပါတီခေါင်းဆောင်နေရာများအား ခွဲဝေတာဝန်ယူခဲ့ကြပြီး မူဝါဒရေးရာကော်မတီအား ဖျက်သိမ်း၍ အဖွဲ့ဝင်များအား ဗဟိုအလုပ်အမှုဆောင် ကော်မတီ၌ ထည့်သွင်းခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ကောမတီ၏ အစည်းအဝေးသို့ တင်သွင်းသည့် စာတမ်းနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ ပြီး လာမည့်ရွေးကောက်ပွဲ၌ အချို့ကျကိုယ်စားလှယ်စနစ် အသုံးပြုသင့်ကြောင်း အဆိုနှင့် ပတ်သက်၍ ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေမှ အဆိုတင်သွင်းပြီး ဗဟိုဦးစီးကော်မတီဝင်များ၏ ထောက်ခံမှုဖြင့် အတည်ပြုလိုက်ပြီး ၂၀၁၀ရွေးကောက်ပွဲမှာ NDF ပါတီကနေ ဝင်အရွေးခံပြီး အနိုင်ရရှိသွားတဲ့အခါ ပါတီကို ပစ်သွားတဲ့ ပါတီပြောင်းသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တို့နှင့် ပတ်သက်၍ ရှုံ့ချကြောင်း အဆိုအား ဗဟိုဦးစီးကော်မတီဝင်တစ်ဦးက တင်သွင်းရာ ငါးဦးက ထောက်ခံဆွေးနွေးခဲ့သောကြောင့် အတည်ပြုခဲ့ကြောင်း သိရသည်။

"ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက နောက်လာမယ့် ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားလှယ်စနစ် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး အသုံးပြု သင့်တယ်ဆိုတဲ့ အဆိုကို တင်သွင်းပြီး ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းက အဲဒီစနစ်အကြောင်း ရှင်းပြပြီး ကော်မတီဝင်တွေရဲ့ ထောက်ခံမှုနဲ့ အတည်ပြုလိုက်တယ်။ ပြီးတော့ ပထမနေ့က ဖတ်ကြားခဲ့တဲ့ စာတမ်းသုံးခုနဲ့ ပတ်သက်ပြီး တက်ရောက်လာတဲ့ ကော်မတီဝင်တွေက သူတို့ရဲ့ အမြင်သ ဘောထားကို တင်ပြပြီး မေးမြန်းကြတယ်။ နောက်ဆုံးမှာ ပါတီမူဝါဒရေးရာကော်မတီ ဖျက်သိမ်းခြင်းကို အတည်ပြုလိုက်တယ်။ ဗဟိုအလုပ်အမှုဆောင် ကော်မတီဥက္ကဋ္ဌအဖြစ် ဦးခင်မောင်ဆွေကို တာဝန်ပေးတာရယ်၊ ဒေါက်တာသန်းငြိမ်းကို ပါတီခေါင်းဆောင်အဖြစ် တာဝန်ပေးတာရယ်နဲ့ ဗဟိုဦးစီးကော် မတီဝင်အသစ် လေးဦး ထပ်ခန့်တာတွေကို တက်ရောက်ကြတဲ့ ကော်မတီဝင်တွေရဲ့ သဘောထားထောက်ခံချက်နဲ့ အတည်ပြုလိုက်တယ်။ နောက်ပြီး ပါတီပြောင်းသွားတဲ့ ပါတီက နှုတ်ထွက်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး ရှုံ့ချကြောင်းအဆိုကို တင်သွင်းပြီး အတည်ပြုခဲ့ပါသေး တယ်"ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

အဆိုပါ တတိယအကြိမ် ဗဟိုဦးစီးကော်မတီအစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပါတီမူဝါဒရေးရာကော်မတီဝင် များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဗဟိုဦးစီးကော်မတီဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး စည်းရုံးရေး ကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် (၈၀)ကျော် တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကျင်းပသည့် ဒုတိယနေ့အား မနက် ၁၀နာရီဝန်းကျင်ခန့်မှ စတင်ကျင်းပခဲ့ပြီး ညနေ ၅နာရီတွင် ပြီးဆုံးခဲ့ကြောင်း ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ATM

*****************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဖြစ်ခဲ့တာတွေတော့ ဖြစ်သွားခဲ့ပြီးပြီ။ဖြစ်သွားတဲ့အနေအထားမှာ ကြည့်လိုက်တဲ့အခါ ဘယ်သူမှမနိုင်ဘူး။ ဘယ်သူမှ အကျိုးအမြတ်မရှိဘူး။ သို့သော် ဒီဖြစ်ရပ်တွေ ဖြစ်စေချင်တဲ့ သူတွေကတော့ စိတ်ထဲမှာ နည်းနည်း ကျေနပ်ကောင်း ကျေနပ်သွားလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်တို့မှာ ဒုက္ခ တစ်ပုံတစ်ပင် ကြီးကို ရရှိလိုက်တာပဲ၊ အကျိုးအမြတ်ကတော့ ဖြစ်ပါတယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ဖြစ်ရပ်မျိုး ဘယ်နေရာမှာမှ ကျွန်တော်တို့ မဖြစ်စေ ချင်ဘူး။ ဘယ်သူမှ အမြတ်ထွက်တဲ့ကိစ္စ မဟုတ်တဲ့အတွက် မဖြစ်ဖို့ ကျွန်တော်တို့တစ်ဦးချင်းမှာ တာဝန်ရှိပြီး အသိတရားနဲ့ ပူပေါင်းဆောင်ရွက်ကြဖို့ လိုပါ တယ်။ စာရင်းဇယားအရ နှစ်ဖက်စလုံးနိဂုံးချုပ်မှာတော့ အရှုံးတရားတွေရရှိခဲ့တဲ့ဖြစ်ရပ် ဖြစ်ပါတယ်”

WEEKLY ELEVEN ဂျာနယ် အတွဲ(၇) အမှတ်(၃၇)တွင် ပါရှိသည့် “ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲပြုလုပ်"သတင်းမှ ရခိုင်ပြည်နယ် ဥပဒေအရာရှိချုပ် ဦးလှသန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အခုလက်ရှိပြည်တွင်းငြိမ်းချမ်းရေး အလုပ်သမားဆန္ဒပြတဲ့ကိစ္စတွေ အရေးကြီးသလို လယ်သမားတွေရဲ့ အခက်အခဲတွေလည်း အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်နိုင်ငံလုံးမှာ လယ်သမား သန်းသုံးရာလောက်ရှိတယ်။ ဒီကိစ္စတွေဖြေရှင်းဖို့ အတွက်ပထမအချက်ကတော့ လွှတ်တော်မှာ စပါး အာမခံဈေးနှုန်း သတ်မှတ်ပေးဖို့လိုတယ်။ ဒါကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြပြီးပြီ။ ဒုတိယအချက်ကတော့ လယ်သမားတွေကို တစ် ဧက တစ်သိန်းနှုန်းနဲ့ စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးပေးဖို့လိုတယ်။ ပြီးတော့ တတိယအရေးအကြီးဆုံးအချက်က လယ်သမားတွေအတွက် အရေးပေါ် အခြေအနေ ကြေညာပေးဖို့လိုတယ်”

မြန်မာပို့စ်ဂျာနယ် အတွဲ(၄) အမှတ်(၂၃)တွင် ပါရှိသည့် "လာမည့်လွှတ်တော်တွင် လယ်သမားများအား အကာအကွယ်ပေးရေးဥပဒေအဆို တင်သွင်း ဆွေးနွေးမည်”သတင်းမှ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းမှ သုတေသနပညာရှင် ဒေါက်တာစိုးထွန်း၏ အကြံပြုပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 **********************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment