Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၈.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. တံခါးကိုသာ ဖွင့်ထားလိုက်ပါ

*****************************************

ဆောင်းပါးကဏ္ဍ

တံခါးကိုသာ ဖွင့်ထားလိုက်ပါ

မိုးမြင့်ငြိမ်း

စာရေးသူသည် ယခုနှစ်နောက်ပိုင်း မြန်မာစာပေလောကရှိ စာရေးဆရာကြီးများ၏ စေတနာကောင်းမှုကြောင့် ဂလိုဘယ်အိုင်ဒီယာများ အကြောင်း ရေးထားသည့် စာအုပ်များကို ဖတ်ရှုခွင့်ရခဲ့ပါသည်။ ထိုစာအုပ်များတွင် အဓိကရေးထားသည့် အကြောင်းအရာများမှာ လူအဖွဲ့အစည်း တော်တော်များများသည် ကမ္ဘာပြုမှုဖြစ်စဉ်ကြီးနှင့်အတူ မြန်မြန်ဆန်ဆန်ပြောင်းလဲနေပြီဟူ၍ ဖြစ်သည်။ နိုင်ငံရေးမျက်နှာစာတွင် နိုင်ငံအများစုမှာ ဒီမိုက ရက်တိုက်ဇေးရှင်းကို ဖြတ်သန်းနေကြသလို စီးပွားရေးမျက်နှာစာတွင်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ စီးပွားရေးအရ ပိုမို အမှီသဟဲပြုလာကြသည်။ လူမှု ရေးမျက်နှာစာတွင်လည်း ယဉ်ကျေးမှု တစ်ခုနှင့်တစ်ခုရောယှက်လာသည့်အတွက် ရှောင်လွဲဖို့ခက်သည့် ယဉ်ကျေးမှုခြင်းတိုးတက်မိခြင်းများ(ဥပမာ- အမေရိကန်နှင့် အယ်ကိုင်းဒါးလက်နက်ကိုင်တွေကြား ဖြစ်ပွားသည့် စစ်ပွဲ)၊ နိုင်ငံတစ်နိုင်ငံတည်းတွင်တောင် လွှမ်းမိုးမှုကြီးသည့် ယဉ်ကျေးမှုနှင့် အခြား ယဉ်ကျေးမှုများကြား ပဋိပက္ခဖြစ်ခြင်းမျိုးကို အနည်းနှင့်အများ ကြုံတွေ့နေရသည်။

ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲလျက်ရှိနေသည်ဟု ယေဘူယျ နားလည်၍ရနေသော်လည်း လွန်ခဲ့သည့် သုံးနှစ်တာကာလအထိ ထိုအပြောင်း အလဲများသည် စာရေးသူတို့ လူ့အဖွဲ့အစည်းနှင့် လုံးဝသက်ဆိုင်မှု မရှိသလိုဖြစ်နေသည်။ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများ၏ နည်းပညာဖိတ်စင်မှုကို မြို့ပြ လူထုတချို့ ခံစားရသော်လည်း ယင်းတိုးတက်သည့် နည်းပညာများကို ထိထိရောက်ရောက် အသုံးချနိုင်ခွင့်မရှိခဲ့ပါ။ မြန်မာနိုင်ငံကို အပြောင်းအလဲဖြစ် သွားစေနိုင်သည့် အကြောင်းအရာမှာ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သော နာဂစ်မုန်တိုင်းပင်ဖြစ်သည်။ ယင်းမုန်တိုင်းကြောင့် ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ယခင် တပ်မတော်အစိုးရလက်ထက်မှ နိုင်ငံတော်အကြီးအကဲများ မုန်တိုင်းကျရောက်ရာ ပြည်သူများ၏ အခြေအနေကို သွားရောက်ကြည့်ရှုချိန်မှစ၍ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများကိုလုပ်ဆောင်ရန် အချိန်တန်ပြီဟု စိတ်ဆန္ဒများ ရှိသွားခဲ့ဟန်ရှိ သည်။

ထိုအချိန်မှစတင်၍ မြန်မာနိုင်ငံမှာ အုပ်ချုပ်မှုပုံစံတစ်ခုလုံး ပြောင်းလဲသွားခြင်းမရှိသေးသော်လည်း တစ်စစ ပြောင်းလဲလာပြီဖြစ်သည်။ သို့နှင့် ၂၀၁၁ ခုနှစ်အရောက်တွင် အာဏာပိုင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အပြီးတိုင် ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်မှစတင်၍ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန် မှာ ထင်ထားသည်ထက် ပိုမိုခဲ့သည့်အတွက် နိုင်ငံတကာ၏ အာရုံစိုက်မှုကို အထူးရရှိခဲ့သည်။ ယခင် တပ်မတော်အစိုးရလက်ထက်က ဝန်ကြီးချုပ်လုပ်ခဲ့ ဖူးသည့် ဦးသိန်းစိန်မှာလည်း ယခုဒီမိုကရေစီအစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့သည်။ သမ္မတဦးသိန်းစိန်ကဲ့သို့ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တစ်ဦးရရှိခဲ့သည်မှာ မြန်မာနိုင်ငံအတွက် ကံကောင်းသည်ဟု ကောက်ချက်ချ၍ ရနိုင်ပါသည်။ သူ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီအရေးကို နှစ်ပေါင်းများစွာအနစ်နာခံ၍ ဆောင်ရွက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံ နိုင်ငံရေးအကျဉ်းသား များအားလုံး ပင်မရေစီးကြောင်းနိုင်ငံရေးတွင် ပါဝင်နိုင်ခဲ့ပြီး အမျိုးသားစည်းလုံးညီညွတ်မှုကို တဖန်ပြန်လည်ရရှိခဲ့သည်။

နိုင်ငံရေးအပြောင်းအလဲများကို မြန်မြန်သွက်သွက်ဆောင်ရွက်နိုင်ခဲ့သော်ငြားလည်း နိုင်ငံအမှန်တကယ် ဖွံ့ဖြိုးတိုးတက်ဖို့ မြန်မာနိုင်ငံမှာ လုပ်စ ရာ များစွာ ကျန်ရှိနေပါသေးသည်။ အထူးသဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံကျသော စီးပွားရေးအပြောင်းအလဲများကို ယခုမှစတင်၍ လုပ် ဆောင်နေရသည်။ အနောက်နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို အပြီးတိုင်ရုပ်သိမ်းဖို့ တောင်းဆိုထားသည့်အပြင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ လာရောက်ဖို့ ဖိတ်ခေါ်ထားသည်။ သို့သော် ဦးသိန်းစိန်အစိုးရ၏ ရပ်တည်ချက်နှင့် ဒေါ်အောင်ဆန်းစုကြည် ရပ်တည်ချက်တို့အကြား တွင် နိုင်ငံ၏စီးပွားရေးနှင့် ပတ်သက်၍ အကျပ်အတည်း ဖြစ်စရာကိစ္စတစ်ခုရှိနေသည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိုင်းနိုင်ငံဘန် ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရိမ်တွင် တက်ရောက်လာကြသော စီးပွားရေးလုပ်ငန်းရှင်းများအား ပြောကြားသွားမှုတွင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု အားမကောင်းသေးသည့်အတွက် ရင်းနှီးမြုပ်နှံသူများအနေဖြင့် သတိတိကြီးကြီး ထားသင့်ကြောင်း ပြောကြားသွားခဲ့သည်။ စာရေးသူအမြင်၌ သူ့အနေဖြင့် ရင်းနှီးမြုပ်နှံသူများ မြန်မာနိုင်ငံသို့ လာရောက် စီးပွားရေးလုပ်ကိုင်ရာတွင် သတိထားဖို့ ပြောကြားခြင်းထက် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု၊ တရားရေးမဏ္ဍိုင် အားကောင်းမှုရှိအောင်နှင့် စွမ်းဆောင်ရည်ပြည့်သည့် ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်များရှိအောင်သာ အလေးထား ပြောကြားသင့်သည်။

ဤသည်ကို နိုင်ငံရေးဘောဂဗေဒသဘောတရားအရ ကျမ်းရိုးသစ်ဘောဂဗေဒရှုထောင့်မှကြည့်လျှင် ဦးသိန်းစိန်အစိုးရမှာ နိုင်ငံတော်သည် စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်ပြီး စီးပွားရေးရင်းမြစ်များကို အကန့်အသတ်နှင့် ဝေခွဲကာ ခိုင်မာသော ပုဂ္ဂလိကပိုင်ဆိုင်ခွင့်များ ပြဋ္ဌာန်း၍ စီးပွားရေးဖွံ့ဖြိုးမှုကို အရယူဖို့ဟူသော Contract theory ရှုထောင့်မှ ဖြစ်သည်။ သို့သော် တရားဥပဒေစိုးမိုးမှုနှင့် ကောင်းမွန်သည့် အုပ်ချုပ်ရေး မရှိသည့်အခါတွင် ထိုကဲ့သို့ ဖြစ်ပေါ်လာရန် ခဲယဉ်းပြီး နိုင်ငံတော်၏ ထိပ်ဆုံးလူတန်းစားတစ်စုမှ စီးပွားရေးရင်းမြစ်များကို အမြတ်ထုတ်သလိုဖြစ်သွားပြီး အများစုဆင်းရဲကာ လူတစ်စုသာ ချမ်းသာသလို ဖြစ်သွားသည်။ ဒေါ်အောင်ဆန်းစုကြည်ပြောသည့် ရှုထောင့်မှာ Marxist framework မှလာသော နိုင်ငံ တော်မှ စီးပွားရေးအရင်းအမြစ်များကို အမြတ်ထုတ်ကာ လူတန်းစားတစ်ခုသာ ချမ်းသာအောင်လုပ်သော exploitation theory ပင် ဖြစ်သည်။ သို့သော် စီးပွားရေးအင်စတီကျူးရှင်းများ၏ လုပ်ဆောင်ချက်ကို ထည့်သွင်းမစဉ်းစားသလို ဖြစ်နေသည်။ ထိုအတွက်ကြောင့် ဦးသိန်းစိန်အစိုးရအနေဖြင့် တရားဥပ ဒေစိုးမိုးမှုကို ပိုမိုအလေးထား လုပ်ဆောင်သင့်သလို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို လာရောက်ရန် သတိပေးဟန့် တားခြင်းထက် တရားရေးမဏ္ဍိုင် အားကောင်းအောင်သာ တိုက်တွန်းသင့်ပါကြောင်း။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment