Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

 ၂၅.၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ပိာုတယ်များ၏ ဝန်ဆောင်မှုညံ့ဖျင်းခြင်းကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ၉၅% ကျော်ရပ်တန့်ရတော့မည်
  2. လယ်သမားအရေးဆောင်ရွက်သူ ဦးခင်ဇော်နှင့် လယ်သမားသုံးဦး အာမခံမရ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မတရားအသင်းဥပဒေပုဒ်မ ပြည်ထောင်စုဝန်ကြီး နှုတ်မိန့်ဖြင့် ပယ်ဖျက်ခဲ့
  2. ရွှေပြည်သာ NLD ၏ ရပ်/ကျေး ရုံးဖွင့်ပွဲ ဆန္ဒပြကန့်ကွက်ခံရ
  3. ဒီမိုမိတ်ဆွေပါတီများ ပူးပေါင်း၍ အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************

ပြည်တွင်းသတင်းများ

ပိာုတယ်များ၏ ဝန်ဆောင်မှုညံ့ဖျင်းခြင်းကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ၉၅% ကျော်ရပ်တန့်ရတော့မည်

မြန်မာ့ခရီးသွားလုပ်ငန်းအနေဖြင့် ပြည်တွင်းရှိ ပိာုတယ်များ၏ ဝန်ဆောင်မှုညံ့ဖျင်းခြင်း၊ ပိာုတယ်အခန်းမလုံလောက်ခြင်းနှင့် ကြိုတင် အခန်းမှာ ယူ၍ မရရှိမှုအခက်အခဲတို့ကြောင့် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန် အခြေအနေမရှိတော့သည့်အတွက် ခရီးသွားလုပ်ငန်းကုမ္ပဏီ ၉၅% ကျော် လုံးဝ ရပ်ဆိုင်းရတော့မည့်အခြေအနေတစ်ခုသို့ ရောက်ရှိနေကြောင်း ခရီးသွားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“နိုင်ငံခြားသားတွေ လာတည်းဖို့အတွက် အခန်းကြိုတင် ဘွတ်ကင်လုပ်ရင် မှာလို့မရပါဘူး။ အခန်းအရည်အသွေးတွေကလည်း အရမ်းညံ့ဖျင်းပါ တယ်။ မှာလိုက်ရင် အမြဲတမ်းပြောတာက အခန်းမလုံလောက်တော့လို့ တည်းလို့မရတော့ပါဘူးဆိုတာတွေကြီးပဲဆိုတော့ ခရီးသွားလုပ်ငန်းကလည်း ဆက်ရပ်ဖို့ အခက်အခဲဖြစ်နေပါပြီ။ ပိာုတယ်တွေကို အားကိုးပြီး ဒီလုပ်ငန်းလုပ်ကိုင်တယ်ဆိုမှာတော့ ပိာုတယ်အဆင်မပြေရင်တော့ ရပ်ရတော့မှာပဲ”ပာု မြန်မာ့ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် ပြည်တွင်းရှိ ခရီးသွားကုမ္ပဏီများစုစည်း၍ လက်ရှိဖြစ်ပေါ်လျက်ရှိသော အခက်အခဲအကြပ်အတည်း ပြဿနာ များကို ဝန်ကြီးဌာနသို့ အဓိကအချက် ငါးချက်ဖြင့် တင်ပြနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအခြေအနေသည် တိုးတက် လာနိုင်မည့် အနေအထားသို့ ရောက်ရှိနေသော်လည်း တကယ်လက်တွေ့တွင်မူ ခရီးသွားလုပ်ငန်းများမှ ရရှိသည့် အကျိုးအမြတ်များမှာ နိုင်ငံသားများ ခံစားခွင့် နည်းပါးလျက်ရှိနေသေးကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးများတွင် အရေးပါဆုံးအခန်းကဏ္ဍတစ်ခု ဖြစ်လာမည့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပင်မစီမံကိန်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစတင်၍ နော်ဝေအစိုးရနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့မှ အကူအညီများပေးသွားမည်ဖြစ်ကြောင်း နေပြည်တော်ရှိ ဇမ္ဗူသီရိပိာုတယ်တွင် ကျင်းပခဲ့သည့် ပာိုတယ်ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ သင်တန်းဖွင့်ပွဲ၌ ပိာုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြားသည်။

“မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အရေးပါတဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ ပင်မစီမံကိန်းတွေအတွက် နော်ဝေနဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဘဏ်က အကူအညီတွေပေးသွားမယ်လို့ ဝန်ကြီးက ဆိုသွားပါတယ်။ လက်ရှိမှာ မြန်မာ့ခရီးသွားလုပ်ငန်းမှာလည်း အခက်အခဲတွေ တွေ့နေရပါ တယ်။ ဒီ အခက်အခဲတွေကို ခရီးသွားဝန်ကြီးဌာနကို တင်ပြသွားမှာပါ”ပာု မြန်မာ့ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ပိာုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် တောင်ကြီးမြို့ များတွင် ပိာုတယ်ဝန်ဆောင်မှု သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပြီး လာမည့်နှစ်များ၌ ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားအဖွဲ့တို့နှင့် ပူးပေါင်း၍ သင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပိာုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

လယ်သမားအရေးဆောင်ရွက်သူ ဦးခင်ဇော်နှင့် လယ်သမားသုံးဦး အာမခံမရ

မြန်မာနိုင်ငံအတွင်းရှိ လယ်သမားများ၏ ဘဝကို စာနာထောက်ထားသောအားဖြင့် လယ်သမားအရေး လိုက်ပါ ကူညီဆောင်ရွက်ခဲ့ကြသည့် အတွက် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ(၆/၁)ဖြင့် တရားစွဲဆိုဖမ်းဆီးခြင်းခံခဲ့ရသည့် ဦးခင်ဇော်နှင့် လယ်သမားသုံးဦး အာမခံ ရရှိခြင်း မရှိကြောင်း တောင်သူတစ်ဦးက ဆိုသည်။

“ပြည်သူပိုင်ပစ္စည်း စောင့်ရှောက်ရေးဥပဒေနဲ့ဆိုပြီး ဦးခင်ဇော်နဲ့ လယ်သမားတွေကို ဖမ်းဆီးထားပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က ဖြူးရဲစခန်း က ဦးခင်ဇော်အမှုကို ပုဒ်မ ၄၄၇ နဲ့ပလပ်လိုက်ပေမယ့် ဦးခင်ဇော်နဲ့ လယ်သမား ၃ ဦးကို အာမခံမပေးဘဲ ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

တောင်သူလယ်သမာများက ဖြူးမြို့နယ်အတွင်းရှိ လယ်မြေအတွင်း ကျွန်းပင်ပေါက်များ စိုက်ပျိုးထားကာ ကျွန်းစိုက်ခင်းပာု ဆိုင်းဘုတ်ထောင် ထားသည့်အတွက် လယ်သမားအရေးဆောင်ရွက်နေသူ ဦးခင်ဇော်အား အကူအညီတောင်းခံခဲ့ရာ ပြီးခဲ့သည့် မေလ ၂ ရက်နေ့တွင် လယ်သမားများမှ ဖြူးမြို့နယ်အတွင်းရှိ လယ်မြေများသည် တောင်သူများပိုင်ဆိုင်ကြောင်း ဘုတ်ဆိုင်းထူခဲ့သည့်အတွက် ၁၁၅ မိုင် ယာဉ်ရပ်နားစခန်း အုပ်ချုပ်ရေးမှူးက ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ (၆/၁)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

“တောင်သူတွေရဲ့ လယ်မြေတွေအပေါ်မှာ လယ်ပဲစိုက်ရတော့မှာပေါ့။ ဘာဖြစ်လို့ ကျွန်းပင်တွေ လာစိုက်ရမှာလဲ။ ဒီကိစ္စအပေါ်မှာ မခံမရပ်နိုင် လို့ တောင်သူဘက်က ကူညီဆောင်ရွက်ပေးတဲ့သူတွေကိုပါ အရေးယူတယ်ဆိုတော့ တောင်သူအတွက် အားကိုးရာမဲ့နေပြီပေါ့”ပာု ဖြူးမြို့နယ်အတွင်းမှ တောင်သူတစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း လယ်ယာပိုင်ဆိုင်မှုပြဿနာ အများအပြားဖြစ်ပေါ်လျက်ရှိပြီး တောင်သူများမှာလည်း စပါးဈေးကျဆင်းမှု များ၊ လယ်ယာမြေလုပ်သားရှားပါးမှုများနှင့် စိုက်စရိတ်ချေးငွေအပြည့်အဝ မရမှုများကြောင့် အခက်အခဲ၊ အကြပ်အတည်းနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း သိရသည်။

Ref:Newday News

*****************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မတရားအသင်းဥပဒေ ပြည်ထောင်စုဝန်ကြီး နှုတ်မိန့်ဖြင့် ပယ်ဖျက်ခဲ့

ဇွန်လ ၂၁ရက်နေ့တွင် ကချင်ပြည်နယ်၌ မတရားဥပဒေ ပုဒ်မ ၁၇(၁)အား ပယ်ဖျက်ကြောင်း အစိုးရအဖွဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီ၏ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းမှ နှုတ်မိန့်ဖြင့် ပြည်နယ်ဝန်ကြီးချုပ်မှတဆင့် ဌာနဆိုင်ရာများအား ညွှန်ကြားခဲ့ကြောင်း သတင်းများအရ သိရှိရသည်။

ယင်းသို့ နှုတ်မိန့်ဖြင့် ညွှန်ကြားချက်ထဲ၌ ဇွန်လ ၂၁ရက်နေ့မှ စတင်၍ မတရားအသင်းဆက်သွယ်မှုနှင့် ပတ်သက်၍ KIO အား မဖမ်းဆီးရန်နှင့် ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရန် ဗန်းမော်လေဆိပ်၌ မှာကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး  လက်ရှိအချိန်၌ မတရားအသင်းဥပဒေပုဒ်မဖြင့် ဖမ်းဆီးထားသည့်သူ တစ်ဦးတစ်ယောက်မျှမရှိကြောင်းနှင့် အခြားပုဒ်မများဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့်သူများသာရှိကြောင်း သိရသည်။

"လက်ရှိမှာ KIO နဲ့ ပတ်သက်ပြီး မတရားအသင်းဥပဒေ ပုဒ်မနဲ့ ဖမ်းထားတာတွေ မရှိပါဘူး။ ဒါပေမယ့် ဘိန်းမှုတွေ၊ ခိုးမှုတွေနဲ့ အခြားအမြင် ကတ်ပုဒ်မတွေပဲ ရှိပါတယ်။ ပြီးတော့ အရင် ၁၉၉၄ အပစ်အခတ်ရပ်တဲ့အချိန်ကစပြီး အဲဒီ မတရားအသင်းဥပဒေပုဒ်မနဲ့ မချတော့တာပါ"ဟု KIO နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ထို့ပြင် ဇွန်လ ၁၅ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ် ရွှေစက်ကျေးရွာ နှစ်ခြင်းအသင်းတော်ဘုရားကျောင်း၌ ဖွင့်လှစ်ထားသည့် စစ်ပြေးဒုက္ခသည် စခန်းမှ စစ်ပြေးဒုက္ခသည် လေးဦးအား ဝိုင်းမော်မြို့နယ်မှ တပ်ဖွဲ့ ခရလ ၃၇ မှ ဖမ်းဆီးထားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပြီး ယင်းလေးဦးနှင့် အတူ ဖမ်းဆီးခံခဲ့ရသည့် ဆားမှော်မြို့နယ်မှ ကျွဲကုန်သည် လင်မယားနှစ်ဦးနှင့် တာလောကြီးကျေးရွာမှ အမျိုးသမီးတစ်ဦးတို့အား ပြန်လွှတ်ပေးခဲ့ပြီး ငွေကျပ် ၁၂ သိန်းပေးဆောင်ခဲ့ရကြောင်း သတင်းများအရ သိရှိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ရွှေပြည်သာ NLD ၏ ရပ်/ကျေး ရုံးဖွင့်ပွဲ ဆန္ဒပြကန့်ကွက်ခံရ

၂၀၁၂ ဇွန်လ ၂၃ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအင်အားစု(NLD)ပါတီ၏ ရွှေပြည်သာမြို့နယ်၊ ထ/၁၆ ရပ်ကွက်၊ အောင်တေဇလမ်း၊ ဦးကျော်ထွန်းဦးနေအိမ်တွင် ပြုလုပ်ကျင်းပခဲ့သည့် NLD ရပ်/ကျေးရုံးဖွင့်လှစ်ပွဲကို NLD ပါတီဝင်အချို့က ဆန္ဒပြကန့်ကွက် ခဲ့ကြောင်း NLD ပါတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ဒီကိစ္စမှာ NLD ပါတီပာာ ပြည်သူတွေရဲ့ဆန္ဒ၊ ပါတီဝင်တွေရဲ့ ဆန္ဒမပါဘဲ ရွှေပြည်သာမြို့နယ်မှာ NLD ပါတီရဲ့ ရပ်/ကျေးရုံးဖွင့်လို့ ဆန္ဒပြကန့် ကွက်ခဲ့တာပါ။ အခု ဒီရုံးဖွင့်သွားတာက ဗပာိုဦးစီးစနစ်ကို ကျင့်သုံးသွားတဲ့ပုံစံမျိုးပါ။ သူတို့ရဲ့လုပ်ရပ်တွေကြောင့် အန်တီစုရဲ့ ဂုဏ်သိက္ခာပိုင်းကို ထိခိုက် နိုင်တဲ့အတွက် ခုလို ဆန္ဒပြကန့်ကွက်ရတာပါ။ ကျွန်တော်လည်း NLD ပါတီဝင်တစ်ဦးပါပဲ။ NLD ပါတီရဲ့ မူဝါဒပိုင်းတွေ၊ စေတနာတွေကို ယုံလည်း ယုံကြည်ပါတယ်။ လက်လည်းခံပါတယ်။ ဒါပေမယ့် NLD ကလူတစ်ချို့ကိုတော့ ကျွန်တော်မုန်းနေပြီ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာ့အရေးလေ့လာနေသူတစ်ဦးက “ဒီမိုကရစီ၊ ဒီမိုကရေစီလို့ ခနခနပြောပြီး NLD ပါတီအနေနဲ့ ဒီလိုမျိုး ဒီမိုကရေစီ မကျတဲ့ နည်းလမ်းတွေကို အသုံးမပြုသင့်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ခု ဘယ်သူ့ကို ယုံကြည်ရကောင်းမှန်း မသိတော့ဘူး။ ပြည်သူတွေက ယုံကြည်လို့ ဇက်ပေါ်ကဓားကို မမှုပဲ တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကော တကယ်ဒီမိုကရေစီကျလားဆိုတာ မေးစရာဖြစ်လာပါပြီ”ပာု ဆိုသည်။

အမျိုးသားဒီမိုကရစီအင်အားစု NLD ပါတီသည် ၂၀၁၂ ဧပြီ ၁ ရက်နေ့တွင်ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် (၄၅) နေရာအနက် (၄၃)နေရာတွင် NLD လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိခဲ့ပြီး လွှတ်တော်တွင်းဒုတိယအမတ်အများဆုံး ပါတီတစ်ခု အဖြစ် ရပ်တည်လျက်ရှိသည်။

Ref:မြန်မာပို့စ်

--------------------------------------------------------------------------------------------------------------------------------

ဒီမိုမိတ်ဆွေပါတီများ ပူးပေါင်း၍ အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်မည်

ဇွန်လ ၂၆ ရက်နေ့၌ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ၏ အဖွဲ့ချုပ်ရုံးတည်ရှိသည့် တာမွေမြို့နယ်ရှိ မေတ္တာညွန့်ရပ်ကွက်၌ ဒီမိုက ရေစီမိတ်ဆွေပါတီများမှ အစည်းအဝးတစ်ရပ်အား နေ့လည် ၁နာရီမှစတင်၍ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း NDF ပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"အစည်းအဝေးကို ဒီမိုကရေစီမိတ်ဆွေပါတီ ၁၀ပါတီပေါင်းပြီး ပြုလုပ်မှာပါ။ အစည်းအဝေးမှာ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာပါ။ ပြီးရင် ကြေညာချက်တစ်စောင် ထုတ်ပြန်ဖို့လည်းရှိပါတယ်"ဟု ၎င်းက ဆိုသည်။

NDF ပါတီသည် ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့၌ တတိယအကြိမ် ဗဟိုဦးစီးကော်မတီအစည်းအဝေးတစ်ခုအား စမ်းချောင်း မြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ပါတီဥက္ကဋ္ဌတာဝန်အား ဦးခင်မောင်ဆွေသို့ လွှဲပြောင်းပေးခဲ့ပြီး ပါတီနိုင်ငံရေးခေါင်းဆောင်အဖြစ် ဒေါက်တာသန်းငြိမ်းအား တာဝန်လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရပြီး ဇူလိုင်လ ၄ရက်နေ့၌ ကျင်းပပြုလုပ်မည့် လွှတ်တော်ပုံမှန်အစည်းအဝေး၌ ပါတီပစ် ခြင်းနှင့် ပါတီပြောင်းသွားကြသည့် ကိုယ်စားလှယ်လောင်းများအား ရှုံ့ချရေးဆိုသည့် အဆိုနှင့် ပတ်သက်၍ တင်သွင်းမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် လာမည့် ဇွန်လ ၂၉ ရက်နေ့၌ NDF ပါတီသို့ ပါတီဝင်အဖြစ် ဝင်ရောက်မည့် ပဲခူးမြို့နယ်မှ လမ်းပြကြယ် ဦးအေးမြင့် ဦးဆောင်သည့် ပါတီဝင်သစ်များနှင့် ပါတီခေါင်းဆောင်များ တွေ့ဆုံပွဲအား နေ့လည် ၁နာရီတွင် မဟာဗန္ဒုလပန်းခြံလမ်းရှိ City Star Hotel ၌ ကျင်းပပြုလုပ်ရန် စီစဉ်ထား ကြောင်း NDFပါတီမှ ဗဟိုကော်မတီဝင်တစ်ဦး၏ ထပ်မံပြောကြားချက်အရ သိရှိရသည်။

ATM

*****************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“မြို့ပြက သူ့ဟာနဲ့သူ ဖွံ့ဖြိုးနေတယ်။ ကျေးလက်မှာနေတဲ့ ၇၀ ရာခိုင်နှုန်းဖွံ့ဖြိုးလာရင် နိုင်ငံတော်ကလည်း  သူ့အလိုလို ဖွံ့ဖြိုးလာမှာပါ။ ကျေးရွာတွေမှာ ဆိုရင် လမ်းမကောင်းရင် ကျောင်းသွားဖို့က အရမ်းခက်တယ်။ မြို့မှာဆိုရင် လမ်းမကောင်းရင်တောင် ကျောင်းသွားပြီး စာသင်လို့ရပါတယ်”

ဇွန် ၂၅ ထုတ် The Messenger အတွဲ (၃) အမှတ် (၅) တွင်ပါသည့် “ကျေးလက်ဒေသမဖွံ့ဖြိုးလျှင် နိုင်ငံဖွံ့ဖြိုးမည်မဟုတ်ဟုဆို” သတင်းမှ ပြည်သူ့ လွှတ်တော် ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးရေးဆန်းစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းလင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဗဟိုဘဏ်ရဲ့ မူဝါဒတွေအရရော မြန်မာစီးပွားရေးအနေအထားတွေအရပါ ငွေလဲနှုန်းက တဖြည်းဖြည်း တက်လာမှာပါ။ လေးငါးလအတွင်းမှာ ကျပ် ၉၀၀ ကျော် ၁၀၀၀ ကြားအထိ ဖြစ်လာနိုင်တယ်။ နိုင်ငံ့စီးပွားရေးမှာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုကို အားပြုပြီး ပို့ကုန်ဦးစားပေးမူဝါဒ သွားမယ့်အတွက် စီးပွား ရေးလုပ်ငန်းတွေ လုပ်သာကိုင်သာရှိတဲ့ ငွေလဲနှုန်းဖြစ်ဖို့ လိုတယ်”

ဇွန် ၂၇ ထုတ် Weekly ELE VEN NEWS အတွဲ(၇) အမှတ် (၃၈) တွင်ပါသည့် “ဧပြီလ ၂ ရက်နေ့နောက်ပိုင်း နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်မြင့်တက် နေ”သတင်းမှ ထွန်းဖောင်ဒေးရှင်းဘဏ်ဥက္ကဋ္ဌ ဦးသိန်းထွန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဒီဥပဒေက မရှိလို့မရဘူး။ လွှတ်တော်မှာ သေချာပြန်ဆွေးနွေးရမယ်။ ဆွေးနွေးတဲ့အခါ တခုခုလွဲသွားခဲ့ရင် အပြစ်ရှာ ထောက်ပြသလို ဖြစ်သွားမှာကို စိုးရိမ်ရတယ်။ အဲဒီလိုဖြစ်ရင် လွှတ်တော်မှာ ကြာသွားတတ်တယ်”

ဇွန် ၂၅ ထုတ် The Messenger အတွဲ (၃) အမှတ် (၅) တွင်ပါသည့် “နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေသစ် လာမည့် လွှတ်တော်အစည်းအဝေးအတွင်း အတည်ပြုနိုင်ဖွယ်ရှိ” သတင်းမှ ဦးကြည်မြင့်(လသာ)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**********************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment