Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၅.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စောင့်ကြည့်ရဦးမည့်ခေါင်းဆောင်

*****************************************

ဆောင်းပါးကဏ္ဍ

စောင့်ကြည့်ရဦးမည့်ခေါင်းဆောင်

မိုးမြင့်ငြိမ်း

နှစ်ပေါင်း ၂၄ နှစ်ကြာ နေအိမ်အကျယ်ချုပ်ဖြင့်နေပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ သို့ ရောက်ရှိခဲ့သည်။ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများကလည်းသူ့အားလွှတ်တော်အမတ်တစ်ဦးထက်ပိုသည့် အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။ ထိုင်းနိုင်ငံမှ လည်း ယင်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုကို ကမ္ဘာ့စီးပွားရေးဖိုရမ်ကျင်းပခြင်းဖြင့် ပြသလိုက်သလို ထိုင်းအစိုးရ၏ ဖိတ်ခေါ်မှုကြောင့် ဒေါ်အောင်ဆန်း စုကြည် ယင်းအခမ်းအနားသို့ ရောက်ရှိလာသည့်အတွက် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကိုအထူးရရှိခဲ့သည်။ များမကြာမီက ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပနိုင်ငံများသို့ သွားရောက်၍ သူကိုယ် တိုင်ကိုယ်ကျ မယူလိုက်ရသည့် နိုဘယ်ဆုကို နော်ဝေးနိုင်ငံအော်စလိုမြို့တွင် ကိုယ်တိုင်ရယူခဲ့သည်။

အနောက်နိုင်ငံများမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် အထူးအလေးပေး ဆက်ဆံခဲ့သည်ကို သတင်းမီဒီယာများမှလည်း ဝေဝေဆာဆာ တင်ပြ ကြသည်။ နိုင်ငံ၏ ဒီမိုကရေစီရေးအတွက် သူ၏ နှစ်ပေါင်းများစွာ အနစ်နာခံကြိုးစားခဲ့မှုအား အန္ဒိယအမျိုးသားခေါင်းဆောင် ဂန္ဒီ၊ လူမည်းအခွင့်အရေး လှုပ်ရှားသူ မာတင်လူသာကင်း (ဂျူနီယာ)၊ တောင်အာဖရိက အမျိုးသားခေါင်းဆောင် နယ်(လ်)ဆင်မင်ဒဲယ်လား အစရှိသည့် ခေါင်းဆောင်များနှင့် တ တန်းတည်း ထားခိုင်းနှိုင်းကြသည်။ အနောက်နိုင်ငံမှလည်း သူ့အား အပြည့်အဝထောက်ခံကြောင်းကို အမျိုးမျိုးသော ချီးမြှောက်ခြင်းများဖြင့် ပြသလိုက်ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လူချစ်လူခင်ပေါသည့် ခေါင်းဆောင်တစ်ဦး (Charismatic leader) ဖြစ်သည်မှာတော့ အမှန်ပင် ဖြစ်ပါသည်။ သူ သည် ပြည်တွင်းရှိ ပြည်သူလူထုများ၏ ထောက်ခံအားပေးမှုကိုသာမက နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံမှုကို ရရှိထားသူလည်း ဖြစ်သည်။ သို့သော် သူ၏ အာဏာရှင်အားဆန့်ကျင်ပြီး ဒီမိုကရေစီကို တိုက်ယူရမည်ဟူသောမူကို စွဲကိုင်ထားမှုအပေါ် ဝေဖန်သုံးသပ်သူများက လက်တွေ့ကျသည့် ခေါင်းဆောင်မဖြစ်နိုင်ဟု သံသယရှိခဲ့ကြသည်။ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအစိုးရအ ပေါ် ယုံကြည်မှုမှာ သိသိသာသာ တိုးလာသည်ဟုဆို၍ ရနိုင်ပါသည်။ သို့သော် ဦးသိန်းစိန်အစိုးရ၏ လုပ်ဆောင်မှုများအပေါ် သံသယဖြင့် စောင့်ကြည့်နေ ပါသေးသည်။ ယင်းကိုသူ၏ ဗြိတိန်ပါလီမန်မိန့်ခွန်းတွင် “မြန်မာတစ်ပြည်လုံးမှာ ရွေးကောက်ပွဲစည်းရုံးရေးဆင်းခဲ့တာ အခုဆိုရင် ရက် ၁၀၀ တောင် မရှိ သေးပါဘူး။ ဧပြီလ ၁ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပတာမို့ April Fool ဆိုတာကို သတိထားမိပါတယ်။ ဒါပေမဲ့ April of New Hope ဖြစ်ခဲ့ပြီး မဲဆန္ဒ ပေးပွဲဟာ လွတ်လပ်ပြီးတရားမျှတ တာတွေ့ရပါတယ်” ထည့်သွင်းပြောကြားသွားခဲ့သည်။

ထိုသို့ ဦးသိန်းစိန်အစိုးရ၏ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ပင်မနိုင်ငံရေးဖြစ်စဉ်သို့ ပါဝင်လာရန် ကမ်းလှမ်းလာမှုအပေါ် ပါးပါးနပ် နပ် တုံ့ပြန်လိုက်နိုင်သည်အတွက် သူမအားယခင်ကထက် ပို၍ လက်တွေ့ကျလာသည်ဟု သုံးသပ်၍ ရနိုင်ပါသည်။ သူကိုယ်တိုင်ကလည်း ထိုသို့ လက် တွေ့ကျအောင် ကြိုးစားနေသည်ဟုလည်း ဗြိတိန်ပါလီမန်မိန့်ခွန်းတွင် “ကျွန်မအဖေကို လက်တွေ့သမားလို့ ဗိုလ်ချုပ်ကြီးဆလင်းက ယုံကြည်ပြီး လက်တွဲ လုပ်နိုင်မယ့်သူလို့ မှတ်တမ်းတင်ထားပါတယ်။ အခု အနှစ် ၆၀ ကျော်လာတဲ့အခါမှာ ကျွန်မလည်း ဖခင်ကြီးလို လက်တွေ့ကျကျ လုပ်နိုင်အောင် ကြိုးစား နေပါတယ်။ ဒါကြောင့်လည်း အခုလို လာရောက်ပြီး လက်တွေ့အကူအညီပေးဖို့ မိတ်ဆွေအနေနဲ့ ဒိုးတူပေါင်ဖက် လာရောက်ပြောကြားနေတာပါ။ အခွင့် အရေးတွေ နှစ်ပေါင်းများစွာ ဆုံးရှုံးနေတဲ့ မြန်မာပြည်သားတွေရဲ့ ဘဝနဲ့ အခွင့်အလမ်းတွေအတွက် ပြုပြင်ရေးလုပ်ငန်းတွေကို ကူညီထောက်ပံ့ကြလို့ ကျွန်မပြောချင်ပါတယ်” ပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အနောက်နိုင်ငံခရီးစဉ်အတွင်း မိန့်ခွန်းတော်တော်များများ ပြောခဲ့ရပြီး သတင်းစာရှင်းလင်းပွဲများလည်း အ ကြိမ်ကြိမ်အခါခါ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ကိစ္စရပ်များအပေါ် သူနှင့်အတော်လေး ကျေလည်အောင် ကြိုးစား ဖြေကြားခဲ့သည်။ ယခုနိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ သူကအစိုးရ၏ အုပ်ချုပ်ရေး ကောင်းမွန်မှုမရှိခြင်းကိုသာ အလေး ထား ပြောကြားသွားခဲ့သည်။ ထို့အပြင် လွှတ်တော်အမတ်တစ်ဦး၊ နိုင်ငံရေးခေါင်းဆောင်တစ်ဦးအနေဖြင့် နိုင်ငံအတွက် သူလုပ်ဆောင်ပေးမည့် အရာများ ကိုလည်း ပြောကြားသွားခဲ့သည်။ အထူးသဖြင့် လူငယ်များ အလုပ်အကိုင်ရရှိရေးလို ကိစ္စရပ်မျိုး၊ အခြေခံပညာရေး မြှင့်တင်ရေးကိစ္စရပ်မျိုးတို့ ဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင်တစ်ဦးအနေဖြင့် ပြည်သူများ၏ မျှော်လင့်ချက်များကို စီမံခန့်ခွဲပေးရသည်မှာ ဓမ္မတာပင် ဖြစ်သည်။ သို့သော် သူ၏ မူဝါဒများကို မည်သည့်နည်းလမ်းများဖြင့် လုပ်ဆောင်ပေးရမည်ကိုတော့ ပြောဖို့လိုပါသေးသည်။

မူဝါဒပြောင်းလဲသွားသည့် အချက်တစ်ချက်လည်း ရှိပါသေးသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု မူဝါဒဖြစ်ပါသည်။ ထိုင်းတွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် သူက နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအား မြန်မာနိုင်ငံသို့ လာရောက်လျှင် နိုင်ငံ၏ တရားဥပဒေစိုးမိုးမှု နည်းပါးခြင်းကြောင့် သတိ ကြီးကြီးထားရန် ပြောကြားသွားခဲ့သည်။ သို့သော် ယခု အနောက်ခရီးစဉ်အတွင်းတွင်တော့ သူသည် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအား မြန်မာနိုင်ငံသို့ လာ ရောက်ရန် ဖိတ်ခေါ်ခဲ့ပြီး လာရောက်လုပ်ကိုင်ရာတွင်လည်း စီးပွားရေးအကျိုးအမြတ်ကိုချည်းပဲ မကြည့်ဘဲ နိုင်ငံ၏ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ကိစ္စ ရပ်များလည်း အလေးထားရန် ပြောကြားခဲ့သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ ပြောကြားရာတွင်တော့ သူသည် သူနှင့် သမ္မတဦးသိန်းစိန် နှစ်ဦး တည်း တွေ့ဆုံဆွေးနွေးရုံဖြင့် အမျိုးသားစည်းလုံးညီညွတ်မှု မရနိုင်။ ဒီထက်မက ကျယ်ပြန့်ဖို့လိုသည်ဟု ပြောကြားသွားသည်။ ဤသို့ Nation building တွင် တိုင်းရင်းသားအားလုံးပါဝင်၍ တွေ့ဆုံညှိနှိုင်းရမည်မှာ မှန်ကန်မှုရှိပါသည်။ ယခုလက်ရှိ အစိုးရသစ်မှ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး ဖော်ဆောင် မှုများသည်လည်း ထိုသို့ ဖြစ်ထွန်းပေါ်ပေါက်လာအောင် လုပ်ဆောင်နေခြင်းလည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်ကဲ့သို့ ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်မျိုး၊ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ပြည်သူအများထောက်ခံသည့် နိုင်ငံတကာမှ အလေးထားသည့် ခေါင်းဆောင်မျိုး ရှိနေသည်မှာ အလွန်ကံကောင်းသည်ဟု ဆိုနိုင်ပါသည်။ ထိုပုဂ္ဂိုလ်များဖြင့် ပြည်သူများအကျိုးစီးပွား အတွက် ခိုင်မာသည့် နိုင်ငံရေးအင်စတီကျူးရှင်းများ၊ စီးပွားရေးအင်စတီကျူးရှင်းများကို တည်ဆောက်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းသွားရန် ဖြစ်ပါကြောင်း…..။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment