Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၅.၆.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၃)

  1. မျှော်လင့်ပါသည် ဒီမိုကရေစီ

(syracuse.com မှ 24 June 2012 ရက်စွဲပါ “Hope for democracy”ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်)

  1. ရိုပာင်ဂျာများ မြန်မာနိုင်ငံတွင် နေခွင့်ရအောင် ကမ္ဘာကို ဘင်္ဂလားဒေ့ရှ်တိုက်တွန်း

(Gulf Times မှ 24 June 2012 ရက်စွဲပါ “Dhaka urges world to help rohingyas settle in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင်မူးယစ်ဆေးဝါးရောင်းဝယ်မှု နှိမ်နင်းလျက်ရှိဟု ရဲမှူးကြီးပြော

(25 June 2012 ရက်စွဲပါ Radio Australia မှ Burma eracking down on drug trade: Colnel ကို ဘာသာပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

မျှော်လင့်ပါသည် ဒီမိုကရေစီ

(syracuse.com မှ 24 June 2012 ရက်စွဲပါ “Hope for democracy”ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်)

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြောင်းကို ဆွေးနွေးပြောဆိုမည်ဆိုလျှင် အမွှန်းတင်ဂုဏ်ပြုစရာ စကားလုံးများ ရှားပါးခြင်းမရှိပါ။

ရဲရင့်ခြင်း၊ ခိုင်မာခြင်း၊ ရှင်သန်ထမြောက်နိုင်ခြင်း၊ ဆုံးဖြတ်ချက်ပြတ်သားခြင်း၊ စိတ်ပိုင်းဖြတ်မှုရှိခြင်း၊ စိတ်အားထက်သန်မှုရှိခြင်း စသည်ဖြင့် စကားလုံး များစွာ သုံး၍မကုန်၊ ရေး၍မခန်းနိုင်ပေ။

ကမ္ဘာကျော် မြန်မာ့နိုင်ငံရေးခေါင်းဆောင်အမျိုးသမီးသည် ၁၉၉၁ ငြိမ်းချမ်းရေးနိုဘယ်ဆုကို လက်ခံရန် လတ်တလောရောက်ရှိနေသော ခြိမ့်ခြိမ့် သဲသဲ အံမခန်း ဥရောပခရီးစဉ်တွင် သူမ၏ Burma (သို့) မြန်မာနိုင်ငံအတွက် ဒီမိုကရေစီမျှော်လင့်ချက်ကို မှန်မှန်ကန်ကန် တောင်းဆိုလိုက်သည်။

ယခင်တပ်မတော်ခေါင်းဆောင်လက်ထက်တွင် နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်မှုဖြင့် ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသော သူမစသည် ၂၀၁၀ နိုဝင်ဘာလတွင် လွတ်မြောက်လာခဲ့ပြီးနောက်တွင် အတိုက်အခံခေါင်းဆောင်အဖြစ် နိုင်ငံရေးလောက၌ ပြန်လည်လှုပ်ရှားကာ ပြီးခဲ့သော နွေဦး ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။

နော်ဝေးမြို့တော် အော်စလိုတွင် နိုဗယ်ဆုလက်ခံစကားကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်က “ငြိမ်းချမ်းရေး နိုဗယ်ဆု ရရှိခြင်းပာာ ကျွန်မရဲ့ နှလုံးသားမှာ တံခါင်းတစ်ချပ် ပွင့်သွားစေပါတယ်”ပာု ဆိုသည်။ ၎င်း နိုဗယ်ဆုသည် သူမနှင့် သူမနိုင်ငံမှ အဖိနှိပ်ခံ ပြည်သူများကို ပိုမိုကျယ်ဝန်းသော လူ့အသိုင်းအဝိုင်းထဲသို့ ဆွဲခေါ်လိုက်ခြင်းပင်ဖြစ်သည်။

“မေ့ထားခြင်းခံရတာပာာ နည်းနည်းချင်းသေဆုံးစေတာပါ”ပာု ဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ စစ်ပြေး ဒုက္ခသည်များ၊ အဖိနှိပ်ခံပြည်သူများကို မေ့မထားကြရန် ကမ္ဘာကို မေတ္တာရပ်ခံတောင်းဆိုခဲ့သည်။

ရိုးရှင်းသော ဂရုဏာတရားကိုလည်း သူမက ဤသို့ဆွဲထုတ်ပြသည်။ “ကျွန်မ ရရှိခဲ့တဲ့ ဂရုဏာ အကြင်နာတရားမှန်သမျှပာာ ကြီးသည်ဖြစ်စေ၊ သေးသည် ဖြစ်စေ၊ ဒါပာာ ကမ္ဘာကြီးအတွက် လုံလောက်မှုမရှိသေးဘူးလို့ ကျွန်မတို့ အတွေးပွားစေပါတယ်”ပာု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ကာ မြန်မာ့နိုင်ငံရေးဇာတ်ခုံတွင် ပြန်လည်ပေါ်ထွက်ခွင့်ရခြင်းသည် သူမ၏ နိုင်ငံမှ ဒီမိုကရေစီအတွက် အာမခံချက်တစ်ခု မပာုတ်ပါ။ သို့သော်ငြားလည်း သူမ၏ စွမ်းအားနှင့် ဆုံးဖြတ်ချက်များက အနည်းဆုံးအားဖြင့် ဒီမိုကရေစီ ကူးပြောင်းရန် မျှော်လင့်ချက်ကို ပေးစွမ်းလျက်ရှိသည်။

                                                                    ******************************

ရိုပာင်ဂျာများ မြန်မာနိုင်ငံတွင် နေခွင့်ရအောင် ကမ္ဘာကို ဘင်္ဂလားဒေ့ရှ်တိုက်တွန်း

(Gulf Times မှ 24 June 2012 ရက်စွဲပါ “Dhaka urges world to help rohingyas settle in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဒုက္ခတွေ့နေသော ရိုပာင်ဂျာများ၏ အခွင့်အရေးများ ဆုံးရှုံးသွားနိုင်ဖွယ်ရှိသည့် နည်းလမ်းကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မပြုလုပ်ကြရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မနေ့က တိုက်တွန်းလိုက်ပြီး ရိုပာင်ဂျာများ သူတို့နိုင်ငံ(မြန်မာနိုင်ငံ)တွင် အေးချမ်းစွာနေထိုင်ခြင်းကိုသာ ဘင်္ဂလားဒေ့ရှ်က ဖြစ်စေချင်သည်ပာု ပြောကြားလိုက်သည်။

“ရိုပာင်ဂျာတွေပာာ မြန်မာနိုင်ငံသားတွေပါ။ ဒါကြောင့် သူတို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားစေနိုင်တဲ့ ကိစ္စမျိုးတွေကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မပြောသင့်၊ မလုပ်သင့်ပါဘူး”ပာု ဒက္ကားတွင် ပြုလုပ်သော ဥပဒေကော်မရှင် အစည်းအဝေး၏ အဝန်းအဝိုင်းတွင် ဥပဒေဝန်ကြီး ရှာဖစ်အာမက်က သတင်းထောက်များအား ပြောကြားသည်။

ထို့အပြင် ရိုပာင်ဂျာများ သူတို့နိုင်ငံ(မြန်မာနိုင်ငံ)တွင် ငြိမ်းချမ်းစွာနေထိုင်ကြခြင်းကိုသာ ဘင်္ဂလားဒေ့ရှ်က အလိုရှိကြောင်းနှင့် ဘာသာရေးအဓိကရုဏ်း တိုက်ခိုက်မှုများ ရပ်ဆိုင်းအောင် မြန်မာအစိုးရက ကြိုးပမ်းခြင်းကို အသိအမှတ်ပြုကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ရိုပာင်ဂျာဒုက္ခသည်များအတွက် နယ်စပ်ကို ဖွင့်ပေးရန် ဒက္ကားအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက သိသိသာသာ ဖိအားပေးခဲ့ပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက “နိုင်ငံတကာအသိုင်းအဝိုင်း၏ တွန်းအားပေးမှုများကို မြန်မာနိုင်ငံမှ ဘာသာရေး အဓိကရုဏ်း ရပ်ဆိုင်းသွားရေးအပေါ်တွင်သာ အာရုံစိုက်ထားကြပါ”ပာု ယခင်အပတ်က တောင်းဆိုခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီပြဿနာကို အမှန်တကယ် ပြေလည်စေချင်တယ်ဆိုရင် မြန်မာအစိုးရက ပြဿနာကို ပြေလည်အောင် ဖြေရှင်းဖို့ကိုပဲ တောင်းဆိုကြပါလို့ ကျွန်မ တိုက်တွန်းချင်ပါတယ်ပာု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒစ်ပူးမိုနီက ပါလီမန်တွင် ယခင်အပတ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အနောက်ပိုင်းဒေသမှ ဘာသာရေးအဓိကရုဏ်းကြောင့် ထွက်ပြေးလာသော ရိုပာင်ဂျာဒုက္ခသည်များကို နယ်စပ်ဖွင့် လက်ခံပေးရန် ဒက္ကားကို ဝိုင်းဝန်းတောင်းဆိုကြရာတွင် ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မပာာမင်းကြီးရုံး(UNHCR)အပါအဝင် အခြားလူ့အခွင့်အရေးအုပ်စုများနှင့်အတူ ပြီးခဲ့သော နှစ်ရက်က အမေရိကန်ပြည်ထောင်စုလည်း ပူးပေါင်းပါဝင်လာခဲ့သည်။

ယခင် မြန်မာအစိုးရပောာင်း လက်ထက်တွင် ထွက်ပြေးလာကြသော ရိုပာင်ဂျာလေးသိန်းခန့်ဖြင့် ပြည့်လျှံနေပြီဖြစ်သောကြောင့် နောက်ထပ် ရိုပာင်ဂျာများ ဝင်ရောက်လာမှုကို ဘင်္ဂလားဒေ့ရှ်က ငြင်းဆန်ခဲ့ပြီး၊ နိုင်ငံခြားရေးဝန်ကြီး ဒစ်ပူးမိုနီကလည်း “လုံခြုံရေးပြဿနာတွေကြောင့် ဒက္ကားအနေဖြင့် ဒုက္ခသည်အသစ်များကို လက်မခံလိုတော့ပါ”ပာု ပြောကြားခဲ့သည်။

“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ သဲသဲကွဲကွဲ နားလည်သဘောပေါက်ဖို့ လိုအပ်နေပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးအုပ်စုတွေအနေနဲ့ မြန်မာနိုင်ငံကိုပဲ သူ့ပြည်တွင်းရေးသူနိုင်အောင်ထိန်းဖို့ တောင်းဆိုသင့်ပါတယ်”ပာု ဒစ်ပူးမိုနီက ဘင်္ဂလားဒေ့ရှ်ပါလီမန်တွင် ထုတ်ဖော်ပြောဆိုသွားသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရိုပာင်ဂျာများကို လူသားခြင်းစာနာသောစိတ်ဖြင့် အကောင်းဆုံးကူညီပေးလျက်ရှိပြီး နယ်ခြားစောင့်တပ်များက ရိုပာင်ဂျာများကို ပြန်လွှတ်ရာတွင် အိမ်ပြန်ရောက်အောင် ကူညီသည့်အနေဖြင့် အစားအစာ၊ ဆေးဝါး၊ လောင်စာဆီများ ထောက်ပံ့ဖြည့်ဆည်းပေးပါ သည်”ပာု ဒစ်ပူးမိုနီက ပြောဆိုသွားသည်။

                                                            ***************************************

မြန်မာနိုင်ငံတွင်မူးယစ်ဆေးဝါးရောင်းဝယ်မှု နှိမ်နင်းလျက်ရှိဟု ရဲမှူးကြီးပြော

(25 June 2012 ရက်စွဲပါ Radio Australia မှ Burma eracking down on drug trade: Colnel ကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို နှိမ်နင်းရာတွင် အောင်မြင်မှုများရရှိနေကြောင်း၊ ပြဿနာကို ကိုင်တွယ်နိုင်ရေး အတွက် နိုင်ငံတကာအသိုင်းအဝိုင်းဖြင့် ပိုမိုနီးကပ်စွာလုပ်ကိုင်နိုင်ရန် စီစဉ်လျက် ရှိကြောင်း မြန်မာအာဏာပိုင်များကပြောသည်။

အဆိုပါ မှတ်ချက်ကို မြန်မာနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မတီမှ ရဲမှူးကြီးမြင့်သိန်းက China Central Television နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရဲမှူးကြီးကပြောကြားရာတွင် မြန်မာအာဏာပိုင်များသည် ယခုနှစ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု(၁၉၀၀) ကျော်ကို ဖမ်းဆီးထားပြီး၊ ဟီးရိုးအင်း (၂၄) ဂရမ်နှင့် စိတ်ကြွဆေးပြား (၁၂) သန်းကိုလည်း ဖမ်းဆီးရမိကြောင်းဆိုသည်။

မြန်မာအစိုးရသည် တိုင်းရင်းသားသူပုန်များနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိခဲ့ခြင်းများကလည်း ရဲတပ်ဖွဲ့၏ ကြိုးပမ်းမှုတွင် အထောက်အကူပြုကြောင်း ၎င်းကပြောသည်။

ပြီးခဲ့သည့်လက မြန်မာအစိုးရသည် ရှမ်းပြည်နယ်၌ မူးယစ်ဆေးဝါးထုတ်လုပ်မှု ရပ်ဆိုင်းသွားအောင် လုပ်ဆောင်ရေးကို တိုင်းရင်းသား သူပုန်များနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ ရှမ်းပြည်နယ်သည် တရုတ်၊ ထိုင်းနှင့်လာအို နိုင်ငံများနှင့် ထိစပ်နေပြီး မြေမျက်နှာ သွင်ပြင်ကြမ်းတမ်းပြီး တရားဥပဒေမရှိသော ဒေသဖြစ်သည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံးကပြောကြားရာတွင် ရှမ်းပြည်နယ်သည် မူးယစ်ဆေးဝါးထုတ်လုပ်သော အဓိကဗဟိုဌာန ဖြစ်ပြီး၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် မက်သာဖက်တမင်း ဆေးပြားနှင့် ဘိန်း အဓိက ထွက်ရှိရာဒေသဖြစ်ကြောင်း ဆိုသည်။

သဘောတူညီချက်တွင် သူပုန်များက အိမ်နီးချင်းနိုင်ငံများမှ ဓာတုပစ္စည်းများနယ်စပ်ကို ဖြတ်၍ ဝင်ရောက်ခြင်းကို ထိန်းချုပ်ရန်စီစဉ်မည်ဟု ပါရှိ သည်။

၎င်းတို့က ဘိန်းစိုက်ပျိုးသောလယ်သမားများ ဘိန်းစိုက်ပျိုးခြင်းကို စွန့်လွှတ်ပါက ၎င်းတို့အတွက် ရန်ပုံငွေလိုအပ်ကြောင်း တောင်းဆိုကြသည်။

                        ******************************************************************************************************                                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment