Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၇.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. နိုင်ငံရေးနှင့် ကိုယ်ကျင့်တရားရေးကိစ္စနှစ်ရပ်ကို ဟန်ချက်မျှအောင်လုပ်ဆောင်ရမည့် ဒေါ်အောင်ဆန်းစုကြည်

(The Globe an Mail မှ 23 June 2012 ရက်စွဲပါ MARK MacKINNON ၏ Suu Kyi must balance politics and principles ကိုဆီလျော်အောင်ဘာသာပြန်ဆိုသည်)

  1. မြန်မာစစ်ပြေးဒုက္ခသည်များကို တရုတ်က အကူအညီပေးနေကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ချေပ

(People’s Daily မှ 27 June 2012 ရက်စွဲပါ “China providing fleeing Myanmar residents:FM spokesman”သတင်းကို ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

နိုင်ငံရေးနှင့် ကိုယ်ကျင့်တရားရေးကိစ္စနှစ်ရပ်ကို ဟန်ချက်မျှအောင်လုပ်ဆောင်ရမည့် ဒေါ်အောင်ဆန်းစုကြည်

(The Globe an Mail မှ 23 June 2012 ရက်စွဲပါ MARK MacKINNON ၏ Suu Kyi must balance politics and principles ကိုဆီလျော်အောင်ဘာသာပြန်ဆိုသည်)

ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်ကို အောင်ပွဲခံသည့် ခရီးစဉ်တစ်ခုအဖြစ် သတ်မှတ်ပြောဆိုကြသည်။ သို့သော် သူမ၏ သမိုင်းဝင်ခရီးစဉ် ကာလအတွင်း မြန်မာနိုင်ငံ၏ နေရာဒေသအချို့တွင် လူမျိုးရေးနှင့်ဘာသာရေး ယမ်းပုံမီးကျမှုများ တိုက်တိုက်ဆိုင်ဆိုင်ပင် ဖြစ်ပွားလျက်ရှိသည်။

မြန်မာပြည်တွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်ချုပ်ရေးစနစ်ဆန့်ကျင်တိုက်ဖျက်ရေး သူရဲခေါင်းတစ်ဦးဖြစ်ပေသည်။ အဆိုပါ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေးပန်းတိုင်သို့ သူမအနေဖြင့် တစ်စိတ်တစ်ပိုင်းရောက်ရှိသွားပြီဖြစ်သလို နိုင်ငံရေးအကျဉ်းသာ;ဘဝမှလည်း လွတ်မြောက် လာပြီဖြစ်သည်။ ယခုအခါတွင် ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံရေးသမားကြီးတစ်ဦးအဖြစ် လုံးလုံးလျားလျား ရပ်တည်နိုင်ပြီဖြစ်ရာ ရှေ့ဆက်လုပ်ဆောင်ရမည့် အစီအစဉ်များ၊ ရယူရမည့်တာဝန်ဝတ္တရားများ၊ ဖြေကြားရမည့် မေးခွန်းများကား ပြည့်နှက်၍နေလေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တောင်အာဖရိကခေါင်းဆောင်ဟောင်း နယ်လ်ဆင်မင်ဒဲလားကဲ့သို့ပင် ဆယ်စုနှစ် ၂ ခုကျော်ကြာစောင့်ဆိုင်းပြီးမှ နိုဗယ်လ်ငြိမ်းချမ်းရေးဆုကို လက်ခံရယူနိုင်ခဲ့သည်။ ထို့အတူ မင်ဒဲလားတွေ့ကြုံခဲ့သည့်အတိုင်း အလားအလာမကောင်းသော နိုင်ငံရေးခရီးရှည်ကြီးကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လျှောက်လှမ်းရမည်ဖြစ်သလို သူတော်ကောင်းတစ်ဦးကဲ့သို့ နွေးထွေးမှုရှိသည့် ဆောင်ရွက်ချက်များလုပ်ကိုင်ပေးရန် တောင်ဆိုမှုများနှင့်လည်း ကြုံတွေ့ရမည်ဖြစ်သည်။ ယခင်အတိတ်က ရန်သူများသာမက သူမကိုထောက်ခံသူ အတော်များများလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ်များစွာ မျှော်လင့်အားထားလျက်ရှိသည်။

ခိုင်မာသော မူဝါဒများလက်ကိုင်ထားသူအဖြစ် အသိအမှတ်ပြုခံထားရသူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အကယ်၍ ရွေးကောက်ပွဲတွင် အောင်မြင်မှုရယူလိုသည်ဆိုပါက အများပြည်သူတို့၏ဆန္ဒနှင့် ဆန့်ကျင်မည့် သုံးသပ်ပြောဆိုမှုများကိုသတိထားရပါလိမ့်မည်။ လတ်တလော အနေအထားကို ကြည့်လျှင် ရိုဟင်ဂျာကိစ္စနှင့်ပတ်သက်၍ သူမအပေါ် အချို့ကအတော်ပင် စိတ်ပျက်အားလျော့လျက်ရှိကြသည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း မြန်မာပြည်အနောက်ပိုင်း၊ ရခိုင်ပြည်နယ်အတွင်း မွတ်စလင်များနှင့် ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများပဋိပက္ခဖြစ်ပွားခဲ့ရာ လူပေါင်း ၆၀ ကျော်သေဆုံးခဲ့ရသည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ အစီရင်ခံချက်အရ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများကြောင့် လူပေါင်း ၆၆၀၀၀ ခန့် ရွှေ့ပြောင်းနေထိုင်ခဲ့ရသည်။ ထို့ပြင် ရခိုင်ပြည်နယ်အတွင်းရှိ အိမ်များ၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများလည်း မီရှို့ဖျက်ဆီးခြင်း ခံလိုက်ရသည်။ မြန်မာပြုပြင်ပြောင်းလဲရေးသမ္မတဦးသိန်းစိန်က တိုင်းရင်းသားလူမျိုးစုံလင် လှသော အခြားပြည်နယ်ဒေသများသို့ ရခိုင်ပြည်နယ်မှ ဆူပူအုံကြွမှုများကူးစက်သွားနိုင်ကြောင်း သတိပေးပြောဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နီးစပ်သောနေရာတွင်ရှိသည့် ရခိုင်ပြည်နယ်တွင်းမှ ယမ်းပုံမီးကျမှုများမှာ ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဥရောပ ခရီးစဉ်ကြောင့် အရေးမပါသည့်ဖြစ်ရပ်တစ်ခုသဖွယ် ဖြစ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပဒေသသို့ ပြန်လည်သွားရောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ၁၉၈၈ ခုနှစ်က နာမကျန်းဖြစ်နေသည့် မိခင်ဖြစ်သူအား ပြုစု စောင့်ရှောက်ရန် မြန်မာနိုင်ငံသို့လာရောက်ခဲ့စဉ် သူမကို ထောက်ခံသော ပြည်သူများက ဒီမိုကရေစီရေးလှုပ်ရှားမှုအား ဦးဆောင်ပေးရန် တွန်းအားပေးခဲ့ ကြသည်။

ထို့နောက် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ၁၅ ခန့်နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။

သို့သော် မြန်မာအရပ်သားအစိုးရသစ် သမ္မတဦးသိန်းစိန်လက်ထက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် ပြည်တွင်း၊ ပြည်ပဒေသများသို့ လွတ်လပ်စွာသွားလာခွင့်ရရှိခဲ့ပြီး သူမကို ထောက်ခံသူများနှင့်လည်း ရင်းရင်းနှီးနှီးတွေ့ဆုံခွင့် ရရှိခဲ့သည်။

သူမသည် ၁၉၉၁ ခုနှစ်ကရရှိခဲ့သော နိုဗယ်လ်ငြိမ်းချမ်းရေးဆုကို နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် လက်ခံရယူနိုင်ခဲ့သည်။

ဗြိတိန်နိုင်ငံ၊ အောက်စဖို့ဒ်တွင်မူ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ လက်ခံရယူသည်။ ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ် မကွယ်လွန်မီ နောက်ဆုံးနှစ်များ အတွင်း နေထိုင်ခဲ့သော အောက်စဖို့ဒ်တက္ကသိုလ်သို့ ပြန်လည်ရောက်ရှိသွားခြင်းမှာ သူမအတွက် ဝမ်းနည်းဝမ်းသာ ခံစားချက်များ ဖြစ်ပေါ်စေလိမ့်မည်။ ထိုမြို့တွင်ပင် သူမ၏ အသက် ၆၇ နှစ်မြောက်မွေးနေ့ ကျင်းပပြုလုပ်ခဲ့နိုင်ပြန်သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်ပါလီမန်တွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်အမတ်များကို မိန့်ခွန်းပြောကြားခွင့် ရရှိခဲ့သည်။

ယခင်က ပါလီမန်တွင် ဗြိတိန်ဘုရင်မကြီးသာ မိန့်ခွန်းပြောခဲ့ဖူးရာ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်ပါလီမန်တွင် ဒုတိယမြောက် မိန့်ခွန်း ပြောသူ အမျိုးသမီးဖြစ်သွားသည်။ နာမည်ကျော်အဆိုတော် ဘိုနိုနှင့် စင်မြင့်ပေါ်တွင် တွေ့ဆုံခဲ့သလို တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား နှင့်လည်း သီးသန့်တွေ့ဆုံ ဆွေးနွေးခွင့်ရခဲ့သည်။

နော်ဝေနိုင်ငံသို့ ရောက်ရှိနေစဉ် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင်းမှ အဆူပူအကြမ်းဖက်မှုများနှင့် ပတ်သက်၍ ထင်မြင်သုံးသပ်ချက်ကို မေးသော အခါတွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုဖြေကြားမှုများမှာ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင်တစ်ဦးထက် မဲဆွယ်သူနိုင်ငံရေးသမားတစ်ဦးနှင့် ပို၍ တူနေသည်။

"ရိုဟင်ဂျာတွေဟာ မြန်မာပြည်ကတိုင်းရင်းသားတွေ မဟုတ်ပါဘူးလို့ဆိုတဲ့ သူအချို့ရှိပါတယ်။ ဒါပေမယ့် သူတို့ဟာ လောလောလတ်လတ် ဘင်္ဂလားဒေ့ရှ်ကနေ ဝင်ရောက်လာခဲ့ကြသူတွေပါ"ဟု သူမကပြောကြားသည်။

ရိုဟင်ဂျာများကို မြန်မာနိုင်ငံသားအဖြစ် လက်ခံပေးသင့်၊ မသင့်သိလိုကြောင်း တိုက်ရိုက်မေးသောအခါတွင်မူ ဒေါ်အောင်ဆန်းစုကြည်က"ကျွန်မ မသိပါဘူး"ဟု ဖြေကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်သြဇာလွှမ်းမိုးမှု ခံထားရဆဲဖြစ်သော မြန်မာနိုင်ငံမှ ပြည်သူများကို သူမအနေဖြင့် ဦးဆောင်မှု ပြုလိုကြောင်း လည်း ယခုရက်သတ္တပတ်အတွင်း ပြောဆိုသည်။ "ပြည်သူတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ ကျွန်မ ဦးဆောင်နိုင်မယ် ဆိုရင်ပေါ့"ဟုဆိုသည်။ အကယ်၍ သူမ အနေဖြင့် အဆိုပါ ရည်မှန်းချက် ပြည့်ဝလိုသည်ဆိုပါက လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပပြုလုပ်ရန်ရှိသည့် ဒီမိုကရေစီရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဤအတောအတွင်းမှာပင် ဒေါ်အောင်ဆန်းစုကြည်ကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့ကြသော လူ့အခွင့်အရေး အဖွဲ့အစည်းများက "ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံမဲ့ဖြစ်နေသော ရိုဟင်ဂျာ ရှစ်သိန်းအား ဖိနှိပ်ချုပ်ခြယ်လျက် ရှိသူများဘက်မှ ရပ်တည်နေခြင်းလော"ဟူ၍ မဝံ့မရဲမေးခွန်း ထုတ်လာကြသည်။

"သူ့အနေနဲ့ ဒီထက်ပိုပြီး ပြောဖို့လိုအပ်တယ်။ ဒါကိုကြည့်မယ်ဆိုရင် ငြိမ်းချမ်းမှုရှိပြီး တိုင်းရင်းသားလူမျိုးစုံလင်တဲ့ မြန်မာနိုင်ငံဟာ အင်မတန် အရေးကြီးတဲ့ အခြေအနေတစ်ခုထဲကို ရောက်ရှိနေပြီဆိုတာ ရှင်းလင်းပါတယ်"ဟု Human Rights Watch အဖွဲ့မှ အာရှဒေသဆိုင်ရာဒါရိုက်တာ Phil Robertson ကပြောကြားသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မတူကွဲပြားသည့် တိုင်းရင်းသားလူမျိုးစု အများဆုံးရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အစိုးရစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် သူပုန်များအကြား တိုက်ပွဲများလည်း မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိသည်။ မြန်မာပြည်၌ အရေးကြီးသည့် အခြေအနေထဲသို့ ဆိုက်ရောက်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် လူအများစုဖြစ်သော ဗုဒ္ဓဘာသာဝင်များအား မျက်နှာသာမပေးဘဲနေမည် မဟုတ်ဟူသော အချက်ကို အခိုင်အမာဖြစ်အောင် ဖော်ပြလိုဟန်ရှိသည်။

မြန်မာပြည်တွင် လူဦးရေ ၅၆ သန်းခန့်ရှိသည့်အနက် ဗုဒ္ဓဘာသာဝင်ဦးရေမှာ ၈၉ ရာခိုင်နှုန်းရှိသည်။

မြန်မာပြည်တွင် ရိုဟင်ဂျာလူမျိုးများ မျိုးဆက်လိုက် နှစ်ကာလကြာရှည်စွာ နေထိုင်ခဲ့သော်ငြားလည်း အများစုက ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများအဖြစ်သာ သတ်မှတ်ထားကြသည်။ ရိုဟင်ဂျာဆန့်ကျင်ရေး သဘောတရားများကို ယခင်စစ်အစိုးရက စနစ်တကျချမှတ် ပေးခဲ့သည်။ ရိုဟင်ဂျာများအား နိုင်ငံသားလက်မှတ် ထုတ်ပေးခြင်းမပြုသလို ၎င်းတို့၏ လှုပ်ရှားမှုမှန်သမျှကိုလည်း ကန့်သတ်ပိတ်ပင် ခဲ့သည်။ ထို့ပြင် ၎င်းတို့အား ဖိအားပေး အလုပ်စေခိုင်းမှုများလည်း ပြုလုပ်ခဲ့သည်။

ထိုသို့ အစိုးရက မွေးမြူခဲ့သည့် ရိုဟင်ဂျာမုန်းတီးရေးစိတ်များသည် ပြီးခဲ့သည့် မေလ ၂၈ ရက်၊ ရိုဟင်ဂျာအမျိုးသားသုံးဦးက ရခိုင်အမျိုးသမီးငယ် တစ်ဦးအား မုဒိမ်းကျင့်သတ်ဖြတ်မှု ကျူးလွန်လိုက်သောအခါ မီးလောင်ပေါက်ကွဲသည့် အဆင့်သို့ ရောက်ရှိသွားတော့သည်။

အဆိုပါ သေဆုံးသူအမျိုးသမီးငယ်၏ ဓာတ်ပုံများ အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားပြီးနောက် ရခိုင်လူမျိုး ၃၀၀ ခန့်က မွတ်စလင်ဘုရားဖူးများ လိုက်ပါလာသည့် ဘတ်စ်ကားကို ရပ်တန့်ခိုင်းပြီး အဆိုပါ မွတ်စလင်များအား ကားပေါ်မှဆွဲချကာ သေသည်အထိ ရိုက်နှက်ခဲ့ကြသည်။ အဆိုပါ မွတ်စလင်များကို မုဒိမ်းကျင့်သတ်ဖြတ်မှုနှင့် ဆက်နွယ်မှုရှိသည်ဟူသော ယူဆချက်ဖြင့် ထိုသို့ရိုက်နှက်ခဲ့ကြခြင်းဖြစ်သည်။ သမ္မတဦးသိန်းစိန်က ရခိုင်ပြည်နယ်တွင်း နေဝင်မီးငြိမ်း အမိန့်များထုတ်ပြန်ခဲ့သော်လည်း ရခိုင်နှင့် ရိုဟင်ဂျာများအကြား အကြမ်းဖက်ဆူပူအုံကြွမှုများ အဆက်မပြတ် ဖြစ်ပေါ်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးမဟာမိတ်တစ်ဦးဖြစ်သူ ကိုကိုကြီးကပင် "ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးတွေ မဟုတ်ပါဘူး။ အခုလို အဓိကရိုဏ်းတွေဖြစ်နေတာ ဘာကြောင့်လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်ဘက်က တရားမဝင် ဝင်ရောက်လာတဲ့ သူတွေကြောင့်ပဲ ဖြစ်ပါတယ်"ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုလို ရိုဟင်ဂျာအရေးကိစ္စအား ခွတီးခွကျပုံစံဖြင့် တုံ့ပြန်နေမှုကိုကြည့်လျှင် လူ့အခွင့်အရေးဆိုင်ရာ စံပြပုဂ္ဂိုလ်ဟူသော ဂုဏ်ဒြပ်နှင့် မဲရရှိရေးကြိုးပမ်းရသည့် နိုင်ငံရေးသမားတစ်ဦးဟူသော ဂုဏ်ဒြပ်နှစ်ခုအကြား ဟန်ချက်မျှအောင်လုပ်ဆောင်ရေး မည်မျှ အတိုင်းအတာအထိ ခက်ခဲသည်ဟူသော အချက်မှာ ပေါ်လွင်နေသည်။ သူမသည် ပြီးခဲ့သည့်လက ထိုင်းနိုင်ငံသို့ ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် သွားရောက်ပြီး ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့သည်။ သို့သော် အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံသို့လာရောက်မည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် တိုင်းပြည်၏ ပြုပြင်ပြောင်းလဲမှုများအပေါ် သတိဖြင့်သံသယထားရှိရန် လိုအပ်ကြောင်း တိုက်တွန်းပြောဆိုခဲ့ရာ သမ္မတဦးသိန်းစိန်အား အမျက်ဒေါသ ထွက်စေခဲ့သည်။

လူမျိုးရေးဘက်လိုက်မှုဆန့်ကျင်ရေးသမား နယ်လ်ဆင်မင်ဒဲလား ၁၉၉၀ ပြည့်နှစ်အစောပိုင်းနှစ်များအတွင်း တောင်အာဖရိက သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရချိန်တွင် နိုင်ငံရေးလွတ်လပ်မှုထက် နိုင်ငံရေးအရ ရပ်တည်ရှင်သန်မှု အတွက် ရုန်းကန်ခဲ့သည်ကို တွေ့ရသည်။ သူသည် သမ္မတရာထူးထမ်းဆောင်စဉ် လေးနှစ်တာကာလအတွင်း လူမျိုးရေးခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေးပုဂ္ဂိုလ်တစ်ဦး၏ စံချိန်စံနှုန်းများလျော့ကျခဲ့သည်။

ထို့နောက်သမ္မတရာထူးမှ အငြိမ်းစားယူချိန် ရောက်သောအခါမှ ယခင်ရှိခဲ့သော စံပြပုဂ္ဂိုလ်ဂုဏ်ဒြပ်ကို ပြန်လည်ရယူနိုင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှာမူ သူမ၏ အခန်းကဏ္ဍသစ်အတွက် ကောင်းစွာပြင်ဆင်ထားပြီးဖြစ်သည်။ "ကျွန်မအနေနဲ့ ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးသမားတစ်ဦးလိုပဲ ကြည့်တယ်။ အဲဒါညစ်ပတ်တဲ့စကားမဟုတ်ပါဘူး။ လူတချို့က နိုင်ငံရေးသမားတွေဟာ တစ်ခုခုမှားနေတဲ့သူတွေလို့ ထင်ကြတယ်။ မှန်ပါတယ်။ တချို့နိုင်ငံရေးသမားတွေဟာ တစ်ခုခု လွဲမှားနေကြပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့သည့် နှစ် ၂၀ က မြန်မာနိုင်ငံ သို့ လာရောက်လည်ပတ်ခဲ့သော အမေရိကန်လွှတ်တော်အမတ် Bill Richardson  နှင့်တွေ့ဆုံရာတွင်ပြောကြားခဲ့ဖူးသည်။

                                                        **********************************************

မြန်မာစစ်ပြေးဒုက္ခသည်များကို တရုတ်က အကူအညီပေးနေကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ချေပ

(People’s Daily မှ 27 June 2012 ရက်စွဲပါ “China providing fleeing Myanmar residents:FM spokesman”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြောင့် နယ်စပ်ဖြတ်ကူးထွက်ပြေးလာကြသော ကချင်စစ်ပြေး ဒုက္ခသည်များကို တရုတ်အာဏာပိုင်များက အတင်းအကြပ်ပြန်ပို့(ပြန်မောင်းထုတ်)လျက်ရှိပြီး၊ ကျန်ခဲ့သူ ဒုက္ခသည်များစွာကိုလည်း အခြေခံကူညီ စောင့်ရှောက်မှုများပေးရန် ငြင်းဆန်နေသည်ပာု Human Right Watchs က ထုတ်ဖော်စွပ်စွဲခဲ့ပြီးနောက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ပောာင်လီက “နယ်စပ်ဖြတ်ကူး ထွက်ပြေးလာကြသော မြန်မာဒုက္ခသည်များကို တရုတ်နိုင်ငံက လူသားချင်းစာနာထောက်ထားမှုဖြင့် အကောင်းဆုံးစဉ်းစားကာ ကူညီပေးလျက်ရှိသည်”ပာု အင်္ဂါနေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ချေပပြောဆိုလိုက်သည်။

တရုတ်အာဏာပိုင်များက မြန်မာဒုက္ခသည်များကို ပြန်မောင်းထုတ်နေသည်ပာူသော သတင်းကို တုန့်ပြန်သည့်အနေဖြင့် ရှင်းလင်းပြောဆိုသော ပောာင်လီက အဆိုပါ စွပ်စွဲမှုကို ငြင်းဆိုလိုက်ပြီး၊ မြန်မာနိုင်ငံဖက်သို့ ပြန်လွှတ်လိုက်သောသူများမှာ ဒုက္ခသည်များ မပာုတ်ပါပာု ပြောကြားသည်။

ပောာင်လီက ဆက်လက်၍ “မြန်မာအစိုးရတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များအကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်နိုင်ငံဖက်မှ ဆွေးမျိုးများ၊ မိတ်ဆွေများထံ လာရောက်ခိုလှုံကြခြင်းဖြစ်ပြီး၊ တိုက်ပွဲအရှိန်လျော့သွားပြီးနောက်တွင် အိမ်ပြန်သွားကြပြီ”ပာု ပြောဆိုသွားခဲ့သည်။

ယင်းသို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ‘စစ်ပြေးဒုက္ခသည်’ ပာူသော စကားလုံးကိုမသုံးပဲ ‘တရုတ်ဖက်သို့ ထွက်ပြေးလာသော ဒေသခံ မြန်မာများ’ပာု သုံးနှုန်းသွားခဲ့သည်။

                                ******************************************************************************************************                                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment