Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၇.၆.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ပြင်သစ်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထောက်ခံကူညီမည်

(27 June 2012 ရက်စွဲပါ Channel News Asia မှ France to support Myanmar’s democratic transition ကိုဘာသာပြန်ဆိုသည်)

  1. ကမ္ဘာ့စီးပွားရေးကပ်ရှိသော်လည်း ထိုင်းနိုင်ငံ အခြေစိုက်ပစ္စည်း အရောင်းအဝယ် ကောင်းနိုင်ကြောင်းမြင်

(27 June 2012 ရက်စွဲပါ The Nation မှ Wichit Chaitrong and Sucheera Pinijparakarn ရေးသား သော Thailand sees property boom despite global crisis ကိုဘာသာ ပြန်သည်။)

  1. ပက်အေဆာကျွန်းပေါ်တွင် ဖိလစ်ပိုင်က မူလတန်းကြိုကျောင်းဖွင့်ခြင်းကို တရုတ်ကန့်ကွက် သတိပေး

(Imquirer Global Nation မှ 27 June 2012 ရက်စွဲပါ " China warns Philippines vs  1st school on Pag-asa" သတင်းကို ဘာသာပြန်ဆိုသည်။)

                                ***************************************************************

ဘာသာပြန်သတင်းများ        

ပြင်သစ်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထောက်ခံကူညီမည်

(27 June 2012 ရက်စွဲပါ Channel News Asia မှ France to support Myanmar’s democratic transition ကိုဘာသာပြန်ဆိုသည်)

ပြင်သစ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် အဓိကနေရာမှ ပါဝင်သူများအားလုံးကို ကျောထောက်နောက်ခံ ပြု၍ပေးမည်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးသမား သမ္မတဦးသိန်းစိန်အားလည်း ဖိတ်ကြားရန် အသင့်ရှိကြောင်း ပြင်သစ်သမ္မတ Francois Hollande က အင်္ဂါနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီး၌ ပြောကြားခဲ့သည်။

“ကျွန်တော် ဒီနေရာကနေ အသေအချာထပ်ပြောချင်တာကတော့ ပြင်သစ်နိုင်ငံပာာ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးမှာ ပါဝင်တဲ့ အဓိက နေရာကလူအားလုံးကို ထောက်ခံပံ့ပိုးသွားမှာဖြစ်ပြီး၊ ဥရောပသမဂ္ဂနဲ့အတူ ဖြစ်နိုင်တာအားလုံးလုပ်ပေးပါမယ်။ ဒါမှ ဒီလုပ်ငန်းစဉ်အဆုံးထိ သွားနိုင်မှာ ဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ ဒီမိုကရေစီအတွက် လုပ်ပေးခြင်းဖြစ်ပါတယ်”ပာု Hollande ကပြောသည်။

ဦးသိန်းစိန်နှင့် ပတ်သက်၍ Hollande ကပြောကြားရာတွင် “အကယ်၍ သူလာဖို့ ဆန္ဒရှိရင် လာနိုင်ပါတယ်”ပာု ဆိုခဲ့သည်။

ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ပတ်သက်၍ ရိုးသားမှုရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၎င်းအား ပြောကြားခဲ့သည်ပာု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“ပြင်သစ်နိုင်ငံပာာ ဒီမိုကရေစီအတွက် တာဝန်ထမ်းဆောင်ဖို့ အသင့်ရှိရပါမယ်။ ပံ့ပိုးမှုလိုအပ်ရင်ပေးပါမယ်။ ဖိအားပေးဖို့လိုရင်လည်း ပေးရပါမယ်”ပာု ၎င်းက ဆိုသည်။

ဗြိတိန်နိုင်ငံသည် ဦးသိန်းစိန်အား လာရောက်လည်ပတ်ရန် တရားဝင်ဖိတ်ကြားခဲ့ပြီးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ သမိုင်းဝင်ဥရောပခရီးစဉ်၏ နောက်ဆုံးအပိုင်းအဖြစ် ပြင်သစ်နိုင်ငံသို့ အင်္ဂါနေ့ အစောပိုင်းတွင် ရောက်ရှိခဲ့သည်။

သူသည် ပြင်သစ်နိုင်ငံ သုံးရာက်တာခရီးစဉ်တွင် နိုင်ငံခြားရေးဝန်ကြီး Laurent Fabius နှင့်လည်းကောင်း၊ အခြားထိပ်တန်းနိုင်ငံရေး ခေါင်းဆောင်များနှင့်လည်းကောင်း၊ မြန်မာအသိုင်းအဝိုင်းနှင့်လည်းကောင်း၊ သူ့အားထောက်ခံသည့် လူ့အခွင့်အရေးအုပ်စုများနှင့်လည်းကောင်း တွေ့ဆုံမည်ဖြစ်သည်။

                                                            *************************************************

ကမ္ဘာ့စီးပွားရေးကပ်ရှိသော်လည်း ထိုင်းနိုင်ငံ အခြေစိုက်ပစ္စည်း အရောင်းအဝယ် ကောင်းနိုင်ကြောင်းမြင်

(27 June 2012 ရက်စွဲပါ The Nation မှ Wichit Chaitrong and Sucheera Pinijparakarn ရေးသားသော Thailand sees property boom despite global crisis ကိုဘာသာပြန်ဆိုသည်။)

ထိုင်းနိုင်ငံ၊ ဘန်ကောက်နှင့် အခြားမြို့ကြီးများ၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့တွင် အခြေပစ္စည်း ပူဖောင်းမှာ ကြီးထွားလျက် ရှိကြောင်း၊ အကြောင်းမှာ လာမည့်အာဆီယံ စီးပွားရေးအသိုင်းအဝိုင်း(Asean Economic Community)အတွက် အကောင်းမျှော်လင့်ချက်များ(euphoria)ကြောင့် ဖြစ်သည်ဟု စီးပွားရေးပညာရှင်တစ်ဦးက သတိပေးခဲ့သည်။ အကြီးတန်း ဘဏ်အမှုဆောင်တစ်ဦးကမူ ပူဖောင်းပေါက်မည့် သဏ္ဍာန်မတွေ့ရကြောင်း မစိုးရိမ်ရန် လျှော့၍ပြောခဲ့သည်။

ဥရောပကြွေးမြီပြဿနာများကြောင့် စပိန်တွင် အခြေပစ္စည်း(Property)ကဏ္ဍ၌ ပြိုလဲခဲ့ရာ ထိုင်းနိုင်ငံတွင်လည်း ဘန်ကောက်ရှိ Sukhumvit လမ်းတစ်လျှောက်ရှိ အထပ်မြင့်ကွန်ဒိုဈေးကွက်များတွင် အခြေပစ္စည်းပူဖောင်းလက္ခဏာများ တွေ့ရကြောင်း Panyapiwat နည်းပညာတက္ကသိုလ်ဥက္ကဌ Sompop Manarungsan က ယမန်နေ့က ပြောကြားခဲ့သည်။

၎င်းက မီဒီယာများတွင် ကွန်ဒိုကြေငြာများ လွန်ကဲစွာထည့်သွင်းလာခြင်းများကို ညွှန်းဆိုပြောပြခဲ့ သည်။ လက်ကမ်းစာစောင်များ၊ SMS သို့မဟုတ် text messaging ကဲ့သို့သော မီဒီယာအသစ်များတွင် ကြေညာခဲ့သည်။

ကြေငြာများလွန်ကဲနေမှုမှာ ကွန်ဒိုတည်ဆောက်သူများအနေဖြင့် ဝယ်သူရရှိရန်ခက်ခဲသည်ဟု ပြဆိုနေခြင်းဖြစ်ပြီး၊ ဈေးကွက်မှ ပူဖောင်း ဖြစ်နေခြင်းမဟုတ်ဟုဆိုသော အမြင်မှာ မမှန်ကန်နိုင်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

"ကျွန်တော်ဟာ Sukhumvit လမ်းပေါ်မှာနေတာပါ။ လွန်ခဲ့တဲ့(၁၀)နှစ်အတွင်း ကွန်ဒိုတွေ အများကြီး ပေါ်လာပါတယ်။ ကွန်ဒိုအဟောင်းမှာ နေတဲ့ သူတွေဟာ အသစ်တွေကို ပြောင်းသွားကြတော့ အဟောင်းမှာ လူတွေမရှိတော့ပါဘူး"ဟု Sompop က ပြောသည်။

၎င်းကပြောရာတွင် ဝယ်သူအသစ်များ ထွက်ပေါ်လာသည်မှာ မသေချာကြောင်း၊ အမြတ်အစွန်းအတွက် ကွန်ဒိုဝယ်သူအုပ်စုအနည်းငယ်သာ ရှိမည်ထင်ကြောင်း၊ ၎င်းတို့သည် နိုင်ငံခြားသားများနှင့် ထိုင်းအချို့အား ပြန်ငှားရန် မျှော်လင့်ကြသည်ဟု ဆိုသည်။

ဂျပန်နှင့် အခြားနိုင်ငံသားများသည် လက်ရှိအားဖြင့် ငှားရမ်းခသက်သာသည်ကိုသာ နှစ်သက်ကြကြောင်း Sampop က ပြောသည်။

"အခြေပစ္စည်း ပူဖောင်းပေါက်ခဲ့ရင် ဆောက်လုပ်သူတွေနဲ့ အခန်းဝယ်သူတွေကို ငွေချေးထားတဲ့ ဘဏ်တွေကိုပါ ပြိုလဲစေမှာကို သတိထားသင့်ပါတယ်"ဟု ၎င်းကပြောသည်။

စပိန်တွင် အခြေပစ္စည်းပူဖောင်းပေါက်ခဲ့ခြင်းကြောင့် ဘဏ်များအပေါ်တွင်ရော စီးပွားရေးတစ်ခုလုံးအပေါ် ကြီးစွာဒုက္ခဖြစ်စေပြီး၊ အမေရိကန် ပြည်ထောင်စုတွင် အခန်းဝယ်သူများအား ငွေချေးခြင်းကြောင့်ဖြစ်သော ပြဿနာ(sub-rime-mortgage crisis)သည် ၂၀၀၈ ခုနှစ်တွင် ကမ္ဘာတွင် ငွေကြေးကပ်ဆိုက်စေခဲ့ကြောင်း Sompop ကပြောသည်။

Bank of Thailand ကဲ့သို့သော အာဏာပိုင်များသည် ယခု ပူဖောင်းသေးသေးလေးအား ထိန်းမနိုင် သိမ်းမရ ကြီးထွားမလာမီ ကာကွယ်သည့် လုပ်ငန်းများ နေရာတကျ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်းက အာဆီယ၏ံဈေးကွက်တစ်ခုတည်း(Asean single market)ဖြစ်လာပါက ထိုင်းနိုင်ငံသည် အကျိုးအမြတ်ရှိလိမ့်မည်ဟု ယုံကြည်နေခြင်းကြောင့် Khon Kaen, Udon Thani နှင့် အခြားပြည်နယ်များ ကဲ့သို့သော ထိုင်းနိုင်ငံ၏ အဓိကပြည်နယ် များ တွင် မြေနှင့်အခြေပစ္စည်း ဈေးနှုန်းများ အလွန်အမင်းတက်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဗဟိုဖြစ်သော ရန်ကုန်တွင်လည်း မြေဈေးနှုန်းတက်သည့်နှုန်းမှာ စီးပွားရေးအခြေခံများတိုးတက်သည့် နှုန်းထက်ပို၍မြန်ဆန်ပြီး ဈေးနှုန်းများခေါင်ခိုက်နေကြောင်း Sompop က သတိပေးသည်။ မြန်မာနိုင်ငံရှိ ပြည်သူများသည် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု များသည် စီးပွားရေးတိုးတက်မှုဖြစ်စေပြီး မြေများတွင် အမြတ်ရလိမ့်မည်ဟု ယုံကြည်နေကြကြောင်း ၎င်းက ပြောသည်။

ဗီယက်နမ်နိုင်ငံရှိ မြေနှင့်အခြေပစ္စည်း ဈေးနှုန်းများမှာလည်း တဖြည်းဖြည်းတက်လာသည်မှာကြာပြီဖြစ်ပြီး ငွေကြေးဖောင်းပွမှု ပိုမိုစေပြီး၊ စီးပွားရေးလုပ်ငန်းများတွင် ပိုမိုကုန်ကျမှုဖြစ်စေသည်။

ဗီယက်နမ် သို့မဟုတ် အင်ဒိုနီးရှားနိုင်ငံများကဲ့သို့သော အာဆီယံနိုင်ငံများတွင် ဒုက္ခဖြစ်ခြင်းသည် ထိုင်းစီးပွားရေးကို အနုတ်လက္ခဏာ ဆောင်သော သက်ရောက်မှုများဖြစ်စေကြောင်း ၎င်းက ပြောသည်။

ယခုကဲ့သို့ ကမ္ဘာ့စီးပွားရေးသည် အချိန်မရွေးပြောင်းလဲသွားနိုင်သည့် အခြေအနေတွင် ရှပ်နီ၊ ရှပ်ဝါများကြားရှိ နိုင်ငံရေးပဋိပက္ခသည် စီးပွားရေး မူဝါဒလေဟာနယ်တစ်ခု(economic-policy vacuum)ဖြစ်သွားနိုင်သော ခြိမ်းခြောက်မှုရှိကြောင်း ၎င်းက သတိပေးသည်။

သာမန်လူတန်းစားများ၏ လိုအင်များကို ဦးစားပေးသော မူဝါဒများအတွက် ကုန်ကျငွေသည် အစိုးရ၏ ထုတ်လုပ်မှုစွမ်းအားရှိသော ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နိုင်သည့်စွမ်းရည်ကို ထိခိုက်စေသည်ဟု ၎င်းကပင်ပြောသည်။

သို့သော် Thanachart Bank မှ ဒုတိယအမှုဆောင်ဥက္ကဌ Praphan Anupongongarch ကမူ ၎င်း၏ဘဏ်သည် ကွန်ဒိုဈေးကွက် ပူဖောင်းအသွင် သဏ္ဍာန်ကို မတွေ့ရသေးကြောင်း ပြောခဲ့သည်။

"ဝယ်ယူသူတွေက ဥရောပပြဿနာကို စိုးရိမ်တော့ ဝယ်လိုအားကျလာခဲ့ရင် ကွန်ဒိုပူဖောင်းကြီးလာဖို့ အခွင့်အလမ်းနည်းပါတယ်"ဟု Praphan က ပြောသည်။

အချို့ကွန်ဒိုစီမံကိန်းများမှာ နေရာကောင်းတွင် တည်ရှိနေခြင်းမရှိသောကြောင့် ဆွဲဆောင်မှုအားနည်းကြောင်း ၎င်းကပြောသည်။

၎င်းနှင့်ဆက်စပ်သော တိုးတက်မှုတစ်ရပ်အဖြစ် နိုင်ငံပိုင် Secondary Mortgage Corporation (SMC) သည်  ဘတ် ၁.၈၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၈ သန်း)တန်ဖိုးရှိ အခန်းဝယ်ယူရန် ငွေချေးစာချုပ်များ(mortgages)၏ Kasikornbank မှ ဝယ်ယူရန် MOU ရေးထိုး ခဲ့သည်။

အဆိုပါ သဘောတူညီချက်သည် ဘဏ်များအား ငွေပြန်ဖော်နိုင်စေရန်နှင့် နေအိမ်ဝယ်ယူသူများနှင့် ရင်းနှီးမြှုပ်နှံသူများအား SMC စာချုပ်များ ဖြင့် အခွင့်အလမ်းများပေးနိုင်ရန် ရည်ရွယ်သည်ဟု ၎င်း၏ အမှုဆောင်များက ပြောသည်။

                                                            ********************************************

ပက်အေဆာကျွန်းပေါ်တွင် ဖိလစ်ပိုင်က မူလတန်းကြိုကျောင်းဖွင့်ခြင်းကို တရုတ်ကန့်ကွက် သတိပေး

(Imquirer Global Nation မှ 27 June 2012 ရက်စွဲပါ " China warns Philippines vs  1st school on Pag-asa" သတင်းကို ဘာသာပြန်ဆိုသည်။)

ဖိလစ်ပိုင်နိုင်ငံက ပါလဝမ်ပြည်နယ် ပက်အေဆာကျွန်းပေါ်တွင် မူလတန်းကြိုအစိုးရကျောင်း(Kindergarten school) ဖွင့်လှစ်ခြင်းကို တရုတ်အစိုးရက သတိပေး ကန့်ကွက်လိုက်သည်။

တရုတ်နိုင်ငံ၏ အချုပ်အချာကို ချိုးဖောက်သည်ဟုဆိုနိုင်သော တရားမဝင်လှုပ်ရှားမှုမှန်သမျှကို တရုတ်နိုင်ငံက ကန့်ကွက်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟောင်လီက ဘေဂျင်း သတင်းစာရှင်းလင်းပွဲတွင် တနင်္လာနေ့က ပြောကြားကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းက ဖော်ပြထားသည်။

တောင်တရုတ်ပင်လယ်၏ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ရိုက်ခတ်ကာ လက်ရှိအနေအထားကို ပိုမိုရှုတ်ထွေးဆိုးဝါးစေမည့် အစီအစဉ်မှန်သမျှကို မနီလာအနေဖြင့် ရှောင်ရှားသင့်သည်ဟု ဟောင်လီ က ပြောဆိုသည်။

ဓပရက်တလီကျွန်းစုနှင့် အနီးတစ်ဝိုက်ရေပြင်အပေါ် အငြင်းပွားစရာမလိုသော အချုပ်အခြာ အာဏာကို တရုတ်နိုင်ငံက ပိုင်ဆိုင်သည်ဟု ဟောင်လီက အခိုင်အမာပြောသည်။

ဖိလစ်ပိုင်နိုင်ငံ ပါလဝမ်ပြည်နယ်၊ ဘာလာရန်မြို့နယ်နိမိတ်အတွင်းရှိ ပက်အေဆာကျွန်းတွင် ဖိလစ်ပိုင်လူမျိုး ၂၀၀ ခန့် နေထိုင်ကြပြီး၊ ၁၉၇၀ ခုနှစ်များမှစ၍ ဖိလစ်ပိုင်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့သည်။ ထိုကျွန်းပေါ်တွင် မြို့တော်ခန်းမ၊ ကျန်းမာရေးဌာန၊ လေယာဉ်ကွင်း၊ ရေတပ်စခန်းနှင့် အခြားအဆောက်အဦးများ ရှိသည်။

ပြီးခဲ့သောအပတ်တွင် ကာလာရန်မြူနီစပါယ်အစိုးရက အစိုးရမူလတန်းအကြိုကျောင်းကို ဖွင့်လှစ်ပေးခဲ့ပြီး၊ မြို့တော်ဝန် ယူဂျီနီယိုဘီတိုအွန်နန်က ကျွန်းပေါ်နေပြည်သူများ၏ ပညာရေးကို ပံ့ပိုးကူညီရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

အဆိုပါ Kingergarten ကျောင်းကို ဆရာတစ်ဦး၊ ကျောင်းသား၊ ကျောင်းသူ ၅ ဦးနှင့် ကျောင်းသား မိဘများဖြင့် ဇွန်လ ၁၅ ရက်တွင်ဖွင့်လှစ်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံအလံကို လွှင့်ထူခဲ့သည်။

တောင်တရုတ်ပင်လယ်တွင်း နိုင်ငံများဆိုင်ရာ ကြေညာစာတမ်း၏ ရည်ရွယ်ချက်ကို သက်ဆိုင်ရာ နိုင်ငံများ လေးစားလိုက်နာကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ဟောင်လီက ထုတ်ဖော်ပြောကြားသည်။ ၎င်း ကြေညာစာတမ်းကို တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံတို့ မကြာသေးမီက သဘောတူထုတ်ပြန်ထားခြင်းဖြစ်သည်။

တောင်တရုတ်ပင်လယ်တွင်းမှ သယံဇာတကြွယ်ဝသော စပရက်တလီ ကျွန်းများပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ပြီး စောဒကတက်ကြရာတွင် တရုတ်၊ ထိုင်ဝမ်တို့နှင့်အတူ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်း စသော အာဆီယံအဖွဲ့ဝင်နိုင်ငံများလည်း ပါဝင်သည်။

                                           ******************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment