Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၃၀.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာ့ စွမ်းအင်လုပ်ကွက်များတွင် အထွက်နှုန်းမြှင့်တင်ရန် စင်င်္ကာပူ Interra ကုမ္ပဏီကြိုးပမ်း

(Reuters သတင်းဌာနမှ 27 June 2012 ရက်စွဲပါ Energy firm Interra eyes output boost in Myanmar ကိုဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာ့ စွမ်းအင်လုပ်ကွက်များတွင် အထွက်နှုန်းမြှင့်တင်ရန် စင်္ကာပူ Interra ကုမ္ပဏီကြိုးပမ်း

(Reuters သတင်းဌာနမှ 27 June 2012 ရက်စွဲပါ Energy firm Interra eyes output boost in Myanmar ကိုဘာသာပြန်ဆိုသည်)

စင်င်္ကာပူအခြေစိုက် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းစုကြီးဖြစ်သော Interra Resources သည် မြန်မာနိုင်ငံရှိ ကုန်းတွင်းရေနံ တူးဖော်ရေးလုပ်ကွက်နှစ်ခု၌ ဝင်ရောက်လုပ်ကိုင်ခွင့်ရရှိရေးအတွက် အစွမ်းကုန်ကြိုးပမ်းရန် ဦးတည်ထားကြောင်း၊ ယခုနှစ်အတွင်း ထွက်ပေါ်လာမည့် တင်ဒါခေါ်ယူမှုတွင်လည်း ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက်သစ်များ ထပ်မံရရှိရန် ကြိုးပမ်းဦးမည်ဖြစ်ကြောင်း သိရသည်။

Interra Resources သည် ၁၉၉၆ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံတွင်းရင်းနှီးမြှုပ်နှံမှုများလုပ်ကိုင်ခဲ့ပြီး ၎င်း၏ အစုရှယ်ယာသည် ယခုနှစ်အတွင်း လေးဆခန့်မြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် စင်ကာပူဒေါ်လာ ၁၁၂ သန်း ရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် Interra Resource ၏ စုစုပေါင်းဘဏ္ဍာငွေ ဒေါ်လာ ၂၄ ဒဿမ ၈ သန်း၏ သုံးပုံနှစ်ပုံခန့်မှာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမှရရှိခြင်းဖြစ်သည်။

"ကျွန်တော်တို့ အနေနဲ့ ရေနံထုတ်လုပ်မှုကို သိသိသာသာမြင့်တက်သွားဖို့ကြိုးပမ်းနေပြီး တစ်နှစ်လျှင် ၁၅ - ၂၀ ရာခိုင်နှုန်းစီ မြင့်တက်လာစေဖို့လည်း မျှော်မှန်းထားပါတယ်"ဟု အဆိုပါလုပ်ငန်း၏ CEO ဖြစ်သူ Marcel Tjia က Reuters သတင်းဌာနသို့ပြောကြားသည်။

Interra သည် ချောက်နှင့် ရေနံချောင်း ရေနံတူးဖော်ရေးလုပ်ငန်းခွင်များကို လည်ပတ်လျက်ရှိပြီး အဆိုပါလုပ်ငန်းခွင်နှစ်ခုမှ တစ်နေ့လျှင် ရေနံပေပါ ၂၃၀၀ ထွက်ရှိသည်။

အဆိုပါပမာဏသည် မြန်မာနိုင်ငံ၊ ကုန်းတွင်းရေနံထွက်ရှိမှု(၇၅၀၀ ပေပါ)၏ သုံးပုံတစ်ပုံခန့်ရှိကြောင်း Interra နှင့်ယခင်က စီးပွားရေးမိတ်ဖက်ဖြစ်ခဲ့ဖူးသူ လုပ်ငန်းရှင်တစ်ဦးက စင်ကာပူတွင်ပြောကြားသည်။

Interra သည် တရုတ်နိုင်ငံပိုင် ZhenHua Oil နှင့် အကျိုးတူပူးပေါင်းကာ မြန်မာနိုင်ငံရှိ ရေနံတူးဖော်ရေးလုပ်ကွက်များတွင် လုပ်ကိုင်နိုင်ရန်ကြိုးပမ်းလျက်ရှိကြောင်း၊ ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ရေနံတွင်းစုစုပေါင်း ၁၀ တွင်း၌ တူးဖော်လုပ်ကိုင်သွားရန် ရည်မှန်းထားကြောင်းသိရသည်။

"အထူးသဖြင့် ပြီးခဲ့တဲ့နှစ်နှစ်ခွဲကျော်ကာလတုန်းကဆိုရင် ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေဖွံ့ဖြိုး လာအောင် လုပ်ကိုင်နိုင်ခဲ့တယ်။ ရှယ်ယာဈေးနှုန်းတွေကို ကြည့်မယ်ဆိုရင် အရင်တုန်းကအဆင့်သတ်မှတ်ချက်တွေဟာ အက်ဆက် ပိုင်ဆိုင်မှုနဲ့ ငွေကြေးလည်ပတ်စီးဆင်းမှုအရ အင်မတန်နိမ့်ကျနေတာကိုတွေ့ရပါလိမ့်မယ်"ဟု ၎င်းကဆက်လက်ပြောဆိုသည်။

Interra သည် ပြီးခဲ့သည့်လများအတွင်း စင်ကာပူဈေးကွက်၌ စတော့ရှယ်ယာများ အဆမတန်ရောင်းချနိုင်သော လုပ်ငန်းကြီးများ စာရင်းတွင် ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံရှိ စွမ်းအင်အခန်းကဏ္ဍနှင့် ထိတွေမှုရှိသော အခြားဒေသတွင်း စွမ်းအင်ကုမ္ပဏီကြီးများမှာ ထိုင်းနိုင်ငံမှ PTT Pclနှင့် တရုတ်ပြည်မှ CNOOC နှင့် Sinopec တို့ဖြစ်ကြသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်း ၅၀ ကျော်ခန့်စစ်အုပ်ချုပ်မှုစနစ်အောက်သို့ရောက်ရှိခဲ့ပြီး ယခုအခါ တံခါးဖွင့်စနစ် စတင်ကျင့်သုံးနေပြီဖြစ်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက သဘာဝသံယဇာတတူးဖော်ရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင် နိုင်ရေးအတွက် ဒလကြမ်းကြိုးပမ်းလျက်ရှိသည်။ မြန်မာတွင် ရင်းနှီးမြှုပ်နှံမ အဓိကလုပ်ကိုင်သော ကုမ္ပဏီကြီးများ၏ အစုရှယ်ယာတန်ဖိုး များမှာလည်း မြင့်တက်လျက်ရှိသည်။

"ဘယ်ဈေးကွက်မဆို ပထမအစဖွင့်တဲ့ကာလမှာတော့ အခြေခံအဆောက်အဦး၊ ရေနံနဲ့သဘာဝဓာတ်ငွေ့၊  ပိုင်ဆိုင်မှုပစ္စည်းစတာတွေရဲ့ စတော့ရှယ်ယာတွေဟာ အနိမ့်ပိုင်းမှာသီးတဲ့အသီးတွေလိုပါပဲ။ သူတို့ပဲ ပထမဆုံး အကျိုးအမြတ် ဖြစ်ထွန်း မှာပါ"ဟု OCBC Investment Research မှ အကြီးအကဲ Carmen Lee ကပြောကြားသည်။

"အခုလို အနေအထားမျိုးမှာ မြန်မာနဲ့ထိတွေမှုရှိတဲ့လုပ်ငန်းတွေရဲ့ စတော့ရှယ်ယာတွေကို စိတ်ဝင်စားမှုတွေ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ဘာဆက်လုပ်ရမယ်ဆိုတာကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိအောင် ကြိုးစား သင့်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ တချို့သော စတော့ဈေးနှုန်းတွေဟာ သဘာဝကျကျ မြင့်တက်သွားခဲ့လို့ပါပဲ"ဟု ၎င်းကဆက်လက် ပြောဆိုသည်။ Interra ၏ အဓိကအစုရှယ်ယာဝင်များတွင် အင်ဒိုနီးရှား စီးပွားရေးသမားများဖြစ်ကြသော Edwin Soeryadjaya နှင့် Sandigaga Salahuddin Uno  တို့လည်းပါဝင်သည်။

မြန်မာနိုင်ငံသည် ယခုနှစ်ကုန်ပိုင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်ပေါင်း ၁၈ အတွက် ကမ္ဘာလုံးဆိုင်ရာ တင်ဒါခေါ်ယူမှု ပြုလုပ်မည်ဟု ခန့်မှန်းရသည်။

"သူတို့လုပ်ကိုင်တာမြန်လွန်းလို့ကျွန်တော်တောင်အံ့အားသင့်မိပါတယ်။ မြန်မာနိုင်ငံဟာ စွမ်းအင်တွေအများကြီးလိုအပ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးအောင်လုပ်ဖို့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရဖို့လည်း လိုအပ်နေပါတယ်"ဟု Tjia ကပြောကြားသည်။

Interra အနေဖြင့် မြန်မာပြည်တွင်း အလားအလာရှိသည့်လုပ်ကွက်များ ရရှိနိုင်ရေးအတွက် ကျိန်းသေကြိုးပမ်းလိမ့်မည် ဖြစ်ကြောင်း၊ သို့သော် အသေးစားမှ အလတ်စား အရွယ်ရှိ အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများနှင့် ယှဉ်ပြိုင်မှု ပြင်းထန်လာဖွယ် ရှိကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံတွင်း အဂတိလိုက်စားမှုများနှင့် အခြေခံအဆောက်အဦများကိစ္စမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အဓိက စိုးရိမ်စရာဖြစ်နေသည်။

ဥပမာအားဖြင့် မြန်မာအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦများဖြစ်သော လျှပ်စစ်ဓာတ်အား၊  လမ်းတံတား အပါအဝင် အနုစား အခြေခံအဆောက်အဦများဖြစ်သည့် ဘဏ်လုပ်ငန်း၊ ဥပဒေလုပ်ထုံးလုပ်နည်းအစရှိသည်များ တိုးတက်ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းကပြောကြားသည်။

"ဘဏ်လုပ်ငန်းစနစ်တွေဟာ အမှန်တကယ်လည်ပတ်နေတာမျိုးမဟုတ်ပါဘူး။ ဘဏ်ကနေငွေလွှဲရတဲ့ကိစ္စလည်းမလွယ်ကူသလို နိုင်ငံခြားငွေကြေး ကိစ္စလည်း မလွယ်ပါဘူး။ ကြွေးဝယ်ကတ်(Cridit Cards)ကိုအသုံးပြုဖို့ဆိုတာလည်းအခုအချိန်အထိ ခက်ခဲနေတုန်းပါပဲ။ အခုတော့ အမေရိကန်ဒေါ်လာနဲ့ ကျပ်ငွေလဲလှယ်လို့ရလာပါပြီ။ ဒါပေမဲ့လည်း ပမာဏအများကြီးတော့လဲလို့မရပါဘူး" ဟု ဆိုသည်။

                                ******************************************************************************************************                                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment