Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၆.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ကလင်တန်နှင့် အာရှခရီးစဉ်ကို မြန်မာနှင့်ဆက်ဆံရေးကောင်းမွန်လာခြင်းဖြင့် အဆုံးသတ်

(The Peninsula News မှ 14 July 2012 ရက်စွဲပါ “Clinton ends Asia Trip in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

  1. တပ်မတော်အစိုးရကို ရန်ပုံငွေဖြည့်တင်းပေးခဲ့သော ရေနံလုပ်ငန်းသို့ အမေရိကန်ကုမ္ပဏီများ ၀င်ကြတော့မည်

(Global Post မှ 15 July 2012 ရက်စွဲပါ “Petrol that funded Myanmar Junta now open to US firms” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. Sanctions အရုတ်တွင် မြန်မာနိုင်ငံသို့ အမေရိကန်ကုမ္ပဏီများ တပာုန်ထိုးဝင်

(ABC News မှ 15 July 2012 ရက်စွဲပါ “US firms rush back to burma as sanctions lift”သတင်းကို ဘာသာပြန်ဆိုသည်)

                        ***************************************************************

ဘာသာပြန်သတင်းများ

ကလင်တန်နှင့် အာရှခရီးစဉ်ကို မြန်မာနှင့်ဆက်ဆံရေးကောင်းမွန်လာခြင်းဖြင့် အဆုံးသတ်

(The Peninsula News မှ 14 July 2012 ရက်စွဲပါ “Clinton ends Asia Trip in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

ယခင်ဒဏ်ခတ်ထားသော သယံဇာတကြွယ်ဝသည့် မြန်မာနိုင်ငံသို့ အမေရိကန်ကုမ္ပဏီများဝင်ရန် ဝါရှင်တန်က ခွင့်ပြုလိုက်ခြင်းကြောင့် မြန်မာ အာဏာပိုင်များနှင့် ဆက်ဆံရေးသိသိသာသာ နွေးထွေးမှုရှိခဲ့သော ခရီးစဉ်အပြီးတွင် နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန် မနေ့က အာရှမှ ပြန်လည်ထွက်ခွာသွားသည်။

ရေနံ၊ ဓာတ်ငွေ့အပါအဝင် မြန်မာ့စီးပွားရေးနယ်ပယ်၌ အမေရိကန်တို့ရင်းနှီးမြှုပ်နှံနိုင်ရန် ဝါရှင်တန်က မီးစိမ်းပြပြီးနှစ်ရက်အကြာ ဗုဒ္ဓပာူးနေ့တွင် ကမ္ဘောဒီးယားနိုင်ငံ ဆီရန်ရိဒ်စီးပွားရေးဖိုရမ်၌ မြန်မာသမ္မတဦးသိန်းစိန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

ယင်းသို့တွေ့ဆုံခဲ့ရာတွင် ရာစုနှစ်ဝက်စစ်အုပ်ချုပ်ရေးမှ မြန်မာနိုင်ငံ ရုန်းထလာခြင်းကို ကလင်တန်က ချီးကျုးပြောဆိုခဲ့ပြီး၊ တိုးပွားလာသော အမေရိကန်ရင်းနှီးမြှုပ်နှံမှုများက မြန်မာပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို တိုးတက်စေမည့်အစီအမံများကို ဝါရှင်တန်က သေချာချမှတ်ထားသည်ပာု ပြောကြားခဲ့သည်။

အမေရိကန်ကုမ္ပဏီများသည် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစသော တာဝန်ခံရမည့်ကိစ္စရပ်များကို အစီရင်ခံစာရေးတင်ကြရမည်ဖြစ်သော်ငြားလည်း ငွေပုံအောမှုမြန်ဆန်လွန်းအားကြီးသည်ပာု လူ့အခွင့်အရေးအုပ်စုများက ပြောဆိုကြသည်။

အမေရိကန်ပြည်ထောင်စုသည် အလွန်အကျွံ့ရန်လိုစိတ်များသော ဘီဂျင်းကို ရှောင်ရှားနေသော်လည်း တရုတ်နိုင်ငံ၏ပါဝါကို ပာန်ချက် ထိန်းရန်အတွက် အာရှမပာာမိတ်များကို အားပေးရန်ကြိုးစားနေသည့်အလျောက်၊ ကလင်တန်၏ အရှေ့တောင်အာရှခရီးစဉ်တွင် ဒေသတွင်း လုံခြုံရေးဆိုင်ရာဖိုရမ်လည်း ပါဝင်သည်။

ကြာသပတေးနေ့က ကလင်တန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျားချီတို့တွေ့ဆုံကြရာတွင် အတူတကွ ပိုမိုနီးကပ်စွာ ဆောင်ရွက်သွားကြရန် ကတိပြုခဲ့ကြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဘီဂျင်းနှင့် အာရှအိမ်နီးခြင်းများအကြားမှ ရေပြင်ပိုင်နက်ပြဿနာ၏ လက်သည်မဖြစ်အောင် ရှောင်ရှားရန် ကြိုးစားခဲ့သော်လည်း တင်းမာမှုများကြီးထွားလာနိုင်သည့် အလားအလာရှိကြောင်း သတိပေးပြောဆိုခဲ့သည်။

တရုတ်နိုင်ငံနှင့် ညှိနှိုင်းရန်အတွက် စည်းလုံးကြရန်အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ကို အမေရိကန်ပြည်ထောင်စုက ယခုတစ်ပတ် တောင်းဆိုခဲ့သော်လည်း အဖွဲ့ဝင်နိုင်ငံများအကြားသဘောထားအကြီးအကျယ်ကွဲလွဲမှုကြောင့် သဘောတူကြေညာချက် မထုတ်ပြန်နိုင်ခဲ့ပေ။

                                                                        ********************************************

တပ်မတော်အစိုးရကို ရန်ပုံငွေဖြည့်တင်းပေးခဲ့သော ရေနံလုပ်ငန်းသို့ အမေရိကန်ကုမ္ပဏီများ ၀င်ကြတော့မည်

(Global Post မှ 15 July 2012 ရက်စွဲပါ “Petrol that funded Myanmar Junta now open to US firms” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

မြန်မာပြည်သူများ ဆင်းရဲတွင်းနက်နေချိန်တွင် ယခင်တပ်မတော်အစိုးရ ချမ်းသာကြွယ်ဝအောင်လုပ်ပေးခဲ့သော သယံဇာတများမှာ ကျောက်စိမ်း၊ ပတ္တမြား၊ ကျွန်းသစ်များမဟုတ်ဘဲ ရေနံနှင့်သဘာဝဓာတ်ငွေ့သယံဇာတများသာ ဖြစ်သည်။

Sanctions များ ချမှတ်ခံထားရသော မြန်မာအစိုးရပိုင်ရေနံလုပ်ငန်းနှင့် စာချုပ်ချုပ်ရန်ကြိုးစားသည့် အမေရိကန်ကုမ္ပဏီများ ယခုထပ်အထိ မရှိခဲ့သော်လည်း ယခုဤသို့ မဟုတ်တော့ပါ။

အိုဘားမားအစိုးရက အမေရိကန်ကုမ္ပဏီများအား မြန်မာ့ရေနံနှင့်ဓာတ်ငွေ့သိုက်များကို ဖောက်ယူခွင့်ပြုလိုက်ပြီဟု ၀ါရှင်တန်ပို့စ် သတင်းစာတွင် ဖတ်ရှုရသည်။

ဤကိစ္စသည် လွန်စွာအရေးကြီးသည်။ လျို့ဝှက်ဖုံးကွယ်မှု၊ မြေယာသိမ်းဆည်းမှု၊ ညှင်းပန်းနှိပ်စက်မှုများဖြင့် ထင်ရှားသည့် မြန်မာ့ရေနံဓာတ်ငွေ့ကဏ္ဍသို့ အမေရိကန်ကုမ္ပဏီများအား သွားရောက်ခွင့်ပေးခြင်းသည် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက လုံလုံလောက်လောက်ယုံကြည်သွားပြီဟု ဆိုလိုရာရောက်ပေသည်။

ဤကိစ္စသည် မြန်မာပြည်အလယ်ပိုင်းလွင်ပြင်နှင့် ပင်လယ်ကမ်းခြေအောက်တွင် နစ်မြုပ်နေသောဘူမိရုပ်ကြွင်း ရေနံသဘာဝ ဓာတ်ငွေ့များနှင့်မဆိုင်ဘဲ အငြင်းပွားဖွယ်ဒီမိုကရေစီပုံစံဖြင့် ယခုအစားထိုးထားသော ယခင်တပ်မတော်အစိုးရနှင့်သာသက်ဆိုင်ပြီး အာဏာလက်ဝယ်ရှိသူ ဗိုလ်ချုပ်မှုးကြီးအား အဓိကရန်ပုံငွေ ဖြည့်တင်းပေးသည့် လမ်းကြောင်းအားနည်းသွားစေရေးသာဖြစ်သည်။

အနောက်နိုင်ငံများမပါဝင်ဘဲ အဓိကအားဖြင့်တရုတ်နိုင်ငံနှင့်ချုပ်ဆိုသော ပွပေါက်တိုးစွမ်းအင်စာချုပ်များက ယခင်တပ်မတော်အစိုးရကို ပစ်တိုင်းထောင် ဖြစ်နေစေသည်။ Eleven Media Group က ကိုးကားပြထားသော ကိန်းဂဏန်းများအရ ပြီးခဲ့သည့်ဆယ်စုနှစ်တစ်စုလုံးလုံး ရေနံဓာတ်ငွေ့စီမံကိန်းများမှရရှိသော ဒေါ်လာ ၁၆ ဘီလီယံကို တပ်မတော်အစိုးရက ဘယ်လိုဖြုန်းတီးပစ်ခဲ့သလဲဆိုသည်ကို ယခုရှင်းမပြနိုင်ခဲ့ပါ။ (ပြည်သူ့ဘ၀တိုးတက်စေမည့် စာသင်ကျောင်း၊ ဆေးရုံ၊ အခြေခံအဆောက်အဦးကဏ္ဍများအပေါ် မသဒ္ဒါရေစာဖြန့်ကြဲမှုမှာ အနည်းငယ်မျှသာ ဖြစ်ပေသည်။)

ပြီးခဲ့သော ဇွန်လအတွင်း မြန်မာစွမ်းအင်ကဏ္ဍ အာဏာပိုင်များက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ အခွင့်အလမ်းများကို ရှင်းလင်းဆွေးနွေးသော ပွဲအပြီးတွင် စာရေးသူ ယုံယုံကြည်ကြည်ပြောနိုင်သော အချက်မှာ မြန်မာနိုင်ငံအတွင်းသို့ နောက်ထပ်အနောက်နိုင်ငံကုမ္ပဏီများ ထပ်မံ ၀င်ရောက်လာခြင်းကို အာဏာပိုင်များက လိုလားနေသောအချက်ပင် ဖြစ်သည်။ (နောက်ထပ်ဟူသောစကားလုံးကို သုံးစွဲရခြင်းမှာ Sanctions များမရှိခင်ကပင် Total နှင့် Cheveron တို့ရှိနေကြပြီး ဖြစ်သောကြောင့်ဖြစ်သည်။)

လက်ရှိမြန်မာ့ရေနံဓာတ်ငွေ့နယ်ပယ်တွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကုမ္ပဏီ ၂၀ ခန့်ဝင်ရောက်လှုပ်ရှားနေကြသည်။

တရုတ်နိုင်ငံသည် ရေနံဓာတ်ငွေ့စီမံကိန်းများကို မြန်မာ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၄၀ ရာခိုင်နှုန်းခန့် ရှိလာအောင် ပြုလုပ်ပေးခြင်းဖြင့် မြန်မာ့စွမ်းအင်ကဏ္ဍတွင် အင်အားကြီးပလေယာအဖြစ် ရပ်တည်နေသည်။

သို့သော် မြန်မာအစိုးရက ကမ်းလွန်ရေပြင်အောက်တွင် ပွပေါက်တိုးမည့်ဓာတ်ငွေ့သိုက်နောက်ထပ်များစွာ ကျန်နေသေးသည်ဟု ယုံကြည်ထားသည်။ အစိုးရကိန်းဂဏန်းများအရ စွမ်းအင်ကုမ္ပဏီကြီးများလုပ်ကိုင်နိုင်မည့် ကမ်းလွန်ဓာတ်ငွေ့သိုက် (လေ့လာပြီးနှင့်မလေ့လာရသေး)၂၅ ခုခန့်ရှိသည်ဟုသိရသည်။

ထို့အတွက် အဆင့်မြင့်ဆုံးနည်းပညာများပိုင်ဆိုင်ထားသော အနောက်အုပ်စုရေနံကုမ္ပဏီကြီးများသည် ထိုဒေသ၌ ရှာဖွေထုတ်ယူရန် အစိုးရကို အမြတ်များခွဲဝေပေးရန်အတွက် အကောင်းဆုံးအံဝင်နေသူများဖြစ်သည်။ တရုတ်ကုမ္ပဏီကြီးများနှင့် မတူကွဲပြားသောအချက်မှာ အမေရိကန်ကုမ္ပဏီများ၏ လုပ်ငန်းများတွင် လူ့အခွင့်အရေးချိုးဖောက်မှု ကင်းရှင်းကြောင်းသက်သေပြရန် အမေရိကန်နိုင်ငံခြားရေးဌာနက ဖိအားပေးထားခြင်းပင်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် စွမ်းအင်လိုအပ်ချက်ရှိနေခြင်းကြောင့် အိုဘားမား၏ ဆုံးဖြတ်ချက်အပေါ် အနည်းငယ်သာ အံ့သြသင့်မိသည်။ ပိုမိုအံ့သြသင့်စရာကောင်းသော အချက်မှာ အမေရိကန်၏ မြန်မာ့ရေးရာမူဝါဒကို လမ်းညွှန်နေပုံရသော ဒေါ်အောင်ဆန်းစုကြည်အပေါ် အမေရိကန် သံတမန်များ၏ ရှားရှားပါးပါးသစ္စာဖောက်မှုပင် ဖြစ်လေသည်။

မြန်မာအစိုးရပိုင်ရေနံဓာတ်ငွေ့လုပ်ငန်း MOGE ၏ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ တာဝန်ယူမှုမရှိခြင်းတို့ကို ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့်လင်းလင်း ထောက်ပြဝေဖန်ထားသည်။ ဤအခြေအနေသည် မြန်မာ့မြေအောက်မှ ဘူမိရုပ်ကြွင်းများကို ထုတ်ယူရန်ကြိုးစားကြမည့် အမေရိကန်ကုမ္ပဏီများ အတွေ့အကြုံရမည့် အခင်းအကျင်းပင် ဖြစ်သည်။

                                                        **********************************************

Sanctions အရုတ်တွင် မြန်မာနိုင်ငံသို့ အမေရိကန်ကုမ္ပဏီများ တပာုန်ထိုးဝင်

(ABC News မှ 15 July 2012 ရက်စွဲပါ “US firms rush back to burma as sanctions lift”သတင်းကို ဘာသာပြန်ဆိုသည်)

ပြီးခဲ့သောအပတ်အတွင်း ဝါရှင်တန်ကနေပြည်တော်အပေါ်ချမှတ်ထားသော Sanctions များကိုဖြေလျော့ပေးပြီးနောက်ပိုင်း General electrics ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ စီးပွားရေးပြန်လည်စတင်လုပ်ကိုင်သော ပထမဆုံးအမေရိကန်ကုမ္ပဏီဖြစ်လာသည်။

ဗုဒ္ဓပာူးနေ့တွင် သမ္မတအိုဘားမားက မြန်မာနိုင်ငံ၌ အမေရိကန်ကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံခွင့်ပေးကြောင်း ကြေညာပြီးချိန်မှစ၍ အမေရိကန်ကုမ္ပဏီများကလည်း အချိန်ကိုဖြုန်းတီးခြင်းမပြုကြပေ။

ပထမဆုံး စတင်လှုပ်ရှားခဲ့သော GE ကုမ္ပဏီက နှလုံးနှင့်ခန္ဓာကိုယ် ရိုက်ကူးသော ဓာတ်ရောင်ခြည်စက်များကို ပြည်တွင်းဒေသခံ ကုမ္ပဏီတစ်ခုမှ တစ်ဆင့် မြန်မာပုဂ္ဂလိက ဆေးရုံနှစ်ခုသို့ပေးသွင်းရန် သဘောတူညီမှုရရှိသွားပြီဖြစ်သည်။

ကမ္ဘာတစ်လွှားရင်းနှီးမြှုပ်နှံသူများက အခြေခံအဆောက်အဦး၊ ဘဏ်လုပ်ငန်း၊ သတင်းနည်းပညာနှင့် ရေနံ၊ ဓါတ်ငွေ့ကဏ္ဍများမှသည် အရာရာကိုလုပ်ကိုင်ရန်စိတ်ဝင်စားနေကြသော မြန်မာနိုင်ငံသို့ အမေရိကန်ကုမ္ပဏီများ လာရောက်ကြသည့်ခရီးစဉ်အတောအတွင်း စနေနေ့က ယင်းသဘောတူညီချက်ကို ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

အာရှကုမ္ပဏီများ၏နောက်တွင် ကျန်ရစ်ခဲ့မည်ကို စိုးရိမ်နေကြသော အမေရိကန်ကုမ္ပဏီ ၃၇ ခုမှ ဦးဆောင်ပုဂ္ဂိုလ် ၇၀ ခန့်သည် တစ်ချိန်က တံခါးပိတ်မှောင်အတိကျခဲ့သော မြန်မာနိုင်ငံမှ အခွင့်အလမ်းများကို စူးစမ်းလေ့လာနေကြပြီဖြစ်သည်။

မြန်မာကုမ္ပဏီ Sealion co.,Ltd မှတစ်ဆင့်ရရှိသော အရောင်းအဝယ်စာချုပ်သည် ဒေါ်လာ ၂ သန်းနီးပါးသာရှိ၍ ပမာဏ သေးငယ်သော်ငြားလည်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဓာတ်အားကဏ္ဍများတွင် အစိုးရက ရန်ပုံငွေတိုးမြှင့်သုံးစွဲရန် ပြင်ဆင်နေသော မြန်မာနိုင်ငံနှင့် ပတ်သက်၍ GE ကုမ္ပဏီက ကြီးမားသောအစီအစဉ်များချမှတ်ထားသည်။

ကမ္ဘောဒီးယားဆီရိမ်ရိဒ်စီးပွားရေးဖိုရမ် အဝန်းအဝိုင်းတွင် သောကြာနေ့ကပြုလုပ်သော အင်တာဗျူး၌ GE ၏ အာဆီယံဒေသအကြီးအကဲ Stuart Dean က “ကျွန်တော်တို့အခါသွားကြဖို့ အချိန်ကောင်းပါပဲ”ပာု ပြောကြားသွားသည်။

“အရင်ကတော့ ပိတ်ဆို့မှုတွေရှိနေတဲ့ မီးခိုးရောင်နယ်မြေဖြစ်လို့ ဒီကိစ္စကိုခွင့်ပြုသလား၊ ခွင့်မပြုဘူးလား ဆိုတာကို ကျွန်တော်တို့မသိခဲ့ပါဘူး။ ကျွန်တော်တို့က နောက်ဆုံးသုံးစွဲမယ့်သူနဲ့တွေ့ရတဲ့နည်းလမ်းကို ပိုသဘောကျပါတယ်။ ကျွန်တော်တို့က ဆေးရုံကို ရက်ပေါင်း ၆၀ အတွင်း ငွေချေခွင့်ပေးမယ်ဆိုရင် ဒိငွေပေးငွေယူကိစ္စက Sanctions တွေကို ချိုးဖောက်ရာရောက်သလားဆိုတာကို ကျွန်တော်တို့ သေချာမသိပါဘူး။ ဒါပေမယ့် အခုတော့ဒီပြဿနာကို ကျော်လွှားဖို့လိုင်စင်ပေးလိုက်ပြီဆိုတော့ ကျွန်တော်တို့အတွက် အရမ်းအဆင်ပြေသွားပါတယ်”ပာု stuart Dean ကဆိုသည်။

သယံဇာတကြွယ်ဝသော်လည်း နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေးကြောင့် ဖွာလန်ကျဲစုတ်ပြတ်သွားသော မြန်မာနိုင်ငံကို လက်ရှိအာဏာရ ၁၅ လသားအစိုးရက ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်သို့ ဆွဲတင်ရန် ကြိုးပမ်းလျက်ရှိသည်။

Sanctions များ မချမှတ်မီကပင် မြန်မာနိုင်ငံ၌ ခြေချခဲ့ပြီးသော Chevron ရေနံကုမ္ပဏီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးမှတဆင့် မြေထိုးစက်၊ မြေကော်စက်များ ရောင်းချခဲ့သော Caterpillar ကုမ္ပဏီတို့သည်လည်း မြန်မာနိုင်ငံနှင့် ဆွေးနွေးနေသော အဓိကအမေရိကန်ကုမ္ပဏီကြီးများဖြစ်သည်။

                                        ******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment