Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၈.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံတွင် စီးပွားရေးတံခါးဖွင့်သော်လည်း လိုအပ်ချက်နှစ်ခုကြောင့် ရင်းနှီးမြှုပ်နှံသူများ စောင့်ဆိုင်း

(Globle Post မှ 17 July 2021 ရက်စွဲပါ  “Mynmar is open for business ,but investers wait” သတင်းကို ဘာသာပြန်ဆိုသည်။)  

  1. မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်  အမေရိကန်ဆီနိတ်တာပြော

(17July 2012 ရက်စွဲပါ UPI မှ Oil trade good for Myanmar ,lawmakersay ကိုဘာသာပြန်ဆိုသည်။)

  1. Global Citizen Award လက်ခံရန် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သွားမည်

(VOA News မှ 18 July 2012 ရက်စွဲပါ “Aung San SuuKyi to accept award in US” သတင်းကိုဘာသာပြန်ဆိုသည်)

                                ***************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် စီးပွားရေးတံခါးဖွင့်သော်လည်း လိုအပ်ချက်နှစ်ခုကြောင့် ရင်းနှီးမြှုပ်နှံသူများ စောင့်ဆိုင်း

(Globle Post မှ 17 July 2021 ရက်စွဲပါ  “Mynmar is open for business ,but investers wait” သတင်းကို ဘာသာပြန်ဆိုသည်။)  

အမေရိကန်-မြန်မာဆက်ဆံရေး သိသာစွာနွေးထွေးလာပြီးနောက် ယခုနောက်ဆုံး သမ္မတအိုဘားမားက မြန်မာနိုင်ငံ၌ အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုလိုက်လေပြီ။

မြန်မာ့သယံဇာတများကိုထုတ်ယူရေးအတွက် ခေါင်းခဲနေကြသော GE နှင့် Chevron ကဲ့သို့ ကုမ္ပဏီများသည်လည်း ၁၅ နှစ် အတွင်း ပထမဦးဆုံးအကြိမ် ထိုကဲ့သို့ လုပ်ပိုင်ခွင့်ရှိလာကြတော့မည်။

သို့သော် မြန်မာနိုင်ငံမှဖြစ်စဉ်သည် အရာအားလုံးလွယ်ကူချောမွေ့ခြင်းမရှိပါ။ “လောလောဆယ် အရေးကြီးသော သော့ချက်မှာ ရင်းနှီးမြှုပ်နှံသူများအား မြန်မာနိုင်ငံထဲသို့ပိုက်ဆံများ လောင်းထည့်ခွင့်ပြုမည့် စိတ်ချယုံကြည်ရသော ဘဏ်စနစ်နှင့် ငွေကြေးစနစ်ပင်ဖြစ်သည်”ဟု Templeton Emerging Markets Group အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ ရင်းနှီးမြှုပ်နှံမှုဂုရု မတ်စ်မိုဘီယပ်စ်က Business Insider  သို့ ပြောကြားသည်။

“အခုလောလောဆယ်အထိ  ငွေကြေးစနစ်ကို အလွန်အမင်းချုပ်ကိုင်ထားပါတယ်။ ဒါကြောင့် ဒီကိစ္စမှာ ငွေလဲနှုန်းမငြိမ်မှုကြောင့် ရင်းနှီးမြှုပ်နှံသူတွေ ရင်းနှီးမြှုပ်နှံဖို့အခက်တွေ့စေပါတယ်”ဟု ၎င်းကဆိုသည်။

“ငွေကြေးဈေးကွက်နဲ့မပတ်သတ်ပဲ တိုက်ရိုက်ရင်းနှီးမြှုပ်နှံကြတဲ့သူတွေအတွက်ကတော့ ပြသနာသိပ်မရှိပါဘူး။ ခင်ဗျားရဲ့ပိုက်ဆံကို ရင်းနှီး ထားပြီးတော့ တစ်ချိန်ချိန်မှာ ဖလှယ်ထုတ်ယူနိုင်မယ့် အနေအထားတစ်ခုကို ခင်ဗျားရမှာပါပဲ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

“ဒါပေမယ့် စတော့ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမယ့်ကိစ္စမှာတော့ ပြသနာရှိလာပါတယ်။ ခင်ဗျားအနေနဲ့ ကျွန်တော်တို့လို အကန့်အသတ်မရှိ လွတ်လပ်တဲ့ ငွေကြေးကုမ္ပဏီမျိုးကိုလုပ်ကိုင်ထားတယ်ဆိုရင် တကယ့်အချိန်တိုတိုအတွင်းမှာ ငွေကြေးလောင်းထည့်ခွင့်နဲ့ ထုတ်ယူသွားနိုင်ခွင့် ရှိဖို့လိုပါတယ်”ပာု ၎င်းကဆက်လက်ဆိုသည်။

“ဒါကြောင့် ငွေကြေးထိန်းချုပ်တာတို့၊ ပိုက်ဆံပြန်ထုတ်ယူဖို့ ပြသနာရှိနေတာတို့ကို ကျွန်တော်တို့မလိုချင်ပါဘူး၊ ဒါဟာ စတော့ကုမ္ပဏီတွေ ရင်ဆိုင်ကြရမယ့် အကြီးဆုံးစိန်ခေါ်မှုဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု မတ်စ်မိုဘီယပ်စ် က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် စိတ်ဝင်စားစရာအကောင်းဆုံးကဏ္ဍ ၃ ခုရှိသည်ဟု ယူဆကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အသိသာဆုံးလုပ်ငန်းကတော့ ခရီးသွားလုပ်ငန်းပါ။ ဒီနေရာမှာ ဟိုတယ်တွေ အစားအသောက်ဝန်ဆောင်မှုနဲ့ ပတ်သတ်တာတွေ၊ စားသောက်ဆိုင်တွေ၊ ကုန်ပစ္စည်းပေးသွင်းတာတွေ ပါဝင်ပါတယ်။”

“ဒုတိယနယ်ပယ်ကတော့ သတ္တုတွင်းလုပ်ငန်းပါ။ ဒီကဏ္ဍမှာ ကြီးမားတဲ့အလားအလာရှိနေပါတယ်။ အထူးသဖြင့် ကျောက်မျက် တွင်းထွက် တွေပေါ့။ ခင်ဗျားသိတဲ့အတိုင်း မြန်မာနိုင်ငံဟာ ကမ္ဘာအကြီးဆုံးကျောက်စိမ်း တွေ ထုတ်လုပ်တဲ့နိုင်ငံမဟုတ်လား”ပာု ၎င်းကပင် ထပ်လောင်း ပြောကြားခဲ့သည်။

“ရေနံ၊ ဓါတ်ငွေ့နယ်ပယ်မှာတော့ ထိုင်းကုမ္ပဏီတွေက ကြီးကြီးမားမားရင်းနှီးမြှုပ်နှံထားကြပြီးသား ဖြစ်ပါတယ်။ ဒါက နောက်ထပ် အလားအလာကောင်းတဲ့ နယ်ပယ်တစ်ခုပေါ့”ဟု ရင်းနှီးမြှုပ်နှံမှုဂုရု မတ်စ်မိုဘီယပ်စ်က မှတ်ချက်ပေး ပြောဆိုသွားသည်။

                                                 ***************************************

မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်  အမေရိကန်ဆီနိတ်တာပြော

(17July 2012 ရက်စွဲပါ UPI မှ Oil trade good for Myanmar ,lawmakersay ကိုဘာသာပြန်ဆိုသည်။)

အမေရိကန်ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင်အလုပ်လုပ်ရန် စဉ်းစားနေခြင်းကြောင့် မဟာဗျူဟာ အမှားကြီးတစ်ခု (Strategic Mistake)ဖြစ်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်ဆီနိတ်တာတစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ Barack Obama သည် ပြီးခဲ့သည့်အပတ်က မြန်မာနိုင်ငံတွင် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုသည့်အမိန့်ကို လက်မှတ် ရေးထိုးခဲ့သည်။ မြန်မာနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ အရေးယူခြင်းခံထားရသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် လုပ်ဆောင်ခြင်းကိုမူ ကန့်သတ်ထားသည်။

အမေရိကန်ဆီးနိတ် ပတ်ဝန်းကျင်နှင့် ပြည်သူ့လုပ်ငန်းကော်မတီမှအဖွဲ့ဝင်ဖြစ်သူ ဆီနိတ်တာ JameInhofe,R-kla က ပြောကြားရာတွင် အမေရိကန် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများသည် မြန်မာနိုင်ငံသို့ ဖြစ်နိုင်သမျှ အမြန်ဆုံး ဝင်ရောက်ရန် စိတ်ဝင်စားကြောင်း ပြောကြားသည်။

“တရုတ် ရုရှားနဲ့ ဥရောပသမဂ္ဂတွေကကုမ္ပဏီတွေဟာ မြန်မာနိုင်ငံရဲ့စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံပြီးကြပါပြီ။ အမေရိကန်တွေရဲ့ပါဝင်မှုကို ရပ်ဆိုင်းထားစေမယ်။ ဒါမှမဟုတ် ပိတ်ဆို့ထားမယ်ဆိုရင်တော့ မဟာဗျူဟာအမှားကြီး ဖြစ်လိမ့်မယ်ဖြစ်ပါတယ်”ဟု Inhofe က ကြေညာချက်တွင် ဖော်ပြထားသည်။

ပြင်သစ်ကုမ္ပဏီဖြစ်သော Total မှ ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့သွားရောက်၍ စွမ်းအင်ကဏ္ဍအလားအလာများကို ဆွေးနွေးခဲ့သည်။

အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုခြင်းနှင့်ပတ်သက်၍ အလေးအနက်စိုးရိမ်ပူပန်မှုဖြစ်ရကြောင်း ဆန့်ကျင်ဘက် အုပ်စုများ စုဖွဲ့ထားသောအဖွဲ့ကြီးက ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးဖော်ပြခဲ့သည်။ ထိုသို့ ခွင့်ပြုခြင်းကြောင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေကိုပိုမိုဆိုးရွားသွားစေနိုင်ကြောင်း ၎င်းတို့က ဆိုသည်။

“စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမယ့် အမေရိကန်ကုမ္ပဏီများအပါအဝင် ကုမ္ပဏီတွေဟာ ပိုမိုပွင့်လင်းမြင်သာဖို့နဲ့ လူ့အခွင့်အရေးကိုလေးစားဖို မြှင့်တင်မှုတွေ လုပ်ပေးကြပါလိမ့်မယ်”ဟု Inhofe ကပြောသည်။

                                                    *****************************************

Global Citizen Award လက်ခံရန် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သွားမည်

(VOA News မှ 18 July 2012 ရက်စွဲပါ “Aung San SuuKyi to accept award in US” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် Global Citizen Award ဆုကို လက်ခံရန်အတွက် စက်တင်ဘာလတွင် နယူးယောက်မြို့သို့ ရောက်ရှိလာမည်ဟု အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအုပ်စုက ထုတ်ပြန်ကြေညာသည်။

Atlantic Council အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက “မြန်မာ့အတိုက်အခံခေါင်းဆောင်သည် ၄င်းဆုကို ကိုယ်တိုင်လက်ခံရယူမည် ဖြစ်သည်”ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်သည် ကုလသမဂ္ဂတွင် သူမအလုပ်လုပ်ခဲ့သော ၁၉၈၀ ခုနှစ်များကာလနောက်ပိုင်း အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံးပြန်လည်လာရောက်လည်ပတ်သည့် ခရီးစဉ်ဖြစ်လိမ့်မည်ဟုသိရသည်။

“ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် မဆုတ်မနစ်သော လုံ့လဝီရိယဖြင့် တစ်စိုက်မတ်မတ်အားထုတ်ခဲ့ခြင်းအတွက် ဒေါ်အောင်ဆန်းစုကြည်အား ဆုချီးမြှင့်ခြင်းဖြစ်ပြီး သူမသည် လွတ်လပ်ခွင့်နှင့် လူ့ဂုဏ်သိက္ခာဆိုင်ရာ နိုင်ငံတကာ သင်္ကေတတစ်ခုဖြစ်သည်”ဟု Atlantic Council က ပြောကြားသည်။

ယခုအခါ လျင်မြန်စွာပြုပြင်ပြောင်းလဲနေသော မြန်မာနိုင်ငံမှ ကြီးကြီးမားမားအခွင့်အလမ်းများကို အမေရိကန်ကုမ္ပဏီကြီးများ၏ အကြီးအကဲများ ပါဝင်သော ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့က သွားရောက်လေ့လာနေချိန်တွင် ယခုဖိတ်ကြားမှုပေါ်ထွက်လာခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ပြုပြင်ပြောင်းလဲနေသော်လည်း သံသယဖြစ်ဖွယ် စစ်အုပ်ချုပ်ရေးအငွေ့အသက်များ ကျန်ရှိနေသေးသော မြန်မာနိုင်ငံအပေါ် Sactions များ ဖြေလျော့ပေးရာတွင် သတိရှိကြရန် အနောက်အုပ်စုနိုင်ငံများကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားထားသည်။

ပြီးခဲ့သောသီတင်းပတ်တွင် အမေရိကန်ပြည်ထောင်စုက မြန်မာ Sactions အချို့ကို ဖြေလျော့ပေးလိုက်ပြီး ၁၅ နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံ၌ အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှပ်နှံခြင်းကို ခွင့်ပြုလိုက်ပြီဖြစ်သည်။

        ******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment