Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၂၁.၇.၂၀၁၂

ပြည်တွင်းသတင်းများ

  1. တရုတ်နိုင်ငံ၏ တရားမဝင်မြောင်းဆီတင်သွင်းမှုကြောင့် နယ်စပ်ဂိတ်များတွင် တင်သွင်းမှုများ စိစစ်တော့မည်
  2. ပထမဆုံးအကြိမ် သတ္တုတွင်းလုပ်ငန်း ညီလာခံကျင်းပမည်
  3. ပြည်တွင်းရှိ ပိာုတယ်များကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ၉၅ ရာခိုင်နှုန်းခန့် ရပ်တန့်ရတော့မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အာဇာနည်နေ့အခမ်းအနား နှစ်ပေါင်း၅၀အတွင်း နိုင်ငံ့ထိပ်တန်းခေါင်းဆောင်တစ်ဦး စတင်တက်ရောက်
  2. ကချင်စစ်ပွဲနှင့် ပတ်သက်၍ အောက်ခြေတပ်သားအချို့ စစ်ပွဲအပေါ် ငြီးငွေ့

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*************************

ပြည်တွင်းသတင်းများ

တရုတ်နိုင်ငံ၏ တရားမဝင်မြောင်းဆီတင်သွင်းမှုကြောင့် နယ်စပ်ဂိတ်များတွင် တင်သွင်းမှုများ စိစစ်တော့မည်

မကြာသေးမီကာလအတွင်းက တရုတ်နိုင်ငံမှ တရားမဝင်တင်သွင်းခဲ့သည့် အန္တာရာယ်ရှိမြောင်းဆီများ ပြည်တွင်းဈေးကွက်အတွင်း ပျံ့နှံ့ခဲ့ သည့်အတွက် နယ်စပ်ဂိတ်များ၌ တရားမဝင်တင်သွင်းလျက်ရှိသည့် ဆီနှင့် စားသောက်ကုန်များအား အထူးစိစစ်ရေးအဖွဲ့များ ဖွဲ့စည်း၍ အထူးကြပ်မတ် စိစစ်မှုများကို ပြုလုပ်သွားတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“တရုတ်နိုင်ငံကနေ နှစ်ခါကြော်ပြီးသား မြောင်းဆီတွေကို ပြန်စစ်ထုတ်ပြီး ပြည်တွင်းကို တင်သွင်းလာပါတယ်။ ပြည်သူတွေကလည်း ဈေးနှုန်း သက်သာတော့ ဝယ်ကြတာပေါ့။ ဒီကိစ္စက အရမ်းကို အန္တာရာယ်များပါတယ်။ ဒီကိစ္စကို ကာကွယ်နိုင်ဖို့အတွက် စီးပွား/ကူးသန်းနဲ့ FDI တို့က တာဝန်ရှိသူ တွေပူးပေါင်းပြီးတော့ နယ်စပ်ဒေသတွေမှာ တရားမဝင်စားသောက်ကုန်တင်ပို့မှုတွေကို အထူးကြပ်မတ် စီစစ်သွားတော့မှာပါ။ တရုတ်နိုင်ငံကတော့ ကိုယ့်အကျိုးအမြတ်တစ်ခုတည်းကို ကြည့်ပြီး ပြည်တွင်းကို ဒီဆီတွေ တင်သွင်းလာတာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထို့ပြင် ဈေးကွက်အတွင်းပျံ့နှံ့လျက်ရှိသည့် အန္တရာယ်ရှိ တရုတ်ဆီရောင်းချနေမှုများကိုလည်း FDI မှ ရှောင်တခင် စစ်ဆေးဆောင်ရွက်သွား မည်ဖြစ်ပြီး နယ်စပ်ဒေသများမှ တင်သွင်းလျက်ရှိသည့် အခြားစားသောက်ကုန်ပစ္စည်းတင်သွင်းနေမှုများကိုလည်း စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဒေသမှတစ်ဆင့် တရားမဝင်ကုန်ပစ္စည်းတင်သွင်းမှုများ ပြုလုပ်လျက်ရှိသည့် နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဖြစ်ပြီး ယင်းဒေသများတွင် စစ်ဆေးရေးဂိတ်များ ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

Ref:News Watch

-----------------------------------------------------------------------------------------------------------------------------------

ပထမဆုံးအကြိမ် သတ္တုတွင်းလုပ်ငန်း ညီလာခံကျင်းပမည်

မကြာမီကာလအတွင်း မြန်မာနိုင်ငံ၏ သတ္တုတွင်းလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ သတ္တုတွင်းလုပ်ငန်းညီလာခံကို ယခုလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားပိာုတယ်၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး သတ္တုတွင်းလုပ်ငန်းညီလာခံကို ဇူလိုင်လ ၂၂ ရက်နေ့မှစတင်၍ ၂၅ နေ့အထိ ၃ ရက်တိတိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ယင်းညီလာခံကို စင်္ကာပူနိုင်ငံရှိ CNT ကုမ္ပဏီမှ ကြီးမှူးကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့ ပထမဆုံးသတ္တုတွင်းညီလာခံကို ဒီလ ၂၂ ရက်နေ့မှာ ဆီဒိုးနားပိာုတယ်မှာ ကျင်းပပြုလုပ်သွားမှာပါ။ ဒီညီလာခံမှာ ဒီမှာရှိတဲ့ သတ္တုတွင်းလုပ်ငန်းတွေမှာ ဘယ်လိုအခွင့်အလမ်းတွေရှိမယ်။ နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ ဘယ်လိုရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နိုင်မယ်ဆိုတာကို အဓိကထား ဆွေးနွေးသွားမှာပါ”ပာု သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် သတ္တုတွင်းဝန်ကြီးဌာနမှ ထွက်ရှိသော ဓာတ်သတ္တုများအား ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရာတွင် ကုန်ကြမ်းအဖြစ်သာ တင်ပို့ရောင်းချနိုင်ခဲ့သည့်အပြင် မြန်မာနိုင်ငံ၏ ဓာတ်သတ္တုသန့်စင်စက်ရုံများတွင်လည်း နည်းပညာနှင့် အရင်းအနှီးများ လိုအပ်လျက်ရှိသေးကြောင်း သိရသည်။

“ဒီညီလာခံမှာ ပြည်ပနိုင်ငံက သတ္တုလုပ်ငန်းနဲ့ဆိုင်တဲ့ ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေက သတ္တုလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေကို ဆွေးနွေး သွားမှာပါ။ ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ လိုအပ်နေတဲ့ နည်းပညာနဲ့ အရင်းအနှီးကိစ္စရပ်တွေကိုလည်း ထည့်သွင်းဆွေးနွေးမှာပါ။ ခု အမေရိကန်နိုင်ငံ က စီးပွားရေးပိတ်ဆို့မှုတွေကို ဖြေလျော့လိုက်ပြီဆိုတော့ မြန်မာနိုင်ငံရဲ့ ဓာတ်သတ္တုကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတော့မှာပါ”ပာု ပြည်တွင်းမြန်မာ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

                မြန်မာနိုင်ငံ၏ သတ္တုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး ထိုင်း၊ ရုရှား၊ ကိုရီးယား၊ သြစတြေးလျနိုင်ငံတို့မှလည်း ယင်း လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

Ref:မြန်မာပို့စ်ဂလိုဘယ်

-----------------------------------------------------------------------------------------------------------------------------------

ပြည်တွင်းရှိ ပိာုတယ်များကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ၉၅ ရာခိုင်နှုန်းခန့် ရပ်တန့်ရတော့မည်

ပြည်တွင်းရှိ နိုင်ငံခြားသားပိုင်ပိာုတယ်များနှင့် တိုင်းရင်းသားပိုင်ပာိုတယ်များတွင် အခန်းခဝန်ဆောင်မှုနှုန်းထားများကြီးမြင့်ခြင်းနှင့် နိုင်ငံတကာ ၏ သတ်မှတ်စံနှုန်းထက် ၃၀၀ ရာခိုင်နှုန်းကျော်လွန်နေသည့်အတွက် ပြည်တွင်းသို့ ဧည့်ဝင်ရောက်မှုနည်းပါးလာပြီး မြန်မာ့ခရီးသွားလုပ်ငန်း ၉၅ ရာခိုင် နှုန်းခန့်မှာ ရပ်တန့်ရတော့မည့် အခြေအနေသို့ဆိုက်ရောက်နေကြောင်း မြန်မာ့ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ပြည်တွင်းပိာုတယ်တွေရဲ့ အိပ်ခန်းဈေးနှုန်းနဲ့ ဝန်ဆောင်မှုကုန်ကျစရိတ်တွေက နိုင်ငံတကာက သတ်မှတ်ထားတဲ့စံနှုန်းထက် တော်တော်ကို ကျော်လွန်နေပါတယ်။ ခရီးသွားလုပ်ငန်းတော်တော်များများလည်း ရပ်တန့်ရတော့မယ့် အခြေအနေကိုဆိုက်ရောက်နေပါပြီ။ ခရီးသွားလုပ်ငန်းသာ ရပ်တန့်လိုက်မယ်ဆိုရင် ဒါတွေနဲ့ ဆက်စပ်မှုရှိတဲ့ ပိာုတယ်လုပ်ငန်းတွေအပါအဝင် လုပ်ငန်းတော်တော်များများ ရပ်တန့်ကုန်မှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထို့ပြင် နိုင်ငံခြားသားပိုင်ပိာုတယ်များနှင့် တိုင်းရင်းသားပိုင်ပိာုတယ်များကို ကြယ်ပွင့်အဆင့်သတ်မှတ်ရာတွင် အာဆီယံစံနှုန်းကို အခြေခံ၍ ကျွမ်းကျင်သူများက သတ်မှတ်ပေးသင့်သည့်အပြင် ပိာုတယ်အိပ်ခန်းခဈေးနှုန်းများကို သတ်မှတ်ရာတွင်လည်း အာဆီယံတွင်းနိုင်ငံများ၏ ဈေးနှုန်းများ အား အခြေခံ၍ ပေးနိုင်သောဝန်ဆောင်မှုနှင့် ညီမျှမည့်ဈေးနှုန်းကိုသာ သတ်မှတ်တောင်းခံသင့်ကြောင်း Nature Dream ခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ပိာုတယ်အိပ်ခန်းနဲ့ ဝန်ဆောင်မှုတွေအားလုံးရဲ့ ဈေးနှုန်းတွေပာာ နိုင်ငံတကာအဆင့်မီဖို့လိုသလို ပိာုတယ်တွေကို ကြယ်ပွင့်အဆင့် သတ်မှတ် တာကိုလည်း ကျွမ်းကျင်သူတွေကသာ သတ်မှတ်သင့်ပါတယ်။ မြန်မာ့ခရီးသွားလုပ်ငန်းဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအရ သွားရောက် လည်ပတ်တာတွေအတွက် မရှိမဖြစ် လိုအပ်တဲ့လုပ်ငန်းတစ်ခုပါ။ ဒီလုပ်ငန်းသာ လဲပြိုသွားမယ်ဆိုရင် နိုင်ငံအတွက် အထိနာစရာပါပဲ။ ဒါကို ပိာုတယ်လုပ် ငန်းတွေ သတိပြုသင့်ပါပြီ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်တွင်းရှိ ပိာုတယ်များတွင် အခန်းခနှုန်းထားများကို နိုင်ငံတကာနည်းတူဖြစ်လာနိုင်စေရန် ဝန်ကြီးဌာနမှ ဈေးနှုန်းများ သတ်မှတ်ပေးခဲ့သော် လည်း နိုင်ငံခြားသားပိုင်ပိာုတယ်နှင့် တိုင်းရင်းသားပိုင်ပိာုတယ်များမှာ အခန်းခနှုန်းထားများကို ဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့် ဈေးနှုန်းများထက် အဆ ၃၀၀ ကျော် ပိုမို ရယူလျက်ရှိကြောင်း သိရသည်။

YC

*************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

အာဇာနည်နေ့အခမ်းအနား နှစ်ပေါင်း၅၀အတွင်း နိုင်ငံ့ထိပ်တန်းခေါင်းဆောင်တစ်ဦး စတင်တက်ရောက်

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ဇူလိုင်လ ၁၉ရက်နေ့၌ ကျင်းပပြုလုပ်သည့် ၆၅နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ မြန်မာအစိုးရကိုယ်စား နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှ နှစ်ပေါင်း ၅၀အတွင်း အစိုးရထိပ်တန်းခေါင်းဆောင်တစ်ဦးအဖြစ် ဦးဆောင်၍ တက်ရောက်ဂါရဝပြုခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားအား မနက် ၇နာရီအချိန်၌ စတင်ကျင်းပပြီး နိုင်ငံခေါင်းဆောင်များအဖြစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှ ဦးဆောင်ဂါရဝပြုတက်ရောက်ကြောင်း သိရှိရပြီး ပြည်သူ့များ လေးစားယုံကြည်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးငယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှလည်း ၎င်း၏ဖခင်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား တက်ရောက် ဂါရဝပြုခဲ့ကြောင်း သိရသည်။

ထို့နောက် ယင်းအခမ်းအနားသို့ အမေရိကန်နိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်မှလည်း ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အာဇာ နည်ဗိမာန်သို့ လာရောက်ဂါရဝပြုခဲ့ပြီး NLD ရုံးချုပ်သို့ သွားရောက်ခဲ့ကြောင်း သိရပြီး ပြည်တွင်းနိုင်ငံရေးပါတီများလည်း တက်ရောက်ဂါရဝပြုခဲ့ကြ ကြောင်း သိရှိရသည်။

ထို့ပြင် ကျဆုံးသွားခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်အသီးသီးမှလည်း တက်ရောက်ဂါရဝပြုခဲ့ကြကြောင်း သိရှိရပြီး ၂၀၀၆ခုနှစ်၌ စတင်တည်ထောင်ခဲ့သည့် အစိုးရဝန်ကြီးရုံးများတည်ရှိသည့် နေပြည်တော်ရှိ မြို့တော်ခန်းမ၌ နိုင်ငံတော်သမ္မတကိုယ်စား နေပြည်တော် ကော်စီ၏ စီမံမှုဖြင့် အာဇာနည်နေ့အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြကြောင်း အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

အာဇာနည်နေ့အခမ်းအနားအား ရန်ကုန်တိုင်းအပါအဝင် အခြားတိုင်းနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌လည်း လွမ်းသူ့ပန်းခွေချခြင်းများနှင့် ရည်စူးဆွမ်းကပ်ပွဲများပြုလုပ်ခဲ့ကြကြောင်း သိရှိရပြီး သက်ဆိုင်နယ်မြို့များမှ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ဗ.က.သ၊ တ.က.သနှင့် နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှလည်း ဘုန်းကြီးကျောင်း များ၊ နိုင်ငံရေးပါတီရုံးချုပ်များ၌ အသီးသီးပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

အဆိုပါ အာဇာနည်နေ့အခမ်းအနားအား မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး ၁၉၄၈ခုနှစ်မှစတင်၍ နှစ်စဉ်ပြုလုပ်ခဲ့ပြီး နိုင်ငံခေါင်းဆောင်အသီးသီး တက်ရောက်ဂါရဝပြုခဲ့ကြရာ ၁၉၆၂ခုနှစ် ဦးနေဝင်းလက်ထက်၌ စစ်အစိုးရအာဏာသိမ်းပြီးနောက်ပိုင်းတွင် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးအဆင့်ကသာ ဦးဆောင်ကျင်းပမှုများ ပြုလုပ်ခဲ့ကြောင်း သမိုင်းဖော်ပြချက်များအရ သိရှိရသည်။

Moe Z

-----------------------------------------------------------------------------------------------------------------------------------

ကချင်စစ်ပွဲနှင့် ပတ်သက်၍ အောက်ခြေတပ်သားအချို့ စစ်ပွဲအပေါ် ငြီးငွေ့

ကချင်ပြည်နယ်နယ်စပ်၌ ဖြစ်ပွားလျက်ရှိသည့် အစိုးရစစ်တပ်နှင့် KIA တပ်များ၏ တိုက်ပွဲများနှင့် ပတ်သက်၍ အစိုးရတပ်မတော်အတွင်းရှိ တပ် သားတစ်ချို့ ငြီးငွေ့မှုများဖြစ်ပွားလျက်ရှိပြီး အပြန်အလှန်ပစ်ခတ်ရာ၌လည်း တစ်ဦးနှင့်တစ်ဦး ထိခိုက်စေသည့်ရည်ရွယ်ချက် ပါရှိခြင်းမရှိဘဲ ပစ်ခတ်လျက် ရှိကြောင်း အစိုးရစစ်တပ်၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်သားတချို့၏ ပြောကြားချက်အရ သိရှိရသည်။

"ပစ်တာကတော့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ပစ်တာပေါ့။ ဒါပေမယ့် တကယ်တမ်းကျတော့ ထိအောင်မပစ်ပါဘူး။ သူတို့ဘက်ကလည်း ထိအောင်မပစ်သလို ကျွန်တော်တို့ဘက်ကလည်း ထိအောင်မပစ်ဘူး။ ပစ်တာခတ်တာ ကြာတော့ ဒီစစ်တိုက်ရတဲ့ အလုပ်ကြီးကို ငြီးငွေ့လာတယ်။ စဖြစ် ရတာကလည်း ၁၇နှစ်ကြာပြီးတဲ့နောက်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားပြီးတော့ဖြစ်တာ။ သူတို့လည်း ထိအောင်မပစ်ချင်ဘူး။ တစ်ဖက်ကပစ်ရင် တည့်တည့်မပစ်ဘဲ တစ်ခြားကိုပစ်တယ်။ နောက်တစ်ဖက်ကပြန်ပစ်ရင်လည်း ခေါင်းတွေငုံ့ပြီးတော့နေကြတယ်" ဟု ၎င်းက ဆိုသည်။

အဆိုပါ တပ်သားများသည် အစိုးရတပ်အတွင်း၌ တာဝန်ထမ်းဆောင်နေသူများဖြစ်ကြောင်း သိရှိရပြီး ယခုအချိန်၌ ထွက်ပြေးရန်အစီအစဉ်များ ရှိကြဖူးကြောင်း သိရှိရပြီး အစိုးရစစ်တပ်၏ ရိက္ခာထောက်ပံ့မှုနှင့် တာဝန်ချထားမှုတို့သည် လိုအပ်ချက်များရှိကြောင်း သိရသည်။

"အစိုးရတပ်မှာ အစာစားတာကအစ မကောင်းဘူး။ ဝလည်း မဝဘူးပေါ့။ ကျွေးတာကလည်း ၇ယောက်တစ်စိတ်ကို ဆန်လေးလုံးခွဲပဲ ချက်စားရ တယ်။ အဲဒီတော့ နောက်ပိုင်း လူတွေက ပိန်လှီလာတယ်။ အဲဒီမှာနေတုန်းကဆိုရင် လက်မောင်းတွေက တကယ့်သေးသေးလေးတွေ၊ ကေတပ်ဘက် ရောက်လာတော့မှ တဖြည်းဖြည်း ပြန်ဝလာတာ။ တခါတလေ စခန်းထဲမှာ တာဝန်ကျလို့ ကင်းစောင့်ရပြီဆို ထမင်းသုံးလလောက် ထမင်းမစားရဘူး။ မခံနိုင်တဲ့သူဆိုရင် ကင်းစောင့်ပြီး သေသွားနိုင်တယ်။ တာဝန်ကျနေတဲ့အချိန်ဆို ကင်းထဲမှာပဲနေရတယ်"ဟု KIA တပ်မှ ဖမ်းဆီးခြင်းခံထားရသည့် သုံ့ပန်း တစ်ဦးက ပြောကြားသည်။

၎င်းတို့သည် KIA တပ်စခန်းမှ အကြိမ်ကြိမ်ထွက်ပြေးရန် စဉ်းစားခဲ့သော်လည်း ဖြစ်မြောက်ခြင်းမဘဲ တစ်ဖက်သို့ ပြန်ရောက်ပါက အဖမ်းခံရမည် ကတစ်ကြောင်း၊ အရေးကြီးသည့်အချက်မှာ ကိုယ့်မိသားစုများ၏နေထိုင်မှုအား မသိရှိတော့ခြင်းက တစ်ကြောင်းကြောင့် ထပ်မံထွက်ပြေးရန် မကြိုးစား တော့ဘဲ လက်ရှိအတိုင်းသာ နေနေကြခြင်းဖြစ်သည်ဟု သိရသည်။

"ကိုယ့်အိမ်ကိုယ့်ယာကိုပဲ ပြန်ချင်တော့တယ်။ အပစ်အခတ်လည်း မရှိဘူး။ ဒါပေမယ့် မြို့ဘက်ရောက်ရင် အဖမ်းခံရမှာကိုတော့ ကြောက်တယ်။ ပြီးတော့ အခုဆိုရင် ကိုယ့်မိသားစုက ဘယ်မှာနေလို့နေမှန်းလည်း မသိတော့ဘူး။ ဆက်သွယ်စရာလည်း မရှိဘူးဖြစ်နေတယ်။ တကယ်တမ်းပြောရရင် သာမန်အရပ်သား ပြည်သူတစ်ယောက်အနေနဲ့ပဲ ပြန်နေချင်တယ်။ ပြီးတော့ မိဘကိုလည်း လုပ်ကျွေးဖူးချင်တယ်"ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။

ယင်း KIA တပ်အတွင်း၌ အစိုးရတပ်မတော်ဘက်မှ ဖမ်းဆီးထားသည့် အကျဉ်းသား ၃၂နှင့် ကချင်ပြည်နယ်ရှိ ရွာတစ်ရွာမှ ကချင်အမျိုးသမီး တစ်ဦးအား အဓမ္မကျင့်ကြံသည်ဟုဆိုကာ ဖမ်းဆီးထားသည့် အမျိုးသား ၃ဦးရှိကြောင်း သိရှိရပြီး အဆိုပါ အစိုးရစစ်တပ်မှ ဖမ်းဆီးရရှိထားသည့် အကျဉ်း သား ၃၂ဦးအား ပြန်လည်လွှတ်ပေးရန် အစီအစဉ်ရှိကြောင်း ဖမ်းဆီးခံထား ရသည့် အကျဉ်းသားတစ်ဦးက ပြောကြားသည်။

ယခုလက်ရှိအခြေအနေ၌ အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် KIA တို့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့် ပတ်သက်၍ အလွတ်သ ဘော တွေ့ဆုံမှုများသာ များပြားလျက်ရှိနေကြောင်း၊ KIA ဘက်မှ နိုင်ငံရေးဆွေးနွေးပွဲအား နေရာ အခက်အခဲကြောင့် တွေ့ဆုံရန် မဖြစ်နိုင်သေးသော် လည်း နိုင်ငံတော်သမ္မတ တက်ရောက်ခြင်းနှင့် ပတ်သက်၍လည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအား မေးမြန်းထားကြောင်း KIA မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

"အခုဆိုရင် ကျွန်တော်တို့နဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့က အလွတ်သဘောတွေ့ဆုံမှုပဲ လုပ်ရသေးတာများတယ်။ ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲ ကလည်း နေရာအခက်အခဲကြောင့်ဆိုပြီး အခုထက်ထိ မလုပ်ရသေးပေမယ့် လုပ်တဲ့အချိန်ကျရင်တော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပါ တက်ရောက်ဖို့ အစီအစဉ်ရှိလားဆိုပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို မေးထားပါတယ်။ ပြီးတော့ အခု နေပြည်တော်မှာကျင်းပနေတဲ့ လွှတ်တော်တွေမှာလည်း ကချင်အရေးနဲ့ ပတ်သက်ပြီး ခေါင်းစဉ် တစ်ခုလောက်နဲ့ အဆိုတင်သွင်းဖို့ သက်ဆိုင်ရာလူတွေက လုပ်သင့်ပါတယ်"ဟု ၎င်းက ဆိုသည်။

ထို့ပြင် KIA အဖွဲ့နှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုများနှင့် ပတ်သက်၍ နှောင့်နှေးရခြင်းမှာ တရုတ်နိုင်ငံနှင့် မည်သို့မျှ ပတ်သက်မှုမရှိ ကြောင်း၊ အစိုးရတပ်နှင့် တိုက်ခတ်မှုဖြစ်ပွားရခြင်း အကြောင်းအရင်း အဓိကမှာ ရခိုင်ပြည်နယ် ကျောက်ဖြူဒေသမှ တရုတ်ပြည် ကူမင်းမြို့သို့ သွယ်တန်း ထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအား KIA တပ်မှ ဝင်ရောက်ထိခိုက်မည်စိုးရိမ်သောကြောင့် ဖြစ်ကြောင်း KIA တပ်မှ ဗိုလ်ချုပ်ဂွမ်မော်၏ ရှင်းလင်း ပြောကြားချက်အရ သိရသည်။

ATM

**************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

သမ္မတနဲ့ ဒုတိယသမ္မတရဲ့ အရည်အချင်းပြည့်စုံမှု ရှိမရှိ စိစစ်ရေးအဖွဲ့က ပယ်ချလိုက်ရင်တော့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာကို ပြန်မယူသင့် တော့ဘူး။ ပြန်ယူရင် တိုင်းပြည်ရဲ့အုပ်ချုပ်ရေးသမိုင်းဟာ မကောင်းတော့ဘူး။

ဇူလိုင် ၂၁ရက်နေ့ထုတ် The Street View ဂျာနယ် အတွဲ (၁) အမှတ် (၂၈) တွင်ပါရှိသည့် “ဒုတိယသမ္မတရွေးချယ်ရေးကိစ္စ ဘာကြောင့်ကြန့်ကြာနေရ သလဲ” သတင်းမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

“Survey and Research ကုမ္ပဏီတွေလည်း ဒီမှာပေါ်လာပြီ။ အရင်ကလိုမမှားတော့ဘူး။ Data တွေမှန်လာပြီ။ အရင်ကလို ဖိန့်ဖိန့် Data တွေ မဟုတ်တော့ဘူးပေါ့။ အနီးစပ်ဆုံးအချက်အလက်တွေ ဖြစ်လာပြီ မမှန်ဘူးဆိုတာတောင် မမှားကြတော့ဘူးလို့ ပြောချင်တယ်”

ဇူလိုင် ၂၁ရက်နေ့ထုတ်The Street View ဂျာနယ် အတွဲ (၁) အမှတ် (၂၈) တွင်ပါရှိသည့်“နိုင်ငံခြားရင်နှီးမြှပ်နှံမှု ဥပဒေနှင့်ပတ်သက်၍ အပေါ်က ဆုံးဖြတ်ချက်မှန်ကန်စွာ ဆုံးဖြတ်ပေးရန် အရေးကြီးသည်ဟုပြောသည့် UMFCCI အတွင်းရေးမှူး ဒေါက်တာမျိုးသက်နှင့် တွေ့ဆုံခြင်း”အင်တာဗျူးမှ ဒေါက်တာမျိုးသက်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

**************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment