Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၇.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လယ်သမားထုကြီးကြွေးတင်နေပြီ

*****************************************

ဆောင်းပါးကဏ္ဍ

လယ်သမားထုကြီးကြွေးတင်နေပြီ

ခွန်ရွှေတောင်ကြီး

(ဇူလိုင်လ၂၆ရက်နေ့ထုတ် 7Day News ဂျာနယ် အတွဲ (၁၁) အမှတ် (၂၀) မှ ထုတ်ယူဖော်ပြချက်။)

ဒီရာသီဟာ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ဦးကြီးလယ်သမားများ လယ်ယာလုပ်ငန်းခွင်ဝင်ရမယ့် လယ်ယာစိုက်ပျိုးရေးစနစ်မရှိဘဲ လယ်သမား တွေက အများဆုံးလို ဖြစ်နေပါတယ်။ စိုက်ပျိုးစရိတ်မပြောနဲ့ ပြီးခဲ့တဲ့ရာသီက အစိုးရဆီကယူထားတဲ့ အမတော်ကြေး ဆန်အထူးပြုကုမ္ပဏီများက ချေးငွေ တွေမဆပ်နိုင်ကြသေးပါဘူး။ အစိုးရရော ဆန်အထူးပြုကုမ္ပဏီတွေပါ။ လယ်သမားတွေဆီက ချေးငွေအဟောင်းမရဘဲနဲ့ မကျသေးဘဲနဲ့ စိုက်ပျိုးစရိတ် ချေးငွေပေးဖို့ အင်အားရှိတော့မှာ မဟုတ်ပါဘူး။

ဘာ့ကြောင့် လယ်သမားအများစု စိုက်စရိတ်ချေးငွေ ပြန်မဆပ်နိုင်ကြတာလဲ။ စပါးရောင်းရငွေကို လောင်းကစားပစ်ကြလို့လား။ အသုံးကြမ်းပြီး အဖြုန်းသာပါနေလို့လား။ တစ်ခုမှမဟုတ်ပါဘူး။ ဒါဆို ကြွေးမဆပ်နိုင်တဲ့အကြောင်းက ဘာလဲ။ ကြိုးစာပမ်းစားစိုက်ပျိုးထုတ်လုပ်ထားတဲ့ စပါးတွေကို ရောင်းချင်တယ်။ ရောင်းလို့ မရဘူး။ စိုက်စရိတ်ကြွေးတွေကို ဆပ်ချင်နေကြတယ်။

ဝယ်သူပေးတဲ့ဈေးနဲ့ ရောင်းချင်တယ်။ ဈေးပဲနှိမ်နှိမ် အရှုံးပဲပေါ်ပေါ် ရောင်းချတယ်။ စပါးဝယ်မယ့်သူမရှိဘူး။ စပါးဝယ်သူတွေ လုံးဝမရှိဖြစ်နေ တာ ဘာဖြစ်လို့လဲ။ ပြည်တွင်းမှာ ဆန်အရောင်း မကြုံဘူးအောင် အေးနေတယ်။ စားသူတွေထုံးစံအတိုင်း ဆိုင်မှာ ဆန်တွေပုံနေပြီဆိုရင် ဆန်ဈေးဆက် ကျနေသေးတယ်။  လိုသလောက်ပဲဝယ်စားတယ်။ ငွေကြေးတတ်နိုင်သူတွေလည်း ဆန်ရှားရိပ်ရှိတဲ့အချိန်တုန်းကလို များများဝယ်မထားကြဘူး။ လိုသ လောက်ပဲ ဝယ်စားကြတယ်။

ပြည်ပဝယ်လိုအား၊ နိုင်ငံခြားဈေးကွက်အနေအထားကတော့ ဘယ်လိုရှိသလဲ။ စပါးပေါ်စက နိုင်ငံခြားဈေးကွက်ကို အစိုးရဖွင့်ဖွင့်ပေးခဲ့တယ်။ ပို့ကုန်အခွန်တွေလည်း လျှော့ပေးတယ်။ ဝယ်သူအသင့်အတင့်ရှိခဲ့တယ်။ ဒါပေမယ့် မကြာလိုက်ပါဘူး။ ဈေးကွက်အခြေအနေက မှန်းဆထားတာနဲ့ ပြောင်းပြန် ဖြစ်သွားပါတယ်။ အရောင်းအဝယ်စာချုပ်ချုပ်ထားတဲ့ နိုင်ငံတွေ အဝယ်ယုတ်သွားကြတယ်။ အရည်အသွေးမမီဘူး။ ဟိုအပြစ်ဒီအပြစ်တွေ လျှောက်ပြောလာကြတယ်။ ဥပမာ- အင်ဒိုနီးရှားဆန် တန်ချိန် ငါးသိန်းဝယ်မယ်။ စာချုပ်ချုပ်ပြီး တန်ချိန် တစ်သိန်းမပြည့်ခင် ဆန်အမျိုးအစားညံ့တယ် ပြောပြီး အဝယ်ရပ်ထားတယ်။ မြန်မာဆန်ကိုဝယ်ယူကြတဲ့ အာဖရိကနိုင်ငံများ ဈေးကွက်ကို တချိန်က ဆန်တင်သွင်းစားသုံးရတဲ့ နိုင်ငံတွေထဲမှာပါဝင်တဲ့ အိန္ဒိယနိုင်ငံဟာ ယခုအခါ ဆန်တင်ပို့ရောင်းချတဲ့နိုင်ငံအဖြစ် ပြောင်းသွားပြီး သူရဲ့အရံဆန်ထဲက ဆန်တန်ချိန်နှစ်သန်းကို အောက်ဈေးနဲ့ ဝင်တိုးတယ်။ မြန်မာ့ဆန်ဈေးကွက် ပျောက်ကွယ်သွားမတတ် ဖြစ်သွားတယ်။ အဲဒါ မြန်မာ့ဆန်ကုမ္ပဏီများ ဆန်အထူးပြုကုမ္ပဏီတွေ စပါးဆက်မဝယ်နိုင်တဲ့  အဓိက အကြောင်းတရားလို့ပဲ မှတ်ယူရမှာ ဖြစ်ပါတယ်။  ဒီလို ဘာကြောင့်ဖြစ်သလဲ။ ဒီနေ့ ကမ္ဘာ့ဆန်ဈေးကွက်မှာ ဆန်က ပြည်တွင်းစားသုံးမှုထက် ပိုလျှံလာ တယ်။ ပိုလျှံဆန်ကို ရောင်းဖို့ အပြိုင်အဆိုင် ဈေးကွက်ရှာလာတယ်။ ဆန်ဈေးကိုလည်း ဈေးကွက်ရှာပြီး ရောင်းလာတယ်။ ဆန်ဈေးကိုလည်း အပြိုင် လျှော့ပြီး ရောင်းလာတယ်။

ဒီအခြေအနေမှာ ကျွန်တော်တို့ ကျေးဇူးရှင်လယ်သမားတွေ လက်ထဲမှာကျန်ရှိနေတဲ့ စပါးကို ဘယ်လိုလုပ်ပေးကြမလဲ။ မျှော်လင့်ခြင်းကင်းပြီး ကြွေးတင်လယ်သမားအဖြစ်ဆိုးနဲ့ ပစ်ထားကြတော့မှာလား၊ ဒီလိုပဲပစ်ထားရင် နိုင်ငံတော်အစိုးရ မျှော်မှန်းလုပ်ဆောင်နေတဲ့ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ပါးရေးစီမံချက်ဟာ စာရွက်ပေါ်မှာပဲတင်ကျန်ပြီး လက်တွေ့ဘဝမှာ လယ်သမားဦးကြီးများဟာ ဆင်းရဲတွင်းနက်သထက်နက်ဖို့ ရှိပါတယ်။ သူတို့ တတွေတင်မက လက်လုပ်လက်စားအလုပ်သမများ ဆင်းရဲတွင်းက ရုန်းထွက်နိုင်ဖို့ရာ အသက်ဆက်နိုင်ဖို့ရာ ကမ္ဘာသုံးဆေးချက် ရှိပါတယ်။ အဲဒီဆေး ချက်က တစ်ခြားမဟုတ်ပါဘူး။ လယ်သမားကြီးလက်ထဲက ကျန်ရှိတဲ့ ပိုလျှံစပါးကို လယ်သမားတွေ လယ်လုပ်စားရိတ်လောက် ပြန်ကာမိတဲ့ဈေးနဲ့ အစိုးရ ဝယ်ယူသိမ်းဆည်းပေးတဲ့ ဆေးချက်ပဲ ဖြစ်ပါတယ်။ လယ်သမားတွေလက်ထဲမှာ ခံနေ၊ ကျန်နေတဲ့ စပါးတွေ ရောင်းရမှ အစိုးရကြွေး ဆန်အထူးပြုကုမ္ပဏီ ကြွေးတို့ ဆပ်နိုင်မှာဖြစ်ပါတယ်။ ဒီနှစ်အတွက် လယ်ယာစရိတ်လည်း ထွက်လာမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ သမ္မတကနေ ဒီလက်ထက်ကရာသီဥတု ညီညွတ်မျှတတဲ့အတွက် ဂျုံအကြီးအကျယ် ရခဲ့တယ်။ အထွက်ကောင်း အထွက် တိုးဂျုံတွေကို ဂျုံရောင်းဝယ်ရေးကုမ္ပဏီကြီးတွေ ကုန်အောင်မသိမ်းနိုင်ခဲ့ဘူး။ နိုင်ငံခြားဈေးကွက်မှာလည်း ဈေးတွေကျနေတယ်။ ဂျုံဈေးအဆမတန်ကျပြီး အမေရိကန်လယ်သမားတွေ စီးပွားပျက်မယ့်အခြေအနေ စိုက်ခဲ့ပါတယ်။ ကနေဒီအစိုးရက နိုင်ငံခြားဂျုံတင်ပို့တဲ့ ကုမ္ပဏီကို ရုရှားစတဲ့ ကွန်မြူနစ်နိုင်ငံ တွေကို တောင်တင်ပို့ခွင့်ပေးခဲ့တယ်။ ကုမ္ပဏီတွေက အနိမ့်ဈေးနဲ့ ထုတ်ရောင်းတယ်။ အရှုံးခံပြီးရောင်းလိုက်တယ်။ အကြီးအကျယ်ပိုလျှံနေတဲ့ ဂျုံထွက်ဖို့ က အဓိကကျတယ်မဟုတ်လား။ ကုမ္ပဏီတွေအရှုံးကို အစိုရက ကျခံပေးလိုက်တယ်။ ကျွန်တော်တို့လည်း အဲဒီလမ်းအိုကို မဖြစ်မနေ လိုက်ရမယ့် အခြေအ နေရောက်နေပြီလို့ ယူဆပါတယ်။ တနည်းအားဖြင့် လယ်သမားဦးကြီးအများစု အကြွေးတင်နေပြီ ရှင်ဘုရင်အစိုးရက ဆပ်ပေးလိုက်ဖို့ ဖြစ်ပါတယ်။

လယ်သမားတွေရဲ့ကြွေး ရှင်ဘုရင်ဆပ်လိုက်ပြီလို့ ဆိုကြပါစို့။ နောက်တစ်ကြိမ် ထပ်မဆပ်ရအောင်၊ နောက်ဆုံး အသက်ကယ်ဆေး ထပ်မပေး ရအောင် ကြွေးတင်ရောဂါ ထပ်မဖြစ်ရအောင် ရောဂါဖြစ်စေတဲ့ အကြောင်းတရားတွေကို ဝေးဝေးရှောင်ကြရပါလိမ့်မယ်။ စပါးအထွက်တိုးစီမံကိန်းချပြီး ဈေးကွက်မရှာတာ၊ စပါးပြီးစပါးဆိုပြီး စပါးသီးနှံတစ်မျိုးတည်းကိုပဲ စိုက်ပျိုးလုပ်ကိုင်နေတာမျိုးကို ရှောင်ပြီး သီးနှံအမယ်စုံ စိုက်ပျိုးရပါမယ်။ ပို့ကုန် ဈေးကွက် ခိုင်မာတဲ့သီးနှံတွေကို အဓိက စိုက်ပျိုးရပါမယ်။ ဆန်ဈေးကွက်ထဲကို အိန္ဒိယနိုင်ငံဝင်လာတာနဲ့ ဈေးကွက်ကမောက်ကမ ဖြစ်နေပြီ၊ တရုတ် နိုင်ငံလည်း စပါးကိုအများဆုံး စိုက်ပျိုးတဲ့ နိုင်ငံကြီးတစ်နိုင်ငံပါ။

တရုတ်နိုင်ငံလည်း ဒီဈေးကွက်ဝင်လာရင် ဈေးကွက်က ကျဉ်းသထက်ကျဉ်းပြီး ကမ္ဘာ့ဆန်ဈေးလည်း အောက်ကြမ်းပြင်အထိ ဆင်းသွားနိုင်ပါ တယ်။

ကမ္ဘာစပါးစိုက်ပျိုးထုတ်လုပ်မှုဟာ တဖြည်းဖြည်းတက်လာလိုက်တာ ၁၉၆၀ခုနှစ်မှာ စပါးတန်ချိန် သန်း ၂၀၀ကျော်ကနေ ၂၀၀၉ခုနှစ်မှာ တန် ချိန် သန်း ၉၇၈အထိ တက်လာခဲ့ပါတယ်။ နှစ် ၅၀လောက်မှာ ဆန်စပါးထုတ်လုပ်မှုနှုန်းက ၃ဆကျော်တက်လာတဲ့ အနေအထားဖြစ်ပါတယ်။ ဆန်စားသုံး သူဦးရေက အဲဒီနှုန်းအတိုင်း တက်မလာပါဘူး။ စားသုံးမှုထက် ထုတ်လုပ်မှုက ပိုလျှံနေပြီဆိုတဲ့သဘော ဖြစ်ပါတယ်။

ဆန်တင်သွင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကလည်း ဒီ ၂၀၁၂ခုနှစ်မှာ ဆန်တန်ချိန် တစ်သိန်း တင်သွင်းဦးမှာဖြစ်ပေမယ့် လာမယ့်နှစ် တွေမှာ သူလည်း ဆန်ကို တင်ပို့ရောင်းချလိမ့်မယ်လို့ ကြွေးကြော်နေပါပြီ။

စပါးအထွက်စံချိန်တင်တဲ့ မျိုးတွေကလည်း တစ်မယ်ပြီးတစ်မယ် ထွက်လာနေတယ်။ ဖိလစ်ပိုင်နိုင်ငံအခြေစိုက်တဲ့ ကမ္ဘာဆန်အထွက်တိုးမျိုး သုတေသနက ထုတ်ပေးတဲ့ စကူဘာ (Scuba) မျိုးနဲ့ ၂၀၀၉ခုနှစ်ကစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက စိုက်လိုက်ပါတယ်။ အထွက် ၅၀ရာခိုင်နှုန်းတိုးပြီး ဘင်္ဂလီ လယ်သမားတွေ တပြုံးပြုံး ဖြစ်နေကြတယ်တဲ့။

ဆန်စားသုံးမှုအပိုင်းမှာတော့ လျော့ကျလာတယ်။ ယနေ့မြို့နဲ့တော့ လူဦးရေဖြန့်ကျက်မှုမှာ တောနေလူဦးရေက လျော့ကျပြီး မြို့ပြတွေမှာ အဆမတန်တိုးလာတယ်။ ဆန်စားသုံးတဲ့ နိုင်ငံတွေမှာ တောနေပြည်သူတွေက ဆန်ကို အားပြုစားသုံးကြပေမယ့် မြို့ပြနေမြို့သားတွေကျတော့ ဆန်ကို လျှော့စားလာကြတယ်။ ထမင်းများများစားရင် တောသားစရိုက်မပျောက်သေးဘူးဆိုတဲ့ အယူအဆကိုတောင် လက်ခံလာကြတယ်။ ကျန်းမာရေးအယူ အဆတစ်မျိုးကလည်း ပေါ်လာတယ်။ ထမင်းများများစားရင် ဆီးချိုရောဂါ ဖြစ်နိုင်ချေများတယ်တဲ့။ ဒီအကြောင်းကြောင့် ဗီယက်နမ်နဲ့ အင်ဒိုနီးရှား စတဲ့နိုင် ငံတွေမှာ ၇ရက်တစ်ပတ်မှာတစ်ရက်ထမင်းမစားဘဲ အခြားအစားအသောက်တွေကို စားသုံးတာတွေ ရှိလာတယ်။

ဗီယက်နမ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ကို ထမင်းမစားနေ့လို့ စတင်သတ်မှတ်နေပါပြီ၊ ဆိုလိုတာက စပါးအထွက်တိုးလာတယ်။ စပါးပိုလျှံနိုင်ငံတွေလည်း တိုးတိုးလာတယ်။ ဆန်စားသုံးတဲ့အပိုင်း လျော့ကျလာတယ်။

ဒါ့ကြောင့်မို့ စိုက်ပျိုးရေးအဓိကထားတဲ့ နိုင်ငံအဖြစ်ကနေပြီး စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံဖြစ်အောင် ရည်မှန်းချက်ထားလုပ်ကိုင်သွားဖို့လည်း လိုအပ်ပါ တယ်။ ယနေ့ ကမ္ဘာရာသီဥတုက အပြောင်းအလဲကြီး ပြောင်းလဲနေပါတယ်။ မိုးများလွန်းတာ မိုးနည်းလွန်းတာ၊ အေးလွန်းတာ ပူလွန်းတာတွေဖြစ်နေတဲ့ ရာသီဥတုအခြေအနေမှာ စိုက်ပျိုးရေးသမားတွေက အဖြစ်ထက် အပျက်က များနေတယ်။ စိုက်ပျိုးရေးကိုပဲ အဓိကထား လုပ်ကိုင်နေရင် နိုင်ငံအနေနဲ့ အထွေထွေ ဆင်ရဲတွင်းက ရုန်းထွကနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့နိုင်ငံအနေနဲ့ စပါးတစ်မယ်တည်းမဟုတ်ဘဲ သီးနှံစုံစိုက်ပျိုးရေး၊ စိုက်ပျိုး ရေးနိုင်ငံကနေ စက်မှုနိုင်ငံဖြစ်ရေးမျှော်မှန်းရင်း လက်ကျန် ပိုလျှံစပါးရောင်းဝယ်ရေးစီမံချက်ချပြီး ကျင်းပဆဲလွှတ်တော်မှာ “အရေးပေါ်ဘတ်ဂျတ်” တောင်းခံပြီး လယ်သမားကြွေးကို ရှင်ဘုရင်ဆပ်ပါတော့လို့ ဆန္ဒပြုလိုက်ပါတယ်။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment