Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၇.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများကို ကူညီရန် ကတိပေးကြောင်း ကုလကိုယ်စားလှယ်ထပ်မံအတည်ပြု

(UN News Centre မှ 26 July 2012 ရက်စွဲပါ“UN envoy reaffirms commitment to assist Myanmar in reconciliation efforts”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ သွင်းကုန်ပိတ်ပင်ထားသော ဥပဒေသက်တမ်းကုန်သွားဖွယ်ရှိသော်လည်း ယာယီသာဖြစ်မည်

(26 July 2012 ရက်စွဲပါ Reuters မှ U.S to let Myanmar import ban expire, at least temporarily ကိုဘာသာပြန်ဆိုသည်)

  1. JETRO က ရန်ကုန်တွင် ပံ့ပိုးကူညီရေး ဗပိာုဌာန ဖွင့်မည်

(27 Jun 2012 ရက်စွဲပါ The Japan Times မှ JETRO Plans Yangon support center ကိုဘာသာပြန်ဆိုသည်)

                 ***********************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများကို ကူညီရန် ကတိပေးကြောင်း ကုလကိုယ်စားလှယ်ထပ်မံအတည်ပြု

(UN News Centre မှ 26 July 2012 ရက်စွဲပါ“UN envoy reaffirms commitment to assist Myanmar in reconciliation efforts”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်တွင် ယခင်လက အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများကို အားပေးကူညီရန်ကတိပေးထားခြင်းကို ယနေ့ထပ်မံ အတည်ပြုပြောဆိုသည်။

ကုလအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာ ထုတ်ပြန်သော ကြေညာချက်တွင် “ကုလသမဂ္ဂသည် မြန်မာနိုင်ငံနှင့် ပြန်သူများအား ၎င်းတို့၏ပြုပြင်ပြောင်းလဲမှု၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကြိုးပမ်းမှုနှင့် စိမ်ခေါ်မှုများရင်ဆိုင် ကျော်လွှားမှုတို့ကို အားပေးကူညီရန် ကတိပြုထားသည်။ ၎င်းသဘောထားအရ လတ်တလော ရခိုင်ပြည်နယ်၏ပဋိပက္ခမှ ဘေးဒဏ်သင့်သူများကို လူမျိုးဘာသာမခွဲဘဲ အကူအညီပေးသွားရန် လုပ်ဆောင်နေသည်”ဟု ဖော်ပြထားသည်။

ပြီးခဲ့သောလက နိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်တွင် ဆိုးဝါးပြင်းထန်သောအဓိကရုဏ်းများ ဖြစ်ပွားခဲ့ခြင်းကြောင့် အစိုးရက ထိုဒေသတွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ရသည်။

တိုင်းရင်းသားဗုဒ္ဓဘာသာများနှင့် ရိုဟင်ဂျာမွတ်ဆလင်များအကြားဖြစ်ပွားသော အဓိကရုဏ်းကြောင့် ဒါဇင်နှင့်ချီ၍ သေဆုံးကာ အိမ်ခြေရာပေါင်းများစွာ ဖျက်ဆီးခြင်းခံရပြီး လူပေါင်း ၃၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု သတင်းအစီရင်ခံစာများအရ သိရှိရသည်။

ကုလသမဂ္ဂသည်လည်း ရခိုင်ပြည်နယ်မြို့တော် စစ်တွေနှင့် ဘူးသီးတောင်မောင်းတောမြို့နယ်များတွင် အခြေစိုက်သော ယင်း၏ဝ န်ထမ်းအချို့ကို ယာယီနေရာရွှေ့ပြောင်းမှု ပြုလုပ်ခဲ့ရသည်။ အဓိကရုဏ်းဖြစ်ပွားပြီးနောက် ရက်အနည်းငယ်အကြာတွင် ဗီဂျေးနမ်ဘီယာသည် လူသားခြင်း စာနာထောက်ထားကူညီရေးအဖွဲ့ကိုဦးဆောင်ကာ ဆိုးကျိုးဒဏ်အခံရဆုံး ဒေသခံများကို သွားရောက်ကြည့်ရှုခဲ့ပြီး၊ ဖြစ်ပွားမှုဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးရန် နောက်ပိုင်းတွင် တောင်းဆိုခဲ့သည်။

မစ္စတာနမ်ဘီယာက ၎င်း၏ကြေညာချက်တွင် ကုလသမဂ္ဂ၏မျှော်လင့်ချက်များနှင့် အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ သီးခြား စိုးရိမ်ပူပန်မှုများကိုလည်း ဦးသိန်းစိန်အား တိုက်ခိုက်ရည်ညွှန်းပြောကြားသည်။

မြန်မာသမ္မတ၏ ကြေညာချက်များတွင် ရခိုင်ပြည်နယ်မှအနေအထားကြောင့် နိုင်ငံ၏ ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အပေါ် ထိခိုက်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားမှုကို မစ္စတာနမ်ဘီယာက အသိအမှတ်ပြု ပြောကြားသည်။

“အခုအချိန်ထိ မြန်မာအစိုးရရဲ့တုန့်ပြန်မှုက တိကျမှန်ကန်ပြီး၊ မြန်မာသမ္မတကလည်း အခုလိုအကဲဆတ်တဲ့ ပြဿနာကို ဂရုတစိုက် ကိုင်တွယ်ဖို့လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒီလိုဆိုးဝါးတဲ့ဖြစ်ရပ်တွေကို လွတ်လပ်ပြိး၊ ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ မြန်မာအာဏာပိုင်တွေကို လူသိရှင်ကြားတစ်မျိုး၊ သီးသန့်တစ်သွယ် ကျွန်တော် တောင်းဆိုထားပါတယ်”ဟု နမ်ဂျေဘီယားက ပြောကြားသည်။

“ယင်းသို့အရေးယူဆောင်ရွက်ရာတွင် တရားဥပဒေစိုးမိုးမှုကိုအလေးထားကာ တာဝန်ယူမှုကိုဖော်ဆောင်ရမည်ဖြစ်သည်။ ထို့အပြင် ရခိုင်ပြည်နယ်မှ မွတ်ဆလင်အသိုင်းအဝိုင်း၏အခြေအနေကို အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ် ထည့်သွင်းခြင်းအပါအဝင် အဓိကရုဏ်းဖြစ်ပွားစေသော အခြေခံအကြောင်းရင်းများကို ဖြေရှင်းရမည်ဖြစ်သည်”ဟု  ကုလအထူးကိုယ်စားလှယ်က ဆက်လက်ပြောကြားသွားသည်။

*******************************************

မြန်မာနိုင်ငံမှ သွင်းကုန်ပိတ်ပင်ထားသော ဥပဒေသက်တမ်းကုန်သွားဖွယ်ရှိသော်လည်း ယာယီသာဖြစ်မည်

(26 July 2012 ရက်စွဲပါ Reuters မှ U.S to let Myanmar import ban expire, at least temporarily ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှသွင်းကုန်များကို အမေရိကန်ကပိတ်ပင်ထားခြင်းမှာ သက်တမ်းကုန်တော့မည်ဖြစ်သည်။ သက်တမ်းကုန်ဆုံးသွားပါကလည်း စက်တင်ဘာလကုန်အထိ ယာယီသာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာသွင်းကုန် ပိတ်ပင်ခြင်းနှင့် အာဖရိကကုန်သွယ်ရေးဥပဒေကိုတွဲထားရာ၊ အာဖရိကကုန်သွယ်ရေးအတွက် ငွေထောက်ပံ့ခြင်းကိစ္စတွင် အမတ်များ အငြင်းပွားနေခြင်းကြောင့် ကြန့်ကြာနေခြင်းဖြစ်သည်။

အဆိုပါ ဥပဒေနှစ်ခုကို တွဲထားခြင်းမှာ အိုဘားမားအစိုးရနှစ်ခုစလုံးကို ထောက်ခံထားခြင်းကြောင့်ဖြစ်သည်။ လွှတ်တော်အမတ်များက သြဂုတ်လ ရက်ရှည်ရပ်နားခြင်း မပြုမီ ယခုလကုန်တွင် အတည်ပြုနိုင်မည်ပာု မျှော်လင့်လျက်ရှိသည်။

အိမ်ဖြူတော်သည် မြန်မာနိုင်ငံမှလုပ်ဆောင်လျက်ရှိသော နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲရေးများကို တုန့်ပြန်သောအားဖြင့် မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော အရေးယူမှုအချို့ကို ဖြေလျော့ပေးခဲ့သည်။ သို့သော် မြန်မာနိုင်ငံမှသွင်းကုန်ပိတ်ပင်ထားခြင်းကို ဖယ်ရှားရန် ထောက်ခံခြင်းမရှိပေ။

ဆီးနိတ်ရီပတ်ဗလစ်ကင်ခေါင်းဆောင် Mitch McConnell က အာဖရိကနှင့် မြန်မာကိစ္စကို သီးခြားစီခွဲထုတ်ရန် အဆိုပြုတင်ပြခဲ့ရာ သို့မှသာ မြန်မာနိုင်ငံမှ သွင်းကုန်ပိတ်ပင်ထားခြင်းကို သက်တမ်းတိုးနိုင်မည်ပာုဆိုသည်။

သို့သော် ဆီးနိတ်ဘဏ္ဍာရေးကော်မတီဥက္ကဋ္ဌ ဒီမိုကရက်အမတ် Max Baucus က ကန့်ကွက်ခဲ့ရာ အာဖရိကကုန်သွယ်ရေးကိစ္စ အတည်ပြုရေးတွင် ထိခိုက်နိုင်ကြောင်း၊ ယင်းကိစ္စသည် တိုက်ကြီးအတွက် အဝတ်အထည်လုပ်ငန်း အလုပ်အကိုင်အတွက် အရေးကြီးလှကြောင်း အကြောင်းပြသည်။

ထို့အပြင် ၎င်းက Mc Connell ၏စွပ်စွဲချက်ဖြစ်သော နှစ်ပါတီစလုံးက အားကောင်းစွာထောက်ခံခဲ့သော မြန်မာကိစ္စတွင် ဒီမိုကရက်များ သဘောထားပြောင်းသည်ပာုဆိုသည်ကို ပယ်ချခဲ့သည်။

Baucus ကပြောကြားရာတွင် အိုကလာပိာုးမားမှ ရီပတ်ဗလစ်ကင် ဆီနိတ်တာ Tom Coburn နှင့် အာဖရိကကုန်သွယ်ရေးတွင် ငွေကြေး ထောက်ပံ့ရေးအတွက် ၎င်း၏ စိုးရိမ်မှုများဆွေးနွေးရန် မျှော်လင့်ကြောင်းဆိုသည်။

အာဖရိကတိုးတက်ကြီးထွားရေးနှင့် အခွင့်အလမ်းဥပဒေကို ကွန်ကရက်က ၂၀၀၀ ပြည့်နှစ်က အတည်ပြုခဲ့ရာ အကြုံးဝင်သော ဆာပာာရအောက်ပိုင်း အာဖရိကနိုင်ငံများမှ ထောင်ပေါင်းများစွာသောပစ္စည်းများ အမေရိကန်ပြည်ထောင်စုသို့ သွင်းကုန်အခွန်မရှိဘဲ ဝင်ရောက်ခွင့် ရခဲ့သည်။

Coburn က အဆိုပါကုန်သွယ်မှုဥပဒေကြောင့် ဒေါ်လာ သန်း(၂၀၀)ခန့် အမေရိကန်အကောက်ခွန်ဌာနက ဆုံးရှုံးရမှုအတွက် ကန့်ကွက်ခဲ့သည်။

အဆိုပါ ဥပဒေများကြောင့် အမေရိကန်အစိုးရ၏ ကြွေးမြီများ ပိုမိုမြင့်တက်ခဲ့ရကြောင်း ၎င်းကဆိုသည်။

**************************************************

JETRO က ရန်ကုန်တွင် ပံ့ပိုးကူညီရေး ဗပိာုဌာန ဖွင့်မည်

(27 Jun 2012 ရက်စွဲပါ The Japan Times မှ JETRO Plans Yangon support center ကိုဘာသာပြန်ဆိုသည်)

Japan Trade Organization(JETRO)က ၎င်းသည် မြန်မာနိုင်ငံသို့ဝင်ရောက်ရန်စီစဉ်နေသော ဂျပန်ကုမ္ပဏီများအား ပံ့ပိုးရန် ရန်ကုန်တွင် စက်တင်ဘာ(၃)ရက်၌ စီးပွားရေးနှင့်ပတ်သက်ပြီး ပံ့ပိုးမည့်ဗပိာုဌာန ဖွင့်လှစ်မည်ပာု ပြောကြားခဲ့သည်။

အဆိုပါ ဗပိာုဌာနသည် ကာလတိုရုံးခန်းဌားရမ်းခြင်းအပါအဝင် ဒေသဆိုင်ရာသတင်းအချက်အလက်များပေးခြင်း၊ ဂျပန်အကြံပေးအရာရှိများနှင့် စီးပွားရေးဆိုင်ရာ အတိုင်ပင်ခံဝန်ဆောင်မှုများလည်း ပေးမည်ဖြစ်ကြောင်း JETRO က ဗုဒ္ဓပာူးနေ့က ပြောကြားခဲ့သည်။

ရုံးခန်းအဖြစ် ဌားရမ်းရန်(၁၀)စတုရန်းမီတာရှိ အခန်းသုံးခန်းကို ရနိုင်မည်ဖြစ်သည်။ အသေးစားနှင့်အလယ်အလတ်တန်းစား ကုမ္ပဏီများအတွက် ရက်(၇၀)အတွက် ရုံးခန်းဌားရမ်းခ ယန်း(၃၁၅၀၀)ကျသင့်မည်ဖြစ်သည်။ ကုမ္ပဏီကြီးများအတွက် ရုံးခန်းဌားရမ်းခ ယန်း(၇၆၅၀၀) ကျသင့်မည်ဖြစ်သည်။

JETRO သည် ယင်းကဲ့သို့သော ဗပိာုဌာနများကို ထိုင်း၊ အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံများတွင်လည်း ဖွင့်လှစ်ထားသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment