Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၂.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. OIC ကရိုဟင်ဂျာများကို ကူညီမည်

(12 August 2012 ရက်စွဲပါ Bangkok Post မှ “OIC To Aid Rohengya ”ကိုဘာသာပြန်ဆိုသည်)

  1. ရိုဟင်ဂျာ မွတ်စလင်များကို ယူအေအီးနိုင်ငံက အကူအညီပေးမည်

(ယူအေအီးသတင်းစာ The News မှ 13 August 2012 ရက်စွဲပါ “UAE to Help Rohingya Muslims” ကို ဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

OIC ကရိုဟင်ဂျာများကိုကူညီမည်

12August 2012 ရက်စွဲပါ Bangkok Post မှ “OIC To Aid Rohengya ”ကိုဘာသာပြန်ဆိုသည်။

အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က၎င်းသည် လူမျိုးရေးပဋိပက္ခကြောင့် အိုမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော ရိုဟင်ဂျာမူစလင်များကို အကူအညီပေးရေးအတွက် မြန်မာနိုင်ငံထံမှ မီးစိမ်းပြမှုကို လက်ခံရရှိကြောင်း စနေနေ့ကကြေညာခဲ့သည်။

သောကြာနေ့က သမ္မတဦးသိန်းစိန်နှင့် အစ္စလာမ်အားလုံးပါဝင်သောအဖွဲ့၏ ကိုယ်စားလှယ်များ သည် ရခိုင်ပြည်နယ်မှ ဆိုးရွားသော လူသားချင်စာနာမှုဆိုင်ရာအခြေအနေများနှင့် စပ်လျဉ်း၍ စကားပြောအပြီးတွင် မြန်မာနိုင်ငံက OIC ကို သဘောတူချက်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် အစ္စလာမ် လူသားချင်းစာနာသော အကူအညီပေးရေးအဖွဲ့များက ပဋိပက္ခကြောင့် ဒုက္ခရောက်ရသောသူ အား လုံးကို အကူအညီများပေးရန် ဆန္ဒရှိကြောင်း ဦးသိန်းစိန်အား ရှင်းပြခဲ့သည်။

ဆော်ဒီအာရေဗျဘုရင် Abdullah သည်စနေနေ့က ရိုဟင်ဂျာများအား ဒေါ်လာသန်း၅၀ကူညီပေးရန် ဆုံးဖြတ်ခဲ့ကြောင်း ဆော်ဒီ၏ SPAသတင်း အေဂျင်စီက သတင်းက ထုတ်ပြန်ခဲ့သည်။ အဆိုပါသတင်းတွင် ရိုဟင်ဂျာများအား လူမျိုးတုံးသတ်ဖြတ်ခြင်း ၊အဓမ္မပြုကျင်ခြင်းနှင့် နေအိမ်များမှဖယ်ရှား ခြင်းများအပါအဝင်  လူ့အခွင့်အရေးချိုးဖောက်ခြင်းများ ခံရသော သားကောင်များ အဖြစ်ဖော်ပြထားသည်။ နယူးယောက်အခြေစိုက် Human Rights Watch ကမြန်မာစစ်တပ်အား ရိုဟင်ဂျာများကို ပစ်ခတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်းများဖြင့် စွပ်စွဲခဲ့သည်။

ရိုဟင်ဂျာများမှာ ဆယ်စုနှစ်များစွာ လူမျိုးရေး ခွဲခြားဆက်ဆံမှု ခံရခြင်းကြောင့် နိုင်ငံမဲ့ဖြစ်လျက်ရှိသည်။ ကုလသမ ဂ္ဂကလည်း ၎င်းတို့ကို ကမ္ဘာပေါ် တွင် ရက်စက်စွာပြုမူခံရသော လူမျိုးအဖြစ် ရှုမြင်ထားသည်။

ယခုသွေးထွက်သံယိုမှုများမှာ မြန်မာသမ္မတ၏ ကျယ်ပြန့်စွာချီးမွမ်းခြင်းခံရသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအပေါ် အရိပ်မည်းထိုးလျက်ရှိသည်။

ကုလသမဂ္ဂက မူစလင်များအပေါ် နှိပ်ကွပ်မှုများအား စိုးရိမ်မှုများ မြင့်တက်လာကြောင်းဖော်ပြအပြီးတွင် လုံခြုံရေးတပ်ဖွဲ့များသည် ရခိုင်ပြည်နယ်တွင် လူ့ အခွင့်အရေး ချိုးဖောက်မှုများရှိကြောင်း စွပ်စွဲချက်များ ကိုပယ်ချခဲ့ပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရှားရှားပါးပါး ပြဿနာပြေလည်ရေး လုပ်ဆောင်ချက်အဖြစ် ဦးသိန်းစိန်သည် OIC ကိုယ်စားလှယ် အဖွဲ့ လာရောက် လည်ပတ်မှုကို ကြိုဆိုခဲ့သည်။

သမ္မတက OIC အတွင်းရေးမှူး အနေဖြင့် ရခိုင်ပြည်နယ်မှ အမှန်တရားကို မြင်တွေ့ရမည်ဟု မျှော်လင့်ကြောင်း နိုင်ငံပိုင် New Light of Myanmar ကသောကြာနေ့က သတင်းဖော်ပြခဲ့သည်။ ထိုအပြင်အိုးမဲ့အိမ်မဲ့ ဖြစ်ရသော နှစ်ဘက်စလုံးမှ လူထောင်ပေါင်းများစွာကို နေစရာ စားစရာ အကူအညီများ ပေးထားကြောင်း ဖော်ပြထားသည်။

OIC အကြီးအကဲ Ekmeleddin Ihsanoglu ကရခိုင်ပြည်နယ် မှရိုဟင်ဂျာများအား လူမျိုးတုံးသတ်ဖြတ် ခြင်း၊ဖိနှိပ်ခြင်း၊များအပေါ်စုံစမ်းစစ်ဆေးရန် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရန်အဆိုပြုထားသည်။

--------------------------------------------------------------------------------------------------------------------------------

ရိုဟင်ဂျာမွတ်စလင်များကိုယူအေအီးနိုင်ငံအကူအညီပေးမည်            

(ယူအေအီးသတင်းစာ The News မှ 13 August 2012 ရက်စွဲပါ UAE to help Rohingya Muslims ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာ မွတ်စလင်များအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ဆူပူအုံကြွမှုများကြောင့် ဒုက္ခရောက်လျက်ရှိသော ရိုဟင်ဂျာ မွတ်စလင်များကို အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)က အကူအညီ အထောက်အပံ့များ ပေးပို့သွားမည် ဖြစ် ကြောင်းသိရသည်။

ယူအေအီးမှ ခါလီဖာဇာယက်အယ်လ်နာယန် အမည်ရ လူသားချင်းစာနာထောက်ထားသော အကူအညီများဆိုင်ရာ ဖောင်ဒေးရှင်း အနေဖြင့် မြန် မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်များအတွက် အကူအညီအထောက်အပံ့များ အမြန်ဆုံးပေးပို့ရန် ယူအေအီး သမ္မတ ရှာခစ်ခါလီဖာ ဇေယက် အယ် နာယန်က သြဂုတ်လ ၁၂ ရက်နေ့တွင် အမိန့်ပေးလိုက်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ယူအေအီး နိုင်ငံခြားရေးဝန်ကြီး ရှိတ်အဗ္ဗဒူလာ ဘင်ဇေယက် အယ်နာယန်က မြန်မာနိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည် များအတွက် အကူအညီပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပြီး နောက်အထက်ပါအမိန့်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ ရိုဟင်ဂျာ မွတ်စလင်များအပေါ် ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ ဖိနှိပ်မှုများမပြုလုပ်ရန် မြန်မာအစိုးရအပေါ် ဖိအားပေးသင့်သည်ဟု ယူအေအီးနိုင်ငံခြားရေးဝန်ကြီး ကနိုင်ငံတကာအသိုင်းအဝိုင်းကို မေတ္တာရပ်ခံခဲ့သည်။ ယူအေအီးနိုင်ငံတွင် နေထိုင်သော မြန်မာနိုင်ငံသား မွတ်စလင်များကလည်း ရမ်ဇန်ဥပုသ်လအတွင်း မြန်မာပြည်၌ ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ တင်းမာမှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်သည်ဟု ထုတ်ဖော်ပြောဆိုကြသည်။

မောင်းတောမြို့မှ မိသားစုနှင့်အတူ ထွက်ပြေးတိမ်းရှောင်လာသူ နော်မိုဟာမက်ဆိုသူက "ဗုဒ္ဓဘာသာ အစွန်းရောက်တွေက ကျွန်တော်တို့ကိုလုပ် ငန်းခွင်ရှိရာ ကိုသွားခွင့်ပြုမှာ မဟုတ်သလို ဗလီလည်း တက်ခွင့်ပြုမှာမဟုတ်ဘူး။ တကယ်လို့ ကျွန်တော့်မိသားစုတွေသာ ဗလီတက်ဖို့မရမက ကြိုးစားနေ မယ်ဆိုရင် သူတို့က သတ်ဖြတ်ပစ်မှာပဲ။ အစိုးရကလည်း အဲဒါနဲ့ပတ်သက်ပြီး ဘာမှမလုပ်ဘူး"ဟု ပြောဆိုသည်။

"ကျွန်တော်တို့ အတော်အခက်တွေ့ နေပါတယ်။ စားစရာလည်းမရှိဘူး။ သောက်စရာ ရေလည်းမရှိဘူး။ ကျွန်တော်တို့မှာ ပိုက်ဆံရှိရင်တောင် ဘာ မှ ဝယ်လို့မရနိုင်ဘူး"ဟု ၎င်းကဆက်လက်ပြောပြသည်။

ဤအတောအတွင်း ရခိုင်ပြည်နယ် ဆူပူအုံကြွမှုများကြောင့် ထွက်ပြေးပြောင်းရွှေ့ခဲ့ကြရသော ဒုက္ခသည်များအတွက် ထောက်ပံ့ကြေး ဒေါ်လာ ၃၂ဒဿမ ၅ သန်းပေးအပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံ(မြောက်ပိုင်း) ကချင်ပြည်နယ်တွင် အစိုးရတပ်ဖွဲ့နှင့် ကချင်လက်နက်ကိုင် သူပုန်တပ်ဖွဲ့အကြား ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထွက် ပြေးပြောင်း ရွှေ့နေထိုင်ခဲ့ရသူ စုစုပေါင်း ခြောက်သောင်းခန့်ရှိသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း စတင်ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် ဆူပူအုံကြွမှုကြောင့် လူပေါင်း(၇၈)ဦးခန့် သေဆုံးပြီး ၆၄၀၀၀ကျော် ထွက်ပြေး ပြောင်း ရွှေ့ခဲ့ကြရသည်။ အဆိုပါ ပဋိပက္ခတွင်း ဒုက္ခရောက်ခဲ့သည့် ရိုဟင်ဂျာ မွတ်စလင် လူနည်းစုအတွက် ကူညီထောက်ပံ့ကြေး ဒေါ်လာ သန်း ၅၀ ပေးပို့ မည် ဖြစ်သည်ဟု ဆော်ဒီအာရေဗျနိုင်ငံက ကြေညာထားသည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားသော အကူအညီများဆိုင်ရာအဖွဲ့က ပဋိပက္ခဖြစ်ပွားသော နေရာဒေသများသို့ အကူအညီပေးရေး အေဂျင်စီများအား ကောင်းမွန်စွာ ဝင်ရောက်လုပ်ကိုင်ခွင့်ပြုရန် မြန်မာအစိုးရကို တောင်းဆိုထားသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment