Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၁၄.၈.၂၀၁၂

ပြည်တွင်းသတင်း

  1. အမြုတေစာနယ်ဇင်းကောက်စီဖွဲ့စည်းမှုအပေါ် MJA သတင်းထုတ်ပြန်
  2. အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းရှင်များအတွက် ဗပိာုဌာနမှ ကူညီမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ပြည်သူ့လွှတော်ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
  2. မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း ထုတ်ပြန်ကြေညာ
  3. နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပြဋ္ဌာန်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*******************************

ပြည်တွင်းသတင်း

အမြုတေစာနယ်ဇင်းကောက်စီဖွဲ့စည်းမှုအပေါ် MJA သတင်းထုတ်ပြန်

၂၀၁၂ သြဂုတ်လ ၉ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြေညာစာအမှတ်(၆၁/၂၀၁၂)ဖြင့် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီဖွဲ့စည်းမှုအပေါ် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)မှ သြဂုတ်လ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်ချက် အမှတ် (၁/၂၀၁၂) ကို ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းသတင်းထုတ်ပြန်ချက်များမှာ အမြုတေစာနယ်ဇင်းကောက်စီဖွဲ့စည်းရာတွင် ထုတ်ပြန်ခဲ့သည့်အချက်များထဲမှ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း(MJA)မှ လက်မခံနိုင်သည့် ပြောင်းလဲရန်နှင့် ပြောင်းလဲခြင်းမပြုပါက မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA) ကိုယ်စားပြုသော ကိုယ်စားလှယ်များမှ အမြုတေစာနယ်ဇင်းကောင်စီတွင် ပါဝင်တော့မည်မပာုတ်ကြောင်း သြဂုတ်လ ၁၁ ရက်နေ့၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းနိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် အတည်ပြုခဲ့ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း(MJA)မှ တာဝန်ရှိသူများနှင့် ပြန်ကြားရေးဝန်ကြီးအပါအဝင် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတို့သည် သြဂုတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့၊ သိမ်ဖြူ လမ်းရှိ ဗပိာုပုံနှိပ်တိုက်ခန်းမတွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)မှ ကြေညာချက်ပါ ဖော်ပြထားသည့် စာသားများကို ပြင်ဆင်ပယ်ဖြုတ်ပေးရန် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေတွင် အမြုတေစာနယ်ဇင်းကောင်စီတွင် အခြားအမျိုးအစားများက များနေပြီး အဓိကကျသည့် သတင်းစာဆရာအရေ အတွက် နည်းပါးခြင်းများ၊ စာနယ်ဇင်းကျင့်ဝတ်ရေးဆွဲရန် တာဝန်ရှိသည့်အဖွဲ့တွင် စာနယ်ဇင်းကျင့်ဝတ်နှင့်ပတ်သက်၍ မေးခွန်းထုတ်ဖွယ်ဖြစ်နိုင်သူ (သို့) ဖြစ်နိုင်သူများ မပါဝင်သင့်ကြောင်း တင်ပြခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှလည်း လက်ရှိအမြုတေကောင်စီ၏ လုပ်ငန်းများကို ဆိုင်းငံ့ထားပြီး MJA နှင့် ဆွေးနွေးမှုပြီးပြတ်သည်အထိ စောင့်ဆိုင်းမည်ပာု ပြန်လည်ကတိပေးပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ စောင့်ဆိုင်းစဉ်အချိန်ကာလနှင့် အမြုတေစာနယ်ဇင်းကောင်စီလုပ်ငန်း လည်ပတ်ချိန်ကာလအထိ စာပေစိစစ်မှုများကို ဆက်လက် ထားရှိဦးမည်ဖြစ်ပြီး အမြုတေကောင်စီနှင့်ပတ်သက်၍ နောက်ထပ် ကြေညာချက်တစ်စုံတစ်ရာ ထုတ်ပြန်မည်ဆိုပါက MJA အား ကြိုတင်အသိပေးရန် တောင်း ဆိုခဲ့ကြောင်း သိရသည်။

                YC

-----------------------------------------------------------------------------------------------------------------------------------

အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းရှင်များအတွက် ဗပိာုဌာနမှ ကူညီမည်

မြန်မာနိုင်ငံအတွင်း စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်စေရန် အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းလုပ်ကိုင် လိုသူများအတွက် အသေး စားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗပိာုဌာနမှ နည်းပညာနှင့် ငွေကြေးထောက်ပံ့မှုများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဗပိာုဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နည်းပညာနဲ့ ငွေကြေးကူညီမှုတွေကို ပေးသွားမှာပါ။ မြန်မာနိုင်ငံပာာ နိုင်ငံတကာနဲ့ယှဉ်ရင် စက်မှုကဏ္ဍဖွံ့ဖြိုးမှု အရမ်းနောက်ကျနေပါတယ်။ ဒါကြောင့် မြန်မာ့စက်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်စေဖို့အတွက် ရည်ရွယ်ပြီး တော့ လုပ်ငန်းရှင်တွေကို အကူအညီပေးသွားမှာပါ”ပာု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံတွင်း စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာနိုင်စေရန် နိုင်ငံတော်မှ အားပေးဆောင်ရွက်လျက် ရှိပြီး အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းရှင်များ စက်မှုလုပ်ငန်းလုပ်ကိုင်ရန် မြေကွက်ဝယ်ယူရာတွင် လိုအပ်သော ငွေကြေးရရှိနိုင်စေရန် အတိုး နှုန်းသက်သာစွာဖြင့် ကူညီခြင်း၊ အသစ်အဆန်းပစ္စည်းထုတ်လုပ်လိုသော စက်မှုလုပ်ငန်းရှင်များအား ငွေကြေးကူညီခြင်းနှင့် စက်မှုလုပ်ငန်းလုပ်ကိုင်ရန် လိုအပ်သည့်နည်းပညာများ ကူညီထောက်ပံ့ပေးခြင်းများကို နိုင်ငံတော်မှ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

“ပြည်တွင်းက လုပ်ငန်းရှင်တွေအတွက် ကျွန်တော်တို့ကူညီမှုတွေကို ပြုလုပ်ပေးနေပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း ကိုယ့်လုပ်ငန်း အောင်မြင်နိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်သင့်ပါတယ်။ လိုအပ်တဲ့အကူအညီတွေကို နိုင်ငံတော်က ပံ့ပိုးပေးနေသလို မြန်မာ့စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းရှင်တွေ များများပေါ်ထွက်လာဖို့ လိုပါတယ်”ပာု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်မှ လုပ်ငန်းရှင်တစ်ရာကျော်နီးပါးကို အကူအညီ များပေးလျက်ရှိပြီး ငွေကြေးအားဖြင့် မီလီယံ ၅၀ ခန့်သုံးစွဲပြီးဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

YC

*******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ပြည်သူ့လွှတော်ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

သြဂုတ်လ ၁၃ရက်နေ့ နေ့လည် ၁၁နာရီအချိန်မှစတင်၍ တစ်နာရီခွဲနီးပါးခန့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

"တနင်္လာနေ့ လွှတ်တော်ကျင်းပပြီး ခဏနားတဲ့အချိန်မှာ သီးခြားတွေ့ဆုံတာပါ။ လွှတ်တော်ဥက္ကဋ္ဌက ဖိတ်ကြားတာကို တွေ့ပါတယ်။ ဘာတွေ ဆွေးနွေးကြတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ပြောကြားတာတွေ မရှိပါဘူး"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး က ပြောကြားသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် လွှတ်တော်ကော်မတီအသီး သီးမှ ဥက္ကဋ္ဌများနှင့် ထပ်မံတွေ့ဆုံခဲ့ကြောင်း သိရှိရပြီး ယင်းသို့တွေ့ဆုံမှုများနှင့် စပ်လျဉ်း၍ တစုံတရာ ထုတ်ပြန်ပြောကြားခြင်းမရှိကြောင်း ယင်း လွှတ်တော်အစည်းအဝေးခန်းမ၌ သတင်းယူနေသည့် ပြည်တွင်း သတင်းမီဒီယာသမားတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ သြဂုတ်လ ၉ရက်နေ့တွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ အဖွဲ့ဝင် များအား တာဝန်ခွဲဝေချမှတ်ခြင်းနှင့် စပ်လျဉ်း၍ အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရှိရပြီး သြဂုတ်လ ၁၂ရက်နေ့၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် တတိယအကြိမ် သီးခြားတွေ့ဆုံဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ATM

 ------------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း ထုတ်ပြန်ကြေညာ

မြန်မာနိုင်ငံအတွင်း ပြည်တွင်းနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ပြည်ထောင်စုလွှတ်တော်မှ မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေရေးဆွဲရခြင်း၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတော်၏ ကြွယ်ဝသော သယံဇာတပစ္စည်းများကို ဖော်ထုတ်၍ ပြည်သူများ လောက်ငစွာသုံးစွဲခံစားနိုင်ကြရန်နှင့် ပိုလျှံလာသည်တို့ကို ပြည်ပသို့တင်ပို့ရောင်းချနိုင်စေရန်၊ လုပ်ငန်းများတိုးတက် ကျယ်ပြန့် လာသည်နှင့်အမျှ ပြည်သူတို့အတွက်လည်း အလုပ်အကိုင်များ ပေါ်ပေါက်ပေါများလာစေရန်၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးလာစေရန်၊ အခြေခံအဆောက် အအုံအပါအဝင် နိုင်ငံတော်ဒေသအသီးသီး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် မြန်မာနိုင်ငံသားများပိုင် စီးပွားရေးလုပ်ငန်း များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများပေါ်ထွန်းလာနိုင်စေရန်တို့ကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် ကန့်သတ်ထားသည့် နိုင်ငံတော်ရှိ တိုင်ရင်းသားလူမျိုးများ၏ ရိုးရာ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ထိခိုက်စေမည့်လုပ်ငန်းများ၊ လူနေထိုင်ရာရပ်ဝန်းအတွင်း အများပြည်သူ၏ ပတ်ဝန်းကျင်ကို ထိခိုက်စေမှု၊ အသံ ဆူညံမှုဖြစ်စေသော လုပ်ငန်းများ၊ ပြည်သူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သောလုပ်ငန်းများ၊ သဘာဝအရင်းအမြစ်၊ ပတ်ဝန်းကျင်နှင့် ဂေပာစနစ်ကို ထိခိုက်ပျက်စီးစေနိုင်သော လုပ်ငန်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်းနေ၊ ရေနေသတ္တဝါများ၊ သစ်ပင်၊ ပန်းမန်၊ စိုက်ပျိုးသီးနှံစသည်တို့ကို ထိခိုက်စေနိုင် သောလုပ်ငန်းများ၊ နိုင်ငံတော်အတွင်းရှိ ဘေးအန္တရာယ်ရှိသော(သို့)အဆိပ်အတောက်ရှိသော ပစ္စည်းများ သယ်ဆောင်လာနိုင်သည့် လုပ်ငန်းများ၊ နိုင်ငံ တကာသဘောတူညီချက်များအရ ဘေးအန္တရာယ်ရှိသော ဓာတုပစ္စည်းထုတ်လုပ်မှုစက်ရုံများ(သို့)အသုံးပြုသော လုပ်ငန်းများမှအပ ကျန်မည်သည့် စီးပွားရေး လုပ်ငန်းမျိုးမဆို လုပ်ကိုင်ခွင့်ရှိကြောင်း မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။

ထို့ပြင် ပြည်တွင်း၌ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများပြုလုပ်ကြမည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံတော်အတွင်း အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ရှိသည့် အာမခံလုပ်ငန်းတစ်ခုခုတွင် သတ်မှတ်သော အာမခံအမျိုးအစားများကို ထားရှိရမည်ဖြစ်ပြီး ယင်းလုပ်ငန်းများ တည်မြဲနိုင်စေရန် ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် ခွင့်ပြုမိန့်ဖြင့်ဖွဲ့စည်းသည့် စီးပွားရေးလုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်း လုံးဝမပြုလုပ်ရေး၊ ပဋိညဉ်စာချုပ် သက်တမ်းကုန်ဆုံး လျှင် မတည်ငွေရင်းဖြင့် ရင်းနှီးမြှုပ်နှံသူအား ယင်း၏ရပိုင်ခွင့်များကို ရင်းနှီးမြှုပ်နှံရာ၌ ထည့်ဝင်ခဲ့သော နိုင်ငံခြားငွေအမျိုးအစားဖြင့် ထုတ်ပေးရန်နှင့် ကော်မရှင်၏ ခွင့်ပြုမိန့်အရ ဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုခုအား ခွင့်ပြုချက် သက်တမ်းမကုန်ဆုံးမီ ခိုင်လုံသော အကြောင်းကိစ္စ မရှိဘဲ ရပ်ဆိုင်းခြင်းမပြုရန် ပြည်ထောင်စုအစိုးရအဖွဲ့မှ အာမခံပေးသွားမည်ဖြစ်ကြောင်း ယင်းဥပဒေတွင် ဖော်ပြပါရှိသည်။

ယင်းဥပဒေတွင် အခန်းပေါင်း(၂၁)ခန်းပါရှိပြီး ယင်းတို့မှာ အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်၊ ရည်ရွယ်ချက်၊ အခြေခံမူများ၊ သက်ဆိုင်သည့် စီးပွား ရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုပုံစံ၊ ကော်မရှင်ဖွဲ့စည်းခြင်း၊ ကောင်မရှင်၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရင်းနှီးမြှုပ်နှံသူ၏ တာဝန်နှင့်အခွင့်အရေးများ၊ ခွင့်ပြုမိန့်လျှောက်ထားခြင်း၊ အာမခံထားရှိခြင်း၊ အမှုထမ်းများနှင့် အလုပ်သမားများခန့်ထားခြင်း၊ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ၊ ကင်းလွတ်ခွင့်၊ သက်သာခွင့်ပေးရန်မလိုသည့်လုပ်ငန်းများ၊ အာမခံချက်များ၊ မြေအသုံးပြုခွင့်၊ မတည်ငွေရင်း၊ ငွေရေးကြေးရေးကိစ္စ၊ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်များ၊ အငြင်းပွားမှုဖြေရှင်းခြင်းနှင့် အထွေထွေအခန်းတို့ပါဝင်သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပြဋ္ဌာန်း

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုများ ပိုမိုကောင်းမွန်နိုင်စေရန်နှင့် နိုင်ငံတော်၏ လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုများကို ဖြစ်ပေါ် စေမည့် ပြည်ပစီးပွားဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်စေရန် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ၂၀၁၂ သြဂုတ်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ ဥပဒေအမှတ် ၁၂ ဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

ယင်းဥပဒေတွင် ဗပိာုဘဏ်အနေဖြင့် ဈေးကွက်လဲလှယ်နှုန်းကို အခြေခံ၍ သတ်မှတ်သည့်ရည်ညွှန်းငွေလဲလှယ်နှုန်းအား နေ့စဉ် ထုတ်ပြန် ကြေညာပေးရမည်ဖြစ်ပြီး ဘဏ်များအကြား ငွေကြေးဈေးကွက်လုပ်ငန်းများ စနစ်တကျနှင့် ချောမွေ့စွာလုပ်ကိုင်နိုင်ရန် ပံ့ပိုးဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း ဖော်ပြပါရှိသည်။

ပြည်တွင်း၌ နိုင်ငံခြားငွေကိုင်ဆောင်ရာတွင် သတ်မှတ်ချက်များနှင့်အညီ နိုင်ငံခြာငွေပမာဏတစ်ရပ်ကို ကာလတစ်ခုအတွင်း ကိုင်ဆောင်ခွင့် ရှိပြီး ယင်းသတ်မှတ်ချက်များအရ မိမိတို့ပိုင်ဆိုင်သော နိုင်ငံခြားငွေများကို ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူတို့ထံ ဈေးကွက် ပေါက်ဈေးနှုန်းဖြင့် လဲလှယ်အပ်နှံရမည်ဖြစ်ပြီး နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင်ထားသော မည်သူမဆို မိမိပိုင်ဆိုင်သော နိုင်ငံခြားငွေအားလုံးကို ဖြစ်စေ၊ အချို့အဝက်ကိုဖြစ်စေ နိုင်ငံတော်အတွင်း နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူတို့ထံတွင်သာ ဘဏ်ငွေ စာရင်း ဖွင့်လှစ်အပ်နှံနိုင်ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် နိုင်ငံတော်နှင့် ပြည်ပနိုင်ငံများအကြားငွေသားဖြင့် လက်ရောက်လွှဲပြောင်းမှု၊ ပေးချေမှုနှင့် အခြားပေးချေမှုအပါအဝင် ကျပ်ငွေဖြင့် နိုင်ငံ တကာ ပေးချေမှုများနှင့် လွှဲပြောင်းမှုများအား သတ်မှတ်ချက်များနှင့်အညီသာ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း မည်သူမျှ နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် တစ်မျိုးမျိုးမရှိဘဲနိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခြင်း၊ နိုင်ငံခြား သုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိသူ မည်သူမဆို ဗပိာုဘဏ်က ထုတ်ပေးသည့် လုပ်ငန်းလိုင်စင်တွင် သတ်မှတ်ခွင့်ပြုခြင်းမရှိသော နိုင်ငံခြား သုံးငွေလုပ်ငန်းများအား လုပ်ကိုင်ခြင်းများကိုလုပ်ဆောင်ခြင်းမပြုရဘဲ ဗပာိုဘဏ်မှတောင်းခံသော သတင်းအချက်အလက်များကို ပေးအပ်၍ မိမိ၏စာ ရင်းများ၊ စာရင်းစာအုပ်များ၊ အထောက်အထားများနှင့် အခြားမှတ်တမ်းများကို စစ်ဆေးမှုပြုရာတွင် စွက်ဖက်ခြင်း၊ ပာန့်တားခြင်း (သို့) နှောင့်ယှက် ခြင်းများကို လုပ်ဆောင်ရမည်မပာုတ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ယခု ပြဋ္ဌာန်းလိုက်သည့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများဖြင့် တရားစွဲဆိုရာတွင် ဗပိာုဘဏ်၏ ခွင့်ပြုချက်ကို ရယူရမည်ဖြစ်ပြီး ယခုပြဋ္ဌာန်းလိုက်သည့် ဥပဒေဖြင့် ၁၉၄၇ နိုင်ငံခြားငွေကိုင်ဆောင်ခွင့်အက်ဥပဒေ(The Foreign Exchange Regulation Act, 1947)ကို ရုတ်သိမ်း လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေတွင် အခန်းပေါင်း(၁၃)ခန်းပါဝင်ပြီး ယင်းတို့မှာ အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်၊ ဗပိာုဘဏ်၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ နိုင်ငံခြားသုံးငွေလုပ်ငန်းများ၊ နိုင်ငံခြားငွေကိုင်ဆောင်ခြင်း၊ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခြင်းနှင့် အသုံးပြုခြင်း၊ ကျပ်ငွေဖြင့် နိုင်ငံတ ကာ ပေးချေမှုများနှင့် လွှဲပြောင်းမှုများ၊ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရသူများ၊ သာမန်စာရင်းပိုင်းဆိုင်ရာ လွှဲပြောင်းပေးချေမှုများ၊ ငွေလုံး ငွေရင်း စာရင်းပိုင်းဆိုင်ရာ လွှဲပြောင်းပေးချေမှုများ၊ ဗပာိုဘဏ်၏ စီမံခန့်ခွဲပိုင်ခွင့်၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်နှင့် အထွေထွေအခန်းတို့ ပါဝင်သည်။

YC

*******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အရင်တုန်းက ပွင့်လင်းမြင်သာမှု မရှိတာကြောင့် ဒေသခံတွေထိခိုက်နစ်နာခဲ့တယ်။ ပြုပြင်ပြောင်းလဲမှုတွေကို ပွင့်လင်းမြင်သာမှုရှိရှိ လုပ်နေတယ်လို့လဲ လက်ခံနေကြပြီ။ အခုလိုအချိန်မှာ ပြည်သူတွေအကျိုးရှိမယ့်ကိစ္စတွေ တကယ်ကြည့်မယ်ဆိုရင် အရင်ကပွင့်လင်းမြင်သာမှုမရှိခဲ့တဲ့ စီမံကိန်းတွေကို ချပြ နိုင်ရင် အကောင်းဆုံးပါ”

သြဂုတ် ၁၄ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၂) အမှတ် (၂၁) တွင်ပါရှိသည့် “ပွင့်လင်းမြင်သာမှုမရှိခဲ့တဲ့ စီမံကိန်းတစ်ချို့ ပြန်သုံးသပ်စေလို” သတင်း မှ ထားဝယ်မြို့မှ လူမှုရေးလုပ်ငန်းလုပ်ကိုင်သူ ဦးအေးသိန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“အခေါင်အထွတ်ဖြစ်တဲ့ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေတောင်ပြရမှတော့ ဝန်ကြီးဆိုတဲ့ကောင်တွေက ဘာမပြရဲစရာရှိလဲ။ မပြရဲဘူးဆိုရင် မပြနိုင်လောက်တဲ့ အကြောင်းအရာတွေများ ရှိနေလားဆိုပြီး ပြည်သူတွေ အထင်လွဲနိုင်ပါတယ်”

သြဂုတ် ၁၄ရက်နေ့ထုတ် Venus News ဂျာနယ်အတွဲ (၄) အမှတ် (၃) တွင်ပါရှိသည့်  “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းမြင့်၏ ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ အကျိုးစီးပွား ဖော်ထုတ်ရေးအဆို လွှတ်တော်၌ အရေးနိမ့်” သတင်းမှ နိုင်ငံရေးသမား ဦးရန်ကျော်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment