Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၃.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် လုံခြုံရေးအရ စိုးရိမ်ပူပန်မှုများ ရှိနေဆဲ

(13 August 2012ရက်စွဲပါ UPI မှ Security Concerns Persist in Myanmar သတင်းကို ဘာသာပြန် ဆိုသည်။)

  1. ရွှေဖြစ်မည့် မြန်မာနိုင်ငံသို့ အပြေးအလွှား ၀င်ရောက်မှုများစပြီ

(11 August 2012 ရက်စွဲပါ The Nation မှ Eric Rosenkranz ရေးသားသော The Myanmar Gold Rush Is On ကို ဘာသာပြန်ပါသည်။)

  1. သုံးနိုင်ငံအမြန်လမ်းပိုင်းတည်ဆောက်ရန်အတွက် အိန္ဒိယက မြန်မာကို ဒေါ်လာသန်း၅၀၀ ချေးမည်

(Channel News Asia မှ 14 Aug 2012 ရက်စွဲပါ“ India Grants Myanmar US$ 500m Loan To  Build Part of Trilateral Highway” သတင်းကိုဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင်လုံခြုံရေးအရ စိုးရိမ်ပူပန်မှုများ ရှိနေဆဲ

(13 August 2012ရက်စွဲပါ UPI မှ Security concerns Persist in Myanmar သတင်းကို ဘာသာပြန် ဆိုသည်။)

ဗြိတိသျှ အစိုးရသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ လက်ရှိဖြစ်ပေါ်နေသော ပြင်းထန်သော ဖြစ်ရပ်များအတွက် ကြီးစွာစိုးရိမ်ပူပန်မှု ဖြစ်ရကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္လာနေ့က ပြောကြားခဲ့သည်။

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး Williun Huge ကပြောကြားရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ တိုးတက်မှုများမှ အသီးအပွင့်များအတွက် ကြီးစွာပူပန်မှုရှိကြောင်း ပြောကြားခဲ့သည်။

“ဒီဖြစ်ရပ်ကို ထိရောက်ပြီး ဥပဒေများနှင့်အညီ နောက်ထပ်ဖြစ်မလာအောင် ကာကွယ်ပြီးဖြေရှင်းဖို့ ကျွန်တော်တို့ အစိုးရကို တိုက်တွန်းထားပါ တယ်။ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေနဲ့ အညီ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ တောင်းဆိုထားပါတယ် ”ဟုဆိုသည်။

မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေးနှင့် ပတ်သက်သော ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomas Qjea Quintana က မြန်မာနိုင်ငံ ခရီးစဉ် အ ပြီးတွင် ပြောကြားခဲ့ရာ၌ ရခိုင်ပြည်နယ်တွင် မူစလင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြားတွင် ကျယ်ပြန့်စွာ ခံစးနေရကြောင်း ပြောကြားခဲ့ သည်။

-------------------------------------------------------------------------------------------------------------------

ရွှေဖြစ်မည့် မြန်မာနိုင်ငံသို့ အပြေးအလွှား ၀င်ရောက်မှုများစပြီ

(11 August 2012 ရက်စွဲပါ The Nation မှ Eric Rosenkranz ရေးသားသော The Myanmar gold Rush Is On ကို ဘာသာပြန်ပါသည်။)

လူမျိုးပေါင်းစုံ မြန်မာနိုင်ငံအတွင်းသို့ ၀င်လာကြလေပြီ။ ယခင်က တစ်ညလျှင် (၇၅) ဒေါ်လာယူသော ဟိုတယ်ခန်းသည် ယခုအခါ ဒေါ်လာ (၁၅၀) ဖြစ်နေပြီး ကြိုတင်ငှားရမ်းမှုများဖြင့် ပြည့်နေပါသည်။ လူတိုင်းသည် ဗီဇာရရှိရေးအတွက် တန်းစီနေကြပါသည်။ လူများသည် ဖနွမ်းပင်မှ ရန်ကုန်သို့ မြန်မာ နိုင်ငံမှ လေကြောင်းလိုင်းကို ရည်ရွယ်ချက်ဖြင့် စီးနင်းကြပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းကိုစီးနင်းသဖြင့် ဗီဇာရနိုင်သော တစ်ခုတည်းသော အစီအ စဉ်ဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။

စကာင်္ပူနိုင်ငံမှလာသော Silk Air တွင် အထက်တန်းမှ လတ်မှတ် တစ်နေရာရလျှင်ပင် အလွန်ကံကောင်းလှပြီ ဖြစ်ပါသည်။ စကာင်္ပူတွင် မြန်မာနိုင် ငံသို့ ၀င်ရောက်ရေး ဗီဇာရရှိရန် နှစ်နာရီကြာ တန်းစီကြရပါသည်။ ဘန်ကောက်ရှိ မြန်မာသံရုံးတွင် စာရေးသူ နံနက် (၈) နာရီ တွင်တန်းစီရာ လူနှစ်ရာ ခန့်ရှိပါသည်။ ဗီဇာရုံးမှာ နံနက် (၈း၃၀) နာရီအထိ မဖွင့်သေးပါ။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုဘယ်ဆု လက်ခံခြင်းမပြုမီ ရော့ခ်ဂီတ ကြယ်ပွင့်များနှင့် ညစာစားလျှက်ရှိပါသည်။ လွန်ခဲ့သောလအနည်းငယ်က မြန်မာနိုင်ငံကို လုံးဝကြားဖူးခြင်း မရှိသူများသည် ယခုအခါ သွားရောက်လည်ပတ်ရန် ကြိုတင်စာရင်း ပေးသွင်းလျှက် ရှိကြ ပါသည်။ စောင်ရေကြီးမားသော The Nation သတင်းစာကလည်း နိုင်ငံ၏ တရားဝင်အမည်ကို ခေါ်ဆိုရန် ဆုံးဖြတ်ခဲ့ပါသည်။

အဆိုပါ သတင်းများမှာ ကြီးကျယ်သော သတင်းများဖြစ်ပြီး ထိုသို့ဖြစ်သင့်သည်မှာ ကြာပြီဖြစ်ပါသည်။ သို့သော် ပြည်သူများ နားလည်ရန် လို အပ် သော အဓိကအချက်မှာ မြန်မာနိုင်ငံတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှုန်းမှာ နိုင်ငံရေးပြုပြင်မှုနှုန်းထက် များစွာနောက်ကျ ကျန်နေခဲ့သည် ဆိုသည့်အချက် ဖြစ်ပါသည်။ ထိုအရာသည်ဘာကို ဆိုလိုသနည်း။

အစိုးရနှင့် အစိုးရနောက်ကွယ်မှ ဗိုလ်ချုပ်များသည် ပြုပြင်ပြောင်းလဲမှုကို ထောက်ခံအားပေးလျှက်ရှိပါသည်။ ယခုအထိ အကောင်အထည် ဖော်ခဲ့ သော အပြောင်းအလဲများမှာ အမှန်တစ်ကယ်ဖြစ်ပြီး နောက်ပြန်သွားလိမ့်မည် မဟုတ်ပေ။ ယခုအခြေအနေကို ၎င်းတို့နှစ်သက်ကြပါသည်။ ထိုသို့ဆိုရခြင်းမှာ အကြောင်းမဲ့မဟုတ် ထောက်ပြရမည့်အချက်ရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ခင်ပွန်းသည် ရောဂါရနေစဉ်ကပင် မြန်မာနိုင်ငံသို့ ပြန်ဝင်ခွင့်မရမည့် အရေးကြောင့် တိုင်းပြည်မှထွက်ခွါ မသွားဝံ့ခဲ့သော်လည်း ယခုအခါ နိုင်ငံခြားသို့ နှစ်ကြိမ်သွားရောက်ခဲ့ပြီး ပြန်ရောက်ခဲ့ပြီ ဖြစ်ပါသည်။ နိုင်ငံရေး အကျဉ်း သားများမှာ အကုန်မဟုတ်သေးသည့်တိုင် လွှတ်ပေးခဲ့ပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အံ့သြဖွယ်နှုန်းနှင့် လုပ်ဆောင်ခဲ့သော်လည်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆန္ဒရှိသော် လည်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။

ဘဏ်စနစ်မှာ ပြဿနာပေါင်းများစွာ ရှိပါသည်။ စီးပွားရေးလုပ်ငန်းများအတွက် အမှန်တကယ် ငွေချေးမှုမရှိခြင်း အိမ်ကိုအရစ်ကျ ၀ယ်ယူမှုစနစ် မရှိခြင်းနှင့် ATM စက်များပင် မရှိပေ။

တရားရေးစနစ်များတွင်လည်း ပြဿနာများရှိပါသည်။ တရားဥပဒေစိုးမိုးမှု ပျောက်ဆုံးနေခြင်းကို လူတိုင်ကစိုးရိမ်နေကြပါသည်။ အဂတိလိုက် စား မှုမှာ ဖြစ်ရိုးဖြစ်စဉ်သဖွယ်ဖြစ်နေပြီး၊ ၎င်းကိုထိန်းချုပ်ရန် လုပ်ဆောင်မှုမရှိပေ။

လူအများစုတွင် မိုဘိုင်းဖုန်းမရှိသေးပေ။ လျှပ်စစ်မီးလုံလောက်အောင် မပေးနိုင်မှုကြောင့် အစိုးရအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြမှုများ ရှိနေ သည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် တိုင်းပြည်၏စီးပွားရေးတွင် လွှမ်းမိုးလျှက်ရှိနေသေးပြီး လယ်သမားအများစုမှာ စားဖို့ပင် အနိုင်နိုင် ဖြစ်နေရ သည်။အခြေခံပစ္စည်းပိုင်ခွင့်များမှာလည်း မရေရာရှုပ်ထွေးနေဆဲ ဖြစ်ပါသည်။

အဆိုပါကိစ္စရပ်များနှင့် အခြားကိစ္စရပ်များကို ပြောင်းလဲပေးရမည်ဖြစ်ပြီး ပြောင်းလဲမှုလျှင်မြန်စွာ ဖြစ်ပေါ်လာသင့်နေပြီ ဖြစ်ပါသည်။ အစိုးရသည် ကမ္ဘာ့တန်းဝင် ပညာရှင်များကို ငှားရမ်း၍စီးပွားရေးကို မည်သို့ပြုပြင်ပြောင်းလဲမည်ဆိုသည်ကို အကြံဥာဏ်ပေးစေလျှက်ရှိပါသည်။ သို့သော် ၎င်းမှာ အချိန်ကြာမြင့်လျှက်ရှိပါသည်။

လူတိုင်းက အကောင်းဆုံးကို ရည်ရွယ်ချက်ထားသည် ဆိုသော်လည်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုများမှာ ပြည်သူများဆန္ဒရှိသည်ထက် တဖြည်းဖြည်းသာ ဖြစ်လာမည်ဆိုသည်ကို မျှော်လင့်ရသည်မှာ သဘာဝကျပါသည်။ သတိရနေမည့်အချက်မှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကြောင့် အဆုံး အရှုံးများမည့် (အမြတ်ရမှုလည်းပါဝင်မည်) သူများမှာ အခြေအနေဟောင်းထံမှ အောင်မြင်မှုများရထားသော ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖြစ်ပါ သည်။ ၎င်းတို့တွင် အပြောင်းအလဲဖြစ်ပေါ်မှုမှာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါသည်။

         ကြီးမားသောအခွင့်အလမ်းကြီးဟု မြင်နေကြသော နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များ ဘာလုပ်ရမည်နည်း။

(၁) ပြုပြင်ပြောင်းလဲမှုနှုန်း၏ ကွဲပြားခြားနားနေမှုများကို အသိအမှတ်ပြုရန်နှင့် စီးပွားရေးပုံစံ အသစ်တစ်ခုအတွက် နေ့ချင်း၊ညချင်း မမျှော်လင့်ရန် ဖြစ်  သည်။

(၂) လက်တွေ့အမြန်ဆုံး ကွင်းဆင်းလေ့လာရန် ဖြစ်ပါသည်။ ဆုံးဖြတ်ချက်များကို ဘန်ကောက်မှ၊ စင်ကာပူမှ၊ နယူးယောက်မှ ပြုလုပ်၍ မရနိုင်ပါ။ ရန်ကုန် တွင် ရှိနေပြီးမှ ဆုံးဖြတ်ရမှာ ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်တွင်အခြေချနိုင်ရန် ထူထောင်ပြီးမှ အခြေအနေကိုလေ့လာရန် ဖြစ်ပါသည်။ ပြီးမှဆုံးဖြတ်ချက် ချရမည် ဖြစ်သည်။

(၃) မှန်ကန်သော လုပ်ဖော်ကိုင်ဖက်ကို ရှာဖွေပါ။ သင်ကိုယ်ပိုင်တစ်ဦးတည်းလုပ်ရန် မျှော်လင့်မထားပါနှင့်။ နယ်မြေကျွမ်းသူထံမှ အကြံဥာဏ်များရယူပါ။ အကြံဥာဏ်တောင်းရန် ကောင်းသော အများစုပြောကြသည့် ကုမ္ပဏီတစ်ခုမှာ West Indochina (www.westindochina.com) ဖြစ်ပြီး စာရေးသူ အကြံ ဥာဏ်တောင်းဖူးသည်။

(၄)နိုင်ငံတကာစံများနှင့်အတူ သင်သယ်သွားပါ။ ပြည်သူ၊ အရည်အသွေးထိန်းချုပ်ခြင်း ဥပဒေများမှာ သင့်၏ဆန္ဒရှိမှု အဆင့်နှင့်မဖြစ်နိုင်ပါ။ ပြောင်းလဲမှု၏ အကျိုးဆက်ကောင်းရန် သင်ကူညီနိုင်သည်။

(၅)စွန့်စားရန် ပြင်ဆင်ထားပါ။ မြန်မာနိုင်ငံတွင် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးသူတစ်ဦးက ယနေ့မြန်မာနိုင်ငံသို့ ဝင်ရောက်ရာတွင် စွန့်စားရမည့် အန္တရာယ်ရှိသကဲ့သို့ မြန်မာနိုင်ငံနှင့်ဝေးဝေးရှောင်နေခြင်းသည်လည်း စွန့်စာရခြင်းဖြစ်ပင် ဖြစ်ကြောင်းပြောသည်။ ကုမ္ပဏီများသည် အန္တရာယ်များကို ခွဲခြမ်း စိတ်ဖြာပြီးမှ ၎င်းတို့နှင့်သင့်တော်သော ဆုံးဖြတ်ချက်ကို ချရမည်ဖြစ်သည်။

ယခုဝင်ရောက်ပါက ဥပဒေနှင့်ဓလေ့ထုံးစံများက ခွင့်မပြုသော ကိစ္စရပ်များကို  လုပ်ဆောင်ရမည့်စွန့်စားရမှု ရှိမည်ဖြစ်သည်။ ယခုမဝင်ဘဲ ဘေး တွင် ရှောင်နေပါက ပြိုင်ဆိုင်မှုတွင် လက်ဦးမှုဆုံးရှုံးရမည့် အန္တရာယ်ရှိသည်။ သင်၏ ရွေးချယ်မှုပင်ဖြစ်သည်။

(စာရေးသူ Eric Rosenkranzသည် ရန်ကုန်မြို့တွင် အချိန်ကြာကြာနေခဲ့ပြီး မြန်မာကုမ္ပဏီများ တိုးတက်မှုရှိရန် အကြံဥာဏ်ပေးခဲ့သည်။ အရှေ့တောင် အာရှတွင် လက်ရှိကုမ္ပဏီများ၊ စတင်မည့်ကုမ္ပဏီများကို မဟာဗျူဟာကျသော အကြံဥာဏ်ပေးမှုများ ပြုခဲ့သူဖြစ်သည်။)

-------------------------------------------------------------------------------------------------------------------

သုံးနိုင်ငံအမြန်လမ်းပိုင်း တည်ဆောက်ရန်အတွက် အိန္ဒိယက မြန်မာကို ဒေါ်လာသန်း၅၀၀ချေးမည်

(Channel News Asia မှ 14 Aug 2012 ရက်စွဲပါ “India Grants Myanmar US$ 500m Loan To  Build Part of Trilateral Highway” သတင်းကို ဘာသာပြန်ဆိုသည်)

အာဆီယံ၏စီးပွားဖက် ခြောက်နိုင်ငံထဲတွင် ပါဝင်သော အိန္ဒိယနိုင်ငံက ၃၂၀၀ကီလိုမီတာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဆက် အမြန်လမ်းမကြီး ဖောက်လုပ်ရာတွင် သုံးစွဲရန်အတွက် မြန်မာနိုင်ငံအား အမေရိကန်ဒေါ်လာသန်း ၅၀၀ ချေးမည်ဟု ကတိပြုလိုက်သည်။

၂၀၁၆တွင် ပြီးစီးရန် မျှော်မှန်းထားသည့် အမြန်လမ်းသည် အိန္ဒိယအရှေ့မြောက် ပြည်နယ်များမှ မြန်မာနိုင်ငံသို့ ဖောက်လုပ်မည်ဖြစ်ပြီး မြန်မာ လမ်းပိုင်းမှ ကီလိုမီတာ ၁၆၀၀ကျော်ကို တည်ဆောက်ခြင်း၊ အဆင့်မြှင့်ခြင်းပြုလုပ်ရမည်ဟု ဆိုသည်။

“တည်ဆောက်ရေးလုပ်ငန်းက စတင်နေပါပြီ၊ လက်ရှိလမ်းတွေ၊ တံတားတွေကို အဆင့်မြှင့်သွားဖို့ရည်ရွယ်ထားပါတယ်။ စီမံကိန်းက ၂၀၁၆မှာအ ပြီး သတ်ရမှာပါ”ဟု ဘန်ကောက်မှ အိန္ဒိယသံအမတ်ကြီး အေနီးလ်ဝတ်တဝါက ပြောကြားသည်။

“အိန္ဒိယကနေ မန္တလေးအထိ သွားမှာပါ။ ဒါပြီးရင် ထိုင်းနယ်စပ်ကနေ မြန်မာနိုင်ငံထဲကို ထိုင်းကုမ္ပဏီတွေ ၆၃ကီလိုမီတာလောက် ဖောက်လုပ်လာ မယ့် အမြန်လမ်းနဲ့သွားရောက်ချိတ်ဆက်ရမှာပါ”ဟု သံအမတ်ကြီးက Nation သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားသည်။

သံအမတ်ကြီးက ဆက်လက်၍“ ဒီသုံးနိုင်ငံဆက် အမြန်လမ်းမကြီးဟာ အိန္ဒိယကနေ မြန်မာနဲ့ထိုင်းနိုင်ငံထဲကို ကုန်ပစ္စည်းနဲ့ ကွန်တိန်နာထရပ်တွေ အလွယ်တကူဖြတ်သန်းပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုန်သွယ်မှု၊ ရင်းနှီးမြှပ်နှံမှု၊ အလုပ်အကိုင်နဲ့ အခြားအကျိုးကျေးဇူးတွေကိုလည်း ဖန်တီးပေး မှာဖြစ်ပါတယ်။ ပြီးတော့ အိန္ဒိယရဲ့အရှေ့မြောက် ကုန်းတွင်းပိတ် ပြည်နယ်တွေကို  ထားဝယ်ဆိပ်ကမ်းအပါအဝင် မြန်မာစက်ရုံတွေနဲ့ ချိတ်ဆက်ပြီး အကျိုး ဖြစ်ထွန်းလာစေဖို့ မျှော်လင့်ထားပါတယ်”ဟု ပြောကြားသည်။

၎င်းသုံးနိုင်ငံ အမြန်လမ်းမကြီးသည် အိန္ဒိယနှင့် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့ကို ဆက်သွယ်မည့် အရှေ့-အနောက် စီးပွား  ရေး စင်္ကြန်လမ်းအဖြစ် အသုံးဝင်ဦးမည်ဟု သိရှိရသည်။

အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်တို့ကလည်း ၎င်းစီမံကိန်းအတွက် ငွေကြေးပံ့ပိုး ကူညီကြဦးမည်ဟု ဆိုသည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment