Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

­၂၈.၈.၂၀၁၂

ပြည်တွင်းသတင်း

  1. ပြည်ပရောက် Black List စာရင်း ၆၁၆၅ ဦးအနက် ၂၀၈၂ ဦးအား စာရင်းပယ်ဖျက်
  1. တရုတ်ကုမ္ပဏီတစ်ခုအား ဆန္ဒပြကန့်ကွက်မှု နေ့စဉ်နီးပါးပြုလုပ်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ပြည်ထောင်စုဝန်ကြီးများနှင့် ဒု-ဝန်ကြီးများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦး တာဝန်ပြောင်းလဲခန့်အပ်
  1. ထိုင်းဝန်ကြီးချုပ်ပောာင်း သက်ဆင်မောင်နှမ မြန်မာနိုင်ငံသို့လာရောက်မည်
  1. တောင်သူများအတွက် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ တည်ထောင်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ပြည်ပရောက် Black List စာရင်း ၆၁၆၅ ဦးအနက် ၂၀၈၂ ဦးအား စာရင်းပယ်ဖျက်

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်ရှိသွားသူများအနက် အမည်မည်း(Black List) စာရင်း အသွင်းခံထားရသော ပြည်ပရောက် မြန်မာ နိုင်ငံသားများ ၆၁၆၅ ဦးအနက် ၂၀၈၂ ဦးကို အမည်မည်း (Black List) စာရင်းမှ ပယ်ဖျက်ပေးလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် ပြည်ပရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေးအတွက် ခွင့်ပြုပေးသွားမည်ပာု ထုတ်ပြန်ကြေညာခဲ့သော်လည်း (Black List) စာရင်း ပယ်ဖျက်ခံရသည့် နိုင်ငံသားများ၏ စာရင်းကိုမူ အသေးစိတ် ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိပေ။

နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ ယခင်အစိုးရလက်ထက်တွင် ကုမ္ပဏီများ၊ နယ်ပယ်အသီး သီးမှ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာများအပါအဝင် အချို့သောပုဂ္ဂိုလ်များအား အကြောင်းအမျိုးမျိုးကြောင့် အမည်မည်းစာရင်း(Black List) သတ်မှတ် ရေးသွင်းပြီး ကန့်သတ်မှုများကို ပြုလုပ်ခဲ့သော်လည်း ယခုအစိုးရသစ်လက်ထက်မှစတင်၍ ပြောင်းလဲမှုများနှင့်အတူ ခေတ်စနစ်များနှင့် လျော်ညီနိုင်စေ ရန် ဖြေလျော့ပေးမှုများကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ၏ အစိုးရသစ်သည် လက်ရှိအချိန်တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လျက်ရှိပြီး နိုင်ငံ ရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကိုလည်း အလေးထားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YC

-------------------------------------------------------------------------------------------------------------------------

တရုတ်ကုမ္ပဏီတစ်ခုအား ဆန္ဒပြကန့်ကွက်မှု နေ့စဉ်နီးပါးပြုလုပ်

မုံရွာမြို့၊ ဆားလင်းကြီးမြို့နယ်အတွင်း၌ တရုတ်ကုမ္ပဏီတစ်ခုမှ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းများ လုပ်ဆောင်ခဲ့သည့်အတွက် ကျေး ရွာပေါင်း ၂၂ ရွာမှ လယ်ယာဧကပေါင်း ၇၅၀၀ ကျော်သိမ်းဆည်းခံရပြီး ရွာအချို့မှာ ရွာလုံးကျွတ်မှ ပြောင်းရွှေ့ပေးခဲ့ရသည့်အတွက် ယင်းဒေသရှိ ဒေသခံများမှ သြဂုတ်လအတွင်းမှစတင်၍ တရုတ်ကုမ္ပဏီအား ဆန္ဒပြကန့်ကွက်မှုများကို နေ့စဉ်နီးပါး ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“တရုတ်ကုမ္ပဏီတွေ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလာလုပ်ပါတယ်။ သူတို့တွေ ဒီမှာလာလုပ်တော့ မလွတ်တဲ့ကျေးရွာတွေက လယ် ယာမြေတွေ အသိမ်းခံရတယ်။ ဒီကိစ္စကိုမကျေနပ်လို့ ဆန္ဒပြကြတာပါ။ ၂၀၁၀ တုန်းကတော့ ဒီစီမံကိန်းပြုလုပ်ဖို့ဆိုပြီး တရုတ်ကုမ္ပဏီက ဒေသခံတွေကို သုံးနှံလျော်ကြေး ၅၂၀၀၀၀ ကို ပေးခဲ့ပါတယ်။ ခုကျတော့ ဒီလယ်ယာမြေတွေကို အပြီးအပိုင်သိမ်းဆည်းသွားလို့ ဆန္ဒပြကြတာပါ”ပာု ယင်းဒေသရှိ တောင် သူတစ်ဦးက ပြောကြားသည်။

ယင်းစီမံကိန်းလုပ်ဆောင်မှုများကြောင့် တောင်သူအများအပြားမှာ ဒုက္ခရောက်ခဲ့ရပြီး ကျေးရွာအချို့မှာလည်း ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရသည့် အတွက် သြဂုတ်လ ၂၁ ရက်နေ့မှစတင်၍ ဒေသခံများမှ နေ့စဉ်နီးပါး ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်ခဲ့ရာတွင် စီမံကိန်းတာဝန်ယူထားသော ရဲတပ်ဖွဲ့ များမှ စီမံကိန်းဧရိယာအတွင်း ဝင်ရောက်လာသော ဒေသခံများကို လက်နက်များကိုင်၍သော်လည်းကောင်း၊ ဒိုင်းများကို ရော်ဘာတုတ်များဖြင့်ရိုက်၍ လမ်းလျှောက်ချီတက်ခြင်းဖြင့် ခြောက်လှန့်၍ ဆန္ဒပြလူစုအား လူစုခွဲခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့နိုင်ငံက လူမျိုးတွေရဲ့ လယ်ယာမြေတွေကို လာသိမ်းဆည်းနေတဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေက ကိုယ့်လူမျိုးဘက်က ကာကွယ်မ ပေးဘဲနဲ့ တရုတ်တွေဘက်က ကာကွယ်ပေးတာပာာ ပြည်သူ့ရဲတပ်ဖွဲ့လို့ အမည်ခံထားတဲ့သူတွေပါ။ ကျွန်တော်တို့ကတော့ ဒီစီမံကိန်းကြီး ရပ်ဆိုင်းသွား ဖို့အတွက် ဆန္ဒပြမှုတွေ ဆက်ပြီး လုပ်ဆောင်မှာပါ။ ဒီစီမံကိန်းကထွက်တဲ့ ကြေးနီတွေကို တရုတ်ကုမ္ပဏီက ၅၁ တန်ရရှိမှာဖြစ်ပြီးတော့ ကျန်တဲ့ ၄၉ တန် ကိုတော့ ဦးပိုင်ကရမှာပါ”ပာု ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးမီစီမံကိန်းကို ၂၀၁၀ ပြည့်နှစ်အတွင်း သတ္တုတွင်းဝန်ကြီးဌာနမှ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်သို့ လုပ်ပိုင်ခွင့် လွှဲ ပြောင်းပေးခဲ့ပြီး လက်ရှိအချိန်တွင် ယင်းစီမံကိန်း၌ တရုတ်ဝန်ထမ်းဦးရေ ၁၅၀ ဝန်းကျင် ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ပြည်ထောင်စုဝန်ကြီးများနှင့် ဒု-ဝန်ကြီးများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦး တာဝန်ပြောင်းလဲခန့်အပ်

မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့အရ ပြည်ထောင်စုဝန်ကြီး ၉ ဦး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၉)တို့အရ ပြည်ထောင်စု ဒုတိယ ဝန်ကြီး ၁၅ ဦးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(ခ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၇၈၊ ပုဒ်မခွဲငယ်(၈)နှင့် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ဥပဒေပုဒ်မ ၉ တို့အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးတို့အား သြဂုတ်လ ၂၇ ရက်နေ့မှစတင်၍ တာဝန်ပြောင်းလဲခန့် အပ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက်အား နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၂၇ ရက်နေ့ရက်စွဲဖြင့် ယခင် စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း အား သမ္မတရုံးဝန်ကြီးဌာနသို့လည်းကောင်း၊ ယခင် ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအား သမ္မတရုံးဝန်ကြီးဌာနသို့ လည်းကောင်း၊ ယခင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းအား သမ္မတရုံးဝန်ကြီးဌာနသို့လည်းကောင်း၊ ယခင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းအား သမ္မတရုံးဝန်ကြီးဌာနသို့လည်းကောင်း၊ ယခင် လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား ပြန်ကြား ရေးဝန်ကြီးဌာနသို့လည်းကောင်း၊ ယခင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းအား သမဝါယမ ဝန်ကြီးဌာနသို့လည်းကောင်း၊ ယခင် သမယဝါယမဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်အား မွေးမြူ ရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနသို့လည်းကောင်း၊  ယခင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်အား စက်မှုဝန်ကြီးဌာနသို့ လည်းကောင်း၊ ယခင် ပိာုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းအား အားကစားဝန်ကြီး ဌာနသို့လည်းကောင်း ပြောင်းလဲတာဝန်ပေးအပ်လိုက်ကြောင်း အမိန့်အမှတ်(၂၂/၂၀၁၂)ကို ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ်(၂၁/၂၀၁၂)ကို ထုတ်ပြန်ကြေညာ၍ ဒုတိယဝန်ကြီးများအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနတွင် ရဲချုပ် ကျော်ကျော်ထွန်း၊ ပြန်ကြားရေးဝန်ကြီးဌာနတွင် ဦးပိုက်ထွေး၊ ယဉ်ကျေးမှုဝန်ကြီးဌာနတွင် ဦးသန်းဆွေ၊ သမ္မတရုံးဝန်ကြီးဌာနတွင် ဦးအောင်သိမ်း၊ ဘဏ္ဍာ ရေးနှင့် အခွန်ဝန်ကြီးဌာနတွင် ဒေါက်တာလင်းအောင်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတွင် ဦးဆက်အောင်၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတွင် ဒေါက်တာဒေါ်ခင်စန်းရီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနတွင် ဒေါ်စုစုလှိုင်၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနတွင် ဦးသောင်းတင်၊ စွမ်းအင်ဝန်ကြီးဌာနတွင် ဦးထင်အောင်၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ဗိုလ်မှူးချုပ်ဝင်းမြင့်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတွင် ဦးအေးမြင့်မောင်၊ ပတ် ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတွင် ဒေါက်တာ ဒေါ်သက်သက်ဇင်၊ အားကစားဝန်ကြီးဌာနတွင် ဦးသောင်းထိုက်နှင့် ကျန်းမာ ရေးဝန်ကြီးဌာနတွင် ဒေါက်တာဒေါ်သိန်းသိန်းဌေးတို့အား ပြောင်းလဲတာဝန်ပေးအပ်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ယခုကဲ့သို့ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများအား ပြောင်းလဲခန့်အပ်တာဝန်ပေးလိုက်ပြီဖြစ်သည့်အတွက် သမ္မတရုံးဝန်ကြီးဌာန၌ ယခင်ဝန်ကြီး ၂ ဦးအပါအဝင် ယခုအခါ ပြည်ထောင်စုဝန်ကြီး ၆ ဦးရှိလာမည်ဖြစ်ပြီး ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပိာုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့တွင် ပြည်ထောင်စုဝန်ကြီးများ လစ် လပ်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ်(၂၀/၂၀၁၂)ဖြင့် ဦးဝင်းကိုအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေး အပ်လိုက်ကြောင်း သြဂုတ်လ ၂၇ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

                YC

-------------------------------------------------------------------------------------------------------------------------

ထိုင်းဝန်ကြီးချုပ်ပောာင်း သက်ဆင်မောင်နှမ မြန်မာနိုင်ငံသို့လာရောက်မည်

ထိုင်းနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ် ယင်လက်ခ်ရှင်နာဝပ်ထရာနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်ပောာင်း သက်ဆင်တို့ မြန်မာနိုင်ငံသို့ စက်တင်ဘာလ အတွင်း လာရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံခရီးစဉ်အား စက်တင်ဘာလ ၁၃ ရက်နေ့တွင် စတင်မည့် ထိုင်းဝန်ကြီးချုပ် ယင်လက်ခ်ရှင်နာဝပ်၏ မြန်မာနိုင်ငံခရီးစဉ်တွင် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်၍ ထိုင်းနိုင်ငံမှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ထားဝယ် ဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက်၍ အလေးအနက် ဆွေးနွေးညှိနှိုင်းပြီး နှစ်နိုင်ငံအကျိုးတူစာချုပ်များကို ချုပ်ဆိုနိုင်ဖွယ်ရှိကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ယခင်ထိုင်းဝန်ကြီးချုပ်ပောာင်း သက်ဆင်ရှင်နာဝပ်သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလအတွင်း လာရောက်လည်ပတ်မည်ပာု ထိုင်းအာ ဏာရပါတီ ဖြူထိုင်းပါတီ၏ အမတ်တစ်ဦးက ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်ဝက်ဆိုက်တွင် ဖော်ပြထားပြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် မည့် သက်ဆင်နှင့်တွေ့ဆုံရန် ဖြူထိုင်းပါတီမှအမတ်များနှင့် ရှပ်နီထောက်ခံသူများက မြန်မာနိုင်ငံသို့ လာရောက်လိမ့်မည်ပာု မျှော်လင့်ရကြောင်း သိရ သည်။

ထိုင်းဝန်ကြီးချုပ်ပောာင်း သက်ဆင်ရှင်နာဝပ်၏ ညီမ လက်ရှိထိုင်းနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ယင်လက်ခ်ရှင်နာဝပ်သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင်ထိုင်းနိုင်ငံရှိ လွှတ်တော်အမတ်များက ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

YC

-------------------------------------------------------------------------------------------------------------------------

တောင်သူများအတွက် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ တည်ထောင်

ပြည်တွင်းရှိ တောင်သူများဘက်မှရည်တည်၍ ဆောင်ရွက်နိုင်စေရန်နှင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲများတွင် တောင်သူလယ်သမား စစ်စစ် များဖြင့် ရွေးကောက်ပွဲဝင်နိုင်စေရန် ရည်ရွယ်၍ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ပါတီ တည်ထောင်ခွင့် သွားရောက်လျှောက်ထားခဲ့ပြီဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ တောင်သူတွေရဲ့ ဘဝကိုမြှင့်တင်ပေးနိုင်ဖို့အတွက် ပါတီသက်သက်မရှိပါဘူး။ ဒါကြောင့် တောင်သူတွေရဲ့ အရေးကိစ္စတွေကို လည်း လိုက်ပါဆောင်ရွက်နိုင်အောင်နဲ့ လာမယ့် ၂၀၁၅ မှာ တောင်သူစစ်စစ်တွေကပဲ ရွေးကောက်ပွဲဝင်ရောက်နိုင်စေဖို့အတွက် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီကို တည်ထောင်လိုက်ပါပြီ”ပာု ယင်းပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကို တောင်သူလယ်သမားများသာ ပါဝင်သည့် ဗပိာုအလုပ်အမှုဆောင်(၁၈)ဦးဖြင့် ဖွဲ့စည်းတည် ထောင်ခဲ့ခြင်းဖြစ်ပြီး ပါတီ၏ စည်းရုံးရေးနယ်မြေများအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေ သကြီးတို့ကို သတ်မှတ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“လက်ရှိ မြန်မာနိုင်ငံမှာက တောင်သူတွေအတွက် အထူးပြုပြီး တည်ထောင်ထားတဲ့ ပါတီရယ်လို့ မယ်မယ်ရရမရှိသေးပါဘူး။ ခုလိုမျိုး တောင်သူ တွေအတွက် အထူးပြုပြီးဖွဲ့စည်းထားတဲ့ ပါတီတစ်ခု ပေါ်ပေါက်လာတာ ဝမ်းသာစရာပါပဲ။ ကျွန်တော်တို့ရဲ့ အခက်အခဲကို ဖြေရှင်းပေးမယ့်၊ နားလည် ပေးနိုင်မယ့် ပါတီတွေ၊ အဖွဲ့အစည်းတွေ အများကြီး လိုအပ်နေပါသေးတယ်”ပာု ဧရဝတီတိုင်းဒေသကြီးမှ တောင်သူဦးဌေးညွှန့်က ပြောကြားသည်။

လက်ရှိအချိန်တွင် ပြည်တွင်းရှိ တောင်သူများမှာ ရာသီဥတုဖောက်ပြန်ခြင်း၊ စိုက်စရိတ်ချေးငွေ အပြည့်အဝမရရှိခြင်းနှင့် ကုမ္ပဏီများ၏ လယ် ယာမြေ သိမ်းဆည်းမှုများကြောင့် အခက်အခဲအကြပ်အတည်းနှင့် တွေ့ကြုံခံစားရလျက်ရှိပြီး နိုင်ငံအနှံ့အပြားတွင်လည်း လယ်ယာမြေသိမ်းဆည်းမှုများ နှင့် ပတ်သက်၍ တောင်သူများမှ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိသည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒီလိုပြဿနာတွေတက်လို့ ကျွန်မတို့ စိတ်ပျက်စရာလည်းမရှိပါဘူး။ ကြောက်ရွံ့စရာလည်းမရှိပါဘူး။ ဘယ်လောက်အရေးကြီးတဲ့ ပြဿနာပဲဖြစ်ဖြစ် အရေးကြီးတာက ဒီပြဿနာကို ဖြေရှင်းရာတွင် တကယ် ဒီမိုကရေစီစံနှုန်းစံထားကို မှီရဲ့လား၊ ပြည်သူပြည်သားတွေရဲ့ အေးချမ်းသာယာရေးကို ဦးတည် ရဲ့လား။ စဉ်းစားပြီးဖြေရှင်းရပါမယ်။ ဒါ့ပြင် ပြဿနာဖြေရှင်းပုံဖြေရှင်းနည်းဟာ နည်းမှန်လို့ရှိရင် ကျွန်မတို့နိုင်ငံရဲ့ သိက္ခာလည်း တက်သွားမယ်။ ကျွန်မတို့ ပြည်သူတွေလည်း ဒီဖြေရှင်းပုံဖြေရှင်းနည်းကို တစ်လေးတစ်စား လက်ခံမှဖြစ်မယ်။ ဒါ့ကြောင့်မို့လို့ ကျွန်မပြောချင်တာက အခုကိစ္စဟာ တရားဥပဒေကိစ္စ ဖြစ်တဲ့အတွက်  တရားဥပဒေအရ ပြေပြေလည်လည် နှစ်ဦးနှစ်ဖက် ပြေပြေလည်လည် ဆွေးနွေးဖို့လိုပါတယ်”

သြဂုတ်လ၂၈ရက်ထုတ် Newsweek ဂျာနယ် အတွဲ (၂) အမှတ် (၄၅) တွင်ပါရှိသည့် “တစ်ဖက်နှင့်တစ်ဖက် လေးစားနားလည်ဖို့  လိုအပ်သလို ပြည်သူ တွေလည်း နားလည်အောင်လုပ်ဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေး” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့ ရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်စစ်စစ်တွေနဲ့ သွားတဲ့ နိုင်ငံရေးစနစ်ကို ကြိုးစားခဲ့တယ်။ နောက်ပိုင်းမျိုးဆက်တွေ မဲပေး ရုံနဲ့ မလုံလောက် တရားမျှတမှု ရှိ/ မရှိ စောင်ကြည့်ပြီးတော့  ပြန်ပြီး အစီရင်ခံရဲတဲ့ သတ္တိမျိုးရော လုပ်ရည်ကိုင်ရည်မျိုးရော ခွန်အားစိုက်ထုတ်မှုမျိုးရော အဲဒီသုံးမျိုးလုံး လိုချင်ပါတယ်”

သြဂုတ်လ၂၈ရက်ထုတ် Newsweek ဂျာနယ် အတွဲ (၂) အမှတ် (၄၅) တွင်ပါရှိသည့် “နောက်ပိုင်းမျိုးဆက်တွေအနေနဲ့ ရွေးကောက်ပွဲကို တရားမျှတမှု ရှိ/မရှိ စောင့်ကြည့်ပြီး ပြန်အစီရင်ခံရဲတဲ့ သတ္တိမျိုးလိုချင်တယ်ဟု ကိုမင်းကိုနိုင်ပြောကြား”သတင်းမှ ကိုမင်းကိုနိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်။

------------------------------------------------------------------------------------------------------------

“အဓိကကတော့ ယုံကြည်မှုပါပဲ။ ယုံကြည်မှုနဲ့ နားလည်မှုပေါ့၊ တိုင်းရင်းသားတွေဟာ တစ်ချိန်ချိန်မှာ ခွဲထွက်သွားမယ်လို့ သူတို့ဘက်က ယူဆနေကြ တယ်။ နောက် ဖက်ဒရယ်ကိစ္စကို ပြောလိုက်လို့ရှိရင် ခွဲထွက်ရေးလို့မြင်တယ်။ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်ထားတဲ့ အဖွဲ့တွေဟာ ဘယ်သူ့ကိုမှ ကိုယ်စားမပြုဘဲနဲ့  သည်တစ်ဖွဲ့တည်းရဲ့ စားဝတ်နေရေးကို ဖြေရှင်းပေးလိုက်ရင်ပြီးရောလို့ ယူဆထားတယ်။ အဲသည်အယူအဆတွေကို ညှိနှိုင်းလို့ မရဘူး ဆိုရင်တော့ ပြေလည်ဖို့လမ်းစ တော်တော်ခက်မှာပါ”

သြဂုတ်လ၂၈ရက်ထုတ် မော်ဒန်ဂျာနယ် အတွဲ (၂)အမှတ် (၂၃) တွင်ပါရှိသည့် “ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင့် တွေ့ဆုံခြင်း”မှ ဗိုလ်ချုပ်ဂွန်မော်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment