Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၇.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်သည့် ဒဿန

(22 August 2012 ရက်စွဲပါ Asia Times Online မှ David I Steinberg ၏ “Myanmar Sanctions defy logic”ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  1. မြန်မာတွင် ယာမာဟာမိုတာက ဆိုင်ကယ်အရောင်းကုမ္ပဏီ ဖွင့်လှစ်မည်။

(The Yomiuri Shimbum မှ 27August 2012 ရက်စွဲပါ “Yamaha Motor to establish sales company in Myanmar” သတင်းကိုဘာသာပြန်သည်။)

  1. အင်ဒိုနီးရှားကြက်ခြေနီက မြန်မာသို့ ကယ်ဆယ်ရေးအဖွဲ့စေလွှတ်

(AFP သတင်းမှ 25 August 2012 ရက်စွဲပါ “Indonesia Red Cross sends team to Myanmar”သတင်းကို ဘာ သာပြန်ဆိုသည်။)

***********************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်သည့် ဒဿန

(22 August 2012 ရက်စွဲပါ Asia Times Online မှ David I Steinberg ၏ “Myanmar Sanctions defy logic” ကိုဆီလျော်အောင် ဘာသာပြန် ဆိုသည်)

မလွဲမသွေ ကြုံတွေ့ရမည်သာ ဖြစ်ပါသည်။ အမေရိကန် ကွန်ဂရက်သည် မြန်မာနိုင်ငံအပေါ်ထားရှိသော အရေးယူမှုများကို အပြီးသတ်ပစ်လိမ့် မည် မဟုတ်ပေ။ မြန်မာနိုင်ငံ အပေါ်အရေးယူမှုဆိုင်ရာ ဥပဒေမှာ အငြင်းပွားနေသော အာဖရိက နှင့်ပတ်သက်သည့် ဥပဒေအချို့နှင့် တွဲလျက်ရှိပြီး ကွန်ဂရက်က နှစ်စဉ် သက်တမ်းတိုးမှု ပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံမှ သွင်းကုန်များကို ပိတ်ပင်ထားသော အရေးယူမှုများ သက်တမ်းကုန်ဆုံးလုဆဲဆဲရှိနေစဉ်၊ သြဂုတ်လ ၂ ရက်နေ့တွင် ကွန်ဂရက်က အတည်ပြုပေးခဲ့ပါသည်။ အမေရိကန်အစိုးရသည် မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ပြောင်းလဲမှုများကို အားပေးခဲ့သော်လည်း သမ္မတ ဘားရက်အိုဘားမားက ယင်းဥပဒေကို လက်မှတ်ရေးထိုးခဲ့ပါသည်။

မကြာသေးမီက အမေရိကန်ကော်ပိုရေးရှင်းကြီးများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများအပေါ် ပိတ်ပင်ထားမှုများအား ရုပ်သိမ်းပေးခဲ့ခြင်း အပါ အ ဝင် အမေရိကန်၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော မူဝါဒများမှာ အရေးကြီးပြီး လက်ခုတ်တီး အားပေးနိုင်လောက်အောင် တိုးတက်မှုများရှိခဲ့ပါသည်။ သို့သော် လည်း ယခုတစ်ဖန် မြန်မာနိုင်ငံအပေါ် ပြုပြင်ပြောင်းလဲမှုဆက်ဆံရေး ဂရပ်ဖ်မျဉ်းကွေး၏ နောက်တွင်ရှိနေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံအပေါ်ထားရှိသော လက်တွေ့ကျသည့် နိုင်ငံခြားရေး မူဝါဒမှာ အမေရိကန်ပြည်ထောင်စု ပြည်တွင်းနိုင်ငံရေး လုပ်ငန်းစဉ်၏ လျှို့ဝှက်ရှုပ်ထွေးပြီး နားလည်ရခက်မှုကြောင့် လွတ်လပ်စွာ ထွက်ပေါ်မလာနိုင်ဘဲ ရှိနေပါသည်။

အဆိုပါ အရေးယူမှုများကို သက်တမ်းတိုးရန် ပြင်းထန်စွာ ထောက်ခံခဲ့သူမှာ ရီပတ်ဘလီကင်ဆီနိတ်တာ Mitch McConnell ဖြစ်ပါသည်။ အိုဘားမား အစိုးရသည် မြန်မာနိုင်ငံထက်စာလျှင် ၎င်းနှင့် အခြေအတင် ပြောစရာ အရေးကြီးသော ကိစ္စများပို၍ရှိပါသည်။ အမေရိကန်အများစုသည် ထိုသို့သော ဝိရောဓိဖြစ်လျက်ရှိသော မူဝါဒများကို မှတ်ချက်ပြုကြသည်မှာ အဆန်းမဟုတ်တော့ပေ။ (နိုင်ငံတကာဆက်ဆံရေးတိုးတက်သော်လည်း၊ ပြည် တွင်း အမေရိကန်မူဝါဒ ဆန့်ကျင်ဖက်သို့ ဦးတည်နေခြင်းမျိုး) ထိုဥပမာမျိုး များစွာရှိပါသည်။ သို့အတွက်ကြောင့် ထိုကိစ္စကို အရေးကြီးသည်ဟု အဘယ် ကြောင့် စဉ်းစားနေမည်နည်း။ စဉ်းစားသည့် အထဲတွင် မထည့်သင့်ပေ။

၎င်းတို့သည် စည်းချက်ကျကျ လုပ်ဆောင်မှု၌ မှန်ကန်သော်လည်း သက်ရောက်မှုများမှာ မှားယွင်းတော့မည်ဖြစ်ပါသည်။ အမေရိကန် ပြည်ထောင် စုသည် ၎င်း၏ နိုင်ငံခြားရေးမူဝါဒ၏ အကျိုးသက်ရောက်မှုများကို အလေးပေးမှုအတော်နည်းပါသည်။ နိုင်ငံခြားရေးမူဝါဒများကို ပြည်တွင်း ကိစ္စရပ်များ လောက် လေးလေးနက်နက် စဉ်းစားခြင်းမပြုပေ။ သက်ဆိုင်ရာ နယ်ပယ်အလိုက် သက်ရောက်မှုများ နှင့် အရေးပါသော ကမ္ဘာ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် အမေရိကန်၏ ပုံရိပ်စသည်များကို တခါတရံ ထည့်သွင်းစဉ်းစားမှုမပြုပေ။ ယခုအခါ အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံမှ သွင်းကုန်ကို ပိတ်ပင်ကာ အရေးယူမှုချမှတ်ထားသည့် တစ်ခုတည်းသော နိုင်ငံဖြစ်နေပါသည်။

အဆိုပါ မူဝါဒကို ထောက်ခံရန် အကြောင်းပြထားသော အချက်များမှာ အရေးယူမှုများသည် ယခင်စစ်အစိုးရကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် လာရန် မောင်းနှင်အားတစ်ခုဖြစ်ခြင်းနှင့် ယခုဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင် နေရာရရှိရေး ကဲ့သို့သော ပြည်တွင်းနိုင်ငံရေးတွင် နေရာရရှိမှုများ ဖြစ် စေရန် တွန်းအားပေးသလိုဖြစ်ခြင်း စသည့်အချက်များဖြစ်ပါသည်။ ထို့ကြောင့် အချို့ အရေးယူမှုပုံစံများကို ဆက်လက်ထားရှိခြင်းဖြင့် လက်ရှိ လုပ်ဆောင် နေသော ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်စေရန်နှင့် အခြားအရာများ ဖြစ်ပေါ်လာစေရန် အာမခံမူဝါဒသဖွယ် ရှိနေမည့်သဘောဖြစ်ပါသည်။

သြဂုတ်လ ၂၀ ရက်နေ့တွင် မြန်မာအစိုးရသည် စာနယ်ဇင်းများကို မထုတ်ဝေမီ ဆင်ဆာပြုလုပ်သည့် စနစ်မှ ထုတ်ဝေပြီးမှ စိစစ်သည့် စနစ်သို့ ပြောင်းလဲကြောင်း ကြေညာမှုအပါအဝင် ပြုပြင်ပြောင်းလဲရေးများ ဆက်လက်လုပ်ဆောင်နေပါသည်။ ထိုလုပ်ဆောင်ချက်မှာ အရေးပါသော်လည်း လုံလောက်မှု မရှိသေးပါ။ မီဒီယာများ အပြည့်အဝ လွတ်လပ်ခွင့်ရရှိရန် လိုအပ်နေပါသေးသည်။ မကြာသေးမီကအထိ သတင်းစာလွတ်လပ်ခွင့် နှင့် လူ့အခွင့်အရေး အုပ်စုများက ကမ္ဘာပေါ်တွင် ဖိနှိပ်မှုအများဆုံးရှိသော နိုင်ငံများတွင် မြန်မာပါဝင်သည်ဟု ရှုမြင်နေဆဲဖြစ်ပါသည်။

အမေရိကန် အရေးယူမှုများမှာ အချိန်မရွေး ပြန်လည်ချမှတ်နိုင်ပါသည်။ (ဥရောပသမဂ္ဂသည် ၎င်းတို့၏ အရေးယူမှုများကို တစ်နှစ်ယာယီ ရုပ်သိမ်း ထားပါသည်) ကွန်ဂရက်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားထင်ရှားသော အတိုက်အခံများ၏ ခေါင်းညိမ့်မှုဖြင့် ထိုသို့ စိတ်ပါလက်ပါ လုပ်ဆောင်ခဲ့ပုံ ရ သည် ဖြစ်ရာ အဆိုပါအာမခံမူဝါဒမှာ မှန်ကန်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ မှားယွင်းနေပါသည်။ သို့သော် ကလင်တန်နှင့် ဘွတ်ရှ်တို့၏ လက်ထက်က အရေးယူမှုဆိုင်ရာ ရည်ရွယ်ချက်မှာ အာဏာရအစိုးရကို ပြုပြင်ပြောင်းလဲရန် မဟုတ်ဘဲ အစိုးရပြောင်းလဲရေး အတွက်သာဖြစ်ပါသည်။ အဆိုပါ မူဝါဒမှာ လုံးဝမအောင်မြင်ခဲ့ပေ။ မြန်မာပြည်သူများကရော အဆိုပါအရေးယူမှုများကို ဖယ်ရှားစေလိုကြသလောဟု မေးလျှင် ဖယ်ရှားစေလိုကြ သည် ဟုပင်ဖြေရပါမည်။ အဘယ့်ကြောင့်ဆိုသော် အရေးယူမှုများသည် စစ်အစိုးရကိုဖြုတ်မချနိုင်ဟု ၎င်းတို့ကယုံကြည်ခဲ့ကြပြီး သက်သေလည်း ပြနိုင်ခဲ့ သောကြောင့်ပင်ဖြစ်ပါသည်။

အမေရိကန်အရေးယူမှုများဆက်ရှိနေခြင်းမှာ ပြည်သူအားခြိမ်းခြောက်သော ပုံစံတစ်ခုပင်ဖြစ်ပါသည်။ ထိုကဲ့သို့သော ပြည်သူအား ခြိမ်းခြောက်မှု သည် ယခင်စစ်အစိုးရအပေါ် ပြည်သူများနှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သလို အမျိုးသားရေးအရ တင်းမာသော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ သို့သော် မြန်မာ့ကိစ္စတွင် ထိုခြိမ်းခြောက်မှုမျိုးကို အဓိပ္ပာယ်ဖွင့်ဆိုရသော် အမေရိကန်က မိမိကိုယ်မိမိယုံကြည်မှုများပြီး တစ်ပါးသူအပေါ် ရိုင်းစိုင်းပြုမူသည့် အသွင်ပေါ်လွင် နေပါသည်။ ဆိုလိုသည်မှာ ထိုကဲ့သို့သော ကန့်သတ်မှုများရှိနေသည့် တိုင်းပြည်သည် မိမိကတိအတိုင်း လုပ်ဆောင်မှုပြုလုပ်နိုင်မည်ဟု မယုံကြည်နိုင်သကဲ့သို့ ၎င်း၏အားကြီးသော ပလေယာများ ချမှတ်ထားသည့် ကစားပွဲစည်းမျဉ်းများ(rule of the game) အပေါ် မည်သို့တုံ့ပြန်လုပ်ဆောင် မည်ဆိုသည်ကို အမေရိကန် တစ်ဦးတည်းကသာ ပညာနှင့် အာဏာရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။

အိုဘားမားအစိုးရသည် အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ရပ်တည်မှုအနေအထားနှင့် ပတ်သက်၍ အရေးကြီးပြီး အပေါင်းလက္ခဏာ ဆောင်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပါသည်။ ဆယ်စုနှစ်တစ်ခုကျော် ချမှတ်ထားသော၊ ရည်ရွယ်ချက်ပါသော အရေးယူမှုများသည် ထိရောက်သည်ဟု သက်သေ ပြခဲ့ပြီးနောက် "လက်တွေ့ကျသော ဆက်ဆံရေး" ပြုလုပ်ရန် လုပ်ဆောင်လာခဲ့ပါသည်။ အဆိုပါ ပြောင်းလဲလာမှုများသည် ဦးသိန်းစိန် လက်ထက်တွင် လုပ်ဆောင်လာသော ပြုပြင်ပြောင်းလဲမှုများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောတူညီချက်များ အပေါ်တွင် အခြေခံပါသည်။

အလုပ်လက်မဲ့များအပေါ် အလုပ်အကိုင် ဖန်တီးပေးမည့် လုပ်သားအင်အား အသုံးပြုရသော စက်မှုလုပ်ငန်းများတွင် အမေရိကန်က ရင်းနှီးမြှုပ် နှံခြင်း ကို ခွင့်ပြုခြင်းအပါအဝင် ကန့်သတ်ချက်အချို့ကို ဖယ်ရှားပေးခဲ့ခြင်းမှာ မြန်မာပြည်သူများ၏ ဆင်းရဲမွဲတေမှုများကို ဖယ်ရှားပေးရာတွင် အထောက် အကူပေးပြီး ၎င်းတို့၏ လူနေမှုဘဝများ တိုးတက်လာစေရန် ရည်ရွယ်ပါသည်။ ယခင်က အမေရိကန်၏ အရေးယူမှုများကြောင့် စက်ရုံများ ပိတ်သွားစဉ် အများစုမှာ အလုပ်လက်မဲ့များ ဖြစ်ကုန်ပါသည်။

ရည်မှန်းချက်သည် သင့်တော်သည် ဆိုသော်လည်း အမေရိကန်က မြန်မာမှ သွင်းကုန်အား ခွင့်မပြုခြင်းသည် မြန်မာနိုင်ငံ အပေါ်ဆက်ဆံရေး မူဝါဒကို အကောင်အထည်ဖော်ရာတွင် မူလရည်မှန်းချက်ကို အားနည်းအောင် ပြုလုပ်နေခြင်းမဟုတ်ဟု ပြောလိုသလော။ အမေရိကန်သို့တင်ပို့သော အထည်များအတွက် စက်ရုံများသည် လူထောင်သောင်းချီ၍ အလုပ်ခန့်ထားနိုင်သကဲ့သို့ အရေးယူမှုမချမှတ်မီက အထည်ချုပ်မှ တစ်နှစ်လျှင် ဒေါ်လာ၃၅၆ သန်းခန့် ဝင်ငွေရပါသည်။ အထည်ချုပ် အလုပ်သမားအများစုသည် အမျိုးသမီး အများစုဖြစ်နေခြင်းကြောင့် အမျိုးသမီးများ၏ ဘဝများနှင့် လူနေမှုဘဝများ ကို တိုးတက်အောင် ကြိုးစားနေသည့် အမေရိကန်မူဝါဒကို နှောင့်နှေးအောင် လုပ်နေခြင်းမဟုတ်ဟု ပြောနိုင်သလော။

အမေရိကန်ပြည်ထောင်စုသည် မကြာမီက မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒတွင် ကြီးမားသော တိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို သဘာဝကျစွာ သုံးသပ်ကြသူအများစုက အဆိုပါ ပြောင်းလဲမှုများကို ကြိုဆိုခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ သမိုင်းကြောင်း တွင် လူ့အဖွဲ့အစည်း၌ စစ်တပ်၏ အခန်းကဏ္ဍ၊ ရှုပ်ထွေးသော တိုင်းရင်းသားများ ဖွဲ့စည်းတည်ရှိနေမှုနှင့် ၎င်း၏ မဟာဗျူဟာကျသော တည်ရှိနေမှုများကို ထည့်သွင်းစဉ်းစားရမည်သာဖြစ်ပါသည်။ အဆိုပါ တိုးတက်မှုများမှာ မလိုအပ်သော ဝန်ထုပ်ဝန်ပိုးများကြောင့် ဝန်ပိသလိုဖြစ်နေပြီး ယင်းမလိုလားအပ်သည့် ဝန်ထုပ်ဝန်ပိုးများက လတ်တလော မြန်မာနိုင်ငံတွင်း အပြောင်းအလဲများနှင့် အိုဘားမား အစိုးရလက်ထက် အာရှဒေသတွင်း အမေရိကန်မူဝါဒ အပြောင်း အလဲများကို လျော့နည်းသေးသိမ်သွားအောင် လုပ်ဆောင်သကဲ့သို့ ဖြစ်နေပါသည်။

---------------------------------------------------------------------------------------------------------------------

မြန်မာတွင် ယာမာဟာမိုတာက ဆိုင်ကယ်အရောင်းကုမ္ပဏီ ဖွင့်လှစ်မည်။

(The Yomiuri Shimbum မှ 27August 2012 ရက်စွဲပါ “Yamaha Motor to establish sales company in Myanmar” သတင်းကိုဘာသာပြန်သည်။)

ယာမာဟာ ကုမ္ပဏီက မြန်မာနိုင်ငံတွင် ၎င်း၏မော်တော်ဆိုင်ကယ်များ ရောင်းချရန်ကုမ္ပဏီ ဖွင့်လှစ်တော့မည် ဟုကြောလိုက်ခြင်းကြောင့် မြန်မာ နိုင်ငံတွင် အစိုးရက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ စတင်ပြုလုပ်ပြီးနောက်ပိုင်း လုပ်ငန်းစတင်သည့် ပထမဆုံး ဂျပန်မော်တော်ဆိုင်ကယ် ကုမ္ပဏီ ဖြစ်လာ သည်။

အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏ ခန့်မှန်းချက်အရ မြန်မာ့စီးပွားရေးသည် အနာဂတ်တွင် နှစ်စဉ်ဖွံ့ဖြိုးမှု ရာခိုင်နှုန်း ၇မှ၈ရာခိုင်နှုန်း သို့ရောက်ရှိလာမည် ဟုဆိုသည်။ ထို့ပြင်မြန်မာနိုင်ငံသည် ၂၀၃၀တွင် တစ်ဦးချင်းဝင်ငွေဒေါ်လာ ၂၀၀၀ သို့မဟုတ် ဒေါ်လာ ၃၀၀၀ အထိမြင့်တက်လာမည့် အလယ်အလတ် ဝင်ငွေကောင်းသောနိုင်ငံ ဖြစ်လာရန်မျှော်လင့်လျက်ရှိသည်။ အဆိုပါခန့်မှန်းချက်ကြောင့် မြန်မာနိုင်ငံတွင် မော်တော်ဆိုင်ကယ် ဝယ်လိုအား မြန်မြန်ဆန်ဆန် ကြီးထွားလာလိမ့်မည်ဟု ယာမာဟာက ယုံကြည်ထားသည်။

ကုမ္ပဏီသစ် ထူထောင်ရေးအတွက် ပြင်ဆင်သည့်အနေဖြင့် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်နိုင်ရန် မြန်မာအာဏာပိုင်များထံ ခွင့်တောင်းမည်ဟု ယာမာ ဟာကုမ္ပဏီက ပြောကြားသည်။

ယာမာဟာကုမ္ပဏီသည်  ထိုင်းနှင့်အင်ဒိုနီးရှား စက်ရုံထုတ်စကူတာ ဆိုင်ကယ်များကို မြန်မာနိုင်ငံတွင် ဒေသခံ အရောင်းကိုယ်စားလှယ်များမှ တစ်ဆင့် အောက်တိုဘာမှစတင်၍ ရောင်းချပေးခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ယာမာဟာအမှတ်တံဆိပ် ပုံရိပ်ကို ပိုမိုခိုင်မာစေရန် အတွက် ကိုယ်ပိုင် ကွန်ယက်ကို အသုံးပြုရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

၂၀၁၅တွင် ကမ္ဘာတစ်လွှား  ယာမာဟာဆိုင်ကယ် ရောင်းအားကို ယခုလက်ရှိထက် ၁.၆ဆ တိုးမြှင့်ကာ စီးရေ တစ်သန်းအထိမြှင့်တင်ရန် ရည်မှန်းချက်ထားသော ယာမာဟာကုမ္ပဏီသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၊ အလားအလာကောင်းသော နိုင်ငံများရှိ မြန်ဆန်ကြီးထွားလာသော ဈေးကွက်များကို ဦးစားပေး အာရုံစိုက်လျက်ရှိသည်။

--------------------------------------------------------------------------------------------------------------------

အင်ဒိုနီးရှားကြက်ခြေနီက မြန်မာသို့ ကယ်ဆယ်ရေးအဖွဲ့စေလွှတ်

(AFP သတင်းမှ 25 August 2012 ရက်စွဲပါ “Indonesia Red Cross sends team to Myanmar”သတင်းကို ဘာ သာပြန်ဆိုသည်။)

အရပ်သားများ ဒါဇင်နှင့်ချီ၍ သေဆုံးကာ ရိုဟင်ဂျာ မွတ်စလင် ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသော ဇွနမ်လက အကြမ်းဖက်  အဓိက ဂရုဏာ ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံ အနောက်ပိုင်းသို့ အင်ဒိုနီးရှား ကြက်ခြေနီက အင်္ဂါနေ့တွင် စနေနေ့တွင် ကယ်ဆယ်ရေး လုပ်သားအဖွဲ့ကို  စေလွှတ်လိုက် သည်။

ဂျာကာတာလေဆိပ်မှ စစ်သုံးစက်လေယာဉ်ဖြင့် ထွက်ခွာသွား သောအဖွဲ့ဝင်၈ဦးပါအဖွဲ့၏ မစ်ရှင်ပထမအဆင့်တွင် ရှေးဦးသူနာပြုပစ္စည်း အစုံ(၅၀၀)  စောင်၃၀၀၀နှင့် ဆာရွန်(ခါးဝတ်လုံချည်) ၁၀၀၀၀ သယ်ဆောင်သွားသည်ဟု သိရသည်။

“မြန်မာသမ္မတကြီးနှင့် အင်ဒိုနီးရှား ကြက်ခြေနီအသင်း အကြားသဘောတူ ညီမှုရထားတဲ့ အစီအစဉ်ဖြစ်ပါတယ်” “ကယ်ဆယ်ရေး လုပ်သားအဖွဲကို အဲဒီမှာ တစ်နှစ်ပတ်လုံးထားရှိဖို့ မျှော်လင့်ထားပါတယ်၊ ဒါပေမယ့်လည်း အစိုးရနှင့် အခြားကြက်ခြေနီအသင်းတွေ၊ လခြမ်းနီအသင်းတွေ ရဲ့ ညှိနှိုင်း ဆောင် ရွက်မှု အပေါ်မှာ မူတည်နေပါတယ်”ဟု အင်ဒိုနီးရှား ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဂျူဆပ်ခါလာက သတင်းထောက်များကို ပြောကြားသည်။

ဇွန်လအတွင်းက ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင် ရိုဟင်ဂျာများအကြား ဖြစ်ပွားသော ပဋိပက္ခသည် ရခိုင်ပြည်နယ်တစ်လွှားသို့ ပျံ့နှံ့သွားခဲ့ပြီး လူပေါင်း(၈၀)ခန့် သေဆုံးခဲ့ရသည်။ တာဝန်ရှိသူများ ခန့်မှန်းသည့် ကိန်းဂဏန်းသည် လူ့အခွင့်အရေးအုပ်စုများ၏ ခန့်မှန်းမှုထက် လျော့နည်းနေပုံရသည်။          ရာပေါင်းများစွာအိမ်ခြေပေါင်းများစွာ ပျက်စီးသွားဖြင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော ဒုက္ခသည် ၇၀၀၀၀ ကျော် အနက်မှ အများစုဖြစ်သော ရိုဟင်ဂျာများ မှာ အစိုးရ ဖွင့်လှစ်ပေးထားသော ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေကြသည်။

နယူးယောက်အခြေစိုက် Human Right Watch အုပ်စုက မြန်မာအစိုးရ တပ်ဖွဲ့များသည် ရိုဟင်ဂျာများအား လက်နက်ဖြင့်ပစ်ခတ်သည့် အပြင် ညှင်ပန်းနှိပ်စက်မှုများ ပြုလုပ်လျက်ရှိသည်ဟု စွပ်စွဲပြစ်တင်ထားသည်။

အမြင့်ဆုံးသည်းခံမှု ကိုကျင့်သုံး၍ ကိုင်တွယ်ခဲ့သည်ဟု မြန်မာအစိုးရက ပြောကြားခဲ့သော်လည်း လူ့အခွင့်အရေး အုပ်စုများ၏ ပြင်းထန်သော ဝေဖန်မှုများကို ရင်ဆိုင်ရပြီးနောက်တွင် စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းပေးလိုက်သည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment