Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၉.၈.၂၀၁၂

ဘာသာပြန်သတင်းများ

နာမည်ပျက်စာရင်းဝင် ၂၀၈၂ ဦးကို မြန်မာအစိုးရက စာရင်းမှ ပယ်ဖျက်ပေး

(AP သတင်းဌာနမှ 28 August 2012 ရက်စွဲပါ “Burma remove 2082 from blacklist” ကိုဘာသာပြန်ဆိုသည်)

ဒေသခံ ကုလသမဂ္ဂ ဝန်ထမ်း၃ဦးကို ရာဇဝတ်မှုနှင့် မီးရှို့မှုများအတွက် ပြစ်ဒဏ်စီရင်

(Morniong Star မှ 27August 2012 ရက်စွဲပါ “UN staff sentenced for hate crimes and arson” သတင်းကို ဘာသာပြန်ဆိုသည်။)

 *****************************************

ဘာသာပြန်သတင်းများ

နာမည်ပျက်စာရင်းဝင် ၂၀၈၂ ဦးကို မြန်မာအစိုးရက စာရင်းမှ ပယ်ဖျက်ပေး

(AP သတင်းဌာနမှ 28 August 2012 ရက်စွဲပါ “Burma remove 2082 from blacklist” ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအစိုးရသည် လူပေါင်း ၂၀၈၂ဦး၏ အမည်များအား နာမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးလိုက်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။  ယခင်က အမည်ပျက်စာရင်း ထည့်သွင်းခံထား ရသူစုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ကို ထိုစာရင်းမှ ပယ်ဖျက်ပေး လိုက် ခြင်းဖြစ်ကြောင်း၊ သို့အတွက်ကြောင့် ယခင် မြန်မာနိုင်ငံသို့ ဝင်ရောက်ခြင်း သို့မဟုတ် ပြည်တွင်းမှ ပြည်ပသို့ ထွက်ခွာခြင်း မပြုလုပ်ရန် တားမြစ်ခံထား ရသူ များအနေဖြင့် ခရီးသွားလာခွင့် ပြန်လည်ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။

မြန်မာသမ္မတ ဦးသိန်းစိန်က အစိုးရအဖွဲ့တွင်း ဝန်ကြီးများ ပြောင်းလဲခန့်အပ်မှုများ ပြုလုပ်ကြောင်း ကြေညာချက် ထုတ်ပြန်သည့်နေ့တွင်ပင် အဆိုပါ သတင်းကို အလားတူထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ လေ့လာအကဲခတ်သူများကမူ မြန်မာအစိုးရသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဆန့်ကျင်သည့် သဘောထား တင်းမာသူများကို ဖယ်ထုတ်သည့်အနေဖြင့် ဝန်ကြီးရာထူးပြောင်းလဲခန့်အပ်မှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံပိုင်မီဒီယာ၏ ထုတ်ပြန်ချက်အရ ယခင် အမည်မည်းစာရင်း (အမည်ပျက်) သတ်မှတ်ထားသူ စုစုပေါင်း၆၁၆၅ဦး ရှိသည့်အနက် ၂၀၈၂ဦးအား ထိုစာရင်းမှ ပယ်ဖျက်ပေးလိုက်ခြင်းဖြစ်သည်။"ယခုလို ဖြေလျှော့ပေးမှုတွေဟာ တိုင်းပြည်ရဲ့အသွင်ကူးပြောင်းမှုနဲ့ တစ်သားတည်း ဖြစ်ပေါ်လာတာပါ" ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဇင်လတ်က အေပီသတင်းဌာနသို့ ပြောသည်။

နာမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးခြင်းမခံရဘဲ ဆက်လက်ကျန်ရှိနေသူများသည် ရာဇဝတ်မှုနှင့် အခြားသော စီးပွားရေးမသမာမှုများ ပြုလုပ်ခဲ့ သူများသာဖြစ်ကြောင်း ၎င်းကပြောသည်။ နာမည်ပျက်စာရင်းမှ ပယ်ဖျက်ခံလိုက်ရသူများတွင် မည်သူမည်ဝါပါဝင်သည်ဟူသော အသေးစိတ် အချက်အ လက်ကို အစိုးရ ပြောရေးဆိုခွင့် ရှိသူများသာမက သတင်းမီဒီယာများကပါ ထုတ်ဖော်ပြောဆိုရေးသားမှု မပြုကြပေ။ ယင်းစာရင်းတွင် ယခင်စစ်အစိုးရက အမျိုးသား လုံခြုံရေးအပေါ် ခြိမ်းခြောက်သူများအဖြစ် သတ်မှတ်ယူဆခဲ့သည့် သတင်းစာဆရာများ၊ ဝေဖန်ရေးသမားများနှင့် အခြားသော ပုဂ္ဂိုလ်များ ပါဝင်သည်။

ယခင်စစ်အစိုးရက နာမည်ပျက်စာရင်းသွင်းခဲ့သော နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံသားများအား ပြည်တွင်းသို့ဝင်ရောက်ခြင်း သို့မဟုတ် ပြည်ပသို့ ထွက်ခွာခြင်း မပြုရန် တားမြစ်ပိတ်ပင်ထားခဲ့သည်။ မြန်မာ့အလင်း သတင်းမှ စာရေးသားချက်အရ နာမည်ပျက်စာရင်းမှ ပယ်ဖျက်ခြင်း ခံလိုက်ရသူ ပြည်ပ ရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လိုပါက ခွင့်ပြုပေးသွားမည်ဟု ဆိုသည်။

ယခင် နာမည်ပျက်စာရင်းသွင်းခြင်းခံထားရသူများတွင် ဂျိမ်းစ်ဘွန်းမင်းသမီးဟောင်း မစ်ချဲယိုးလည်းပါဝင်သည်။ သူမသည် The Lady ဇာတ်ကား တွင် ဒေါ်အောင်ဆန်းစုကြည်နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၁ခုနှစ်အတွင်း မြန်မာပြည်သို့ လာရောက်စဉ် လေဆိပ်မှာပင် ပြည်နှင်ဒဏ်ပေးကာ နာမည်ပျက် စာရင်းသွင်းခံလိုက်ရသည်။

ယခင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အထ္ထုပတ္တိစာအုပ်ကို ၂၀၁၀ပြည့်နှစ်တွင် ရေးသားထုတ်ဝေခဲ့သော စာရေးဆရာ ဘင်နီဒစ် ရော်ဂျာ သည်လည်း မကြာခဏဆိုသလို နာမည်ပျက်စာရင်း သွင်းခံခဲ့ရသူဖြစ်သည်။

"ဒါဟာ အလားအလာကောင်းပြီး အပေါင်းလက္ခဏာဆောင်တဲ့ အဆင့်တစ်ဆင့်ပါပဲ။ တိုင်းပြည်ရဲ့ အမျိုးသား လုံခြုံရေးအပေါ် အမှန်တကယ် ခြိမ်းခြောက်ခဲ့တဲ့ သူတွေကလွဲပြီး အခြားသော ပုဂ္ဂိုလ်တွေလည်း အလားတူ နာမည်ပျက် စာရင်းကနေ ပယ်ဖျက်ပေးခြင်းခံရလိမ့်မယ်လို့ ကျွန်တော်မျှော် လင့် ပါတယ်"ဟု ၎င်းကဆိုသည်။

-----------------------------------------------------------------------------------------------------------------------------

ဒေသခံ ကုလသမဂ္ဂ ဝန်ထမ်း၃ဦးကို ရာဇဝတ်မှုနှင့် မီးရှို့မှုများအတွက် ပြစ်ဒဏ်စီရင်

(Morniong Star မှ 27August 2012 ရက်စွဲပါ “UN staff sentenced for hate crimes and arson” သတင်းကို ဘာသာပြန်ဆိုသည်။)

ဇွန်လအတွင်းက မြန်မာနိုင်ငံအနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်အဓိကရုဏ်း ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်မှုဖြင့် ကုလသမဂ္ဂ ဝန်ထမ်း၃ဦးကို မြန်မာတရားရုံးက ပြစ်ဒဏ်ချမှတ် လိုက်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တရားရုံးက သောကြာနေ့တွင် စီရင်ချက် ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက ပြောကြားသည်။        

ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီမှ ဝန်ထမ်းနှစ်ဦးအား ထောင်ဒဏ် ၆နှစ်နှင့် ၃နှစ်အသီးသီးကျခံရန် နှင့် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် မှဝန်ထမ်းတစ်ဦးကို ထောင်ဒဏ်၂နှစ်ကျခံရန် တရားရုံးက ပြစ်ဒဏ် ချမှတ်သည်ဟု ၎င်းကပြောကြားသည်။ ပြစ်ဒဏ်ချမှတ် ခံရသူများသည် မြန်မာနိုင်ငံ သား များဖြစ်ပြီး ဒေသခံ မွတ်စလင်များ ဖြစ်သည်ဟု ယုံကြည်ရသည်။

ကယ်ဆယ်ရေး အေဂျင်စီများမှ ဒေသခံဝန်ထမ်း၁၂ဦးခန့်ကို အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သည်ဟု သံသယဖြစ်မှုဖြင့် အာဏာပိုင် များက ဇွန်လအတွင်း ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု လူ့အခွင့်အရေး အုပ်စုများက ပြောကြားထားသည်။

၎င်းတို့အနက်မှ ၆ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ၃ဦးကို ယခုပစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်။ ဖော်ပြပါ ဒေသခံကုလဝန်ထမ်းသုံးဦးသည် ဗုဒ္ဓဘာ သာဝင် များနှင့် မွတ်စလင်များအကြား မုန်းတီးအောင်သွေးထိုးလှုံ့ဆော် ခြင်း မီးရှို့မှုများတွင် ပါဝင်ခြင်း အပါအဝင် ရာဇဝတ်မှုများစွာကျူးလွန်မှုဖြင့် ပြစ်ဒဏ်စီရင်ခံရသည်ဟု သိရသည်။

 ************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment