Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

­၃၀.၈.၂၀၁၂

ပြည်တွင်းသတင်း

  1. တိုင်းနှင့် ပြည်နယ်ဝန်ကြီးများ၏ လုပ်ပိုင်ခွင့်များအတွက် ဥပဒေမူကြမ်းတင်သွင်းရေး ဆွေးနွေး
  1. ကချင်စစ်ရှောင်ဒုက္ခသည်များ လကုန်အပြီးပြောင်းရွှေ့ရမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. နိုင်ငံခြားရေး ဒု-ဝန်ကြီး ၂ ဦးနှင့် ဘဏ္ဍာအခွန် ဒု-ဝန်ကြီး ၁ ဦးခန့်အပ်
  2. လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ထုတ်ပြန်ကြေညာ
  1. မွန်နှစ်ပါတီနှင့် ၈၈ မျိုးဆက်ကျောင်းသားများလက်တွဲ၍ မွန်ပြည်သူများ၏အခွင့်အရေး ကာကွယ်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

တိုင်းနှင့် ပြည်နယ်ဝန်ကြီးများ၏ လုပ်ပိုင်ခွင့်များအတွက် ဥပဒေမူကြမ်းတင်သွင်းရေး ဆွေးနွေး

သြဂုတ်လ ၁၄ ရက်နေ့က ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ကွန်ပိာန်းမဲဆန္ဒနယ်မှ ဒေါ်နန်းနုဝါတင်သွင်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၂၆၄(ဃ)အရ တိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရခိုင်ခွင့်များအတွက် ဥပဒေ၊ နည်းဥပဒေမူကြမ်းအဖြစ် ပြည်ထောင်စုအစိုးရမှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရေးအဆိုအား ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၅)ရက်မြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် (၈)ဦးက ဆွေးနွေးခဲ့သည်။

ယင်းအဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဦးထွန်းထွန်းဦးက ဌာနအသီးသီးအလိုက် စီမံခန့်ခွဲခြင်း၊ လုပ်ငန်းအကောင်အထည် ဖော်ခြင်းများ ဆောင်ရွက်ရန် သက်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊ ယင်းဥပဒေများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံခန့်ခွဲရာတွင် ကျယ် ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပြဋ္ဌာန်းပြီးဖြစ်သည့်အတွက် အဆိုနှင့်ပတ်သက်၍ ဆောင်ရွက် ရန် သင့်၊ မသင့် စဉ်းစားသင့်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အဆိုတင်သွင်းခဲ့သူ ဒေါ်နန်းနုဝါက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သုံးသပ်တင်ပြရာတွင် လွှတ်တော်ဥက္ကဋ္ဌက သုံးသပ် တင်ပြရာတွင် လွှတ်တော်ဥက္ကဋ္ဌတစ်ဦးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားသောတာဝန်အရ ပြည်သူများအတွက် ဆောင်ရွက်နေသကဲ့သို့ နိုင်ငံတော်သမ္မတအနေဖြင့်လည်း ဆောင်ရွက်ပေးရန် တာဝန်ရှိသူပာုယူဆကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၂(က)ပါ ငွေရေး၊ ကြေးရေးမှအပ ကျန်သည့်အုပ်ချု့်ရေးနှင့်ဆိုင်သည့် ကိစ္စရပ်များ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို သမ္မတက ထုတ်ဆင့်ခွင့်ရှိကြောင်း၊ ထို့ကြောင့် အရေးတကြီး လိုအပ်သည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်များကို နိုင်ငံတော်သမ္မတက ထုတ်ဆင့်ခွင့်ရှိသကဲ့သို့ ပြည်ထောင်စုလွှတ်တော်ကလည်း အတည်ပြုခွင့်ဖြင့် အုပ်ချုပ် ရေးဆိုင်ရာ ကိစ္စရပ်များကို အမိန့်ထုတ်ဆင့်ခွင့်ရှိကြောင်း ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်များကို တိကျစွာပိုင်းခြားပြီး ဆောင်ရွက်မှသာလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပေးထားသော အခွင့်အရေးများ ရရှိမည်ဖြစ်ပြီး လုပ်ငန်းဆောင်တာများ၊ အုပ်ချုပ်မှုဆိုင်ရာအပါအဝင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဆိုင်ရာ လုပ်ငန်းကိစ္စများ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် အမှန်တကယ်တွင် အဆိုပြုမှုနှင့် ပတ်သက်၍ လိုအပ်နေသည်ကို တွေ့ရကြောင်း၊ လွှတ်တော် ဥက္ကဋ္ဌ၏ တာဝန်သည် ဥပဒေပြုသည့်နေရာတွင် မှန်မှန်ကန်ကန်ပြုနိုင်ရန် နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းစေမည့် ဥပဒေများဖြစ်နိုင်စေရန်၊ ထို နည်းတူစွာ တိုင်းရင်းသားအခွင့်အရေးများကို ကာကွယ်နိုင်သော ဥပဒေများပေါ်ပေါက်နိုင်သော လွှတ်တော်ဥက္ကဋ္ဌတွင် အဓိက တာဝန်ရှိသည်ပာု မှတ်ယူ သည့်အတွက် လွှတ်တော်သို့ တင်ပြရခြင်းဖြစ်ကြောင်း ဒေါ်နန်းနုဝါက သုံးသပ်တင်ပြခဲ့သည်။

ယင်းအဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားကို မေးမြန်းရာတွင် လွှတ်တော်က သဘောတူသည့်အတွက် အတည်ပြု ကြောင်း ဆုံးဖြတ်တင်ပြခဲ့သည်။

YC

-------------------------------------------------------------------------------------------------------------------------

ကချင်စစ်ရှောင်ဒုက္ခသည်များ လကုန်အပြီးပြောင်းရွှေ့ရမည်

ရန်ကုန်၊ သြဂုတ် ၃၀။

တရုတ်အာဏာပိုင်များ၏ အတင်းအဓမ္မပြောင်းရွှေ့ခိုင်းမှုကြောင့် ယခုလပိုင်းအတွင်း ကချင်စစ်ဘေးရှောင်ဒုက္ခသည်များ တစ်သုတ်ပြီးတစ် သုတ် ပြောင်းရွှေ့နေရချိန်တွင် တရုတ်နိုင်ငံဘက်တွင် ကျန်ရှိနေသေးသော ကျန်ဒုက္ခသည်စခန်းများ အနေနှင့် ယခုလကုန်တွင်း အပြီးပြောင်းရွှေ့ရမည် ဖြစ်ကြောင်း တရုတ်အာဏာပိုင်းများ၏ သြဂုတ်လ ၁၅ရက်နေ့တွင် လာရောက်ပြောကြားချက်အား ကိုးကား၍ နောင်တောင်းတဝိုက်စခန်းများနှင့် လားရင်စခန်းမှ တာဝန်ခံများက ဆိုသည်။

နောင်တောင်းတဝိုက်စခန်းများဖြစ်သည့် ဟန်လူ၊ လောင်ပိုင်၊ လုံဂရောက်၊ နားကောင်းကောင်၊ ခဒေါင်းပါနှင့် ငါနောင်ပါ စသည်တို့တွင် လူဦးရေ ၅၀၀၀နီးပါးရှိကာ လားရင်စခန်းများတွင် လူဦးရေ ၂၀၀၀ကျော်မျှရှိကြောင်း ဒုက္ခသည်များအရေး ကူညီဆောင်ရွက်ပေးနေသည့် ဝန်ပေါင်နိန်းတွဲ (WPN) အဖွဲ့တာဝန်ခံ ဒေါ်မေရီတောမ်က ရှင်းပြသည်။

ဒုက္ခသည်များ ပြန်လည်ပြောင်းရွှေ့ပေးရန် KIO သို့ တရုတ်နိုင်ငံ၏ အကြောင်းပြချက်များမှာ တရုတ်အနေနှင့် တရားဝင် ဝင်ရောက်နေသည့် ဒုက္ခသည် ၇၀၀၀ကျော်အား တာဝန်ယူရန်ခက်ခဲကြောင်း၊ ဒုက္ခသည်များက ဒုစရိုက်မှုများ ကျူးလွန်လာပါက တရုတ်နိုင်ငံဥပဒေဖြင့် အရေးယူရန်ခက်ခဲ ကြောင်း၊ ကူးစက်ရောဂါများ တရုတ်ပြည်သို့ ကူးစက်လာမည်ကို စိုးရိမ်မိကြောင်းနှင့် KIA နှင့် မြန်မာအစိုးရတိုက်ပွဲများ မဖြစ်တော့၍ဖြစ်ကြောင်း KIO နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သြဂုတ်လ ၁၈ရက်မှ ၂၁ရက်အထိ ဒုက္ခသည်များသည် ကိုယ့်အစီအစဉ်ဖြင့် မြန်မာနိုင်ငံဘက်သို့ ပြောင်းရွှေ့နေကြရပြီး သြ ဂုတ်လ ၂၂ရက်နှင့် ၂၃ရက်နေ့မှစတင်ကာ တရုတ်အာဏာပိုင်များကိုယ်တိုင် ကားများဖြင့် လာရောက်၍ ရွှေ့ဆိုင်းပြီး စခန်းများအား တစ်ခါထဲဖျက်ဆီးလိုက်ကြောင်းနှင့် ရွှေ့ပြောင်းမှုအခြေအနေများအား ဓါတ်ပုံရိုက်သူများကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခြင်းခံရကြောင်း၊ ဖုန်းပြောသူများ သိမ်းယူခံရကြောင်း ပြောင်းရွှေ့ စခန်းများမှ လူအချို့က ဆိုသည်။

မြန်မာနိုင်ငံဘက် နယ်စပ်ကချင်ဒုက္ခသည်စခန်းများတွင် ကုလသမဂ္ဂအကူအညီများ လာရောက်ပြီးနောက်ပိုင်းတွင် အလှူရှင်များက လုံလောက် ပြီဟုယူဆသဖြင့် အလှူငွေရရှိမှု နည်းပါလာကြောင်း၊ တရုတ်ပြည်ဘက်မှ ထပ်မံပြောင်းရွှေ့လာမည့် ဒုက္ခသည်များအတွက်လည်း အရေးပေါ် အကူအညီ များလိုကြောင်း WPN အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

"မူကြိုကလေးတွေကို နေ့လည်စာမကြွေးနိုင်တာ အတော်ကြာနေပြီ"ဟု WPN အဖွဲ့က ကူညီနေရသည့် ဒုက္ခသည်စခန်းများမှ အခြေအနေ အချို့နှင့်ပတ်သက်၍ အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ၎င်းတို့အနေနှင့် ဒုက္ခသည်များကို အတင်းအဓမ္မရွှေ့ပြောင်းခိုင်းခြင်းမှာ မဟုတ်မှန် ကြောင်း The New York Time သတင်းစာကို ငြင်းဆိုပြောကြားသည်။

မြန်မာပြည်ဘက်မှ ရွှေ့ပြောင်းလာသူများအနေနှင့် ၎င်းတို့ဆန္ဒအလျောက်သာ ကိုယ့်တိုင်းပြည်သို့ ပြန်ကြခြင်းဖြစ်ကြောင်း၊ တရုတ်အစိုးရအနေ နှင့် ဒုက္ခသည်များကို အကူအညီများပေးအပ်နေကြောင်း အထက်ပါသတင်းစာနှင့် မေးမြန်းခန်းတွင် ဖြေဆိုထားသည်။

တရုတ်နိုင်ငံအနေနှင့် ဒုက္ခသည်များဆိုင်ရာ 1951 Convention on the Status of Refugees and the 1967 Portocol စာအုပ်အား လက် မှတ်ရေးထိုးသားသော်လည်း ကချင်စစ်ဘေးသင့် ဒုက္ခသည်များကို အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းကာ စာချုပ်ကို ဖောက်ဖျက်နေကြောင်း ကချင်အရေး ကူညီဆောင်ရွက်နေသူများက စွပ်စွဲပြောဆိုသည်။

sweet

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

နိုင်ငံခြားရေး ဒု-ဝန်ကြီး ၂ ဦးနှင့် ဘဏ္ဍာအခွန် ဒု-ဝန်ကြီး ၁ ဦးခန့်အပ်

နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၂၉ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှစ်ဦးနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ၁ဦးအား ခန့်အပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့အရ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးများအဖြစ် ဦးသန့်ကျော်နှင့် ဦးဇင်ယော်တို့ကို ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒု-ဝန်ကြီးအဖြစ် ဒေါက်တာမောင်မောင်သိမ်းအား ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။

ထိုသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ၂ ဦးအား ခန့်အပ်တာဝန်ပေးအပ်သကဲ့သို့ သြဂုတ်လ ၂၉ ရက်နေ့ရက်စွဲဖြင့် နိုင်ငံခြားဆက်ဆံရေး အက်ဥပဒေကို ရုတ်သိမ်းသည့်ဥပဒေပြဋ္ဌာန်းကြောင်း ပြည်ထောင်စုလွှတ်တော်အမှတ် ၁၄ ကို ထုတ်ပြန်ကြေညာခဲ့ပြီး နိုင်ငံခြားဆက်ဆံရေးအက်ဥပဒေ၊ The Foreign Relations Act(၁၉၃၂ ခုနှစ်၊ အိန္ဒိယ အက်ဥပဒေအမှတ် ၁၂)ကို ယခုဥပဒေဖြင့် ရုတ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

YC

-------------------------------------------------------------------------------------------------------------------------

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ထုတ်ပြန်ကြေညာ

ပြည်ထောင်စုလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို သြဂုတ်လ ၃၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ် ရပ်ကို ဖောက်ဖျက်ကျုးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် ၏ အရည်အချင်းပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ခြင်းမပြုပါက သက်ဆိုင်ရာမဲဆန္ဒရှင်များအနက် အနည်း ဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်ပြန်လည်ရုတ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် ကော်မရှင်အဖွဲ့ဝင် ၃ ဦးပါဝင်သော စုံစမ်းစစ် ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စုံစမ်းစစ်ဆေးရေးတွေ့ရှိချက်နှင့် သဘောထားမှတ် ချက်ပါဝင်သည့် အစီရင်ခံစာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တင်ပြချက်အစီရင်ခံစာကို စိစစ်ပြီးနောက် ကော်မရှင်အဖွဲ့ဝင်အားလုံး၏ ဆုံးဖြတ်ချက်ဖြင့် စွပ်စွဲချက်သည်မှန်ကန်ပြီး စွပ်စွဲခံရသူသည် မသင့်ကြောင်းသဘောရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆ ပုဒ်မခွဲ(ခ)အရ၊ သက်ဆိုင် ရာ မဲဆန္ဒရှင်များက ယင်းလွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည်ရုတ်သိမ်းနိုင်ရန်အလို့ဌာ သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ မဲပေးဆုံး ဖြတ်စေရမည်ဖြစ်ပြီး သက်ဆိုင်ရာမဲဆန္ဒရှင်များ၏ ထက်ဝက်ကျော်မှ မဲလာရောက်ပေးပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သက်ဆိုင်ရာ လွှတ်တော်ရုံးသို့ ပေးပို့၍ တိုင်ကြားခံရသူ လွှတ်တော်ကိုယ်စားလှယ်အား သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုတ်သိမ်းကြောင်း ကြေညာရမည်ဖြစ်ကြောင်း သိရသည်။

လွှတ်တော်တာဝန်မှ ပြန်လည်ရုတ်သိမ်းခြင်းခရံသော လွှတ်တော်ကိုယ်စားလှယ်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှရုတ်သိမ်းကြောင်း ကြေညာသည့်နေ့မှစတင်၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲရမည်ဖြစ်ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်မြောက်ရန် သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများအရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တရားဝင် ရွေးကောက်တင်မြှောက်လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အသိအမှတ်ပြုခံရခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များအား စိစစ်ရန်ဖွဲ့စည်းထားသော ကော်မတီက စိစစ်အတည်ပြုပြီးခြင်း၊ ဥက္ကဋ္ဌရွေးကောက်တင်မြှောက်ခြင်း မပြုရသေးပါက သဘာပတိ၏ ရှေ့မှောက်၌လည်းကောင်း၊ ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ပြီးပါက ဥက္ကဋ္ဌ၏ ရှေ့မှောက်၌လည်းကောင်း ကတိသစ္စာပြု၍ လက်မှတ်ရေးထိုးပေးခြင်းခံရသူများ ဖြစ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် အခန်း (၅)ခန်းပါရှိပြီး ယင်းတို့မှာ အမည်နှင့် အဓိပ္ပါယ် ဖော်ပြချက်၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်မြောက်ခြင်း၊ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ကျင့်ဝတ်နှင့် စည်းကမ်းများ၊ တာဝန်မှ ပြန်လည်ရုတ်သိမ်းခြင်းနှင့် အထွေထွေအခန်းတို့ပါဝင်သည်။

YC

-------------------------------------------------------------------------------------------------------------------------

မွန်နှစ်ပါတီနှင့် ၈၈ မျိုးဆက်ကျောင်းသားများလက်တွဲ၍ မွန်ပြည်သူများ၏အခွင့်အရေး ကာကွယ်မည်

မွန်ပါတီနှစ်ခုနှင့် ၈၈မျိုးဆက်ကျောင်းသားများမှ လက်တွဲ၍ မွန်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူလူထု၏ အခွင့်အရေးဆိုင်ရာများကို ကာကွယ် စောင့်ရှောက်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ဒီမိုကရေစီပါတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့တုန်းကလည်း မော်လမြိုင်မှာ မွန်ပါတီနှစ်ခု ၈၈မျိုးဆက်ကျောင်းသားတွေက မွန်ပြည်သူတွေရဲ့ အခွင့်အရေး ကာကွယ်ဖို့အတွက် လက်တွဲလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ပါတယ်။ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ လယ်သမားတွေ၊ အလုပ်သမားတွေရဲ့ နစ်နာမှုတွေ၊ အခွင့်အ ရေးတွေအတွက် အဓိကတောင်းဆိုသွားမှာပါ။ မွန်ပြည်နယ်အတွင်းမှာ ပွင့်လင်းပြီးလွတ်လပ်တဲ့ အဖွဲ့အစည်းတွေ ပေါ်ပေါက်လာနိုင်စေဖို့အတွက်လည်း ဆောင်ရွက်သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(AMDP)နှင့် မွန်ဒီမိုကရေစီပါတီ(MDP)တို့သည် ဂျူလိုင်လ ၁၄ ရက်နေ့တွင် မော်လမြိုင်မြို့၌ နှစ်ပါတီပေါင်း စည်းရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်၌ မွန်ပါတီနှစ်ခု ပူးပေါင်းရန် အချက် ၄ ချက်ပါ သဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့ သည်။

“ကျွန်တော်တို့ မွန်ပါတီနှစ်ခု ပေါင်းစည်းရေးကိစ္စတွေအတွက် သဘောတူညီချက်လည်း ရရှိပြီးပါပြီ။ ဒီလိုသဘောတူညီပြီးပြီဆိုတော့ မွန်ုပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တို့ ပေါင်းစည်းပြီးလုပ်ရမှာပေါ့။ ဒါကြောင့် မွန်ပြည်သူတွေရဲ့အခွင့်အရေးတွေအတွက် ကျွန်တော်တို့ လွှတ်တော်မှာ တောင်းဆိုသွားမှာပါ။ မွန်ပြည်နယ်ရဲ့ အချို့နေရာတွေပာာ ခုချိန်ထိ ဖွံ့ဖြိုးတိုးတက်မှု မရှိသေးပါဘူး။ ဒီကိစ္စအတွက်လည်း လုပ်ဆောင်သွားမှာပါ”ပာု မွန်ဒီမို ကရေစီပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(MNDF)သည် ၁၉၉၀ ရွေးကောက်ပွဲပြီးနောက် တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်း၍ခဲ့ရသည့်အတွက် ပြီးခဲ့သည့် ဧပြီလအတွင်း မွန်ဒီမိုကရေစီပါတီ(MDP)အမည်သစ်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီတည်ထောင်ခွင့်မှတ်ပုံတင် လျှောက်ထားခဲ့ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP)သည် ၂၀၁၀ ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီတစ်ခုဖြစ်သည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“သူ့အနေနဲ့ မိန့်ခွန်းတွေမှာပြောသလို  သူအနေနဲ့ ပြောတဲ့အတိုင်းဆက်ပြီးတော့ အကောင်အထည်ဖော်သွားဖို့ တော့ လိုမယ်။ ပြီးတော့ သမ္မတမိန့်ခွန်းတွေ နဲ့ ပတ်သက်ပြီးတော့ အောက်အဆင့်ဌာနဆိုင်ရာ အကုန်လုံးက သမ္မတကြီးပြောတဲ့ အတိုင်းအပြည့်အဝပူးပေါင်းပြီး အကောင်အထည်ဖော်သွားဖို့လိုမယ်။ တိတိကျကျ ဆောင်ရွက်သွားဖို့လည်းလိုမယ်။ အဲဒီလို တကယ်အကောင်အထည်ဖော်လာရင် ဘဘတို့တိုင်းပြည် အရမ်းကောင်းသွားမယ်”

သြဂုတ် ၃၀ရက်ထုတ် Hot News ဂျာနယ် အတွဲ (၃) အမှတ် (၁၀၅) တွင်ပါရှိသည့်“သမ္မတကြီး၏ Political Reform နှင့် ယနေ့မြန်မာ့ပညာရေး စနစ်အပေါ် ဦးခင်ညွန့်၏ အမြင်မှ” ဦးခင်ညွန့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------------

“ရွေးကောက်ပွဲစနစ်ဖြေရှင်းမယ်ဆိုရင် ဒီတစ်ခုကိုအရင် အကျွမ်းဝင်သင့်တယ်။ မဲပေးပုံမဲပေးနည်းတွေလည်း အကျွမ်းမဝင်သေးဘူး။ အကျိုးအမြတ်ကို နိုင်ငံရေးလေ့လာသူတွေပဲ ပြောနိုင်တဲ့ဆင့်မှာ ရှိသေးတယ်။ တကယ်မဲပေးတဲ့ လူတွေကတော့ အလှမ်းဝေးသေးတယ်ထင်တယ်။ လက်ရှိစနစ်က ဘာတွေ အားနည်းနေလဲ။ ဒီအခု ရွေးကောက်ပွဲနစ်က ဘာတွေအားနည်းနေလဲ၊ ရွေးကောက်ပွဲစနစ်တစ်ခုကို ပြည်သူတွေကို ကျယ်ကျယ်ပြန့် ပြန့်မဆွေးနွေးနိုင် သေးပဲနဲ့ စနစ်တစ်ခုပြောင်းရင် အဟန့်အတားဖြစ်နိုင်တယ်လို့မြင်တယ်”

သြဂုတ် ၃၀ရက်ထုတ် The Myanmar Post ဂလိုဘယ်လ်ဂျာနယ် အမှတ် (၇၄) တွင်ပါရှိသည့် “ပီအာစနစ်ပြောင်း၍ ရွေးကောက်ပွဲကျင်းပရန်မသင့်ဟု ၈၈မျိုးဆက်ကျောင်းသားများ ပြောကြား”သတင်းမှ ဦးကိုကိုကြီး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment