Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၃၀.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ရခိုင်အစိုးရက ထားဝယ်ဆိပ်ကမ်းညှိနှိုင်းရေး အစီအစဉ်ကို တင်ပြမည်

(Bangkok Post မှ 29 August 2012 ရက်စွဲပါ “Govt to submit coordination blueprint for Dawei Project” သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာသမ္မတ၏ ခရီးစဉ်အတွက် မြန်မာသမ္မတ လမ်းရှင်းထား

(Channel News Asia မှ 30n August 2012 ရက်စွဲပါ “US paves way for Myanmar President visit” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ထားဝယ်သို့ နယ်စပ်ဖြတ်ကူး ကားလမ်း၊ရထားလမ်း၊ ဖောက်လုပ်ရန် ထိုင်းကိုADB တိုက်တွန်း

(Bangkok Postမှ 30August 2012ရက်စွဲပါ “ADB urges Thailand to build cross-border route to Daiwai ”) သတင်းကို ဘာသာပြန်ဆိုသည်။

*****************************************

ဘာသာပြန်သတင်းများ

ရခိုင်အစိုးရက ထားဝယ်ဆိပ်ကမ်းညှိနှိုင်းရေး အစီအစဉ်ကို တင်ပြမည်

(Bangkok Post မှ 29 August 2012 ရက်စွဲပါ “Govt to submit coordination blueprint for Dawei Project” သတင်းကိုဘာသာပြန်ဆိုသည်)

         ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် ထိုင်းနှင့် မြန်မာနိုင်ငံအကြား ညှိနှိုင်းရေး လုပ်ငန်းစဉ် ထူထောင်ဖွဲ့စည်းရန် စီစဉ်ထားသည့် အ တိုင်းထိုင်းအစိုးရက ဆက်လက် လုပ်ဆောင်မည်ဟု ဆိုသည်။

ထားဝယ်စီမံကိန်းကို နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ကြမည့် ထိုင်း-မြန်မာနိုင်ငံသို့ ယခင်အပတ်က အဆိုပြုလွှာ တင်ပြထားသည်ဟု နိုင်ငံခြားရေးရာ အမြဲတမ်း အတွင်းဝန် ဆီဟာဆတ် ဖြောင်ခက်ကွေက ပြောကြားသည်။

ထိုင်း-မြန်မာနားလည်မှု စာချွန်လွှာ ကို ဝန်ကြီးချုပ် ယင်လက်နှင့် သမ္မတဦးသိန်းစိန် တို့ယခင်လက လက်မှတ်ရေး ထိုးခဲ့ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

ထိုင်းနိုင်ငံ အရှေ့ဘက်ကမ်းခြေ စီးပွားရေးဇုန် နှင့်အတူ ထားဝယ်စီမံကိန်းကို ပံ့ပိုအားပေးကြမည့် အဆိုပြုလွှာ လုပ်ငန်းစဉ်သစ် အရ နှစ်နိုင်ငံ အစိုးရများ အတူတကွ လုပ်ဆောင်သွားသင့်သည်ဟု ဆီဟာဆတ်က ပြောကြားသည်။

မစ္စတာ ဆီဟာဆတ်သည် ပို့ဆောင်ရေး စက်မှု စီးပွားရေးစီမံကိန်း ဖွံ့ဖြိးတိုးတက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့ကို ဦးဆောင် ကာ မကြာသေးမီက မြန်မာနိုင်ငံသို့ တစ်ခေါက်ပြန်သွားကြဦးမည် ဟုသိရှိရသည်။

ထားယ်စီမံကိန်း ပူးတွဲအကောင်အထည်ဖော်ရေးနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံနှင့် ဖြစ်နိုင်သမျှ မြန်မြန် ဆန်ဆန် ဆွေးနွေးရန် သမ္မတဦးသိန်းစိန်က ဆန္ဒရှိနေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူပရာပေါင် တိုဗီချတ်ချိုင်းကူးက ပြောကြားသည်။

အခြေခံအဆောက်အဦး တည်ဆောက်ရေး ၊စွမ်းအင် ပူးပေါင်း ဆောင်ရွက်ရေး ၊နယ်စပ်ဖြတ်ကူးကုန် စည်စီးဆင်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း များရေးဆွဲရေး ကိစ္စများကို ပစ်မှတ်ထား ဆွေးနွေးကြလိမ့်မည်ဟု ဆီဟာဆတ်ကပြောကြားသည်။

ထို့ပြင် ထားဝယ်ဒေသ အနီးတစ်ဝိုက်တွင် လူထုဖွံ့ဖြိုးရေး အသက်မွေးဝမ်းကျောင်း သင်တန်းပေးခြင်း၊ဒေသခံများအား ပြန်လည်နေရာချထားခြင်း ပညာရှင်ပိုင်းဆိုင်ရာ ပြဿနာများ ပညာရေးနှင့် ကျန်းမာရေး အကူအညီပေးခြင်း ကိစ္စတို့ကို ပူးပေါင်းဆောင်ရွက်ရန် ထိုင်းအစိုးရက တွန်းအားပေးသွား မည်ဟု သိရှိရသည်။

ထိုင်းအစိုးရသည် ထားဝယ်စီမံကိန်း ကန်ထရိုက်တာ အီတာလျံထိုင်း ကုမ္ပဏီကို အစစအရာရာ ကူညီပံ့ပိုး ပေးပြီးအားပေးမည့် အပြင် နိုင်ငံခြား တိုင်းပြည်များတွင် ထားဝယ်စီမံကိန်း အကြောင်းလူသိများအောင် ကြိုးစားနေသည်ဟု ဆီဟာဆက်က ဆက်လက်ပြောဆိုသည်။

သို့သော်လည်း ထားဝယ်နှင့် ထိုင်းအရှေ့ဘက်ကမ်းခြေ လမ်ချာဘန်ဆိပ်ကမ်းအကြား ဆကသွယ်မည့်လမ်းတစ်လျှောက်မှ ဒေသခံများနှင့် သဘာဝ ပတ်ဝန်းကျင်ကို ပြောင်းပြန်ဆိုးကျိုး များသက်ရောက်စေနိုင်သည်ဟု ယုံကြည်နေကြသော အရပ်ဖက် အဖွဲ့အစည်းခေါငးဆောင်များနှင့် ပညာရှင် များစွာက ထိုင်းအစိုးရအား ထားဝယ်စီမံကိန်းကို ပြန်လည်သုံးသပ် စဉ်းစားပေးရန် တောင်ဆိုထားကြသည်။

---------------------------------------------------------------------------------------------------------------------

မြန်မာသမ္မတ၏ ခရီးစဉ်အတွက်  အမေရိကန် လမ်းရှင်းထား

(Channel News Asia မှ 30n August 2012 ရက်စွဲပါ “US paves way for Myanmar President visit” သတင်းကို ဘာသာပြန်ဆိုသည်)

အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံကြောင်းပြသသည့် အနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာ ခံသို့ မြန်မာခေါင်းဆောင်ဦးသိန်းစိန် တက်ရောက်နိုင်ရန်အတွက် ဗီဇာအတားအဆီးများကို ဗုဒ္ဓဟူးနေ့က ဖယ်ရှားပေးလိုက်သည်။

အိုဘားမား၏ ဗီဇာခွင့်ပြုမိန့်ကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပချိန်တွင် ဦးသိန်းစိန်    လွတ်လပ်စွာ သွားလာနိုင်မည်ဟု သိရှိရသည်။ သို့မဟုတ်ပါက ညီလာခံကျင်းပသော နယူယောက် ကုလသမဂ္ဂ ဌာနချုပ်အနီး တစ်ဝိုက်တွင်သာ သွားရောက်နိုင်သည်ဟု ဆိုသည်။

အိမ်ဖြူတော် အမျိုးသား လုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တော်မီတာက “သမ္မတအိုဘားမားရဲ့ ဆုံးဖြတ်ချက်ဟာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက် လုပ်နေတဲ့ မြန်မာသမ္မတနဲ့ သူ့အစိုးရ အဖွဲ့ကို ပိုပြီးနီးနီးကပ်ကပ် တွေ့ထိဆက်ဆံသွားဖို့ ကျွန်တော်တို့ စိတ်ဝင်စားနေတယ်လို့ အချက်ပြလိုက် တာပါ”ဟု ပြောကြား သည်။

တော်ဗီမီလာက ဆက်လက်၍ “မြန်မာအစိုးရထဲက အဓိက ပြုပြင်ပြောင်းလဲရေးသမားတွေနဲ့ ကျွန်တော်တို့ ပိုမိုထိတွေ့ ဆက်ဆံခြင်းအားဖြင့် မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး၊စီးပွားရေး၊ပြုပြင်ပြောင်းလဲမှုတွေ ပိုပြီး ချောချောမွေမွေ့ တိုးတက်လာမှာ ဖြစ်ပါတယ်။ အခုအဆုံးအဖြတ်ကြောင့် သမ္မတဦးသိန်းစိန်နဲ့ သူရဲ့ ပြုပြင် ပြောင်းလဲရေး ဝန်ကြီးတွေဟာ အမေရိကန်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံနိုင်ပြီး ဒီမိုကရေစီနှင့် အမေရိကန်မူဝါဒကို ပိုမိုနားလည် သဘောပေါက် လာမှာ ဖြစ်ပါတယ် ”ဟုပြောဆိုခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်း တစ်ဖြစ်လဲ သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း ၊အင်တာနက်နှင့်မီဒီယာဆင်ဆာကို ဖြေလျှော့ပေးခြင်း၊ အတိုက်အခံ ဒီမိုကရေစီအုပ်စုများ၊ တိုင်းရင်းသားလက် နက်ကိုင် အုပ်စုမျးနှင့် ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးခြင်းတို့ကို ဆက်တိုက် ပြုလုပ်ကာ ကမ္ဘာကို အံ့အားသင့်စေခဲ့သူ ဖြစ်သည်။

မြန်မာနိုင်ငံ ဆက်လက် ပြုပြင်ပြောင်းလဲအောင် အားပေးဖို့ မျှော်လင့်ထားသော အိုဘားမား အစိုးရကလည်း နှစ်ပေါင်း၂၀ကျော်အတွင်း ပထမဆုံး သံအမတ်ကြီးကို စေလွှတ်လိုက်သည့် အပြင် အမေရိကန် ကုမ္ပဏီများအား မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားပြီဖြစ်သည်။

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း လာမည့်လတွင် အမေရိကန်ပြည်ထောင်စုသို့ လာရောက်၍ ကုလညီလာခံ သို့တက်ရောက်တော့မည်အပြင် အမေရိကန်ကွန်ဂရက် ရွှေတံဆိပ်ဆုကို လက်ခံရယူမည်ဖြစ်သည်။ ယခုလို ခရီးစဉ်မျိုးကို ယခင်စစ်အစိုးရဟောင်း လက်ထက်တွင် စိတ်ကူးထဲမှာပင် မဖြစ်နိုင်ခဲ့ပေ။

အမေရိကန်ပြည်ထောင်စုသည် ၂၀၀၈ခုနှစ်ဥပဒေအရ လူအခွင်အရေး ချိုးဖောက်မှုနှင့် ပတ်သက်၍ မြန်မာခေါင်းဆောင်များ(သို့မဟုတ်) စစ်ဖက် ခေါင်းဆောင်များကို ပြည်ဝင်ဗီဇာ ပိတ်ပင်ထားသည်။

---------------------------------------------------------------------------------------------------------------------

ထားဝယ်သို့ နယ်စပ်ဖြတ်ကူး ကားလမ်း၊ ရထားလမ်း၊ ဖောက်လုပ်ရန် ထိုင်းကိုADB တိုက်တွန်း

(Bangkok Postမှ 30August 2012ရက်စွဲပါ “ADB urges Thailand to build cross-border route to Daiwai ”) သတင်းကို ဘာသာပြန်ဆိုသည်။

ကြီးမားလွန်းသော ထားဝယ်စီမံကိန်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့်  ဘဏ်များပါဝင်လိုစိတ် ဖြစ်ပေါ်လာအောင် မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးနှင့် အခြေခံစနစ် ဖွံ့ဖြိုးရေးတွင် ရင်းနှီးမြှုပ်နှံရန် ထိုင်းအစိုးရကို အာရှဖွံ့ဖြိုးရေးဘဏ် ADBက အကြံပေးလိုက်သည်။

ထိုင်းအစိုးရသည် နော့သ်ဘူရီခရိုင်သို့ ကားလမ်းဖောက်လုပ်ရေးပြင် ထားဝယ်သို့ နယ်စပ်ဖြတ်ကူး ရထားလမ်း ဖောက်လုပ်ရေးကိုပါ စဉ်းစားသင့် သည်ဟု ADB ထိုင်းနိုင်ငံဌာနေ ဒါရိုက်တာ ခရိတ်စတီပင်ဆင်က မနေ့က ပြောကြားသည်။

ခရိတ်စတီပင်ဆင်က “ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံဖို့ မလိုပါဘူး၊ ထားဝယ်စီမံကိန်းကို မြေပေါ်က တက်လာနိုင်ရုံ ပမာဏလောက်ပါပဲ”ဟု ဆိုပါ သည်။

လေးရာသီဟိုတယ်တွင် ပြုလုပ်သော Thailand Focus 2012 ဖိုရမ်တွင် ခရိတ်က ယင်းသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။ ဘန်ဝိုင်-ကန်ချနာဘူရီ ဆက်ကြောင်းကို ကြီးကြပ်မည့် ပြည်သူ-ပုဂ္ဂလိက လက်တွဲမှု အစီအစဉ်အတွက် ADBကနည်းပညာ အကူအညီပေးလျက်ရှိသည်။

ဘတ်ငွေ ၄၅.၉ ဘီလီယံကုန်ကျမည့် ၉၈ကီလိုမီတာရှိ  ဘန်ရိုင်-ကချနာဘူရီ ကားလမ်းစီမံချက်ကို အဝေးပြေး လမ်းဌာနက လုပ်ငန်းစနေပြီဟု လည်း သိရှိရသည်။

ဖြူနာရွန်မှ ထားဝယ်သို့ အပြီးသတ် ကီလိုမီတာ လမ်းကြောင်းနှင့်ပတ်သက်၍  ဒီဇိုင်းလုပ်ငန်း ပြီစီးနေပြီဖြစ်ပြီး ဖြူနာရွန်  နယ်စပ်ဝင်ပေါက်သို့ နောက်ထပ် ၇၀ကီလိုမီတာ လမ်းကြောင်းတစ်ခုကိုလည်း ကနဦး အဆင့်လေ့လာမှု ပြုလုပ်နေသည်ဟု ဆိုသည်။

ထားဝယ်စီမံကိန်းနှင့် ပတ်သက်သည့် အဓိကပြဿနာမှာ အဆင့်တစ် အကောင်အထည်ပေါ်လာရန်  ဒေါ်လာ၈ဘီလီယံခန့်နှင့် စီမံကိန်း တစ်ခုလုံး အတွက် ဒေါ်လာ၅၀ဘီလီယံခန့် ကြီးကြီးမားမား ပုံအောလောင်းထည့်ဖို့ လိုအပ်နေခြင်းပင် ဖြစ်သည်ဟု စတီဗင်ဆင်က မှတ်ချက်ပေးသည်။

ထားဝယ်စီမံကိန်းသည် ထိုင်း၊မြန်မာနှင့် အာဆီယံဒေသ တစ်ခုလုံးကို အကျိုးဖြစ်ထွန်းစေမည် ဖြစ်သောကြောင့် စီမံကိန်း အကောင်အထည်ပေါ် သည်ကို ADBက မြင်တွေ့လိုသည်ဟု ၎င်းက အပြုသဘော ပြောဆိုသည်။

ADBက ထားဝယ်စီမံကိန်း ကန်ထရိုက်တာ အီတာလျံထိုင်း ကုမ္ပဏီနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း ဘဏ်မှငွေချေးရန် ကုမ္ပဏီက တရားဝင် တောင်းဆိုခြင်း မရှိဟု သိရသည်။

ထားဝယ်စီမံကိန်းသည် မြန်မာနိုင်ငံအတွက် အလုပ်အကိုင်၅၀၀၀ခန့် ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ရသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ရင်နှီး မြှုပ်နှံမှု ကဏ္ဍတွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုသည် အဓိက အကြီးဆုံး ပြဿနာတစ်ရပ် ဖြစ်နေပြီး ၊ လက်ရှိ စီးပွားရေးအပါအဝင်  ပြုပြင်ပြောင်းလဲ ရေး ကြိုးပမ်းမှုများနှင့်အတူ ပညာရေးနှင့် လူသားအရင်းအမြစ် ကဏ္ဍများကိုပါ ဦးစားပေးသည့်အပြင် ဦးစားပေးပြင်ဆင်ရန် လိုအပ်နေသည်ဟု စတီဗင် ဆင်က သုံးသပ်ပြောကြားသည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment