Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

­၃၁.၈.၂၀၁၂

ပြည်တွင်းသတင်း

  1. ယုဇနကုမ္ပဏီ၏ လယ်ယာမြေသိမ်းဆည်းမှုများအပေါ် သတင်းစာရှင်းလင်းပွဲပြုလုပ်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ပြန်ဆက်ညွှန်ချုပ် ဦးရဲထွဋ် ပြန်ကြားရေးဝန်ကြီးဌာန၏ ဒုဝန်ကြီးဖြစ်လာ
  1. စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးရေး ကော်မတီတစ်ရပ်ဖွဲ့စည်းမည်
  2. မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများ သတင်းစာရှင်းလင်းပွဲပြုလုပ်
  3. ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် ရန်ကုန်ပြန်ရောက်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ယုဇနကုမ္ပဏီ၏ လယ်ယာမြေသိမ်းဆည်းမှုများအပေါ် သတင်းစာရှင်းလင်းပွဲပြုလုပ်

ယုဇနကုမ္ပဏီမှ ကချင်ပြည်နယ်အတွင်းရှိ တောင်သူတို့၏ ဥယျာဉ်ခြံမြေ၊ ယာမြေ၊ စားကျက်မြေများနှင့် ရွာများအား သိမ်းဆည်းမှုများအပေါ် မကျေနပ်မှုများအတွက် သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၁၀နာရီမှ စတင်၍ ရန်ကုန်မြို့ရှိ စီတီးစတားပိာုတယ်တွင် အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ပါတီမှ လမ်းပြကြယ် ဦးအေးမြင့်နှင့် ဒေါ်ဘောက်ဂျာတို့မှ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီမှ လယ်ယာမြေများအား တရားမဲ့သိမ်းဆည်းခဲ့သည့်အတွက် တောင်သူများမှ သြဂုတ်လ ၂၅ ရက်နေ့တွင် ဗပာန်းရဲစခန်း၌ ဆန္ဒပြခွင့်ရရှိနိုင်စေရန် လျှောက်ထားခဲ့သော်လည်း ရဲစခန်းမှ ခွင့်မပြုခဲ့ဘဲ သြဂုတ်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင်သာ ဆန္ဒပြခွင့်ပြုမည်ပာု ပြန်လည်ဆက်သွယ်ခဲ့ကြောင်း သိရသည်။

“သြဂုတ်လ ၂၅ ရက်နေ့က ဗပာန်းရဲစခန်းမှာ ဆန္ဒပြခွင့်လျှောက်ထားတယ်။ ဗပာန်းရဲစခန်းက အဲ့ဒီရက်မှာတော့ ခွင့်မပြုဘူး။ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့မှာပဲ ဆန္ဒပြလို့ ဆက်သွယ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ၂၈ ရက်နေ့ညမှာ NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကတစ်ဆင့် ဦးဌေးမြင့်က ညှိနှိုင်းမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒီလိုကမ်းလှမ်းခဲ့လို့ ကျွန်တော်တို့ဆီက ဒေါ်ဘောက်ဂျာတို့တွေ နေပြည်တော်ကိုသွားပြီး ဆွေးနွေးခဲ့ရပါတယ်”ပာု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NDF)ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ ဦးဌေးမြင့်မှ ယုဇနကုမ္ပဏီ၏ လယ်ယာမြေသိမ်းဆည်းမှုများအပေါ် ဆန္ဒပြမည့်ကိစ္စရပ်အား ဆွေးနွေးမည်ပာု ကမ်းလှမ်းထားသည့် အတွက် ရန်ကုန်၌ အသေးစိတ်ညှိနှိုင်းမှုများပြုလုပ်နိုင်ရန် လယ်သမားများမှ သြဂုတ်လ ၃၀ ရက်နေ့တွင်ပြုလုပ်မည့် ဆန္ဒပြပွဲကို ရွှေ့ဆိုင်းခဲ့ပြီး လယ်ယာ မြေ သိမ်းဆည်းမှုများနှင့် ပတ်သက်၍ လိုအပ်ပါက စစ်တပ်ကိုပါ တရားစွဲဆိုရန်ပြင်ဆင်ထားကြောင်း သိရသည်။

“ကျွန်တော်တို့က စစ်တပ်ကို တရားမစွဲချင်လို့မပာုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခခံဥပဒေမှာ နောက်ကြောင်းပြန်အာဏာမသက်ရောက်စေရ ဆိုပြီးတားထားတဲ့အချက်ရှိပါတယ်။ စစ်တပ်ကို တရားမစွဲရဲလို့ဆိုတာ မပာုတ်ပါဘူး။ ဥပဒေအရ တရားစွဲလို့ရရင် ဆွဲသွားမှာပါ”ပာု ယင်းသတင်းစာရှင်း လင်းပွဲသိုက် တက်ရောက်သည့် လမ်းပြကြယ်ဦးအေးမြင့်က ပြောကြားသည်။

ယုဇနကုမ္ပဏီမှ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလမှစတင်၍ တောင်သူများ၏ ဥယျာဉ်ခြံမြေ၊ ယာမြေ၊ စားကျက်မြေနှင့် ရွာများကို နိုင်ငံတော်အမိန့် ပာုဆိုကာ သိမ်းဆည်းခြင်းနှင့် ခြိမ်းခြောက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

NT

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ပြန်ဆက်ညွှန်ချုပ် ဦးရဲထွဋ် ပြန်ကြားရေးဝန်ကြီးဌာန၏ ဒုဝန်ကြီးဖြစ်လာ

သြဂုတ်လ ၃၁ရက်နေ့ ည ၈နာရီအချိန်၌ ပြန်ကြားရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ဦးရဲထွဋ်အား နိုင်ငံတော်သမ္မတအမိန့်အမှတ် ၂၈/၂၀၁၂ ဖြင့် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးဝက်ဆိုဒ်၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြချက်အရ သိရှိရသည်။

ထို့ပြင် အမိန့်အမှတ် ၂၈/၂၀၁၂ ကြေညာချက်၌ ၎င်းအား ပြန်ကြားရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်းဆိုင်ရာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၃၄ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ (ဃ)ဖြင့်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆ ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၉)ဖြင့် လည်းကောင်း ခန့်အပ်ခြင်းဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

၎င်းသည် ယခင်အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ညွှန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရှိရ ပြီး သြဂုတ်လ ၃၁ရက်နေ့၌ နိုင်ငံတော်သမ္မတလက်မှတ်ဖြင့် တာဝန်ပြောင်းလဲခန့်အပ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများ၏ သတင်းဖော်ပြချက် အရ သိရသည်။

ATM

-------------------------------------------------------------------------------------------------------------------------

စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးရေး ကော်မတီတစ်ရပ်ဖွဲ့စည်းမည်

ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၃၆)ရက်မြောက်နေ့တွင် ပုသိမ်ကြီးမဲဆန္ဒနယ်မှ ဦးအောင်သန့်၏ ဇီဝလောင် စာနှင့် ပတ်သက်ပြီး မိမိတို့နိုင်ငံအနေဖြင့် ဆောင်ရွက်နေမှု၊ ထုတ်လုပ်မှု၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံအလားအလာများကို သိရှိလိုကြောင်း မေးခွန်းအား စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က စွမ်းအင်နှင့်လျှစ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှု ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်သွားရန်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် ယခုဖွဲ့စည်းမည့် အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီတစ်ရပ်အနေဖြင့် ပြန်ပြည့်မြဲစွမ်းအင်မူဝါဒချမှတ်ရေး၊ လုပ်ငန်းများတွင် ပြည် တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများအားကောင်းလာစေရေး ဆွဲဆောင်နိုင်သည့်အစီအစဉ်များကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြန်ပြည့်မြဲစွမ်းအင်များ ကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲစေရေးအတွက် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် နည်းပညာများ၊ အထောက်အပံ့များလည်း တက်စွမ်းသမျှ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ပြန်လည်ဖြေကြားခဲ့သည်။

နိုင်ငံတော်အစိုးရသည် ပြန်ပြည့်မြဲစွမ်းအင်များကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဇီဝလောင်စာများ ဖွံ့ဖြိုး တိုးတက်သုံးစွဲရေးအတွက် စွမ်းအင်ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့မှ ဆောင်ရွက်လျက်ရှိကြောင်း၊ ဇီဝလောင်စာ Gasohol နှင့် Biodiesel ထုတ်လုပ်မှု၊ သို လှောင်မှု၊ သယ်ယူပို့ဆောင်မှု၊ ဖြန့်ဖြူးရောင်းချမှုတို့နှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နိုင်ရန် စွမ်းအင်ဝန်ကြီးဌာနသည် နည်း ပညာအကြံပေးအဖွဲ့များအား ဝန်ကြီးဌာနအသီးသီးနှင့် အစိုးရမပာုတ်သောအဖွဲ့အစည်းများမှ ပညာရှင်များဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

YC

-------------------------------------------------------------------------------------------------------------------------

မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများ သတင်းစာရှင်းလင်းပွဲပြုလုပ်

သြဂုတ်လ ၃၁ရက်နေ့ မနက် ၁၀နာရီခွဲဝန်းကျင်မှစတင်၍ ရန်ကုန်မြို့ ရွှေဂုံတိုင်မှတ်တိုင်အနီး တော်ဝင်နှင်းဆီခန်းမ၌ မြောက်ပိုင်းကျောင်း သားရဲဘော်ဟောင်းများမှ ၉၂-ပါရှောင်ရှင်းတမ်းခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ကြောင်း သိရသည်။

ယင်းသတင်းစာရှင်းလင်းပွဲ၌ မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများမှ ကြေညာချက်အမှတ် (၂/၂၀၁၂) ထုတ်ပြန်ကြေညာ၍ တက်ရောက် လာကြသည့် မြောက်ပိုင်းရဲဘော်ဟောင်းအချို့နှင့် မိတ်ဆက်ပေးခြင်းများပြုလုပ်၍ ၎င်းတို့ရင်ဆိုင်ခဲ့ရသည့် ဖြစ်ရပ်များအား ပြောကြားသွားကြောင်း သိရ သည်။

အဆိုပါကြေညာချက်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြန်မာပြည်မြောက်ပိုင်း)မှ ကျောင်းသားရဲဘော် ဟောင်းများသည် ၁၉၈၈ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံမှစတင်၌ သန္ဓေတည်ပေါက်ဖွားလာခြင်းဖြစ်ပြီး ယခုအချိန်လို နိုင်ငံရေးအပြောင်းအလဲကာလ၌ တရားစီရင်ရေးမဏ္ဍိုင်အား တောင့်တင်းခိုင်မာစေရန် ရည်ရွယ်၍ ယင်းကြေညာချက်အား ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း သိရှိရသည်။

"အခုဆိုရင် ဒီ မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းတွေ အသတ်ခံရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ မိသားစုတွေအနေနဲ့ တရားဥပဒေ အတိုင်း ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ အသက်ရှင်ကျန်ရစ်နေတဲ့ မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းတွေက တကယ်တာဝန်သိစိတ်နဲ့ ထောက်ခံကူညီသွားမှာပါ။ ပြီးတော့ ဒီမြောက်ပိုင်းကျောင်းသားကိစ္စနဲ့ စပ်လျဉ်းပြီး အမုန်းတရားထားတွေမလုပ်ပဲ ဒီအချိန်မှာ သမိုင်းသင်ခန်းစာတွေကို မျှဝေဖို့နဲ့ ဒီအမှုနဲ့ သက်ဆိုင်တဲ့လူတွေကလည်း ကျွန်တော်တို့ မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းတွေနဲ့ လက်တွဲပါလို့ တိုက်တွန်းချင်ပါတယ်"ဟု မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းတစ်ဦးက ပြောကြားသည်။

ထို့ပြင် မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများ၏ ထုတ်ပြန်ကြေညာချက်၌ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ပါဂျောင်ဒေသရှိ ABSDF (NB) စခန်းအကျဉ်းထောင်၌ ထောက်လှမ်းရေးဟု မတရားစွပ်စွဲခံရပြီး နှိပ်စက်ခံရမှုဖြင့် အသက်သေဆုံးသွားသည့် ဦးစိန်၏သမီး မစမ်းစမ်းအေးမှ ၎င်း၏ ဖခင်သေဆုံးခြင်းနှင့် ပတ်သက်၍ မြောက်ဥက္ကလာပရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရှိရခြင်းအပေါ် မြန်မာပြည် မြောက်ပိုင်းရဲဘော်ဟောင်းများအနေ ဖြင့် ယင်းကဲ့သို့ အခြားကျဆုံးသွားခဲ့ကြသည့် ရဲဘော်များ၏ မိသားစုများမှ တရားဥပဒေအတိုင်း ဆောင်ရွက်ပြုလုပ်မည်ဆိုပါက လိုက်ပါထောက်ခံ ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြချက်အရ သိရသည်။

ATM

-------------------------------------------------------------------------------------------------------------------------

ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် ရန်ကုန်ပြန်ရောက်

သြဂုတ်လ ၃၁ရက်နေ့ နေ့လည် ၂နာရီ၌ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် သည် ထိုင်းနိုင်ငံဘန်ကောက်မြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြောင်း သိရသည်။

ယင်းသို့ ပြည်ပနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ဒေါက်တာနိုင်အောင်နှင့်အတူ ပြည်ပအခြေစိုက် နိုင်ငံရေးခေါင်းဆောင်အချို့ဖြစ်သည့် ဒေါက်တာသောင်းထွန်းနှင့် ဦးညိုအုန်းမြင့်တို့ပါဝင်ကြောင်း သိရှိရပြီး ၎င်းတို့အား ပြည်တွင်းမှ နာမည်ကြီးပုဂ္ဂိုလ်အချို့ဖြစ်သည့် သရုပ်ဆောင် ဦးသူရ(ခ) ဇာဂနာ၊ ဒေါက်တာကျော်ရင်လှိုင်နှင့် ဦးလှမောင်ရွှေတို့မှ လာရောက်ကြိုဆိုကြကြောင်း သိရှိရသည်။

ထို့ပြင် အဆိုပါ ဒေါက်တာနိုင်အောင်နှင့်အဖွဲ့ ရန်ကုန်လေဆိပ်သို့ ရောက်ရှိသည့်အချိန်၌ သတင်းလာရောက်ရယူကြသည့် သတင်းမီဒီယာများ အား ဒေါက်တာနိုင်အောင်နှင့်အဖွဲ့အား လာရောက်ကြိုဆိုသည့်သူများထဲမှ သရုပ်ဆောင် ဇာဂနာမှ ဆဲဆိုမှုပြုလုပ်သွားကြောင်း အဆိုပါနေရာ၌ သတင်း ယူနေသည့် သတင်းမီဒီယာသမားတစ်ဦး၏ ပြောပြချက်အရ သိရသည်။

"ကျွန်တော်တို့သတင်းသမားတွေဆိုတာက သတင်းဦးရရှိဖို့နဲ့ ဓါတ်ပုံကောင်းကောင်းရရှိဖို့က ပထမပါ။ ပွဲတိုင်းပွဲတိုင်းမှာ ကြည့်ရင်လည်း သိနိုင်ပါတယ်။ သူ့စည်းနဲ့သူပဲ။ သတ်မှတ်ပေးတဲ့နေရာထက် ကျော်လို့ ပြောတယ်ဆိုရင် ဒါလက်ခံလို့ရ တယ်။ အခုဟာက ဘာမှစည်းမထားပဲနဲ့ ဆဲဆိုသွား တာပါ။ သူ့အနေနဲ့ နိုင်ငံခြားသတင်းတွေကြည့်ဖူးတာပဲ။ ဘယ်နိုင်ငံမှာရှိလဲ။ ဒီနေ့လို ဇာဂနာကပြောတယ်ဆိုတာ သူ့အစား တော်တော်ရှက်ဖို့ကောင်း တယ်။ ပျက်လုံးနဲ့ နိုင်ငံရေးမက်ဆေ့ခ်ျပေးဖို့ ကြိုးစားနေတဲ့လူလည်း နိုင်ငံရေးသမားပါပဲ။ အပါးဝတဲ့ နိုင်ငံရေးသမား ဖြစ်နိုင်ပါစေဗျာ"ဟု ပြည်ပအခြေစိုက် ရိုက်တာ သတင်းဌာနမှ ဗီဒီယိုသတင်းထောက်တစ်ဦးက ပြောကြားသည်။

ထို့ပြင် စက်တင်ဘာလ ၁ရက်နေ့ မနက် ၈နာရီကျော်ခန့်တွင် မိုးသီးဇွန်မှ ရန်ကုန်သို့ ပြန်လည်ရောက်ရှိမည်ဟုလည်း သတင်းများအရ သိရှိရသည်။

ATM

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ခုအချိန်အထိ ထိုင်ခုံမဖယ်ပေးချင်သူတွေ လည်းရှိနေသေးတယ်။ အဲဒီပြောင်းလဲမှုမျိုးမရှိရင် တိုင်းပြည်တိုးတက်မှု မရှိနိုင်ဘူး။ ဒီမိုကရေစီကို အခုမှ စတင် တည်ဆောက်ရတဲ့အခါမှာ ချို့ယွင်းချက်တွေကို မြင်နေရပေမယ့် အားလုံးပြုပြင်နိုင်ရင်တော့ ၂၀၁၅မှာ တိုးတက်ပြီး လူတော်တွေဦးဆောင်တဲ့ ဖွံ့ဖြိုးတိုး တက်တဲ့ နိုင်ငံဆီ ရောက်မှာပါ”

သြဂုတ် ၃၁ရက်ထုတ် First Weekly ဂျာနယ် အတွဲ (၁) အမှတ် (၄၃) တွင်ပါရှိသည့် “အခုလို အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်လိုက် ခြင်းဟာ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှု နှေးကွေတဲ့ခြေလှမ်းများကို အဆုံးသတ်လိုက်ခြင်းဟု နိုင်ငံရေးကျွမ်းကျင်သူများက သတ်မှတ်ကြပြီ”သတင်းမှ နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာအောင်ထွန်းသက်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------------

“ဂျာနယ်တွေရုံးတင်စရာ မလိုတော့တဲ့အတွက် အချိန်ကျုံ့သွားမယ်။ လောလုပ်စရာမလိုတော့ဘဲ လတ်ဆတ်တဲ့သတင်းတွေကို ပြည်သူထံ တင်ဆက်နိုင် တော့မှာဖြစ်တဲ့အတွက် ကောင်းပါတယ်။ ဒီအချိန်ဟာ စာနယ်ဇင်းသမားတွေအနေနဲ့ တာဝန်ကျင့်ဝတ်တွေ ကျေပွန်စွာနဲ့ ဂုဏ်သိက္ခာရှိစွာဖော်ပြရမယ့် အချိန်ကာလကောင်းတစ်ခုပါပဲ။ မီဒီယာဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်သလို ဒီမိုကရေစီရဲ့ အသက်သွေးကြောင်းလဲဖြစ်တယ်”

သြဂုတ် ၃၁ရက်ထုတ် First Weekly ဂျာနယ် အတွဲ (၁) အမှတ် (၄၃) တွင်ပါရှိသည့် မြန်မာဒီမိုကရေစီအရုဏ်ဦး အခြေအနေနဲ့ ပတ်သက်ပြီး ၈၈မျိုး ဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုနှင့် တွေ့ဆုံခြင်းမှ ကိုပြုံးချို၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------------

“အပစ်အခတ်ရပ်တာနဲ့ ငြိမ်းချမ်းရေရပြီပြောတာမဟုတ်ဘူး။ ငြိမ်းချမ်းရေးမှာ ခိုင်မာမှု တရားမျှတမှု ရှိရမယ်။ တန်းတူပါရမယ်။ တိုင်းရင်းသားတွေကို နိုင်ငံရေးအခွင့်အရေး ဘယ်လိုပေးမယ်ဆိုတာ အရေးကြီးတယ်။ တိုင်းရင်းသားအရေး မဖြေရှင်းနိုင်သရွေ့ ငြိမ်းချမ်းရေးရဖို့ ခက်ပါလိမ့်မယ်”

သြဂုတ် ၃၁ရက်နေ့ထုတ် မော်ဒန်သတင်းဂျာနယ် အမှတ် (၃၂၂) တွင်ပါရှိသည့် “ကေအိုင်အို အထွေထွအတွင်းရေးမှူး ဦးလနန်နှင့် တွေ့ဆုံခြင်း”မှ ဦးလနန်၏ ပြောကြားချက် အပေါ်ကောက်နှုတ်ချက်။

******************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment