Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃၁.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပြုပြင်ပြောင်းလဲရေး၏ အနာဂတ်

*****************************************

ဆောင်းပါးကဏ္ဍ

ပြုပြင်ပြောင်းလဲရေး၏ အနာဂတ်

ကိုဝ

(သြဂုတ် (၃၀)ရက်ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၃) အမှတ် (၁၀၃) မှ ထုတ်ယူတင်ပြချက်။)

မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွနဲ့ ပတ်သက်ပြီး International Crisis Group ရဲ့အစီရင်ခံစာကို ဖတ်ရပါတယ်။ အရင် ဆုံးဖတ်ရပါတယ်။ အရင်ဆုံး သတိထားမိတဲ့အချက်က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ဟာ ဗီယက်နမ်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့လို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုမပါတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုသက်သက် မဟုတ်သလို တောင်ကိုးရီးယားနဲ့ ထိုင်းနိုင်ငံတို့လို စီးပွားရေးပြုပြင်ပြောင်းလဲမှုနောက် ဒီမိုကရေစီပြပြင်ပြောင်းလဲမှု လိုက်လာတဲ့ ပြုပြင်ပြောင်းလဲမှုမျိုး မဟုတ်ဘူးဆိုတဲ့ အချက်ပါ။ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်တာဟာ မြန်မာနိုင်ငံရဲ့ ထူခြားချက်လို့ ဆိုရပါမယ်။

နိုင်ငံရေးစနစ်အတွက်ရော စီးပွားရေးစနစ်အတွက်ပါ လိုအပ်တဲ့ အဖွဲ့အစည်းတွေကို လက်တွဲညီညီ အပေးအယူမျှမျှ ပြုပြင်ဖွဲ့စည်းရေးဟာ မြန်မာနိုင်ငံအတွက် အဓိကစိန်ခေါ်ချက်ဖြစ်တာကို ထောက်ပြထားပါတယ်။ ကောင်းဘက်ကလှည့်ပြောရရင် မြန်မာနိုင်ငံအဖို့ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အဖွဲ့အစည်းတွေကို သူ့နေရာနှင့်သူ စနစ်တကျ နေရာချဖွဲ့စည်းနိုင်တဲ့ အခွင့်အလမ်းကောင်းကို ရရှိတယ်လို့ ဆိုပါတယ်။ စီးပွားရေးမျက် နှာစာ(သို့)နိုင်ငံရေးမျက်နှာစာမှာ အောင်မြင်ဖို့ဆိုတာ ဒီမျက်နှာစာနှစ်ခုစလုံးမှာ အောငမြင်မှ ဖြစ်နိုင်မယ်ဆိုတာ အရေးကြီးတဲ့ ဝေဖန်ချက်ပါ။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို လမ်းချော်သွားအောင် ကြိုးစားမှုတွေ ခိုင်ခိုင်မာမာ မတွေ့ရဘူးဆိုတာ အားတက်စရာ အယူအဆပါ။ ကဏ္ဍအသီးသီးမှာ ရှိတဲ့အရေးပါတဲ့ ပုဂ္ဂိုလ်တွေဟာ နိုင်ငံရေးရာသီဥတုပြောင်းသွားတာကို သေသေချာချာ သဘောပေါက်လိုသလို စီးပွား ရေးပြုပြင်ပြောင်းလဲမှုလုပ်ဖို့ ရှောင်လွဲလို့မရဘူးကို ကောင်းကောင်းနားလည်ပါတယ်လို့ မှတ်ချက်ပေးထားပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံအတွက် စီးပွားရေးတည်ငြိမ်မှုရော နိုင်ငံရေးတည်ငြိမ်မှုပါ ရရှိဖို့ဆိုတာ အရေးကြီးတဲ့ အခြေခံလိုအပ်ချက်လို့ ဆိုပါတယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ဆန့်ကျင်ခဲ့ရင် ဘယ်လိုနိုင်ငံရေး အကျိုးအမြတ်မျိုးမှ မရနိုင်ဘူးဆိုတာ သွေးထွက်အောင်မှန်ပါတယ်။ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝမှာ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲ တိုးတက်မှုတွေရရှိဖို့ လိုတယ်ဆိုတာကိုတော့ လေးလေးနက်နက် နှလုံးသွင်းရမှာပါ။

လျှပ်စစ်မီးပုံမှန်ရတာမျိုး ပြည်သူလူထုအနေနဲ့ တယ်လီဖုန်းကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်တာမျိုး လူထုသယ်ယူပို့ဆောင်ရေး စနစ်ထိရောက်တာ မျိုး စတဲ့စတဲ့ လူထုအခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ကို အကြံပြုထားပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ လျစ်လျူရှုသလို ဖြစ်နေခဲ့တဲ့ ပြဿနာပေါင်းစုံးကို ဖြေရှင်းရတဲ့အတွက် ကဏ္ဍတစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး ကျကျနန မူဝါဒချမှတ် အကောင်အထည်ဖော်တာမျိုးထက် ကိစ္စရပ်တစ်ခုချင်းအလိုက် ဖြေရှင်းနေတာမျိုးက ပိုများနေတယ်လို့ ဝေဖန်ထားပါတယ်။ အားလုံး သဘောတူတဲ့အချက်က အမိန့်ပေးမှ လုပ်ရတဲ့အကျင့်က သံမှိုနှက်သလို စွဲနေသလို ကိုယ်စွမ်းကိုယ်စနဲ့ ကြံဆလုပ်ကိုင်ဖို့ ခက်နေတာပါ။ တိုင်းပြည် ယန္တရားအဆင့်ဆင့်ကို သုံးသပ်ပြီး ဘယ်လိုနေရာမျိုးမှာ ကြိုးနီစနစ်ရှိတယ်ဆိုတာကို ဖော်ထုတ်ပြီး ဖယ်ရှားရှင်းလင်းပေးမယ့် စနစ်တစ်ရပ် ချမှတ်ဖို့ ထောက်ပြထားပါတယ်။ အချိန်နဲ့တစ်ပြေးညီ အချက်အလက်တွေ ဖြည့်ဆည်းပေးနိုင်မှ တိုင်းပြည်အနေနဲ့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင် မယ်ဆိုတာ ငြင်းမရတဲ့အချက်ပါ။ တိုင်းပြည်ရဲ့ စီးပွားရေးကိန်းဂဏန်းအချက်အလက်တွေ ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန်ရရှိနိုင်ဖို့ ကြိုးပမ်းအကောင်အ ထည်ဖော်ရမယ့်အချိန် ရောက်နေပါပြီ။ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်လိုတဲ့ဇောကပ်ပြီး တစ်အားတွန်းလုပ်မယ်ဆိုရင် အရည်အချင်းပိုင်းမှာ ပေမမီ ဒေါက်မမီ ဖြစ်တတ်တာကိုလည်း သတိပေးထားပါတယ်။ လယ်မြေဧက အမြောက်အများကို တစ်ဆက်တစ်စပ်တည်း စက်မှုလယ်ယာ ပုံစံပြောင်းလဲ အကောင်အထည်ဖော်တဲ့အခါ ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုးလာတဲ့ လယ်မြေတွေ ဆုံးရူံးရတဲ့  အန္တရာယ်ကို အလေးအနက်ထား ကိုင်တွယ်ဖို့ တိုက်တွန်း ထားပါတယ်။ ၂၀၁၅ခုနှစ်မှာ လွတ်လပ်တဲ့ အာဆီယံစီးပွားရေးဇုန်စနစ် ကျင့်သုံးတဲ့အခါ မြန်မာနိုင်ငံရဲ့ စက်မှုလက်မှုကဏ္ဍ အားနည်းနေတာကို မီးမောင်း ထိုးပြထားပါတယ်။ ၂နှစ်၃နှစ်အတွင်း အစိုးရက ပုဂ္ဂလိကစက်မှုကဏ္ဍကို  ပံ့ပိုးထောက်ပံ့မှုတွေ လုပ်ပေးရင်တောင်မှ ယှဉ်ပြိုင်နိုင်စွမ်းရှိမလားဆိုတာ မေးခွန်းထုတ်ထားပါတယ်။ စက်မှုကုန်ထုတ်ကဏ္ဍမှာ ခေတ်မီနည်းပညာနဲ့ စီမံခန့်ခွဲမှု အတတ်ပညာတွေရရှိဖို့ နည်းလမ်းပေါင်းစုံသုံးပြီး အသည်းအသန် ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်နေပါပြီ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးရဲ့ မဟာဗျူဟာရည်မှန်းချက်အနေနဲ့ ဆင်းရဲ့ချို့တဲ့မှု ရွှံ့ညွန်အတွင်းက ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ ပြည်သူုတွေရဲ့ဘဝကို မြှင့်တင်နိုင်မှသာ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်နိုင်မှာပါ။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ် ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ The Multiliteral Investment Guarantee Agency ကို ဝင်ခွင့်ရဖို့ အလားအလာကောင်းနေတယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့အစည်းရဲ့တာဝန်က ကမ္ဘာ့ဈေးကွက်အတွင်းမှာရှိတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို နိုင်ငံရေးစွန့်စားရမှု အန္တရာယ်နဲ့ ပတ်သက်ပြီး အာမခံချက်ပေး ရတာပါ။ တခြားအဖွဲ့အစည်းတွေက ဒီလိုအာမခံချက် မပေးနိုင်ပါဘူး။

နိုင်ငံရေးနဲ့ စီးပွားရေးပြီးရင် မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ တတိယမြောက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်က ပြည်တွင်း ငြိမ်းချမ်းရေးလို့ ဆိုထား ပါတယ်။ ပြီးခဲ့တဲ့အတိတ်ကာလကို သုံးသပ်တဲ့အခါ ပြည်တွင်းစစ် စီးပွားရေးကနေ အပစ်အခတ်ရပ်စဲရေး စီးပွားရေးကို ကူးပြောင်းရာမှာ သာမာန်ပြည်သူ လူထုတွေ အကျိုးအမြတ်ခံစားရမှု နည်းပါးတာကို ထောက်ပြထားပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲအစည်းတွေရဲ့ ထိန်းချုပ်ထားတဲ့နယ်မြေ တွေရဲ့ အနေအထားကို ပြောတာပါ။ ပြည်တွင်းငြိမ်းချမ်းရေ ခိုင်ခိုင်မာမာ ရရှိနိုင်ဖို့ ဒေသခ့ပြည်သူတွေ အနေနဲ့ စားဝတ်နေရေး အခြေအနေတွေ တိုးတက်လာမယ် လူ့အခွင့်အရေးတွေ ပိုရလာမယ် ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းလိုတဲ့ စိတ်တွေနိုးကြားလာမှာကို နှလုံးသွင်းဖို့ တိုက်တွန်းထားပါတယ်။ ဒီလိုသာဆိုရင် နိုင်ငံရေးရည်မှန်းချက်နဲ့ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်အတွက် ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုတဲ့ အင်အားစုတွေရဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်မယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားပြည်သူတွေရဲ့ ရွှေခေတ်ရောက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေတိုးပြီး ဖြစ်နေတာတော့အမှန်ပါ။ ဒီမျှော်လင့်ချက်တွေကို ဖြည့် ဆည်းပေးရမယ့် ပြည်ထောင်စုအစိုးရမှာ တာဝန်သိပ်ကြီးပါတယ်။ ပြည်သူလူထုအနေနဲ့ စိတ်ရှည်ရှည်ထားပြီး နားလည်မှုထားပြီး ပေးဖို့လိုအပ်ပါတယ်။ ပြည်ထောင်စုအစိုးရနဲ့ လွှတ်တော်အသီးသီးအနေနဲ့လည်း အခြေခံလိုအပ်ချက်ဖြစ်တဲ့ နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။

ဒီလိအခြေအနေမျိုးမှာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို စွပ်စွဲပြစ်တင်ပြီး နှုတ်ထွက်ခိုင်းမယ်ဆိုတာက တော့ လေးလေးနက်နက် အပြန်အလှန်သုံးသပ်ရမယ့် ခြေလှမ်းမျိုးပါ။ ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုအစိုးရအကြား စိတ်ရှည်လက်ရှည်ထားပြီး နားလည်မှု  အပြန်အလှန် ညှိနှိုင်းအဖြေရှာဖို့ လိုပါတယ်။ နိုင်ငံရေးတည်ငြိမ်မှုဟာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြေခံလိုအပ်ချက်ဆိုတာ အမြဲတမ်း နှလုံးသွင်းဖို့ လိုအပ်ပါတယ်။

Ref; ‘Myanmr: The Politics of the economic Reform’by ICG (27July 2012)

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment