Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၆.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေး နည်းဥပဒေထုတ်ပြန်
  2. ပြည်တွင်းဘဏ်အချင်းချင်း ငွေတိုက်စာချုပ်ရောင်းဝယ်နိုင်ပြီ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. သမ္မတနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ ပထမဆုံးအကြိမ်တွေ့ဆုံမည်
  2. ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်မှခွင့်ယူ
  3. မြောင်းမြ NLD ပါတီဝင်များမှ ဆန္ဒုပြမှုနှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေး နည်းဥပဒေထုတ်ပြန်

နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၃၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် လယ်ယာမြေဥပဒေအား ကျင့်သုံးဆောင်ရွက်နိုင်စေရန်အတွက် လယ်ယာမြေ ဥပဒေပုဒ်မ ၄၂၊ ပုဒ်မခွဲ(က)အရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမိန့်ကြေညာစာအမှတ် ၂/၂၀၁၂ ဖြင့် လယ်ယာမြေ နည်းဥပဒေ များကိုလည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ ၃၄၊ ပုဒ်မခွဲ(က)အရ အမိန့်ကြေညာစာအမှတ် ၁/၂၀၁၂ ဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးနည်း ဥပဒေများကိုလည်းကောင်း ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၃၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် လယ်ယာမြေဥပဒေတွင် လယ်ယာမြေအား ရောင်းချခွင့်၊ ပေါင်နှံခွင့်များအား တရားဝင် ခွင့်ပြုပေး ထားပြီး နိုင်ငံတော် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအတွက် လယ်ယာမြေကို သိမ်းယူရာတွင် အနည်းဆုံးလိုအပ်သော ပမာဏကိုသာ သိမ်းယူရန်နှင့် စီမံကိန်းအား သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီးစေရန် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဥပဒေပြဋ္ဌာန်းပေးထားပြီး သတ်မှတ်ကာလအတွင်း စီမံကိန်းများ ပြီးစီးမှုမရှိပါက မူလလယ်ယာမြေလုပ်ပိုင်ခွင့် ရရှိထားသော ပုဂ္ဂိုလ်အဖွဲ့အစည်းထံ ပေးအပ်ရမည်ဟု ဖော်ပြပါရှိသည်။

“လယ်ယာမြေသိမ်းယူတာတွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေမှာလည်း ပြဋ္ဌာန်းပေးပြီးသားပါ။ ဒါပေမယ့် လယ်ယာမြေသိမ်းယူတဲ့ကိစ္စတွေကတော့ အခုချိန်ထိကို ရှိနေတုန်းပါပဲ။ အခု တစ်နိုင်ငံလုံးမှာလည်း လယ်သိမ်းတာတွေနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြမှုတွေ တောက်လျောက်ဖြစ်နေတာပါ။ ခု လယ်ယာမြေဥပဒေတွေ၊ နည်းဥပဒေတွေနဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်း စီမံခန့်ခွဲရေးနည်းဥပဒေတွေကို ပြဋ္ဌာန်းပေးလိုက်ပြီဆိုတော့ တောင်သူတွေ အတွက် တကယ်ကို အားပါပဲ”ပာု ဧရာဝတီ တိုင်းဒေသကြီးရှိ တောင်သူတစ်ဦးက ပြောကြားသည်။

ယင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးနည်းဥပဒေများကို စက်တင်ဘာလ ၉ ရက်နေ့ထုတ် လယ်ယာစီးပွား သတင်းအမှတ်စဉ် (၅၈၃) တွင် ထည့်သွင်းထုတ်ဝေ ဖြန့်ချီပေးသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ထို့ပြင် နိုင်ငံရှိ မြေလွတ်၊ မြေရိုင်းများကို ခွဲဝေ၍ တောင်သူလယ်သမားများ လယ်လုပ်ပိုင်ခွင့်ရရှိနိုင်စေရေးအတွက် တောင်းဆိုပေးမည့် တောင်သူ လယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ တည်ထောင်ခွင့်ကို နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ သွားရောက်လျှောက်ထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ပြည်တွင်းဘဏ်အချင်းချင်း ငွေတိုက်စာချုပ်ရောင်းဝယ်နိုင်ပြီ

အစိုးရမှ နိုင်ငံတော်ဘဏ္ဍာငွေလိုအပ်ပါက ထုတ်ရောင်းလေ့ရှိသည့် ငွေတိုက်စာချုပ် (Boon)များကို ပြည်တွင်း ပုဂ္ဂလိကဘဏ်အချင်းချင်း အပြန် အလှန် ရောင်းဝယ်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ရေးကုမ္ပဏီလီမီတက်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“အစိုးရက ထုတ်ရောင်းတဲ့ ငွေတိုက်စာချုပ် (Boon)တွေကို ပြည်တွင်းဘဏ်အချင်းချင်း ထုတ်ရောင်းနိုင်အောင် စီစဉ်ဆောင်ရွက်သွားဖို့ ရှိပါ တယ်။ ငွေလိုနေတဲ့ ဘဏ်တွေအနေနဲ့ ငွေပိုနေတဲ့ တခြားပုဂ္ဂလိကဘဏ်တစ်ခုကို ငွေချေးစာချုပ်တွေ ထုတ်ရောင်းနိုင်အောင်ပါ။ ဒီလိုဆိုရင် ငွေလိုနေတဲ့ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

နိုင်ငံတော်အစိုးရမှ ပြည်တွင်း ဘဏ္ဍာငွေလိုအပ်ချက်များအတွက် ငွေတိုက်စာချုပ်များကို နှစ်နှစ်၊ သုံးနှစ်နှင့် ငါးနှစ်သက်တမ်းရှိ စာချုပ်များကို ထုတ်ရောင်းလေ့ရှိပြီး မလုံလောက်မှုများ ဖြစ်ပေါ်ခဲ့ပါက ငါးနှစ်မှ ဆယ်နှစ်အတွင်း ငွေတိုက်စာချုပ်များကိုလည်း ထုတ်ရောင်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် လက်ရှိအချိန်တွင် ပြည်တွင်းရှိပုဂ္ဂလိကဘဏ်များနှင့် တရုတ်၊ စင်္ကာပူ၊ ဂျပန်၊ ထိုင်းနှင့် ဗီယက်နမ်တို့ရှိ ပြည်ပဘဏ်များမှ ဘဏ်လုပ်ငန်း ဖက်စပ်လုပ်ကိုင်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းဘဏ်များ၏ ချေးငွေနှင့် အပ်ငွေအကြား ကွာပာလျက်ရှိသော အတိုးနှုန်း ၅ ရာခိုင်နှုန်းအပေါ် အားကျသည့်အတွက် ရင်းနှိးမြှုပ်နှံမှုများပြုလုပ်နိုင်ရန် ပြည်ပဘဏ်များက လာရောက်ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်တွင်းဘဏ်တွေက ချေးငွေနဲ့ အပ်ငွေတွေအပေါ်ပေးတဲ့ အတိုးနှုန်း ၅ ရာခိုင်နှုန်းကိုမက်ပြီး ပြည်ပဘဏ်တွေက ဒီကဘဏ်တွေနဲ့ ဖက်စပ် လုပ်ကိုင်ဖို့ စိတ်ဝင်စားတာပါ။ အစိုးရက ပြည်ဘဏ် ဘဏ်ခွဲတွေဖွင့်လှစ်ဖို့အတွက်လည်း ခွင့်မပြုသေးတော့ ဒီက ပုဂ္ဂလိကဘဏ်တွေနဲ့ ဖက်စပ်လုပ်ဖို့ အတွက် ကြံစည်ရတာပါ”ပာု ပြည်တွင်းပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ ပြည်တွင်းပုဂ္ဂလိကဘဏ်များ ဖွံ့ဖြိုးတိုးတက်နိုင်စေရေးအတွက် ပြည်ပဘဏ်လုပ်ငန်း လုပ် ကိုင်ခွင့်များကို ခွင့်ပြုပေးခဲ့သည့်အပြင် ဗပာိုဘဏ်ကိုလည်း သီးခြားလွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

သမ္မတနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ ပထမဆုံးအကြိမ်တွေ့ဆုံမည်

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ စက်တင်ဘာလ ၇ ရက်နေ့တွင် နေပြည်တော်၌ ပထမဆုံးအကြိမ် တွေ့ဆုံဆွေး နွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီလ ၇ ရက်နေ့မှာ သမ္မတနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေအားလုံးကို နေပြည်တော်မှာတွေ့ဖို့ဆိုပြီး နိုင်ငံတော်သမ္မတရုံးက ဖိတ်ကြားထားပါ တယ်။ ဒီလိုတွေ့တာပာာ ဒါပထမဆုံးအကြိမ်ပါပဲ”ပာု ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦးက ပြောကြားသည်။

ယင်းတွေ့ဆုံပွဲတွင် တိုင်းရင်းသားရေးရာဝန်ကြီးများ၏ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ လုပ်ပိုင်ခွင့်အပြည့်အဝရရှိရေး၊ တိုင်းရင်း သားရေးရာကိစ္စရပ်များနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် အဓိကထား ဆွေးနွေးတင်ပြသွားမည်ဖြစ်ကြောင်း ရှမ်း ပြည်နယ် ကချင်တိုင်းရင်းသားဝန်ကြီးတစ်ဦးက ပြောသည်။

“နိုင်ငံတော်သမ္မတနဲ့ မတွေ့ဆုံခင်မှာ တိုင်းရင်းသားရေးရာဝန်ကြီးတွေအနေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံသွားမှာပါ။ စက်တင်ဘာ ၅ ရက်နေ့နဲ့ ၆ ရက်နေ့လို့ သတ်မှတ်ထားပါတယ်။ ဒီလိုတွေ့ဆုံရာမှာ နိုင်ငံတော်သမ္မတကို တင်ပြမယ့် အကြောင်းအရာတွေနဲ့ တိုင်းရင်းသားရေးရာကိစ္စရပ်တွေကို အမြင် ချင်းဖလှယ်ပြီး ဆွေးနွေးသွားမှာပါ”ပာု တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦးက ပြောကြားသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်မှာ တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် မိမိတို့သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း ဒေသကြီးများရှိအစိုးရအဖွဲ့၏ အစည်းအဝေးများကို ဝန်ကြီးချုပ်က ဖိတ်ကြားခြင်းမရှိပါက တက်ရောက်ခွင့်မရှိကြောင်း ပြဋ္ဌာန်းထားပြီး လက်ရှိ မြန်မာတစ် နိုင်ငံလုံးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးရှိကြောင်း သိရသည်။

Ref:7Day News

-----------------------------------------------------------------------------------------------------------------------------------