Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၉.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ကျူးဘား၏ နိုင်ငံခြားကုမ္ပဏီ ကြောက်ရောဂါကို မြန်မာနိုင်ငံ ရှောင်ရှားရမည်

(7 Day in Dubai မှ 9 September,2012 ရက်စွဲပါ “Myanma must avoid Cuba’s foreign firm fear ”သတင်း ဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

  1. လွှတ်တော်က အပြီးသတ် တင်ပြသော ရင်းနှီးမြှုပ်နှံမှု ဥပဒေကို သမ္မတစဉ်းစားသုံးသပ်နေ

(Radio News Zealand Newsမှ 8September 2012ရက်စွဲပါ “Myanmar President considering Investment Law”သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ရန်ကုန်တွင် အထည်ချုပ်အလုပ်သမားများဆန္ဒပြ

(AFP News မှ 8September 2012ရက်စွဲပါ “Myanmar garment workers protest in Yangon”သတင်းကို ဘာသာပြန်ဆိုသည်)

****************************************

ဘာသာပြန်သတင်းများ

ကျူးဘား၏ နိုင်ငံခြားကုမ္ပဏီ ကြောက်ရောဂါကို မြန်မာနိုင်ငံ ရှောင်ရှားရမည်

(7 Day in Dubai မှ 9 September,2012 ရက်စွဲပါ “Myanma must avoid Cuba’s foreign firm fear ”သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် များစွာမျှော်လင့်နေကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ရာ အာရှ၏ အဆင်းရဲဆုံး နိုင်ငံ  များထဲမှ မြန်မာဈေးကွက်ကို ချဲ့ထွင်မည့် ရည်မှန်းချက် ကြီးသော အစီအစဉ်များ ပြည့်ဝနိုင်ရန် အရေးကြီးသော အဆင့်တစ်ခုအဖြစ် ကြိုဆိုချီးကျူးခြင်း     ခံနေရသည်။

သို့သော်နိုင်ငံခြား ကုမ္ပဏီများကို တံခါးဖွင့်ပေးရန် သတိကြီးစွာ ထားလွန်းနေသည့် အခြားတံခါးပိတ် နိုင်ငံတစ်ခု ဖြစ်သော ကျူးဘား၏ ပုံစံကိုမူ မြန်မာတို့ ကောင်းစွာရှောင်ရှားဖို့ လိုသည်။

အကယ်၍ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုများလာအောင် အားပေးနိုင်ခြင်း မရှိပါက စီးပွားရေး စွမ်းဆောင်ရည် နှေးကွေးကျဆင်း သွားမည်ဖြစ်ပြီး အပြောင်းအလဲများ၊ မပြုလုပ်နိုင်ပါက စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကိုပင် မြောင်းထဲရောက်သွားလိမ့်မည်ဟု ပြည်တွင်း ပညာရှင်များနှင့် သံတမန် များက ပြောကြားသည်။

ဆိုဗီယက် ပုံစံဟောင်း ဈေးကွက်ဦးစားပေး အပြောင်းအလဲများ ပြုလုပ်နေသော ကွန်မြူနစ် ကျွန်းနိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများ သဘောကျစရာ နေရာဖြစ်အောင် ပြုလုပ်မည်ဟု ယူဆရသော်လည်း ယခုတိုင် ကျူးဘားတို့က များများစားစား ကြိုဆိုခြင်း မရှိသေးဟု ရင်နှီးမြှုပ်နှံသူများက ဆိုသည်။

ကျူးဘားနှင့် နိုင်ငံခြား ဖက်စပ်ကုမ္ပဏီများ ၏ရင်နှီးမြှုပ်နှံမှုသည် ၂၀၁၁တွင်ပီဆိုငွေ ၄.၃ဘီလျံသို့ရောက် ရှိခဲ့ရာ ယခင်နှစ်ထက် ပီဆိုသန်း၁၀၀ မျှသာ တိုးလာသည်ဟု ကျူးဘာအမျိုးသား စာရင်းရုံးက ဆိုသည်။

၎င်းကိန်းဂဏန်းသည် နိုင်ငံတကာက လိုအပ်သည်ထက် များစွာလျော့နည်းနေပြီး ကျူးဘားစီးပွားရေးသည် ၂၀၁၀တွင် ၂.၄ရာခိုင်နှုန်းနှင့် မနှစ်က ၇.၂ရာခိုင်နှုန်းမျှသာ တိုးတက်ခဲ့ခြင်းကြောင့် ဒေသတွင်း ဖွံ့ဖြိုးမှုအဆင့်၌ နောက်တွင်ပြတ်ကျန်ခဲ့သည်ဟု စီးပွားရေး ပညာရှင်များက ပြောကြားသည်။

မနှစ်က ကြေညာသော ကျူးဘားရင်းနှီးမြုပ်နှံမှု ပြောင်းလဲခြင်းအစီအစဉ်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကို အကောင်းရှုမြင်ထားပြီး နည်းလမ်း မမှန် သော ခွင့်ပြုပုံစနစ်ကို ပြန်လည်သုံးသပ်မည်ဟု ကတိပြုထားသည်။ အထူးစီးပွားရေးဇုန်များ၊ ဖက်စပ်ဂေါက်ကွင်းများ၊ ထုတ်လုပ်မှု စီမံကိန်းသစ်များကို အကောင်အထည်ဖော်ခွင့် ပေးမည်ဟု ကတိပေးထားသည်။

သို့သော် အပြောင်းအလဲထက် ကတိတွေက များနေပြီး အတားအဆီးများစွာ ကျန်နေသေးသည်။ အမေရိကန်က ကာလများစွာ အရေးယူ ပိတ်ဆို့ ထားသော ကွန်မြူနစ် ကျွန်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု စိတ်ဝင်စားကြောင်းကို တရုတ်၊ ရုရှား၊ ဘရာဇီးမှသည် စင်ကာပူ၊ ဥရောပ၊ တစ်လွှားနိုင်ငံများက ထုတ်ဖော်ပြောဆို ထားကြသော်လည်း အကြောင်းမထူးဘဲ အချည်းအနှီးဖြစ်နေသည်။

သို့သော်လည်း ကျူးဘားအစိုးရသည် ဖက်စပ်လုပ်ငန်း အားလုံးတွင် အကျိုးအမြတ် အများစုရရိရန် တောင်းဆိုလျက်ရှိပြီး စေ့စပ်ညှိနှိုင်းမှုများကို လေးကန်ဖင့်နွှဲ့စွာ အချိန်ဆွဲနေသည်ဟု အဆိုပါ နိုင်ငံများက ပြောကြားသည်။

လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ အပေါ်စိုးရိမ်မှုသည် ပြဿနာတစ်ရပ် ဖြစ်ကြောင်း၊ လက်တင် အမေရိက ကျွန်းနိုင်ငံ ကျူးဘား၊ နှင့်ကျွမ်းဝင်သော သံတမန်တစ်ဦးက ဆိုသည်။

“ကျူးဘားတွေမှာ အိုင်ဒီယာပိုင်း ပြဿနာတစ်ခုရှိနေတယ်။ ဒါကကွန်မြူနစ်ဝါဒ ထက်အမျိုးသားရေး ဝါဒပြဿနာဖြစ်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီတွေက သူတို့ပေးတဲ့ အနည်းဆုံးရှယ်ယာ တွေကို စိတ်မဝင်စားဘူး”ဟု ၎င်းသံတမန်က ပြောသည်။

ထိန်းချုပ်ခွင့် ဆုံးရှုံးမည်ကို မလိုလားကြသော နိုင်ငံခြား ကုမ္ပဏီများ၏ ရှယ်ယာ၅၁ရာခိုင်နှုန်း စနစ်ကို ကျူးဘားတို့က အပြင်းအထန် ကန့်ကွက် လျက် ရှိသည်ဟု ပြောကြားကြသော အခြားသူများစွာနှင့် အဆိုပါ သံတမန်တို့ အယူအဆ တိုက်ခိုက်မှုရှိသည်။

သို့သော် မြန်မာနိုင်ငံတွင်မူ ရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတား ဖြစ်စေမည်ဟု စိုးရိမ်နေကြသော မူလဥပဒေမူကြမ်းမှ စည်းကမ်းချက်များစွာကို ပယ်ဖျက် ပေးခဲ့သည့်အတွက် မြန်မာနိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေသစ်ကို နိုင်ငံခြား ကုမ္ပဏီများက သဘောကျ နှစ်သက်ကြသည်။

မူလဥပဒေကြမ်းမှ အနည်းဆုံးမတည်ငွေ ပမာဏ ဒေါ်လာငါးသန်း ကန့်သတ်ချက်ကို ပယ်ဖျက်ပေးသည့်အပြင် ဖက်စပ်ကုမ္ပဏီ ထူထောင်ရာတွင် နိုင်ငံခြားကုမ္ပဏီများကို မူလက ၄၉ရာခိုင်နှုန်း ကန့်သတ်ထားရာမှ ၅၀ရာခိုင်နှုန်းသို့ ပြောင်းလဲခွင့်ပြု ပေးထားသည်။

နှစ်ပေါင်း၅၀ စစ်အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီးနောက် အာဏာရရှိလာသော သမ္မတဦးသိန်းစိန် အစိုးရက စီးပွားရေး၊ နိုင်ငံရေး၊ ပြုပြင်ပြောင်းလဲမှုများ ကို ဆက်တိုက်ပြုလုပ် ခဲ့ခြင်းကြောင့် အနောက်အုပ်စု နိုင်ငံများကလည်း စီးပွားရေး အရေးယူ ဒဏ်ခတ်မှုများကို ဖြေလျှော့ပေးထားကြသည်။ သို့သော် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်နိုင်ရန် အတွက် ယင်း၏ ဥပဒေများ၊ တယ်လီဖုန်း နှင့် ပို့ဆောင်ဆက်သွယ်ရေး အခြေခံ စနစ်များ ခိုင်မာကောင်းမွန်အောင် ပြုလုပ်ဖို့ လိုအပ်နေဆဲပင် ဖြစ်သည်။

-----------------------------------------------------------------------------------------------------------------

လွှတ်တော်က အပြီးသတ် တင်ပြသော ရင်းနှီးမြှုပ်နှံမှု ဥပဒေကို သမ္မတစဉ်းစားသုံးသပ်နေ

(Radio News Zealand Newsမှ 8September 2012ရက်စွဲပါ “Myanmar President considering Investment Law”သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် အကြီးစား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များကို ပထမဆုံးအကြိမ် လမ်းဖွင့်ပေးဖွယ်ရှိသည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို လွှတ်တော်က အတည်ပြု လိုက်ပြီဖြစ်သည်။

အချိန်ကြန့်ကြာနေသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို လွှတ်တော်က သောကြာနေ့တွင် အတည်ပြု လိုက်ပြီးနောက် လွှတ်တော်အမတ်များ အစောပိုင်းက အဆိုပြုခဲ့သော အပြောင်းအလဲ အချို့ကို ကန့်ကွက်ခဲ့သော  နောက်ဆုံး ဆုံးဖြတ်ချက်ချမှတ်သူ သမ္မတထံသို့ တင်ပြထားပြီဖြစ်သည်။

ကြီးမားသော အပြောင်းအလဲ တစ်ခုမှာ ပြည်တွင်းကုမ္ပဏီများနှင့် ဖက်စပ်လုပ်ငန်း ထူထောင်ရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မတည်ငွေ ဒေါ်လာ၅သန်းထည့်ရန် လိုအပ်သော အဆိုပြုချက် စည်းမျဉ်းကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်ဟု လွှတ်တော်အမတ် ဦးသိန်းညွန့်က ရိုက်တာ သတင်း ဌာနသို့ ပြောကြားသည်။

အစောပိုင်းက ဥပဒေမူကြမ်းတွင် ကုန်ထုတ်လုပ်မှု၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်း အပါအဝင် ကဏ္ဍ၁၃ခုအပေါ် တားမြစ်ချက်များ ချမှတ် ထားပြီး နိုင်ငံခြား ကုမ္ပဏီများ၏ မည်သည့်ရင်းနှီးမြှုပ်နှံမှု ကိုမဆို အများဆုံး၄၉ရာခိုင် နှုန်းသာရှိရမည်ဟု ကန့်သတ်ထားသည်။ ယင်းကန့်သတ်ချက်ကို ၅၀ရာခိုင်နှုန်းသို့ ပြောင်းလိုက်သည်ဟု ဦးသိန်းညွန့်က ဆိုသည်။

တပ်မတော် အစိုးရက သမ္မတ ဦးသိန်းစိန်၏ အရပ်သားတစ်ပိုင်း အစိုးရထံ အာဏာလွှဲ ပြောင်းပြီးနောက်ပိုင်း မြန်မြန်ဆန်ဆန်  တံခါးဖွင့်နေသော မြန်မာနိုင်ငံသို့ ဝင်ရန်နိုင်ငံခြား ကုမ္ပဏီများစွာ တန်းစီနေကြသည်။ ဦးသိန်းစိန်၏ သိသာထင်ရှားသော ပြင်ဆင်ပြောင်းလဲ မှုများကြောင့် အနောက်နိုင်ငံများ ကလည်း sanctionများဖြေလျှော့ ရုတ်သိမ်းပေးကာ အသိအမှတ်ပြု တုန့်ပြန်ကြသည်။

သို့သော်လည်းလွှတ်တော်နှင့် သမ္မတရုံးအကြား သွားလိုက် ပြန်လိုက်ဖြစ်နေသော အဆိုပြုစည်းကမ်း အပြောင်းအလဲများကြောင့် လွှတ်တော်တွင် ငါးလခန့် ကြာမြင့်နေသော ရင်းနှီးမြှုပ်နှံမှု ဥပဒေအသေးစိတ်အ ချက်အလက်များကို တွေ့မြင်ရန် နိုင်ငံခြား ကုမ္ပဏီ အများစုက စိတ်ဝင်တစား စောင့်မျှော် လျက် ရှိကြသည်။

---------------------------------------------------------------------------------------------------------------------

 ရန်ကုန်တွင် အထည်ချုပ်အလုပ်သမားများဆန္ဒပြ

(AFP News မှ 8September 2012ရက်စွဲပါ “Myanmar garment workers protest in Yangon”သတင်းကို ဘာသာပြန်ဆိုသည်)

သောကြာနေ့က ရန်ကုန်မြို့တွင် အထည်ချုပ်လုပ်သား တစ်ထောင်ကျော် လုပ်ခလစာတိုးရန် တောင်းဆိုဆန္ဒပြ ချီတက်ခဲ့ကြခြင်းသည် မြန်မာနိုင်ငံ တွင် စစ်အုပ်ချုပ်ရေး အဆုံးသတ် ပြီးနောက်ပိုင်းတွင် အလုပ်သမားအရေး လှုပ်ရှားမှုများ ရှင်သန်လာခြင်းကို ပြသနေသည့် နောက်ဆုံး လက္ခဏာတစ်ခု ဖြစ်သည်။

မနှစ်ကအထိ စစ်ဖက်အုပ်ချုပ်သူများ လက်အောက်တွင် အသံတိတ် နေခဲ့သော မြန်မာ အလုပ်သမားထုသည် ယခုအခါ လုပ်ခလစာနှင့် လုပ်ငန်းခွင် အခြေအနေ ပိုကောင်းအောင် တောင်းဆိုရန် သတ္တိရှိလာကြပြီ။

ဆန္ဒပြ လုပ်သားများသည် ၎င်းတို့၏ စက်ရုံမှ အစိုးရ အလုပ်သမား ဦးစီးဌာနမှူးရုံးသို့ နာရီပေါင်းများစွာ လမ်လျှောက်ချီတက် ခဲ့ကြသည်။ ယင်း ဆန္ဒပြမှုအတွက် တရားဝင် ခွင့်ပြုချက် ရထားခြင်း မရှိသော်လည်း ရဲတပ်ဖွဲ့က ဟန့်တားခြင်း မပြု ခဲ့ပေ။

အချိန်ပို လုပ်ခအပါအဝင်  တစ်လစာဒေါ်လာ၉၀ (ကျပ်၇သောင်းခန့်) ရရှိသူ အမျိုးသမီးလုပ်သား တစ်ဦးက “လစာတိုးအတွက် ကျွန်မတို့ ဆန္ဒပြကြ တာပါ”ဟု ပြောကြားသည်။

“တခြားစက်ရုံတွေမှာ ဆန္ဒပြမှုတွေ ဖြစ်နေတဲ့ အချိန်တုန်းက ကျွန်မတို့အလုပ်ရှင်တွေက ဆန္ဒမပြပါနဲ့ ၊စားဝတ်နေရေးကို ဂရုစိုက်ပေးပါ့မယ်လို့ စည်း ရုံးခဲ့ကြပါတယ်။ ဒါပေမယ့် ဆီတစ်ပုလင်းက လွဲပြီးဘာမှမရပါ ဘူး” ဟုသူမကဆိုသည်။

ယခုနှစ် အစောပိုင်းက စက်ရုံအများစုတွင် ရာပေါင်းများစွာသော လုပ်သားများက လုပ်ခလစာနှင့် လုပ်ငန်းခွင် တိုးတက်ရေးအတွက် ဆန္ဒပြ တောင်း ဆိုခဲ့သည်။

ယခုဥပဒေသစ် များအရ အလုပ်သမားများ ဆန္ဒပြခွင့်ရှိပြီး အလုပ်သမား သမဂ္ဂများကို ဖွဲ့စည်းခွင့် ပြုထားသည်။ အလုပ်သမား များသည် ဆန္ဒပြခွင့် ရှိကြောင်း သိထားကြသော်လည်း ဥပဒေသစ် စည်းကမ်းများ ကို အနည်းငယ်သာ နားလည်သဘောပေါက် ကြသည်ဟု ကျွမ်းကျင်ပညာရှင်များက ပြောကြား သည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment