Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၀.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာသမ္မတက ပြောင်းလဲမှုလုပ်ပြီးပြင်ဆင်ပြောင်းလဲရေးအတွက် ခြေလှမ်းသစ်များ စရန် အချက်ပေး

(6 September 2012 ရက်စွဲပါ Foreign Policy မှ Larry Jagan ရေးသားသော“Burma’s president shake up the chessboard” ကိုဘာသာပြန်ဆိုသည်။)

  1. ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သို့ လာမည်အပတ်တွင် သွားရန် စီစဉ်

(Gulf Time မှ 9Sept 2012ရက်စွဲပါ “Suu Kyi visit to US next week” သတင်းကို ဘာသာပြန်ဆိုသည်။)

****************************************

ဘာသာပြန်သတင်းများ

မြန်မာသမ္မတက ပြောင်းလဲမှုလုပ်ပြီး ပြင်ဆင်ပြောင်းလဲရေးအတွက် ခြေလှမ်းသစ်များ စရန် အချက်ပေး

(6 September 2012 ရက်စွဲပါ Foreign Policy မှ Larry Jagan ရေးသားသော“Burma’s president shake up the chessboard” ကိုဘာသာပြန်ဆိုသည်။)

ယခုအပတ်တွင် မြန်မာနိုင်ငံမှ လွှတ်တော် မျှော်လင့်ထားသည့် အတိုင်း သမ္မတ ဦးသိန်းစိန် ယခင်အပတ်က အဆိုပြုထားသော အစိုးရအဖွဲ့ စာရင်း အတွင်း အပြောင်းအလဲများကို အတည်ပြုခဲ့သည်။

သမ္မတက ၎င်း၏အစိုးရ အဖွဲ့များအား ပိုမို အသက်ဝင်စေရန် ကြိုးပမ်းမှုမှာ ပေါ်လွင်လာပြီ ဖြစ်သည်။ ၎င်း၏ အစိုးရကို ဘက်ပေါင်းစုံမှ တိုက်ခိုက် မှုများ ရှိခဲ့သော်လည်း ယခုလုပ်ဆောင်မှုမှာ မိမိကိုယ်ကို ကာကွယ်ခြင်း သို့မဟုတ် ကြံမိကြံရာ လုပ်ဆောင်မှုတစ်ခု မဟုတ်ပေ။ အစိုးရအဖွဲ့ကို ပြန်လည်ပြင် ဆင် ဖွဲ့စည်းခြင်းမှာ အမှန်တကယ်တွင်မူ ချမှတ်ပြီးသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် စတင်လုပ်ဆောင်ရန် ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။ ဦးသိန်းစိန်သည် ၎င်း၏ အစိုးရတွင် စစ်တပ်ပါဝင်မှု  လျော့ချနေခြင်း အပြင်၎င်း၏ ဝန်ကြီးများ ရွေးချယ်မှုမှာ ၎င်း၏အုပ်ချုပ်ရေးတွင် တစ်စုတစ်စည်းတည်း ဖြစ်ရန် ကြိုးစားနေ ကြောင်း ပြသနေသည်။

ဝန်ကြီးတစ်ဒါဇင် ကျော်ကျော်ကို အစားထိုးခြင်း၊ အနားယူစေခြင်းများ ပြုလုပ်သည့်အပြင် ဒုတိယဝန်ကြီး နှစ်ဆယ်ကျော်ကျော် ကိုလည်း ခန့်ထား သည်။ နောက်ထပ် ပြောင်းလဲမှုများ ပြုလုပ်ရန် စီစဉ်ထားသေးကြောင်း အစိုးရ အကြံပေးများက ပြောကြားသည်။

နောက်ထပ်ပြောင်းလဲမှုများ ပြုလုပ်ရန် တန်းစီထားသေးကြောင်း အစိုးရ အကြံပေးများက ပြောကြားသည်။ ဆောက်လုပ်ရေး ဝန်ကြီး ဦးခင်မောင် မြင့်နှင့် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်ကဲ့သို့ လူသိများသော သဘောထား တင်းမာသူများသည် ရာထူးမှ နုတ်ထွက်သွားခဲ့ပြီ ဖြစ်သည်။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဦးတင့်ဆန်းတို့သည်လည်း ပြောင်းရွှေ့ခံခဲ့ရသည်။

ဒုတိယ ယခုပြုပြင်ပြောင်းလဲရေးတွင် အရေးကြီးဆုံး အချက်တစ်ခုမှာ အရပ်သားအမြောက်အများကို ဒုတိယဝန်ကြီးအဖြစ် ခေါ်သွင်းလာခြင်း ဖြစ်သည်။ အများစုမှာ သင်ကြားရေးပိုင်းမှ ပညာရှင်ဟောင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အရပ်သားဝန်ထမ်းများ ဖြစ်ကြသည်။ ယခုသမ္မတ၏ အသိ အမှတ်ပြုဖွယ် ကောင်းသော လုပ်ဆောင်မှုတွင် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးများမှာ ထူးထူးခြားခြား ထွက်ပေါ်လာသည်။ ခန့်အပ်ခြင်း ခံရသူများတွင် ဝင်စတန်ဆက်အောင်သည် စီးပွားရေး လုပ်ငန်းရှင်၊ ပညာရှင်ဖြစ်သည် သာမက လွန်ခဲ့သော နှစ်ကတည်းက သမ္မတကို စီးပွားရေးနှင့် ပတ်သက်သော အကြံ ပေးနေသူ တစ်ဦး ဖြစ်သည်။ ထိုကဲ့သို့သော စီးပွားရေးကို ဦးစားပေးသော ခန့်အပ်မှုမျိုး ထွက်ပေါ်လာရန် ရှိနိုင်သေးသည်ဟု အစိုးရအတွင်း လူများက သဲလွန်စ ပေးကြသည်။

ယခင်က ဝန်ကြီးများ နုတ်ထွက်သွားသောအခါ သို့မဟုတ် ပြောင်းရွှေ့မှုကို အစားထိုးမှုများ ပြုလုပ်ပါက လက်ရှိ စစ်တပ်မှ ပုဂ္ဂိုလ်များသို့မဟုတ် ပြောင်းရွှေ့ အစားထိုးမှုများ ပြုလုပ်ပါက လက်ရှိစစ်တပ်မှ ပုဂ္ဂိုလ်များ သို့မဟုတ် အငြိမ်းစား စစ်တပ်မှ ပုဂ္ဂိုလ်များကို ခန့်အပ်လေ့ရှိသည်။

ထိုနည်းဖြင့် စစ်အာဏာရှင်များသည် အာဏာကို ထိန်းချုပ်ထားပြီး တပ်မှူးများသည် တစ်စုတစ်စည်းတည်း အထောက်အပံ့ ပြုရန်စီမံထားသည်။ ဦးသိန်းစိန်သည် ယခုအခါ အဆိုပါ၎င်း၏ ဝန်ကြီးအဖွဲ့ကို အရပ်သားများ တတ်နိုင်သမျှ ပါဝင်လုပ်ဆောင်နေသည်။

ထိုလုပ်ဆောင်ချက်သည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များကို ပိုမိုနှစ်သက် သဘောကျစေသည်။ အစိုးရ အဖွဲ့အတွင်းသို့ အရပ်သား မျက်နှာသစ်များ စွဲသွင်းလာခြင်းကြောင့် ပို၍နှစ်သက်စရာ ဖြစ်ရကြောင်း သြစတြေးလျ စီးပွားရေး ပညာရှင်Sean Turnell၏ အဆို အရသိရသည်။ ကြွယ်ဝမှုနှင့် လုပ်ခနည်းသော လုပ်သားအင်အားကြောင့် နိုင်ငံခြား ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများအတွက် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်း ရှင်များသည် ပြင်ဆင်လျက်ရှိသည်။ အဆိုပါ လုပ်ငန်းစဉ်များ အရှိန်မြှင့်တင် နိုင်ရေးမှာ သမ္မတ၏ ဝန်ကြီးများပြောင်းလဲမှု လုပ်မှသာ ဖြစ်မည်ဟူသော ယေဘုယျ ယူဆချက်များကလည်း ရှိနေသည်။

ပြီးခဲ့သည် အပတ်က အပြောင်းအလဲများတွင် ဦးသိန်းစိန်သည်  ပြန်ကြားရေး၊ စီမံကိန်းနှင့် စီးပွားရေး၊ ဘဏ္ဍာရေး၊ စက်မှုနှင့် ရထား ပို့ဆောင်ရေး ဝန်ကြီများကို အစားထိုး လဲလှယ်ခဲ့ပြီး  စီးပွားရေး ဝန်ကြီးများကို  သမ္မတရုံးသို့ ပြောင်းရွှေ့ခဲ့သည်။ ဘဏ္ဍာရေး ဝန်ကြီး ဦးလှထွန်း၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးတင်နိုင်သိန်း စက်မှုဝန်ကြီး ဦးစိုးသိန်းနှင့် ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းတို့ကို စီးပွားရေးအား ကြီးကြပ် လုပ်ဆောင်နိုင်ရန် သမ္မတရုံးသို့ ပြောင်းရွှေ့ခဲ့သည်။

သို့သော် ယခုအစိုးရအဖွဲ့ အပြောင်းအလဲသည် ဦးသိန်းစိန်၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ(အာဏာရှင်ဟောင်း ဦးသန်းရွှေထံမှ လက်ဆင့်ကမ်း လာခြင်းဖြစ်ဟန်တူသည်)၏ နောက်ထပ် အစိတ်အပိုင်း တစ်ခုကို ပြသနေသည်။ အာဏာ၏ ဗဟိုပြုမှုကို သူ၏ရုံးတွင် ရှိစေလိုသည့် သဘောဖြစ်သည်။

“အခုဟာ ပြောင်းရွှေ့နေရာ ချထားခြင်းထက်စာရင် အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခြင်း ဖြစ်နိုင်ပါတယ်”ဟု အစိုးရ အတွင်း လူတစ်ဦးက ပြောသည်။ ယခုအခါ  စီပွားရေး ဝန်ကြီးလေးဦးသည် တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရုံးအတွင်းမှနေ၍ ကြီးကြပ်လုပ်ဆောင် တော့မည်ဖြစ်သည်။” ဆိုလိုသည်မှာ ၎င်းတို့သည် သမ္မတ၏ အောက်တွင် အလုပ်လုပ် တော့မည်ဖြစ်ပြီး သမ္မတကို အခြားကိစ္စများကို အာရုံပြုနိုင်ရန် လွတ်လပ်သွားစေမည် ဖြစ်သည် ဟု သမ္မတ၏ နိုင်ငံတော် အကြံပေးများ၏ အဆိုအရ သိရသည်။ ၎င်းတို့သည် သမ္မတနှင့် တိုက်ရိုက်ထိတွေ့မှု တိုးတက်လာပြီး လုပ်ပိုင်ခွင့် အာဏာပို ပေးလာမည် ဖြစ်သည်။

“ဒါဟာ သမ္မတကို ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်ကို ပိုမိုချောမွေ့ လွယ်ကူစေပြီး သူ့ရဲ့ ဝန်ကြီးတွေပိုပြီး ထိထိရောက်ရောက် လုပ်နိုင်အောင် လုပ် တာပါ”ဟု အစိုးရ အတွင်းလူ တစ်ဦးက ပြောသည်။

ထို့ပြင်၎င်းသည် အီလစ်ဝန်ကြီးအုပ်စုကို  ဖန်တီးပြီး သမတရုံး၏ အာဏာကို ဗဟိုချက်ဖြစ်အောင် စုစည်းသော လုပ်ငန်းစဉ်လည်း ဖြစ်သည်။ အဆိုပါ အုပ်စုကို စူပါကတ်ဘိနက်ဟု ခေါ်နိုင်ပြီး အစိုးရ၏ အုပ်ချုပ်ရေးလုပ်ငန်း အများစုကို တာဝန်ခံမည်ဟု ယူဆရသည်။ ဝန်ကြီး ဦးစိုးသိန်းသည် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူ လိမ့်မည်ဖြစ်သည်။

ဗဟိုဘဏ်တွင်လည်း ကြီးမားသော ပြောင်းလဲမှုများ ပြုလုပ်ရန် အသင့်ဖြစ်နေသည်။ ၎င်းသည် ဘဏ္ဍာရေးဝန်ကြီး ဌာနလက်အောက်တွင် ရှိတော့ မည် မဟုတ်သော်လည်း လုံးဝလွတ်လပ်သော အဆင့်ရှိမည် မထင်ဘဲ semi- autonomousအဆင့် ရှိမည်ထင်သည်။ ဗဟိုဘဏ် ဥက္ကဋ္ဌမှာလည်း ဝန်ကြီး အဆင့်သို့ မြှင့်တင်ပေးမည်ဖြစ်သည်။ ဗဟိုဘဏ်ကို သိသိသာသာ တိုးချဲ့မည်ဖြစ်ပြီး ဌာနများစွာ တိုးလာပြီး၊ ဝန်ထမ်းများမှာလည်း နှစ်ဆတိုးကာ ၂၅၀၀ ကျော် ရှိလာမည်ဖြစ်သည်။

အချို့ဝန်ကြီးဌာနများ ပေါင်းစည်းခဲ့ပြီး အချို့ကို ဖျက်သိမ်းခဲ့သည်။ အစိုးရသည် စက်မှုလုပ်ငန်း စီမံကိန်းကြီးများကို စောင့်ကြည့်သော စက်မှု ဖွံ့ဖြိုး ရေး ဝန်ကြီးဌာနကို ဖျက်သိမ်းခဲ့ပြီး ၎င်းတာဝန်များကို သမ္မတရုံးသို့ လွှဲပြောင်းပေးခဲ့သည်။

         အချို့ဝန်ကြီးဌာနများကို ပြန်လည်ပေါင်းစည်းခဲ့ရာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနများ ပါဝင်သည်။ သမ္မတ၏ အဆိုအရ ရည်ရွယ်ချက်မှာ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ် ဖြန့်ဖြူးရေးတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ကြီးကြပ်မှု ပိုမိုကောင်းမွန်စေရန် ဖြစ်သည်ဟု သိရသည်။ အခြားအရပ်ဖက် အဖွဲ့ အစည်း များကိုလည်း ပြန်လည်ဖွဲ့စည်းရန် စီစဉ်လျက်ရှိသည်ဟု အစိုးရ အတွင်းလူများက ပြောသည်။

နောက်ထပ်အရေးကြီးသော ပြောင်းလဲမှုတစ်ခုမှာ ယခင်ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းကို သမ္မတရုံး ဝန်ကြီးအဖြစ် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

၎င်းသည် အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်မှု သာမက မြန်မာနိုင်ငံမှ ထွက်သွားသူများ ပြန်လာရေးအတွက် အားပေးရန် တာဝန်ရှိသူ ဖြစ်လာမည် ဖြစ်သည်။

၎င်းသည် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီဝင် ဖြစ်လာမည် ဖြစ်ပြီး စစ်တပ်အပေါ် အာဏာ သက်ရောက်မှုရှိရန် တာဝန်ပေး လိမ့်မည် ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။

သမ္မတ၏ အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်ခြင်းသည် ၎င်း၏ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နောက်တွင် ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှု ရစေရန် မဟာဗျူဟာ၏ အစိတ်အပိုင်း တစ်ရပ်သာ ဖြစ်သည်။ ထိုသို့လုပ်ဆောင်မှုကို နိုင်ငံတော် ဒုတိယ သမ္မတအသစ် ခန့်အပ်ခြင်းမှ စတင်ခဲ့သည်။ ဒုတိယ သမ္မတ သစ် ဦးဥာဏ်ထွန်းသည် ဦးသိန်းစိန်နှင့် ဆင်တူပြီး လေသံနူးညံ့ကာ သစ္စာရှိင်္ပြီး သတိရှိသူ ဖြစ်သည်။ သို့သော် သူသည် စစ်တပ်အကျိုးကို မြဲမြံစွာ ကာကွယ် မည့်သူ ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သော  သတင်းရင်းမြစ်များက ပြောကြားသည်။

ဦးဥာဏ်ထွန်းအား ခန့်အပ်မှုမှာ လိုအပ်ချက် တစ်ခုဖြစ်ပြီး ဝေဖန်မှုများ ခံရပြီး အခက်အခဲ အမျိုးမျိုး ရှိနေသော သမ္မတအတွက် စစ်တပ်မှ ပံ့ပိုးသော နည်းလမ်းတစ်ခု ဖြစ်သည်။

စစ်တပ်သည် ဦးသိန်းစိန်နှင့် ၎င်း၏ပြုပြင်ပြောင်းလဲရေး အစီအစဉ် များအပေါ် ထောက်ခံကြောင်း စစ်တပ်တွင်းမှ လာသော သတင်းများအရ သိရှိရ သည်။

အတိအကျဆိုသော် စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည် ဦးသိန်းစိန်ကို ထောက်ခံသူ စစ်စစ်တစ်ဦးအဖြစ် ပေါ်ထွက်ခဲ့သည်။ ၎င်းသည် လုပ်ငန်းဆောင်တာများ၌  ဒီမိုကရေစီ စမ်းသပ်မှုများကို လိုလားသူ တစ်ဦးဖြစ်ပြီး ဦးသိန်းစိန်ကလည်း ရနိုင်သမျှ အကူအညီ လိုအပ်နေသူ တစ်ဦး ဖြစ်သည်။ ၎င်းသည် အခြေခံဥပဒေဆိုင်ရာ ကိစ္စများတွင် လွှတ်တော်နှင့် သဘောထား မတူညီမှုများရှိသည်။

ဒီမိုကရက်တစ် အတိုက်အခံသည် မကြာခင်က ရရှိသော မီဒီယာ လွတ်လပ်ခွင့်ကို အသုံးချ၍ ပြောင်းလဲမှုများကို လှုံ့ဆော်ရန် လုပ်ဆောင်လျက် ရှိ သည်။ အစိုးရ၏ ကချင်နှင့် တိုက်ပွဲများမှာလည်း ပိုမိုပြင်ထန်လာပြီး အစိုးရနှင့် မကြာမီက ရရှိထားသော ငြိမ်းချမ်းရေး သဘောတူညီချက် များတွင်လည်း အက်ကြောင်း ပေါ်လျက်ရှိသည်။

ကျေးလက်များတွင် လယ်ယာမြေများ မတရား သိမ်းယူခြင်းအတွက် ဆန္ဒပြခြင်း၊ ရခိုင်ပြည်နယ်တွင် ဘာသာရေးအရ ပြင်းထန်သော လုပ်ရပ်များ ဖြစ်ပွားခြင်းများသည် သမ္မတ၏ လုပ်ဆောင်ချက်များ မထိမရောက် ဖြစ်နေချိန်တွင် ဗူးလေးရာ ဖရုံဆင့် ဖြစ်ရသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် စစ်တပ် ကသာ  သမ္မတကို မြဲမြံစွာ ထောက်ခံနေပုံရသည်။

ယခုအချိန်တွင် ၎င်း၏တစ်ခုတည်းသော မျှော်လင့်ချက်မှာ အစိုးရ၏ စွမ်းဆောင်ရည်အပေါ် အထူးအလေးပေး နေခြင်းသည် လုပ်စရာများသော ကြောင့် အခက်အခဲ ဖြစ်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ရှင်းလင်းသွားစေရန် ဖြစ်စေမည်ဟူသော မျှော်လင့်ချက်ဖြစ်သည်။ “သဘောထား တင်း မာသူများနဲ့ ပြုပြင်ပြောင်းလဲရေး သမားများကြားက တိုက်ပွဲကို ပုံကြီးချဲ့ နေကြတယ်” ဟု၎င်းက ဖြည့်စွက်ပြောသည်။

“အစိုးရကတော့ သူကတိအတိုင်း လုပ်ပေးသွားမှာပါ။ အချိန်က စကားပြောသွားပါလိမ့်မယ်”ဟု အခြားအတွင်း လူတစ်ဦးက ပြောသည်။ ပြည်သူ အများစုသည် ၎င်းတို့၏ ကာလကြာရှည်က စောင့်စားခဲ့ရသော ဒီမိုကရေစီ ဆုလာဒ်ကို ဘယ်တော့ မြင်တွေ့ရမည် ဆိုတာကို မျှော်လင့်နေကြရသည်။

ပြီးခဲ့သည့် လအစောပိုင်းက သမ္မတဦးသိန်းစိန်က အစိုးရ၏ လက်ငင်း ဦးစားပေးမှာ တစ်နှစ်လျှင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှုန်းကို ၈ရာခိုင်နှုန်း အထိ တိုးမြှင့်ရန်နှင့် လူတိုင်းအတွက် စစ်မှန်သော ဝင်ငွေတိုးတက်မှု ဖြည့်ဆည်းပေးနိုင်ရေး ဖြစ်သည်ဟု ကြေညာခဲ့သည်။

မြန်မာ့စီးပွားရေး ပညာရှင်အများစုက သမ္မတ၏ အစီအစဉ်ဖြင့် အထူးသဖြင့် ၂၀၁၅တွင် တစ်ဦးချင်းဝင်ငွေ တစ်နှစ်လျှင် ဒေါ်လာ ၃၀၀၀ကျော်သို့ တိုးလာရေးသည် ရည်မှန်းချက် ကြီးလွန်းပြီး၊ သဘာဝ မကျကြောင်း ယုံကြည်နေကြသည်။

ထိုအချိန်တွင် ဦးသိန်းစိန်သည် သမ္မတအဖြစ်မှ အငြိမ်းစား ယူမည်ဖြစ်သည်။ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် အသာရရေးအတွက် အစိုးရသည်  ပြည်သူလူထု၏ လူ နေမှု အဆင့်ကို တိုးတက်အောင် လုပ်ဆောင်ပေးရမည်ဟု သဘောပေါက်လျက်ရှိသည်။

---------------------------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သို့ လာမည်အပတ်တွင် သွားရန် စီစဉ်

(Gulf Time မှ 9Sept 2012ရက်စွဲပါ “Suu Kyi visit to US next week” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ပြည်ထောင်စုသို့ လာမည့် တနင်္ဂနွေနေ့တွင် သွားရောက် မည် ဖြစ်ပြီး ထိုခရီးစဉ်တွင် ဝါရှင်တန်၏ အမြင့်ဆုံး  ဂုဏ်ပြုဆုတံဆိပ်ကို NLD လက်ခံရယူမည်ဟု ပါတီပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။

ခရီးစဉ်ဟာ ၁၉၉၀မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ အကျယ်ချုပ် ကျပြီးနောက်ပိုင်း ပထမဆုံး အမေရိကန် ခရီးစဉ်ဖြစ်လာပါလိမ့်မည်။ စက် တင်ဘာ ၁၆ရက်မှာ ထွက်ခွာမှာပါ ဟုNLD ပါတီပြောရေး ဆိုခွင့်ရှိသူ  ဦးဥာဏ်ဝင်းက ပြောကြားသော်လည်း အသေးစိတ် အချက်အလက်များ ထုတ်ပြန်ခြင်း မပြုပါ။

မြန်မာ့အပြောင်းအလဲ၏ ဒီမိုကရေစီ လက္ခဏာ တစ်ခုအဖြစ် ယခုနှစ် ဧပြီလ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ် ဖြစ်လာခဲ့သူ ဒေါ်အောင်ဆန်း စုကြည်သည် အမေရိကန်သို့ ရောက်ရှိလာမည့် အချိန်တွင် မြန်မာသမ္မတ ဦးသိန်းစိန်သည်လည်း ကုလသမဂ္ဂ ညီလာခံ တက်ရောက်ရန် အမေရိကန် ပြည် ထောင်စုသို့ လာရောက်မည်ဟု သိရှိရသည်။

ခေါင်းဆောင်နှစ်ဦး၏ ဇွန်လက ဘန်ကောက် ခရီးစဉ် တိုက်ဆိုင်မှု ကဲ့သို့သော ရှုတ်ထွေးမှု မဖြစ်ရလေအောင် ယခုတစ်ကြိမ်တွင် ကြိုတင်ညှိနှိုင်း စီစဉ် ထားကြပုံ ရသည်ဟု နေပြည်တော် သတင်းရပ်ကွက်က ဆိုသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လက ဘန်ကောက် ခရီးစဉ်တွင် NLDပါတီ၏ သံခင်းတမန်ခင်း စီစဉ်ညှိနှိုင်းမှုများ ချို့ယွင်းချက် ရှိသည် ဟူ သော ဝေဖန်မှုများအပေါ် နိုင်ငံရေး အကဲခတ် သူများက မှတ်ချက်ပေးရာတွင် “လေဒီနှင့် NLD ပါတီဟာ နှစ်ပေါင်း၂၀လုံးလုံး ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ခံ ခဲ့ရပြီးမှ အခုလတ်လပ်ခွင့် ရှိလာတာ တစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ ဒီလိုအချိန်တို အတွင်းမှာ မြန်မြန်ဆန်ဆန် နလံထူ ရှင်သန်နိုင်ဖို့ ကြိုးစားနေရတဲ့ အဖွဲ့ အစည်း တစ်ခုရဲ့ မထူးဆန်းတဲ့ ချို့ယွင်းချက် လေးတွေကို လက်ညှိုးထိုးပြီး အပြစ်တင်တာမျိုး မလုပ်သင့်ပါဘူး” ဟုပြောဆိုခဲ့သည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment