Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၂.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စနစ်ကို အပြစ်ဖို့ခြင်း

*****************************************

ဆောင်းပါးကဏ္ဍ

စနစ်ကို အပြစ်ဖို့ခြင်း

နိုင်မော်

ကျွန်တော်သည် လူဖြစ်လာကတည်းက လူတွေအများဆုံး ပြောတဲ့စကားတစ်ခွန်းကို ကြားဖူသည်။ ဤကားအခြားမဟုတ်။ “စနစ်ကြီးကမှ မကောင်းတာ” ဆိုတာပဲဖြစ်တယ်။ မီးခဏခဏပျက်တော့လည်း စနစ်မကောင်းလို့၊ ကျောင်းသားတွေ ပညာအရည်အသွေးနိမ့်ကျတော့လည်း စနစ်မ ကောင်းလို့၊ စီးပွားရေးမပြေလည်တော့လည်း စနစ်မကောင်းလို့ စတဲ့စတဲ့ကိစ္စတွေ ပေါ်လာတိုင်း ဒီအဆင်မပြေမှုတွေကို စနစ်နဲ့ သွားချိတ်ပြီး၊ စနစ်ကို အပြစ်ပုံကြလေသည်။ ဒီတော့ ထိုနေရာမှာ တစ်ချက် စဉ်းစားရန်ရှိသည်မှာ စနစ်မကောင်းဘူးဆိုတဲ့ကိစ္စ။ ဒီကိစ္စကို ကျွန်တော်အရင်က ဘူးမလုံး နားမထွေး ဖြစ်ခဲ့ရသည်။ ဒါပေမယ့် ဒီကိစ္စကိုစဉ်းစားရင် အခုခေတ်ရောက်မှပဲ အဖြေမှန်ပေါ်တော့တယ်ဗျာ။ ဒီကိစ္စကို အကြာကြီးစဉ်းစားလာပြီး ဒီကနေ့တော့ ကျွန်တော့်ရဲ့အမြင်တွေကို စုစည်းတင်ပြလိုက်ပါတယ်။

ဒီလိုစဉ်းစားရာမှာ ကဏ္ဍအလိုက်စဉ်းစားပေးပါမည်။ ကျွန်တော့် ဦးလေးတွေ၊ အဖေတွေခေတ်က ကျွန်တော်တို့နိုင်ငံဟာ သူများအားမကိုးဘူး ဆိုရှယ်လစ်နိုင်ငံထူထောင်ဖို့ဆိုပြီး ဦးတည်လုပ်ဆောင်လာကြတယ်။ ဟုတ်ပါတယ်။ အဲဒီခေတ်အခါကတော့ ကျွန်တော်တို့ဟာ ပြောင်းဖို့ထောက်ခံခဲ့ကြတာ ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေးဟုပင် တင်စားခဲ့ကြတယ်လေဗျာ။

ဒါပေမယ့် လူအကြောင်း ပေါင်းမှသိဆိုသလို စနစ်အကြောင်း ပြောင်းမှသိရတော့တယ်ဗျာ။ ကဲမကောင်းလို့ ဖြိုတဲ့အခါကျတော့လည်း ပြည်သူ တွေရဲ့ အသက်ပေါင်းများစွာ ပေးဆပ်ရပြန်တယ်။ ပြီးတော့ အဖျားရှူးပြီးတော့ အားကြီးသူတွေလက်အောက်ရသွားတာ နှစ်နှစ်ဆယ်နီးပါးကြာခဲ့တယ်။ အုပ်ချုပ်သူကလည်း နိုင်ငံတည်ငြိမ်ရေးကို ရှေ့ရှုပြန်လေတော့ အခွင့်အရေးတွေ ဆုံးရှုံးရပြန်တယ်။ အပြောင်းအလဲကာလမှာ လူတွေနှင့် နိုင်ငံတော် အတွက် အရေးကြီးတဲ့ အင်အားစုတွေ ပျောက်ကွယ်ခဲ့ရတယ်။

ပညာရေးလည်း အားနည်းကြရတယ်။ ဖြစ်လိုက်တဲ့အပြောင်းအလဲဟာလည်း ပြုပြင်ပြောင်းလဲမှုကို လိုလားတဲ့ လူငယ်တွေစုစည်းရာ တက္ကသီ လာက စကြတယ်။ ဒီတော့ ကျောင်းတွေကို ခဏခဏ ပိတ်ရပြန်လေတယ်။ ကျောင်းသားတွေမှာ ကျောင်းပိတ်တဲ့ ကြားကာလတွေမှာ ဘဝအခြေအနေ တွေ မျိုးစုံပြောင်းလဲပြီး ပညာရေးရဲ့အနှစ်ကို အပြည့်အဝ မရရှာကြဘူးပေါ့ဗျာ။ မြန်မာနိုင်ငံရဲ့သမိုင်းကလည်း ထူးဆန်းတယ်ဗျ။ ဗိုလ်ချုပ်တို့ နိုင်ငံရေး လှုပ်ရှားမှုစတော့လည်း ကျောင်းသားဘဝက ဖြစ်တယ်။ ထစ်ကနဲရှိ ကျောင်းသားတွေကနေ စကြတာပေါ့။ ကျောင်းသားဆိုတာက လူငယ်လေဗျာ။ လူငယ် ဖြစ်တော့ ဆန်းသစ်တဲ့အတွေးအခေါ်ရှိတယ်။ ဒီအတွက်ကြောင့် သူတို့က ခေတ်ကာလမှာ ဖြစ်ပျက်နေတဲ့ မဖြစ်သင့်တဲ့ကိစ္စတွေကို မြင်တယ်။ အတွေးခေါ် လွတ်လပ်တယ်။ ဒါပေမယ့် အဲဒီကာလ အာဏာချုပ်ကိုင်ခဲ့သူတွေက ခေတ်လူသားတွေကို ပိတ်လှောင်ထားချင်တယ်။ ဒီတော့ အာဏာကို ချုပ်ကိုင်ချင် သူတွေနဲ့ ပြောင်းလဲလိုသူတွေကြားထဲမှာ မတည်မငြိမ်တွေ ဖြစ်ရတော့တာပါပဲ။ ဒီတော့ အာဏာရှင်တွေက ကျောင်းသားအဖွဲ့အစည်းကို ဖိနှိပ်တယ်။ ချုပ် ခြယ်တယ်၊ ကန့်သတ်မှုတွေလုပ်ကြတယ်။ ထစ်ခနဲရှိ ကျောင်းပိတ်ဖို့ကိုပဲ စီစဉ်ကြတော့တာပေါ့ဗျာ။ ပညာရပ်တွေကို ကန့်သတ်တယ်။ တက္ကသိုလ်ဟာ တက္ကသိုလ်ဟူ၍ပင် မမည်တော့ခဲ့ဘူးပေါ့ဗျာ။ အဲဒီကာလမှာ တိုင်းပြည်အတွင်း ကျောင်းသားအရေးအခင်းတွေလည်း ဖြစ်ခဲ့တယ်။ အဲဒီကျတော့ အစိုးရ ကျောင်းတွေ၊ တက္ကသိုလ်တွေ ပိတ်ခံရတယ်။ ဒီတော့ ကျောင်းသားတွေဟာ စာပေလေ့လာရေးကို ပြတ်တောင်းပြတ်တောင်းသင်ရတဲ့ဘဝကို ရောက်ရ တယ်။ ဒီလိုကျောင်းတွေပိတ်တဲ့ ကာလအတွင်းအချို့ကလည်း မိသားစုအတွက် ဝမ်းကျောင်းသူကကျောင်း၊ ဘဝပျက် တေပေသူကတေပေ၊ တောခိုတဲ့ သူကတောခို စသည်အားဖြင့် သောင်ပြင်ထဲလွှတ်လိုက်တယ်ပမာ ဖြစ်ရပြန်တယ်။ အာဏာရှင်ကို တော်လှန်ဖို့လုပ်ပြီး မြန်မာပြည်ကျောင်းသားတပ်ဦးဆိုပြီး မြန်မာပြည်မြောက်ပိုင်းနယ်ခြားမှာ သွားဖွဲ့တာမျိုး တွေရှိခဲ့တယ်။ အဲဒီမှာလည်း ကျောင်းသားတွေမှာ အချင်းချင်း သွေးကွဲမှုတွေ၊ သတ်ဖြတ်မှုတွေ ဖြစ်ခဲ့ရ တာပေါ့ဗျာ။ ဒီခြေအနေတွေရဲ့ မူလဇာစ်မြစ်ကို လှန်ကြည့်တော့လဲ သူတို့တွေစနစ်ကို အပြစ်ဖို့တာ မဆန်းဘူးလို့ တွေးမိပြန်တယ်ဗျ။

ဆိုရှယ်လစ်ခေတ်နောက်ပိုင်းမှာ အစိုးဟာ နိုင်ငံကို နိုင်ငံတကာနဲ့ အဆက်အသွယ် တဖြည်းဖြည်းဖြတ်ဖို့ ကြိုးစားလာတယ်။ ဒါတွေဟာ အဲဒီတုန်း ကတော့ ပြည်သူတွေဟာ အကောင်းကြီးမှတ်ပြီး သွေးကြီးခဲ့ကြတာပေါ့ဗျာ။ ဒါ့အပြင် အဲဒီခေတ်ကာမှာ ပြည်သူပိုင်သိမ်းတာတွေ ရှိလာတယ်။ ပုဂ္ဂလိက လုပ်ငန်းတွေကို သင်းသတ်ပစ်တဲ့သဘော သက်ရောက်ခဲ့တယ်။ လူမျိုးဘာသာ မခွဲခြား၊ လုပ်ငန်းကြီးငယ်မချန်ကို သိမ်းခဲ့တာပေါ့ဗျာ။ အမှန်ဆိုရင် စီးပွား ရေးလုပ်ငန်းတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ အသက်ပါပဲ။ စီးပွားရေးကောင်းမွန်မှ နိုင်ငံရေးတည်ငြိမ်မယ်ဆိုတဲ့သဘောကို လက်မခံ နားမဝင်ခဲ့ဘဲ အလွဲလမ်းကို လိုက်ခဲ့ကြတယ်။

နိုင်ငံတကာနဲ့ အဆက်အသွယ်နည်းခဲ့တော့ မြန်မာနိုင်ငံဟာ အမြင်ကျဉ်းမြောင်းစွာနဲ့ပဲ အာဏာရှင်အလိုကျ ကရရှာတဲ့ဘဝကို ရောက်ရတယ်။ ပုဂ္ဂလိကကို လုပ်ပိုင်ခွင့်မပေးတော့ မှောင်ခိုဈေးကွက်ပေါ်တယ်။ အဲဒီအခါကျတော့ အစိုးရဟာသူရမယ့် အခွန်ကိုမရဖြစ်ရတယ်။ တိုင်းပြည်ရဲ့ ဝင်ငွေတွေ ဆုံရှုံး၊ ဘတ်ဂျတ်လိုငွေပြ၊ ပြီးတော့ ငွေဖောင်းပွမှုဖြစ်လာ၊ အဲအခြေအနေမှာ ကြံရမရတဲ့အဆုံး အပြစ်မဲတဲ့ငွေကို ငွေကြေးဖျက်သိမ်းမှု လုပ်လိုက်တယ်။ အဲဒီမှာပဲ ငွေကိုကိုင်ထားတဲ့ ရိုးသားကြိုးစားသူတွေရဲ့ စုဆောင်းငွေတွေ ဆုံးရှုံးရတာပေါ့ဗျာ။ လုပ်သင့်တဲ့အရာမလုပ်ဘဲ မလုပ်သင့်တဲ့အရာ လုပ်လိုက် တယ်။ အဓိကကတော့ တိုင်းပြည်စီးပွားရေးကို မကိုင်တွယ်တတ်လို့ပဲဖြစ်တယ်။

နောက်ပြီး အစိုးရရုံးဌာနတွေကို ကြည့်လိုက်ပါက လာဘ်ပေးလာဘ်ယူမှု ဝင်္ကပါထဲက ရုန်းမထွက်နိုင်ဖြစ်ခဲ့ရတယ်။ တရားရုံးတွေကို ကြည့်ပြန် တော့လည်း ဒီသံသရာထဲက မထွက်နိုင်၊ ငွေများတရားနိုင်အဖြစ်မျိုး ရောက်ကြရတယ်။ ပြည်သူတွေမှာလည်း စားဝတ်နေရေး ဘယ်လောက်အထိ ကျပ်တည်းတယ်ဆိုရင် ယခုလူတွေပြောတဲ့ ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တဲ့ ၁၉၈၈ တစ်ဝိုက်လောက်ကဆိုရင် စက်ရုံတွေဖောက်ပြီး လုတဲ့ အဆင့်ပင် ရောက်ခဲ့တယ်။ ဟော ၈၈ပြီးပြန်တော့ ငါတို့တွေ အာဏာရှင်အောက်က လွတ်မယ်လို့ စိတ်ကူးယဉ်တုန်း လူတစ်စုတစ်ဖွဲ့ရဲ့ ဦးဆောင်တဲ့အောက် ကို ကျွန်တော်တို့နိုင်ငံကြီး ရောက်ရပြန်တယ်။ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ ဆုလာဒ်ကတော့ ထောင်ရောက်ရင်ရောက် မရောက်ရင် တောထဲသို့ ပြည်ပနိုင်ငံ တွေကို ရောက်ကြရတယ်။ ပညာရှင်အများစုဆိုရင် ပြည်ပထွက်တာများကြတယ်။ စင်ကာပူမှာကြည့်ကြည့် မလေးရှားကြည့် တို့မြန်မာတွေရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ခေတ်ရောက်ပြန်တော့ ကျွန်တော်တို့မှာ လာဘ်ပေးလာဘ်ယူမှုကို အဟုတ်မှတ်၍ ‘ခွင်ကောင်းတယ်’ ဟူ၍ပင် ဆိုလာကြတယ်။ လူကြီးများက ပြောပြောနေတာ အကောက်အခွန်တို့၊ ထောက်လှမ်းရေးတို့၊ လဝကတို့မှာ လုပ်ခွင်ကောင်းတယ်ဟူ၍ပင် ဆိုကြသည်။ ရိုးသားသော လူငယ် များကိုဆိုရင် “မင်းပုံစံနဲ့ဆိုရင်မဖြစ်ဘူး၊ အစိုးရအလုပ်လုပ်လို့မရဘူး၊ စာအုပ်ကြီးအတိုင်းနဲ့ မဟန်ပါဘူးကွာ”ဆိုပြီး ပြောနေတာကိ&