Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၁၂.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. တစ်နှစ်အတွင်း ထိရောက်မှုမရှိသည့် ပုဂ္ဂလိကအာမခံကုမ္ပဏီများ လိုင်စင်ပြန်သိမ်းမည်
  2. နော်ဝေနိုင်ငံမှ မြန်မာထုတ်ကုန်တင်ပို့မှု အခွန်ကင်းလွတ်ခွင့်ပြုပြီ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး စက်တင်ဘာ ၂၇ ရက်နေ့ ကျင်းပမည်
  2. နိုင်ငံတကာငြိမ်းချမ်းရေးနေ့တွင် ပြည်တွင်းစစ်များ ခေတ္တရပ်စဲမည်
  3. ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်ရှိ ဒီချုပ်ပါတီဝင်များ မကျေနပ်မှုများအတွက် စာပို့

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

တစ်နှစ်အတွင်း ထိရောက်မှုမရှိသည့် ပုဂ္ဂလိကအာမခံကုမ္ပဏီများ လိုင်စင်ပြန်သိမ်းမည်

ပုဂ္ဂလိကအာမခံလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိခဲ့သည့်ကုမ္ပဏီများအနေဖြင့် တစ်နှစ်အတွင်း အာမခံလုပ်ငန်းများ ထိရောက်အောင်မြင်နိုင်စေရန် ဆောင်ရွက်နိုင်ခြင်းမရှိပါက လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ပြန်လည်ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

“ခု ပုဂ္ဂလိကအာမခံလုပ်ငန်းလုပ်ဖို့အတွက် ကုမ္ပဏီ ၁၂ ခုကို ရွေးချယ်ထားပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက လုပ်ငန်း တည်ထောင်ခွင့်ပြုပြီးပြီဆိုရင်တော့ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ၁၅ရက်အတွင်း ထုတ်ပေးသွားမှာပါ။ တစ်နှစ်အချိန်ပေးထားပါမယ်။ တစ်နှစ်အတွင်းမှာ ထိထိရောက်ရောက် မလုပ်နိုင်ဘူးဆိုရင်တော့ လိုင်စင်ပြန်သိမ်းမယ်”ပာု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

ပုဂ္ဂလိကအာမခံလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိရေးအတွက် ရင်းနှီးမတည်ငွေကို ၄၆ ဘီလီယံ ပေးဆောင်ထားသော်လည်း အာမခံလုပ်ငန်းကြီးကြပ် ရေးအဖွဲ့မှ လိုင်စင်ထုတ်ပေးပြီးပါက ယင်း ၄၆ ဘီလီယံကို ကုမ္ပဏီများထံသို့ ပြန်လည်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိကအာမခံလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လာရောက်လျှောက်ထားခဲ့သည့် ကုမ္ပဏီများအနက်မှ ကုမ္ပဏီ (၁၂)ခု အား အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိရေးအတွက် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ရွေးချယ်ခဲ့ပြီး သတ်မှတ်ချက်များအနေဖြင့် အသက်အာမခံလုပ်ငန်း အတွက် မတည်ရင်းနှီးငွေ ကျပ်သန်းခြောက်ထောင်၊ အထွေထွေအာမခံလုပ်ငန်းအတွက် မတည်ရင်းနှီးငွေ ကျပ်ငွေသန်းလေးထောင်၊ နှစ်မျိုးလုံးလုပ်ကိုင် မည်ဆိုပါက မတည်ရင်းနှီးငွေ ကျပ်ငွေ သန်းလေးသောင်းခြောက်ထောင် ထည့်ဝင်ရမည်ဖြစ်ပြီး နှစ်စဉ်ကြေးအဖြစ် သုံးသိန်းထည့်ဝင်ရမည်ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိကအာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိခဲ့သည့် ကုမ္ပဏီ (၁၂)ခုမှာ Apex Insurance International Co,ltd၊ I.K. B.Z Insurance International Co,ltd၊ ဧရာမြန်မာအာမခံလုပ်ငန်း၊ မြဝတီအာမခံကုမ္ပဏီလီမိတက်၊ Great Future International Insurance Co,ltd၊ Capital Life Ltd Insurance Application၊ Global Standard Insurance Public Co,Ltd၊ Green Asia Insurance Co,Ltd၊ ကျောက်စိမ်းဘုရင်နှင့် ဘုရင်မဝန်ဆောင်မှု ကုမ္ပဏီ လီမိတက်၊ Pillar of Truth Insurance Co,Ltd၊ နိုင်ငံသားစီးပွားရေး အာမခံအများပိုင်လီမိတက်၊ မြင့်မိုရ်မင်း အာမခံကုမ္ပဏီတို့ဖြစ်ကြောင်း သိရသည်။

YC

-------------------------------------------------------------------------------------------------------------

နော်ဝေနိုင်ငံမှ မြန်မာထုတ်ကုန်တင်ပို့မှု အခွန်ကင်းလွတ်ခွင့်ပြုပြီ

မြန်မာနိုင်ငံမှ နော်ဝေနိုင်ငံသို့တင်ပို့လျက်ရှိသည့် မြန်မာ့ထုတ်ကုန်မျိုးစုံအား နော်ဝေနိုင်ငံမှ ယေဘုယျအခွန်သက်သာခွင့် (GSP)စနစ်ဖြင့် အခွန် ကင်းလွတ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“နော်ဝေနိုင်ငံက မြန်မာ့ထုတ်ကုန်မျိုးစုံကို GSP စနစ်နဲ့ အခွန်ကင်းလွတ်ခွင့်ပြုလိုက်ပါပြီ။ လက်ရှိ နော်ဝေနိုင်ငံကို တင်ပို့နေတဲ့ လယ်ယာထွက် ကုန်၊ စက်မှုထုတ်ကုန်ပစ္စည်းတွေအတွက်လည်း အခွန်ကင်းလွတ်ခွင့်ပေးလိုက်တာပါ။ ပြည်တွင်းကပစ္စည်းတွေနဲ့ပဲ ထုတ်လုပ်တဲ့ပစ္စည်းတွေကော၊ ပြည်ပက ကုန်ကြမ်းမှာပြီး ပြည်တွင်းပြန်ဆင် ပြန်တင်ပို့လုပ်နေတဲ့ ပစ္စည်းတွေအတွက်ပါ အခွန်ကင်းလွတ်ခွင့်ပေးခဲ့တာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြော ကြားသည်။

မြန်မာထုတ်ကုန်တင်ပို့မှုအပေါ် နော်ဝေနိုင်ငံမှ (GSP)စနစ်ဖြင့် အခွန်ကင်းလွတ်ခွင့်ပေးခြင်းမှာ ယခင်းကတည်းကပင် ရှိခဲ့ခြင်းဖြစ်ပြီး ယခင် မြန်မာအစိုးရပောာင်းများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည့် အတွက် နော်ဝေနိုင်ငံ၏ အခွန်ကင်းလွတ်ခွင့်စနစ်မှာလည်း ရပ်တန့်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“နော်ဝေနိုင်ငံက အခွန်ကင်းလွတ်ခွင့်ပေးလိုက်တာ မြန်မာနိုင်ငံက ပထမဆုံးပါပဲ။ ခုဆို မြန်မာအစိုးရသစ်ရဲ့ အပြောင်းအလဲတွေကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေလည်း ပြည်တွင်းကိုဝင်လာဖို့ ကြည့်နေပါတယ်။ ပြီးတော့ နော်ဝေနိုင်ငံက အခွန်ကင်းလွတ်ခွင့်ပေးလို့ မြန်မာ့ထုတ်ကုန်တင်ပို့မှုကဏ္ဍက လည်း မြင့်တက်လာနိုင်ပါတယ်”ပာု ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည့် နော်ဝေနိုင်ငံမှ မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုလုပ် ငန်းစဉ်များကို အားပေးသည့်အနေဖြင့် စစ်လက်နက်ရောင်းချခြင်းနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်ခြင်း ကိစ္စရပ်များမှအပ ကျန်အရေးယူပိတ်ဆို့မှုများကို ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ၂၀၁၂ ဧပြီလ ၁၅ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး စက်တင်ဘာ ၂၇ ရက်နေ့ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးများကို စက်တင်ဘာလ ၂၇ရက်နေ့မှစတင်၍ သုံးရက်သာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ကျင်းပမယ်ဆိုတဲ့ဖိတ်စာတွေတော့ ရနေပါပြီ။ လောလောဆယ်တော့ အဆိုကိစ္စနဲ့ပတ်သက်ပြီး မစဉ်းစားရသေးဘူး။ အစည်းအဝေးက သုံးရက်ပဲဆိုတော့ အချိန်ကလည်း သိပ်ရမှာမပာုတ်ဘူး။ တင်ပြလာတဲ့ မေးခွန်းတွေနဲ့ အဆိုတွေကို စာနဲ့ပြန်ဖြေလိမ့် မယ်လို့ မျှော်လင့်ပါတယ်”ပာု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များမှ အဆိုများတင်သွင်းလျက်ရှိပြီး စက်တင်ဘာလ ၁၂ ရက်နေ့တွင် Contant Plan Meeting ပြုလုပ်ကာ လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုတင်သွင်းမှုများအနက်မှ မည်သည့်အဆိုအား တင်သွင်းမည်ဆိုသည့် ကိစ္စအား ဆုံးဖြတ်ချက်ချသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီအစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သွားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်နေရာမှာ အခြားတပ်မတော်သား ကိုယ်စားလှယ်တစ်ဦး အစားထိုးခန့်အပ်ဖို့အတွက် ဆောင်ရွက်သွားမှာပါ။ လက်ရှိတော့ လွှတ်တော်ကိုယ်စားလှယ်မေးဖို့ဆိုပြီး တင်ထားတဲ့မေးခွန်းပေါင်း သုံးရာကျော်ရှိပါတယ်”ပာု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ယခုကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မဖြေကြားဖြစ်သည့်မေးခွန်းများကို သက်ဆိုင်သူများက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များထံသို့ စာဖြင့် ပြန်လည်ဖြေကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

YC

-------------------------------------------------------------------------------------------------------------

နိုင်ငံတကာငြိမ်းချမ်းရေးနေ့တွင် ပြည်တွင်းစစ်များ ခေတ္တရပ်စဲမည်

လာမည့် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာငြိမ်းချမ်းရေးနေ့တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ပြည်တွင်းစစ်ဖြစ်ပွားနေမှုများကို ခေတ္တရပ်စဲသွားမည်ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ရက်က KNU က ကြေညာချက်ထုတ်ထားပါတယ်။ နိုင်ငံတကာငြိမ်းချမ်းရေးနေ့မှာ ပြည်တွင်းစစ်ကို တစ်ရက်ရပ်