Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၃.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြေသိမ်းခံရမှု ဆန္ဒပြပွဲတွင် ကျောင်းသားအများ၏ ကဏ္ဍပါဝင်လာ

(The Associated Pressမှ 12Sept 2012ရက်စွဲပါ “Myanmar studrents swell rank’s of Lord grab protest” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံတွင် တယ်လီဖုန်းလုပ်ငန်းကို ပုဂ္ဂလိကပိုင် ပြုလုပ်ရန်စီစဉ်

(IANS သတင်းမှ 11Sept 2012ရက်စွဲပါ “Myanmar mulls telecom Industry’s privatization” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. OIC နှင့် မြန်မာတို့သည် လူသားချင်းစာနာသော အကူအညီပေးရေးရုံး တည်ထောင်ဖွင့်လှစ်ရန်သဘောတူ လက်မှတ်ရေး ထိုး

(12 Sept 2012ရက်စွဲပါ Kuwait News Agency မှ “OIC ,Myanmar sign agreement to establish humanitiarian aid office” ကိုဘာသာပြန်ဆိုသည်။)

************************************************************

ဘာသာပြန်သတင်းများ

မြေသိမ်းခံရမှု ဆန္ဒပြပွဲတွင် ကျောင်းသားအများ၏ ကဏ္ဍပါဝင်လာ

(The Associated Pressမှ 12Sept 2012ရက်စွဲပါ “Myanmar studrents swell rank’s of Lord grab protest” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံအနောက်ဘက်ဒေသတွင် တပ်မတော်ပိုင်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ဖက်စပ်လုပ်ကိုင်နေကြသော ကြေးနီစီမံကိန်းအတွက် လယ်ယာမြေအသိမ်းခံရမှုများနှင့် ပတ်သက်၍ ကန့်ကွက်ဆန္ဒပြရာတွင် ကန့်ကွက်ဆန္ဒပြသူများနှင့်အတူ ကျောင်းသားများလည်းပါဝင်လာပြီ ဖြစ်သည်။

စစ်ကိုင်းတိုင်း မုံရွာမှဆန္ဒပြသူများသည် သြဂုတ်လကစတင်ခဲ့ခြင်းဖြစ်သော်လည်း ဆန္ဒပြခေါင်းဆောင်များကို ဖမ်းဆီးမှုကြောင့် ပိုမိုကျယ်ပြန့် လာခဲ့သည်ဟု လှုပ်ရှားသူများက ဗုဒ္ဓဟူးနေ့က ပြောကြားသည်။

ရွာပေါင်း ၂၆ ရွာနှင့် တောင်ကုန်းပေါင်းများစွာပါဝင်သော နယ်မြေတွင်လုပ်ကိုင်နေသော ကြေးနီစီမံကိန်းများအတွက် မြေဧက ၈၀၀၀ နီးပါး သိမ်းယူမှုကြောင့် ဆန္ဒပြမှုများစတင်ခဲ့ခြင်းဖြစ်သည်။

ယခင်ရက်က ဆန္ဒပြသူ ၁၂ ဦး အဖမ်းခံရပြီးနောက် အင်္ဂါနေ့က လူပေါင်း ၁၅၀၀ ခန့်ချီတက်ဆန္ဒပြခဲ့ကြရာတွင် မန္တလေးမြို့မှကျောင်းသား ၂၀ ခန့် ပူးပေါင်း ပါဝင်ခဲ့သည်ဟု အမည်မဖော်လိုသော မုံရွာပွင့်လင်းလူ့အဖွဲ့အစည်းဝင်တစ်ဦးက ပြောကြားသည်။

ဖမ်းဆီးထားသူများထဲမှ ၉ ဦးကို လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း အချုပ်ထဲတွင် ဆန္ဒပြခေါင်းဆောင် ၃ ဦးကျန်နေသေးသည်ဟု ရန်ကုန်မှ မြေယာအခွင့်အရေးလှုပ်ရှားသူ ဦးဝင်းချိုက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

၈၈ မျိုးဆက်အုပ်စုမှ အဖွဲ့ဝင်များသည်လည်း ကြားဝင်စေ့စပ်ညှိနှိုင်းပေးရန် ဗုဒ္ဓဟူးနေ့ကမုံရွာသို့ ရောက်ရှိလာပြီဖြစ်သည်ဟု မုံရွာပွင့်လင်း အဖွဲ့အစည်းလှုပ်ရှားသူက ဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးရာသီဥတု ပြောင်းလဲလာခြင်း၏အားပေးမှုကြောင့် လယ်သမားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများနှင့် အခြားပြည်သူတို့သည် မြေယာသိမ်းဆည်းခံရမှုမှသည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုအထိ ပြဿနာများစွာနှင့်ပတ်သက်၍ နိုင်ငံအနှံ့အပြား၌ ဆန္ဒ ဖော်ထုတ်ပွဲများ ပြုလုပ်လာကြပြီဖြစ်သည်။

                စစ်အုပ်ချုပ်ရေးကို ပြည်ဖုံးကားချမှုကြောင့် မနှစ်ကအာဏာရရှိလာသော သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို စတင် လုပ်ဆောင်ခဲ့ပြီးနောက်တွင် ဒုတိယအကျော့အပြောင်းအလဲအဖြစ် စီးပွားရေးကဏ္ဍကို ဖြေလျော့လွတ်လပ်ခွင့်ပေးရန် ဆောင်ရွက်လျက်ရှိသည်။

မုံရွာအနောက်ဘက် ၂၅ ကီလိုမီတာအကွာရှိ ကြေးနီမိုင်းကို တရုတ်ဝမ်ဘိုမိုင်းနင်းကုမ္ပဏီနှင့် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့ ဖက်စပ် လုပ်ကိုင်နေသည်။

တရုတ်နိုင်ငံ၏ လက်နက်ထုတ်လုပ်သူ China North Industrial Corp ၏ ကုမ္ပဏီခွဲဖြစ်သော ဝမ်ဘိုမိုင်းနင်းကုမ္ပဏီထံမှ ရှယ်ယာ ၅၀ ရာခိုင်နှုန်း ကို ဝယ်ယူလုပ်ကိုင်ခြင်းဖြစ်သည်။

                                                *******************************************************

မြန်မာနိုင်ငံတွင် တယ်လီဖုန်းလုပ်ငန်းကို ပုဂ္ဂလိကပိုင် ပြုလုပ်ရန်စီစဉ်

(IANS သတင်းမှ 11Sept 2012ရက်စွဲပါ “Myanmar mulls telecom Industry’s privatization” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာအစိုးရက ၎င်း၏ နိုင်ငံပိုင်တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန်စီစဉ်လျက် ရှိသည်။ မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန MPT က၎င်း၏တယ်လီဖုန်းဆက်သွယ်ရေးကို ပုဂ္ဂလိကလုပ်ကိုင်သူ ၄ ဦးဖြင့် ပုဂ္ဂလိကပိုင်ပြုလုပ်မည့် အစီအစဉ်ကို ရေးဆွဲနေသည်ဟု ပြည်တွင်းသတင်းရပ်ကွက်ကို ကိုးကား၍ Xinhua သတင်းက ဖော်ပြထားသည်။

တဆင့်ပြီးတစ်ဆင့် ပြောင်းလဲရေးလုပ်ငန်းစဉ်များအရ MPT ကိုဖျက်သိမ်းကာ အစိုးရဘတ်ဂျတ်ထောက်ပံ့မှုမပါဘဲ လုပ်ကိုင်မည့် မြန်မာ့ တယ်လီကွန်းအဖြစ် ပြုပြင်ဖွဲ့စည်းမည်ဟု ဆိုသည်။  လက်ရှိ ရတနာပုံတယ်လီပို့သည် ရတနာပုံတယ်လီကွန်းဟု အမည်ပြောင်းထားသော ကုမ္ပဏီသစ် ဖြစ်လာမည်ဟု သိရှိရသည်။

အခြားပုဂ္ဂလိကလုပ်ကိုင်သူနှစ်ဦးမှာမူ မိုဘိုင်းဖုန်း၊ လိုင်းဖုန်း၊ အများသုံးတယ်လီဖုန်း ကွန်ယက်၊ အချက်အလက်နည်းပညာနှင့် အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းမျာတွင် ပါဝင်ဖြည့်ဆည်းနိုင်မည့် နိုင်ငံခြားကုမ္ပဏီများ ဖြစ်လိမ့်မည်ဟု သိရှိရသည်။

တယ်လီကွန်းကော်ပိုရေးရှင်းကို ယခုနှစ်မကုန်မီ ဖွဲ့စည်းပြီးနောက် MPT ကနိုင်ငံတကာတင်ဒါခေါ်ယူမည်ဖြစ်သည်။ ကန်ထရိုက်ရသော ကုမ္ပဏီများအနေဖြင့် ၂၀၁၃ တွင် လုပ်ငန်းအကောင်အထည်ဖော်ရန် အဆင်သင့်ဖြစ်နေရမည်ဟု သတင်းများက ဆိုသည်။

၂၀၁၆ တွင် တယ်လီဖုန်းသုံးစွဲမှုနှုန်း ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ မြင့်တက်လာရန်အတွက် ၂၀၁၃ တွင်စတင်မည့်  လုပ်ငန်းစဉ်သည် ၂၀၁၆ တွင် သုံးစွဲသူဦးရေ ၃၉.၅ သန်းရှိလာရန် ရည်မှန်းထားသည်ဟု သတင်းတွင်ဖော်ပြထားသည်။

တရားဝင် MPT ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် မိုးဘိုင်းဖုန်း(သို့မဟုတ်)ကြိုးဖုန်းသုံးစွဲသူ သုံးသန်းမျှသာရှိသောကြောင့် သုံးစွဲမှုနှုန်း ၅.၆ ရာခိုင်နှုန်းသာ ရှိသည်ဟု သိရသည်။

တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်း ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းသည် ကြီးကြပ်မည့် ဥပဒေကိုလည်း ယခုနှစ်မကုန်မီ ရေးဆွဲပြဋ္ဌာန်းလိမ့်မည်ဟု မျှော်လင့်ရသည်။

*******************************************************

OIC နှင့် မြန်မာတို့သည် လူသားချင်းစာနာသော အကူအညီပေးရေးရုံး တည်ထောင်ဖွင့်လှစ်ရန်သဘောတူ လက်မှတ်ရေးထိုး

(12 Sept 2012ရက်စွဲပါ Kuwait News Agency မှ “OIC ,Myanmar sign agreement to establish humanitiarian aid office” ကိုဘာသာပြန်ဆိုသည်။)

အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)မှ ပြောခွင့်ရပုဂ္ဂိုလ်သံအမတ်ကြီး Tsriq Bakheet က ယနေ့ကြေညာရာတွင် OIC နှင့် မြန်မာအစိုးရ တို့သည် လူသားချင်းစာနာသော အကူအညီပေးရေးရုံး တည်ထောင်ဖွင့်လှစ်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဗုဒ္ဓဟူးနေ့က OIC ရုံးချုပ်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Bakheet က ပြောကြားရာတွင် မြန်မာနိုင်ငံသို့ အချက်အလက်ရှာဖွေရေး အတွက် သွားရောက်နေသော  OIC မစ်ရှင်သည် အင်္ဂါနေ့က အရေးကြီးသော အပေါင်းလက္ခဏာဆောင်သည့် တိုးတက်မှုအဖြစ် ညွှန်းဆိုခဲ့သည်။

၎င်း OIC ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင် ၎င်းတို့၏မစ်ရှင်ကို ဆက်လက်လုပ်ဆောင်လျက်ရှိရာ အစိုးရတာဝန်ရှိသူအချို့နှင့် တွေ့ဆုံခြင်း၊ အိုးမဲ့အိမ်မဲ့ ဖြစ်ရသူများ၏နေရာများသို့ သွားရောက်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယားနှင့်ပတ်သက်၍ ၎င်းကပြောကြားရာတွင် ဆီးရီးယားအစိုးရက စစ်တပ်အားဖြင့်အဖြေရှာရန် ကြိုးပမ်းမှုမှာ လုံးဝမအောင်မြင်ဟု ၎င်းက ယုံကြည်ကြောင်း၊ အစိုးရက နားလည်သဘောပေါက်သင့်သည့် အချက်မှာ Lakhdar Brahimi သည်ငြိမ်းချမ်းသော အဖြေရှာရေးအတွက် နောက်ဆုံး အခွင့်အရေးကို ကိုယ်စားပြုသည်ဟူသောအချက်ဖြစ်သည်ဟု ဆိုခဲ့သည်။

******************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment