Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၁၃.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. ငါးနိုင်ငံပေါင်းစည်းဆန်ကုန်သည် အသင်းချုပ်တွင် မြန်မာပါဝင်မည်
  2. မီဒီယာခုနှစ်ခုမှ သတင်းစာထုတ်ခွင့်ရရှိရေး လျှောက်ထား

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. လူအခွင့်အရေးဆုံးရှုံးမှုများ လျော့နည်းသွားမှသာ နိုင်ငံတကာ၏ ပိတ်ဆို့မှုများ အပြီးတိုင်ရပ်တန့်နိုင်
  2. မြောက်ပိုင်းအရှုပ်တော်ပုံနှင့်တရားစွဲဆိုမှုအပေါ် တောင်ပိုင်းဥက္ကဌမိုးသီးဇွန်လည်းတရားရင်ဆိုင်သင့်
  3. ပြည်ခိုင်ဖြိုးပါတီမှ NLD ပါတီမှ ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းအား တရားစရိတ်ပေးရမည်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ငါးနိုင်ငံပေါင်းစည်းဆန်ကုန်သည် အသင်းချုပ်တွင် မြန်မာပါဝင်မည်

ကမ္ဘာ့ဆန်ဈေးကွက် တည်ငြိမ်နိုင်၍ ဈေးနှုန်းတစ်ရပ်တည်းယှဉ်ပြိုင်နိုင်စေရေးဖွဲ့စည်းမည့် ငါးနိုင်ငံဆန်ကုန်သည်များ အသင်းချုပ်တွင် မြန်မာ ပါဝင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

“အင်ဒိုချိုင်းနားဒေသက ငါးနိုင်ငံပေါင်းစည်းပြီးတော့ ဆန်ကုန်သည်များအသင်းချုပ်ကို ဖွဲ့စည်းသွားမှာပါ။ ဒီအဖွဲ့ချုပ်မှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ ဒီအဖွဲ့ဖွဲ့စည်းနိုင်ဖို့အတွက် ထိုင်းနိုင်ငံက ဦးဆောင်ပြီးပြင်ဆင်နေပါတယ်။ ကမ္ဘာ့ ဆန် ဈေးနှုန်းတွေ တည်ငြိမ်နိုင်စေဖို့အတွက် ရည်ရွယ်ပြီး တော့ ဒီအသင်းကိုဖွဲ့စည်းတာပါ။ ကမ္ဘာ့ဆန်တင်ပို့မှုမှာ အာဆီယံ ငါးနိုင်ငံက သုံးပုံနှစ်ပုံအထိ နေရာယူထားပါတယ်”ပာု မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ငါးနိုင်ငံပေါင်းစည်းဆန်ကုန်သည်များအသင်းတွင် မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား နိုင်ငံများ ပါဝင်ပြီး ယင်းနိုင်ငံများမှ လက်ရှိ အချိန်တွင် ဆန်တန်ချိန် သန်း ၂၀ ကို ကမ္ဘာ့ဈေးကွက်သို့တင်ပို့ရောင်းချ၍ ကမ္ဘာ့ ဆန်တင်ပို့ရောင်းချမှုပမာဏ တန်ချိန် သန်း ၃၀ ၏ သုံးပုံနှစ်ပုံကို ဈေးကွက်ရယူထားကြောင်း သိရသည်။

“မြန်မာနိုင်ငံအနေနဲ့က နိုင်ငံတကာကို ဆန်တင်ပို့နိုင်ဖို့ဆိုတာ ဒီနှစ်မှာ မလွယ်ကူပါဘူး။ ဒီနှစ် ပြည်တွင်းမှာ မိုးကြီးရေလျှံလို့ လယ်သမား တွေလည်း တော်တော်ကို ဒုက္ခရောက်နေရတယ်။ ပြီးတော့ တောင်သူတွေ စိုက်စရိတ်ချေးငွေတွေ ပြန်မပေးနိုင်လို့ ဆန်အထူးပြု ကုမ္ပဏီတွေလည်း ရပ်ပစ်ရတော့မယ့် အနေအထားကို ရောက်နေပါတယ်။ ဒီအခြေအနေမျိုးမှာ နိုင်ငံတကာကို တင်ပို့နိုင်ဖို့ဆိုတာထက် ပြည်တွင်းမှာ ဆန်ဈေးနှုန်းတည်ငြိမ်ဖို့၊ ပြည်တွင်းစားသုံးမှု ဖူလုံရေးဆိုတာ အတွက်ပဲ ဦးစားပေးရမှာပါ”ပာု မြန်မာနိုင်ငံဆန်စပါးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း၌ ယခုနှစ်ပိုင်းတွင် မိုးကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် လယ်ယာမြေဧက ငါးသိန်းကျော် ပျက်စီးဆုံးရှုံး ခဲ့ရသည့်အတွက် တောင်သူများမှာ စီးပွားရေး အခက်အခဲ အကြပ်အတည်းနှင့် ရင်ဆိုင်ရလျက် ရှိသည့် အတွက် နိုင်ငံတော်မှ ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်နိုင်စေရေးအတွက် အရန်ဆန်များကို ပြင်ပသို့ထုတ်ရောင်းချ ခဲ့ရကြောင်း နိုင်ငံတော်အရန်ဆန်ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုအခါ နိုင်ငံတော်အနေနဲ့ ပထမအကြိမ် နိုင်ငံတော်အရန်ဆန်များကို ထုတ်ရောင်းချပြီးနောက် ထပ်မံ၍ ဒုတိယအဖြစ် အရန်ဆန်(ငစိန်) တန်ချိန် ၁၃၀၀ ခန့်ကို ပြည်တွင်း၌ ထုတ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------------

မီဒီယာခုနှစ်ခုမှ သတင်းစာထုတ်ခွင့်ရရှိရေး လျှောက်ထား

နေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေခွင့်ရရှိရေးအတွက် ပြည်တွင်းရှိ သတင်းမီဒီယာခုနှစ်ခုမှ တရားဝင်လျှောက် ထားခဲ့ကြောင်း သိရသည်။

“ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာတွေ ထုတ်ဝေခွင့်ရရှိဖို့အတွက် ပြည်တွင်းက မီဒီယာခုနှစ်ခုက လျှောက်ထားခဲ့ပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာန က တစ်ဆင့် နိုင်ငံတော်သမ္မတကြီးဆီကို တင်ပြထားပါတယ်”ပာု ပြည်တွင်းမီဒီယာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့်ရရှိရေးအတွက် လျှောက်ထားခဲ့သည့် မီဒီယာခုနှစ်ခုမှာ Eleven Media Group၊ Myanmar Times ဂျာနယ်၊ 7Day News ဂျာနယ်၊ The Voice Weekly ဂျာနယ်၊ ပေါ်ပြူလာဂျာနယ်၊ ပြည်မြန်မာ သတင်း ဂျာနယ်နှင့် The Messenger ဂျာနယ်တို့ ဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူလူထုအတွှက် စာနယ်ဇင်းကဏ္ဍမှ ထိရောက်စွာ အကျိုးပြု ဆောင်ရွက်နိုင်ရန် အလို့ဌာ ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့် ပြုရန် လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများကို လာမည့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထုတ်ဝေနိုင်လိမ့်မည်ပာု မျှော်လင့် ရကြောင်းနှင့် ဒီမိုကရေစီနိုင်ငံများတွင် ပုဂ္ဂလိကသတင်းစာများမှာ မရှိမဖြစ်လိုအပ်သည့်အတွက် ပုဂ္ဂလိကသတင်းစာများသာမက နိုင်ငံပိုင်အစိုးရ သတင်းစာများကိုလည်း ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွဲဖက်၍ ထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးသစ် ဦးအောင်ကြည်က မကြာသေးမီကာလအတွင်းက ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် စက်တင်ဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ(MJU)နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကွန်ရက်(MJN)တို့မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

YC

 ******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

လူအခွင့်အရေးဆုံးရှုံးမှုများ လျော့နည်းသွားမှသာ နိုင်ငံတကာ၏ ပိတ်ဆို့မှုများ အပြီးတိုင်ရပ်တန့်နိုင်

စက်တင်ဘာလ ၁၃။

ပြည်တွင်းအကျဉ်းထောင်များတွင် လူ့အခွင့်အရေးဆုံးရှုံးမှုများ မရှိစေရန်နှင့် ပြည်သူလူထုကြား လူ့အခွင့်အရေး ဆုံးရှုံးမှုများ လျော့ပါး သွားနိုင်မှသာ နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများ ပြေလျော့ခြင်းမှ အပြီးအပိုင် ရုတ်သိမ်းသွားစေမည် ဖြစ်ကြောင်း ပြည်ပအတိုက်အခံ ပြည်တော်ပြန် မိုးသီးဇွန်က ပြောကြားသည်။

အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများ အပါအ၀င် နိုင်ငံကြီးများမှ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရခြင်းမှာ မြန်မာနိုင်ငံတွင် လူအခွင့်အရေး ဆုံးရှုံးမှုများ ဖြစ်ပေါ်နေခြင်းကြောင့်ဟု သိရပြီး အဓိကလူအခွင့်အရေး ဆုံးရှုံးမှုများသည် အကျဉ်းထောင်များအတွင်း အများဆုံး ဖြစ်ပွားလေ့ရှိကြောင်းနှင့် လူထုကြား၊ မိသားစုကြားတွင်း၌လည်း လူ့အခွင့်အရေးဆုံးရှုံးမှုများ ကျယ် ပြန့်စွာ ဖြစ်ပေါ်လျက်ရှိနေသည်ဟု မိုးသီးဇွန်က ဆိုသည်။

“အကျဉ်းထောင်တွေအတွင်းမှာ အကျဉ်းသားတွေကို နိုင်ငံတကာစံနှုန်းအတိုင်း လူ့အခွင့်အရေးပေးဖို့ လိုအပ်တယ်။ အရင် အစိုးရတွေထက် စာရင်တော့ လျော့ပါးသွားတာ၊ ထင်သာမြင်သာ ရှိလာတာ မှန်ပေမယ့် အပြည့်အ၀တော့ မရရှိကြသေးဘူး”ဟု မိုးသီးဇွန်က ပြောကြားသည်။

အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများသည် ပြုပြင်ပြောင်းလဲစပြုလာသော အစိုးရလက်ထက်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ လျော့ပါး သွားသော်လည်း အကျဉ်းထောင်အများစုတွင် အောက်ခြေပြောင်းလဲမှု အားနည်းသောကြောင့် စနစ်ဟောင်းများ ရှင်သန်လျက်ရှိကြောင်းနှင့် လူထုအတွင်း တွင်လည်း ရပ်ကွက်အတွင်းရှိ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၏ ပညာဗဟုသုတပြည့်ဝခြင်း မရှိသောကြောင့် မလိုလားအပ်သော လူ့အခွင့်အရေး ဆုံးရှုံးမှုများ ဖြစ်ပွားလျက် ရှိကြောင်း ထပ်မံပြောဆိုသည်။

ပြည်သူလူထုကြားနှင့် မိသားစုများကြားတွင် ကလေးသူငယ်များ၊ မိန်းကလေးများသည် လူ့အခွင့်အရေး အပြည့် အ၀မရရှိဘဲ ၎င်းတို့၏ အစ်ကို တော်စပ်သူများ၊ ဖခင်တော်စပ်သူများ၏ ဖိနှိပ်မှုချုပ်ချယ်မှုများကြောင့် အသိပညာ ဗဟုသုတ နည်းပါးလျက်ရှိပြီးလူ့အခွင့်အရေးချိုးဖောက်ခြင်း ခံရ လျက်ရှိကြောင်း သိရသည်။

“လူတိုင်းမှာ သူကြမ္မာသူဖန်တီးနိုင်ခွင့် ရှိသလို၊ တိုင်းရင်းသားတွေလည်း သူ့ကြမ္မာသူ ဖန်တီးခွင့်ရှိတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ဆိုတာ ပြည်ထောင်စုက ခွဲထွက်မယ့်သဘောက ဆိုလိုတာမဟုတ်ပါဘူး၊ သူ့ရသင့်တဲ့ သူ့အခွင့်အရေးပါ၊ သူလည်း ပထ၀ီနိုင်ငံရေး အခြေအနေမှာ ပြည်ထောင်စုက ခွဲထွက်မယ့် တိုင်းရင်းသားတွေ မဟုတ်ပါဘူး။ ဒါကလည်း လူ့အခွင့်အရေး ဆုံးရှုံးမှုပါပဲ”ဟု မွန်ဒေသလုံးဆိုင်ရာ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်တစ်ဦးက ပြောကြားသည်။

မင်းခဏ်

--------------------------------------------------------------------------------------------------------------------------------

မြောက်ပိုင်းအရှုပ်တော်ပုံနှင့်တရားစွဲဆိုမှုအပေါ် မိုးသီးဇွန်လည်း တရားရင်ဆိုင်သင့်

စက်တင်ဘာလ ၁၃။

ABSDF(မြောက်ပိုင်း) ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သော တပ်တွင်း ရှုပ်ထွေးမှုများနှင့် ပက်သက်၍ သတ်ဖြတ်ခံရသော မြောက်ပိုင်းရဲဘော်တို့၏ မိသားစုဝင်များနှင့် လွတ်မြောက်လာသူအချို့၏ တရားစွဲဆိုမှု အပေါ် ABSDF ဥက္ကဋ္ဌဟောင်း မိုးသီးဇွန်ရင်ဆိုင်သင့်သည်ဟု မြောက်ပိုင်းမှ လွတ်မြောက် လာသော ABSDF အဖွဲ့ဝင်ဟောင်းဦးညီညီကျော်က ပြောကြားသည်။

ABSDF အဖွဲ့တွင်း ဖြစ်ပွားခဲ့ခြင်းကြောင့် တာဝန်ရှိသော ဒေါက်တာနိုင်အောင်နှင့် မိုးသီးဇွန်တို့သည် တရားစွဲဆိုခြင်းကို ရင်ဆိုင်မှသာလျှင် ဖုံးကွယ်ခြင်းခံရသော အဖြစ်မှန် ပေါ်ထွက် လာမည်ဖြစ်ကြောင်းနှင့် မြောက်ပိုင်းပြဿနာနှင့် ပက်သက်၍ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့အပြင် ပြန့်ကျဲ နေသော ရဲဘော်များနှင့်မိသားစုဝင်များ ပြန်လည်စုစည်းနိုင်ရန်အတွက် အထူးခုံရုံးတစ်ရပ်လည်း ဖွဲ့စည်းထားကြောင်း သိရသည်။

“ကိုမိုးသီးကို တရားစွဲတာနဲ့ ပက်သက်ပြီး ရင်ဆိုင်စေချင်တယ်၊ အမှန်တရားကို ဖော်ထုတ်စေချင်တယ်။ တာဝန်ယူမှုကိုအ များပြည်သူ ထင်သာ မြင်သာ ရှိလာအောင် လုပ်စေချင်တယ်၊ အဓိက စွပ်စွဲချင်တာတော့ ဒေါက်တာနိုင်အောင်ကိုပါ၊ ဒီတော့ ကိုမိုးသီး ကလည်း နှစ်ခုထဲမှာ ကွဲကွဲပြားပြား ဖြစ်စေ ဖို့ အမှန်တရား ဖော်ထုတ်တဲ့အခါ ပါဝင်စေချင်တယ်”ဟု ဦးညီညီကျော်က ဆိုသည်။

ပါဂျောင်စခန်းသတ်ဖြတ်မှုတွင် အဓိကအားဖြင့် ဥက္ကဋ္ဌဟောင်း ဖြစ်သူ ဒေါက်တာနိုင်အောင် ပါဝင်နေပြီး ၎င်းကိုယ်တိုင် လုပ်ဆောင်မှုများ ရှိခဲ့သလို ၎င်း၏အမိန့်ပေးခိုင်းစေမှုများလည်း ရှိခဲ့ ကြောင်းဦးညီညီကျော်က စွပ်စွဲထားသည်။

အဆိုပါကိစ္စများနှင့် စပ်လျဉ်း၍ တောင်ပိုင်းဥက္ကဌမိုးသီးဇွန်က မြောက်ပိုင်းမှ ပြန်လည်လွတ်မြောက်လာသော ရဲဘော်များ ကျဆုံးသွားသော ရဲဘော်များ၏ မိသားစုဝင်များနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် စက်တင်ဘာလ ၁၅ ရက်နှောင်းပိုင်းအတွင်းလာ ရောက်မည်ဖြစ်ပြီးABSDF အဖွဲ့၏ ဥက္ကဋ္ဌ ဟောင်း ဦးထွန်းအောင်ကျော်သည် စက်တင်ဘာလ ၁၄ ရက်နေ့လည်(၂)နာရီတွင် မန္တလေးမြို့၊ မြ၀တီမင်းကြီးကျောင်းတိုက်၌ အထက်ပါ တွေ့ဆုံဆွေး နွေးမည့် အကြောင်းများနှင့် စပ်လျဉ်း ၍ ပမာနအဆင့်အနေဖြင့် လာရောက်ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သောကိစ္စများနှင့် ပက်သက်၍ တရားရင်ဆိုင်မည့် ကိစ္စအား မိုးသီးဇွန်၏အဖွဲ့ဝင် တစ်ဦးကို အတည်ပြု မေးမြန်းခဲ့ရာ “ကိုမိုးသီးကလည်း တရားစွဲဆိုမှုကို လိုက်လျောမယ့် အနေအထားရှိပါတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။

မင်းခဏ်

--------------------------------------------------------------------------------------------------------------------------------

ပြည်ခိုင်ဖြိုးပါတီမှ NLD ပါတီမှ ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းအား တရားစရိတ်ပေးရမည်

ပြီးခဲ့သည့်ကြားဖြတ်ရွေးကောက်ပွဲ မသမာမှုများအတွက် ကန့်ကွက်လွှာတင်သွင်းခဲ့သည့် ပြည်ခိုင်ဖြိုးပါတီမှ ဒေါ်လဲ့လဲ့အေးအနေနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းအား တရားစရိတ်ကျပ်ငွေ ငါးသိန်းပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ခုံရုံးက စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဆုံးဖြတ်ချမှတ်ခဲ့သည်။

“ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ခုံရုံးက စက်တင်ဘာလ ၁၁ ရက်နေ့မှ ဒေါ်ဖြူဖြူသင်းကို အနိုင်ပေးခဲ့ ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ဆိုတာက ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာကတည်းက အငြင်းပွားဖွယ် ရွေးကောက်ပွဲနဲ့ တက်လာတာပါ။ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ပာာ တရားမျှတမှု ရှိပါတယ်။ ဒီအမှုမှာ သက်သေအဖြစ် NLD ဘက်က မဲဆန္ဒနယ်က ပြည်သူ တွေပါ ပါဝင်လာပါတယ်”ပာု NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် မသမှုများ ပြုလုပ်သည်ပာုဆိုကာ ပြည်ခိုင်ဖြိုးပါတီမှ ဒေါ်လဲ့လဲ့ အေးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းတို့မှ ကြားဖြတ်ရွေးကောက်ပွဲအတွင်း မဲဆွယ်မှု၊ စည်းရုံးပောာပြောမှုများနှင့် ပတ်သက်၍ အပြန်အလှန် တရားစွဲဆိုခဲ့မှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မေလမှစတင်၍ နှစ်ဖက်သက်သေ များကို စစ်ဆေးကာ ယခုကဲ့သို့ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“စစ်ဆေးတာ နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ခုံရုံးအမှတ်(၁)မှာ စစ်ဆေးတာပါ။ ရှေ့နေ တွေကလည်း အခမဲ့လိုက်ပေး တယ်။ NLD ဘက်က သက်သေတွေ ခိုင်လုံတဲ့အတွက်လည်း တက်ဖက်ကို ငြင်းချက် ၄ ချက်စီနဲ့ ပြစ်မှုမမြောက်ကြောင်း ခုလိုဆုံးဖြတ်ချက် ချလိုက်တာပါ။ ဒီဆုံးဖြတ်ချက်တွေကို အများပြည်သူ လေ့လာနိုင်ဖို့အတွက် နိုင်ငံတော်ပြန်တမ်းအဖြစ် ထုတ်ဝေမယ်လို့ သိရပါတယ်”ပာု NLD ပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွှန့်မဲဆန္ဒနယ်မှ ပါတီငါးခု ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး အမျိုးသားကွန်ဂရက် ပါတီမှ ဆန္ဒမဲ ၁၄၀ မဲ၊ အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)ပါတီမှ ဆန္ဒမဲ ၇၆၅ မဲ၊ ဒီမို ကရက် တစ်ပါတီ(မြန်မာ)မှ ဆန္ဒမဲ ၇၉၃ မဲ၊ ပြည်ခိုင်ဖြိုးပါတီမှ ဆန္ဒမဲ ၅၉၇၇ မဲနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီမှ ဆန္ဒမဲ ၅၅၈၁၉ မဲရရှိခဲ့ကြောင်း သိရသည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“မြန်မာပြည်မှာ အခုအများဆုံးစိုက်နေတဲ့ အပြည်ပြည်ဆိုင်ရာမျိုးတွေက  ဆည်ရေကို လိုအပ်ရင် လိုအပ်သလိုပေးနိုင်တဲ့ နေရာမှာ စိုက်ရမှာ။ ဒါပေမယ့် မြန်မာပြည်မှာ ရှိတဲ့ဆည်တွေက အဆောက်ပဲပြပြီး တချို့ဆို မြောင်းလက်တံတွေတောင် တူးမထားဘူး။ ပြီးတော့ တောင်ခြေတွေမှာ တစ်ဖက်ပိတ် ဆောက်ထားတာ ရှိတယ်။ တစ်ပြည်လုံးမှာရှိတဲ့ ဆည် ၂၀၀ ကျော်မှ ဆဲ၆၇ခုက လုံးဝသုံးလို့မရတဲ့ ဆည်တွေဖြစ်နေတယ်။ အလုပ်မဖြစ်တဲ့ ဆည်တွေကို ဆောက်ထားတဲ့ တာဝန်ရှိသူတွေကို တောင်အရေးယူသင့်တယ်။ ဒါဟာ လယ်သမား ရဲ့နစ်နာမှုတင် မကဘူး။ နိုင်ငံတော်ရဲ့ နစ်နာမှုပါ”

စက်တင်ဘာ ၁၃ရက်ထုတ် Fresh Newsသတင်းသစ် ဂျာယ် အတွဲ(၁)အမှတ်(၂၅)တွင်ပါရှိသည့် “စိုက်ပျိုးရေး သုတေသန ညာရှင် ဒေါက်တာထွန်းဝင်း သုံးသပ်တင်ပြ” သတင်းမှ ဒေါက်တ ထွန်းဝင်း ပြောကြားချက အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

အဖွဲ့အစည်းတစ်ခုကို တာဝန်ခံ၊ တာဝန်ယူထားကြသူများ ဖြစ်တဲ့အတွက် ကိုယ်ကောင်းသလို ကိုယ့်အဖွဲ့အစည်းကောင်းအောင် တည်ဆောက်ရာမှာ ခေါင်ကလုံမှ တံစက်မြိတ်လည်း လုံမှာဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ်ကောင်းအောင် အရင်ဆုံး တည်ဆောက်ကြဖို့ပြောကြားလိုပါတယ်။

စက်တင်ဘာ၁၃ရက်ထုတ် မြန်မာပို့စ်ဂျာနယ် အမှတ်(၇၆) တွင်ပါရှိသည့် ကိုယ့်ကိုကိုယ်ကောင်းအောင် တည်ဆောက်ရန် ဝန်ကြီးသစ်များအား သမ္မတ ပြောကြား သတင်းမှ နိုင်ငံတော်သမ္မတ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

Technocrat နေရာရလာတာဟာ၊ Policy Maker တွေဖြစ်လာတာဟာကောင်းပါတယ်။ သို့သော် အစိုးရတစ်ဖွဲ့လုံး အောင်မြင်ဖို့ ဆိုတာက ဒီအထဲမှာ ပါတဲ့ သူအားလုံးရဲ့ အတွေးအခေါ်စရိုက်တွေအားလုံးက အရေးကြီးပါတယ်။ အခု ပညာရှင်တွေ ဒုဝန်ကြီး ဖြစ်လာတယ်။ သို့သော်လည်း သူတို့မှာ အင်မတန် ကောင်းတဲ့ စီးပွားမူဝါဒ၊ အင်မတန်ကောင်းတဲ့နိုင်ငံရေးမူဝါဒ၊ ပုံဖော်ချင်တဲ့ အတွေးအမြင်တွေ ရှိကောင်းရှိပါလိမ့်မယ်။ သို့သော်လည်း မူဝါဒအရ သူတို့ရဲ့ အတွေးအမြင်တွေဟာ ပေါ်လစီပိုင်းမှာ အများထဲမတိုးဘူးဆိုရင် ဒီဟာက အောင်မြင်တဲ့ စီးပွားရေးအနေအထားဖြစ်လာဖို့ ခက်မယ်ထင်တယ်။ နောက် တစ်ခုက ပညာရှင်က ပညာရှင်ပဲဗျ။ နိုင်ငံရေးသမားက နိုင်ငံရေးသမားပဲ။ ပညာရှင်ဝန်ကြီးလုပ်တိုင်း အောင်မြင်တာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ ပုဂ္ဂလိက အမြင်နဲ့ပြောရမယ်ဆိုရင် ပညာရှင်ဆိုပြီး ၀န်ကြီးလုပ်ခိုင်းကာမှ ပိုပြီးအဆိုးဘက်ကို ဆန့်ကျင်ဘက် သက်ရောက်သွားတဲ့ သာဓကတွေက အရင်က ရှိခဲ့ဖူး တယ်။ ထိုင်းမှာလဲ ဒါမျိုးဥပမာတွေဖြစ်ခဲ့ဖူးတယ်။ သို့သော် လောလောဆယ်တော့ ဒါကိုဝေဖန်လို့ မရသေးဘူး။ စောင့်ကြည့်ရဦးမယ်လေ။ သူတို့က အရင်ကလည်း Political Post (နိုင်ငံရေးတာဝန်များ)တွေ လုပ်ခဲ့ဖူးတဲ့သူတွေ မဟုတ်တော့ ခြေပေါ်မပေါ်တော့ စောင့်ကြည့်ကြရဦးမှာပေါ့ဗျာ။

စက်တင်ဘာ ၁၃ ရက်နေ့ထုတ် ရန်ကုန်တိုင်းဂျာနယ် အတွဲ (၈)၊ အမှတ် (၃၅) တွင်ပါရှိသည့် “ပြည့်ဦးခေါင်းသာမက ခြေလက်အင်္ဂါများပါ သန်စွမ်းစေရန် လို” သတင်းမှ ဦးကျော်လင်းဦး ပြောကြားချက် အပေါ်ကောက်နှုတ်ချက်။

 ******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment