Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၈.၉.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံကိုအားပေးကြောင်း ကုလညီလာခံတွင် ယင်လပ်ထုတ်ဖော်ပြောကြား

(The Nation News မှ 28 Sept 2012 ရက်စွဲပါ “Yinluck Seeks regional unity, voices support for Myanmar” သတင်းကိုဘာသာပြန်ဆိုသည်။)

  1. အမေရိကန်က သွင်းကုန်ကန့်သတ်မှုရုတ်သိမ်းသော်လည်း မြန်မာနိုင်ငံတွင် ပို့ကုန်ဝုန်းကနဲပေါက်ရန် မဖြစ်နိုင်သေး

(29 September 2012 ရက်စွဲပါChannel News Asia မှ No quick exports boom for Myanmar despite US move ကိုဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံကိုအားပေးကြောင်း ကုလညီလာခံတွင် ယင်လပ်ထုတ်ဖော်ပြောကြား

(The Nation News မှ 28 Sept 2012 ရက်စွဲပါ “Yinluck Seeks regional unity, voices support for Myanmar” သတင်းကိုဘာသာပြန်ဆိုသည်။)

သောကြာနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြား၌ ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံအားပေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး၊ မြန်မာနိုင်ငံ၏ရှေ့သို့ ဆက်သွားမှုကိုကူညီကြရန် နိုင်ငံတကာအသိုင်းအဝိုင်း ကို တိုက်တွန်းလိုက်သည်။

“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ် ရှေ့ကိုဆက်သွားနိုင်အောင် ကူညီဖို့အတွက် ကျွန်မတို့အားလုံး လုပ်ဖော်ကိုင်ဖက်တွေလို အတူတကွ လုပ်ဆောင်ကြရမှာပါ။ အခုလို စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ စုစည်းလုပ်ကိုင်မှုကနေ ကျွန်မတို့အားလုံး အကျိုးဖြစ်ထွန်းကြမှာပါ”ဟု သူမကဆိုသည်။

သူမကဆက်လက်၍ “ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် အကြွင်းမဲ့လုံခြုံရေးဟူသောအယူအဆမှာ ဟောင်းနွမ်းခေတ်ကုန်နေပြီဖြစ်ကြောင်း အထီးကျန်သီးသန့် ခွဲခြားနေထိုင်ခြင်းဖြင့် တကယ့်ငြိမ်းချမ်းရေးကို ရနိုင်မှာမဟုတ်ကြောင်း နိုင်ငံများအနေဖြင့် အကျိုးတူဘုံလုံခြုံရေး၊ ဘုံတည်ငြိမ်ရေးမှ တဆင့်သာလျှင် ငြိမ်းချမ်းရေးကိုရနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဒေသအသီးသီးမှ နိုင်ငံများအနေဖြင့် ၎င်းတို့၏ဖွံ့ဖြိုးရေးရည်မှန်းချက်ကို ပြည့်မှီနိုင်ဖို့ စွမ်းဆောင်ရည် အားကောင်းလာစေရန်အတွက် အတူတကွလုပ်ဆောင်သွားကြရမှာဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်။

“ကျွန်မတို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးမှုဟာ ကျွန်မတို့နဲ့လည်းဆိုင်တဲ့ကိစ္စလို့ ကျွန်မယုံကြည်ပါတယ်။ ဒီကိစ္စရပ်ဟာ ကြီးကျယ်မြင့်မြတ်တဲ့ ဒီမိုကရေစီကိုဦးတည်ပြီး အရေးကြီးတဲ့အသွင်ပြောင်းကာလကို ဖြတ်ကျော်နေရတဲ့ ကျွန်မတို့ရဲ့အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ အထူးသဖြင့် ဆက်စပ်နေပါတယ်။ ရှေ့ဆက်သွားနေတဲ့ မြန်မာနိုင်ငံရဲ့ခြေလှမ်းတွေကို ထိုင်းနိုင်ငံကအပြည့်အဝ ထောက်ခံပါတယ်”ဟု ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လပ်က ပြောကြားသွားခဲ့သည်။

                                                    **********************************

အမေရိကန်က သွင်းကုန်ကန့်သတ်မှုရုတ်သိမ်းသော်လည်း မြန်မာနိုင်ငံတွင် ပို့ကုန်ဝုန်းကနဲပေါက်ရန် မဖြစ်နိုင်သေး

(29 September 2012 ရက်စွဲပါChannel News Asia မှ No quick exports boom for Myanmar despite US move ကိုဘာသာပြန်ဆိုသည်)

အမေရိကန်က မြန်မာနိုင်ငံမှတင်သွင်းကုန် ပိတ်ပင်ထားမှုကို ဖြေလျော့ပေးရန်ဆုံးဖြတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ အထည်ချုပ်နှင့် စိုက်ပျိုးရေး လုပ်ငန်းများ ပြန်လည်ရှင်သန်လာရန်ရှိနေသည်။ သို့သော် ဆင်းရဲသောနိုင်ငံတွင် ရုတ်တရတ် ပို့ကုန်ထပေါက်မှုအတွက် မျှော်လင့်ချက်များအပေါ် အချို့ စောင့်ကြည့်သူများ၏ အဆိုးမြင်သတိပေးမှုများလည်း ရှိနေသည်။

ဆယ်စုနှစ်များစွာကြာခဲ့သော စစ်တပ်အုပ်ချုပ်ရေးသည် မြန်မာနိုင်ငံ၏စီးပွားရေးကို လုံးဝဖျက်ဆီးပစ်ခဲ့ရာ၊ အလုပ်လက်မဲ့များပြားခြင်း၊ အခြေခံ အဆောက်အဦးများ ပျက်ယွင်းသွားခြင်းများသာ ကျန်ရစ်ခဲ့သည်။ အစိုးရသစ်လက်ထက်တွင် ပြင်ပကမ္ဘာသို့တံခါးဖွင့်ပေးခဲ့ရာ တောက်ပသည့်အနာဂါတ်၏ အလားအလာများ ထွက်ပေါ်ခဲ့သည်။

အနောက်ကမ္ဘာသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို အသိအမှတ်ပြုသောအားဖြင့် လည်းကောင်း၊ သယံဇာတကြွယ်ဝမှု အပေါ် အကျိုးစီးပွားအသစ် မျှော်လင့်ချက်များအရလည်းကောင်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများကို ရုတ်သိမ်းခဲ့ကြသည်။

အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် နောက်ဆုံးကျန်ရှိသည့် အဓိကအတားအဆီးဖြစ်သည့် သွင်းကုန် ကန့်သတ်ထားခြင်းကို ဖြေလျော့ပေးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဗုဒ္ဓဟူးနေ့ကကြေညာခဲ့သည်။

“သွင်းကုန်ပိတ်ပင်ထားမှု ဖြေလျော့ပေးလိုက်ခြင်းဟာ သက်ဆိုင်တဲ့ကဏ္ဍတွေမှာ ပို့ကုန်အကြီးအကျယ် တိုးတက်လာမှာဖြစ်ပြီး၊ တဖက်ကလည်း ပြည်တွင်းစီးပွားရေးကို အကျိုးဖြစ်စေမှာဖြစ်ပါတယ်။ အလုပ်အကိုင်တွေလည်း ဖန်တီးပေးနိုင်ပါလိမ့်မယ်”ဟု HIS Global Insight သုတေသနအုပ်စုမှ သုံးသပ်သူ Jan Zalewski ကပြောသည်။

ဝါရှင်တန်သည် အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ကန့်သတ်မှုများအများစုကို ရုတ်သိမ်းပေးလျက်ရှိပြီးနောက် ကွန်ဂရက်သည် ကဏ္ဍတစ်ခုချင်းအလိုက် စဉ်းစားပေးနေပါတယ်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် အထည်အလိပ်၊ သစ်နှင့်စိုက်ပျိုးရေးအပါအဝင် အချို့လုပ်ငန်းကဏ္ဍများတွင် ကြီးစွာသောအပြောင်းအလဲများ တွေ့ရမည်ဖြစ်သည်။

၂၀၀၃ ခုနှစ်က မြန်မာ့ထုတ်ကုန်များကို အမေရိကန်ကပိတ်ပင်ခဲ့သောအခါ အကြီးဆုံးထိခိုက်နစ်နာမှုကြုံရသူမှာ အထည်ချုပ်ပို့ကုန်များဖြစ်သည်။

ကြာသပတေးနေ့ကကြေညာချက်ကို ရန်ကုန်မြို့ပြင် ပုလဲတွင်တည်ရှိသော Maple Trading ၏အထည်ချုပ်စက်ရုံတွင် ချီးကျူးထောပနာ ပြုခဲ့သည်။ ၎င်းစက်ရုံသည် သွင်းကုန်ပိတ်ပင်ခံထားရမှုကြောင့် လုပ်ငန်းလေးခုတွင် သုံးခုရပ်နားခဲ့ရသောကြောင့် လုပ်ငန်းခက်ခဲပြီး ပြိုလဲခဲ့ရသည်။

ထိုစက်ရုံမှ လုပ်သက်(၁၂)နှစ်ရှိကြီးကြပ်ရေးမှူး အသက်(၄၀)ခန့်ရှိ ကော်နီကပြောကြားရာတွင် သွင်းကုန်ပိတ်ပင်ခံရမှုပြီးနောက် စက်ရုံ အတော်များများပိတ်ခဲ့ရသည်ဟု ဆိုသည်။ အမျိုးသမီးလုပ်သားအများစုသည် ကြေးစားမယ်ဘဝသို့ ရောက်ကြရကြောင်း သူကဆိုသည်။

“အလုပ်ပြန်ကောင်းလာမယ်ဆိုတော့ အမျိုးသမီးလုပ်သားတွေရဲ့ ဘဝလုံခြုံတာပေါ့”ဟု သူကပြောသည်။ သူ၏စက်ရုံသည် လောလောဆယ် ဂျက်ကက်နှင့် ဘောင်းဘီရှည်များ ကိုရီးယားနှင့် ဂျပန်ဝယ်သူများအတွက် ချုပ်ပေးနေကြောင်း ဆိုသည်။

“သူတို့ဟာ ညကနေအာရုဏ်တက်အထိ ဒီစက်ရုံမှာလုပ်ပြီး မိသားစုကို တဖက်တလမ်းက ငွေရှာပေးနေကြတာပါ”ဟု သူကပင် ပြောသည်။

Maple Trading ၏ပိုင်ရှင်ဖြစ်သူ ဦးအောင်ဝင်းကပြောကြားရာတွင် အမေရိကန်၏ဆုံးဖြတ်ချက်ကို ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း ၎င်း၏ စက်ရုံတွင်အော်ဒါများ များပြားစွာပြန်လည်ရရှိမည်ပာု မျှော်လင့်ကြောင်း၊ သူ၏စက်ရုံတွင် လူ(၇၀၀)ခန့် အလုပ်ခန့်ထားရာ အများစုမှာအမျိုးသမီးများ ဖြစ်ကြောင်း ပြောသည်။

“အရင်က အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားလေးသိန်းလောက်ရှိခဲ့တာ၊ အခု တစ်သိန်းလောက်ပဲ ရှိတော့တာ။ အခုတော့ စက်ရုံတွေ တိုးလာ တော့မှာပေါ့။ အလုပ်လက်မဲ့တွေလည်း လျော့ကျသွားပြီး ဝယ်လိုအားလဲမြင့်တက်လာနိုင်ပါတယ်”ပာု ၎င်းက ပြောသည်။

                မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းအသင်း ဒုဥက္ကဋ္ဌလည်းဖြစ်သူ ဦးအောင်ဝင်းက ပြောကြားရာတွင် ထိုင်းနိုင်ငံကဲ့သို့ အိမ်နီးချင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသော သန်းချီသောလုပ်သားများကိုလည်း ပြန်လည်ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

“မြန်မာနိုင်ငံရဲ့ အကြီးဆုံးအားသာချက်ကတော့ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားတို့နဲ့ယှဉ်ရင် ဈေးပေါတဲ့လုပ်အားရှိတာပါပဲ”ပာု Maplecroft မှ သုံးသပ်သူ Arvind Ramakrishnan ကပြောသည်။

“ဒါပေမယ့်လည်း လျှပ်စစ်မီးမလုံလောက်မှုနဲ့ အလုပ်သမားရပိုင်ခွင့်တွေ ကြီးမားစွာချိုးဖောက်မှုတွေပာာ အန္တရာယ်အလွန်ကြီးပါတယ်”ပာု ၎င်းက ပြောသည်။

ထိုအန္တရာယ်များကြောင့် လက်ရှိမြင်နိုင်သမျှ အနာဂါတ်တွင် မြန်မာနိုင်ငံသည် ဒေသတွင်းအခြား အထည်အလိပ်ထုတ်လုပ်သူများအတွက် အလေးအနက်ထားရမည့် စိန်ခေါ်သူဖြစ်မလာနိုင်သေးကြောင်း Ramakrishnan ကသုံးသပ်သည်။

ဝါရှင်တန်မှ ပိတ်ပင်ထားမှုကို ဖြေလျော့ပေးလိုက်သည့်အတွက် နေ့ချင်းညချင်းအပြောင်းအလဲများ ဖြစ်မလာနိုင်သေးကြောင်း ဦးအောင်ဝင်းက ပြောသည်။

“အမေရိကန်စီးပွားရေးလုပ်ငန်းတွေဝင်လာခဲ့ရင်တောင် သူတို့က နှစ်ဖက်မျှပြီး တာဝန်ယူရမယ့် လူမှုဖူလုံရေးကိစ္စတွေ၊ နှစ်ဦးနှစ်ဖက် သဘောတူညီချက်တွေ၊ ဒါတွေကိုကျေနပ်မှ ကျွန်တော်တို့ကို အော်ဒါပေးမှာ။ ဒါမှ ဒါကိုကျွန်တော်တို့က ပြင်ဆင်ရမှာ”ပာု ၎င်းကပြောသည်။

မြန်မာနိုင်ငံ၏ အိန္ဒိယနှင့်တရုတ် အကြားတွင်ရှိနေသော မပာာဗျူပာာကျသော တည်ရှိမှုနှင့် သယံဇာတကြွယ်ဝမှုကို မျက်စိကျနေသော ရင်းနှီးမြှုပ်နှံသူများသည် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို စောင့်မျှော်နေကြသည်။

အမေရိကန်ကသွင်းကုန် ကန့်သတ်ထားမှုကိုရုတ်သိမ်းပေးလိုက်ခြင်းကြောင့် အကျိုးရှိမည့်သူများမှာ နိုင်ငံပိုင်ကုမ္ပဏီများနှင့် နိုင်ငံရေးအီလစ်များ ပိုင်သောစီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း Ramakrishnan ကပြောသည်။

အမေရိကန်ပြည်ထောင်စုသည် အမေရိကန်ကုမ္ပဏီများအား အငြင်းပွားဖွယ်များရှိသော မြန်မာနိုင်ငံပိုင် ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းနှင့် လုပ်ကိုင်ရန် သတိပေးမှုများနှင့်အတူ ခွင့်ပြုခဲ့ပြီးဖြစ်သည်။

သို့သော် မြန်မာနိုင်ငံ၏ ကျောက်မျက်ရတနာများနှင့်ပတ်သက်၍ အဆိုပါကဏ္ဍသည် စစ်အစိုးရနှင့် ၎င်း၏ခရိုနီများနှင့် နီးကပ်စွာဆက်စပ် နေခြင်းကြောင့် စောင့်ကြည့်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ပိတ်ပင်ထားမှုကို ရုတ်သိမ်းသည့်လုပ်ငန်းစဉ်သည် အချိန်အတော်ယူရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်လုပ်ငန်းများသည် ယခင် စစ်အစိုးရနှင့်ပတ်သက်နေသည်ဆိုသည်ကို မသတ်မှတ်နိုင်သေး၍ ဖြစ်သည်ပာု Zalewski ကပြောသည်။

“သွင်းကုန်ပိတ်ပင်မှု ဖြေလျော့ခြင်းရဲ့အတိုင်းအတာ ဘယ်လောက်ထိသွားမလဲဆိုတာ စောင့်ကြည်ရမှာပဲ”ပာု ၎င်းက ပြောသည်။

“မြန်မာစစ်တပ်ပာာ စီးပွားရေးမှာခြေလှမ်းကြဲကြဲနဲ့ ဝင်ထားပြီး ဖြစ်နေပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်တပ်ရဲ့အာဏာ ပိုကြီးလာအောင်လုပ်ပေးသလိုမဖြစ်ဖို့ သတိကြီးစွာထားပါလိမ့်မယ်”ပာု ၎င်းက ပြောသည်။

                                  ******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment