Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၃၀.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. သတ္တုတွင်းဥပဒေအား ဆန့်ကျင်၍ ကုမ္ပဏီများ ရွှေမျောတိုက်လုပ်ငန်း လုပ်ဆောင်
  2. ပြည်တွင်းသို့ ကုန်ပစ္စည်းများတင်သွင်းရာတွင် ကွဲလွဲမှုအများအပြားဖြစ်ပေါ်

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. အမေရိကန်-မြန်မာ စစ်ရေးပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
  1. တိုင်းဒေသကြီး/ုပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ် နှင့် အဆောင်အယောင်ဆိုင်ရာ ဥပဒေပြင်ဆင်သည့် ဥပဒေကြမ်း ထုတ်ပြန်
  2.  ညီနောင်တိုင်းရင်းသားပါတီများ ပြောင်းလဲပြင်ဆင်ဖွဲ့စည်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

သတ္တုတွင်းဥပဒေအား ဆန့်ကျင်၍ ကုမ္ပဏီများ ရွှေမျောတိုက်လုပ်ငန်း လုပ်ဆောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ပာုမ္မလင်းမြို့နယ်အတွင်းရှိ ပုဂ္ဂလိကရွှေတူးဖော်ရေး ကုမ္ပဏီများမှ သတ္တုတွင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေများကိုဆန့်ကျင်၍ လယ်ယာမြေများအနီးတွင် မြေတူးစက်များအသုံးပြုကာ ရွှေမျောတိုက် လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ပုဂ္ဂလိကကုမ္ပဏီများက မြေတူးစက်များအသုံးပြု၍ ရွှေမျောတိုက်လုပ်ငန်းများ လုပ်ဆောင်နေသည့် အတွက် သောက်သုံးရေနှင့် မြစ်ချောင်း အင်းအိုင်များ ပျက်စီးကာ သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ခဲ့ပြီး စွန့်ပစ်မျောမီး သဲစာကျောက်များ၊ မျောမီးနွံရေများက လယ်ယာ မြေများနှင့် အင်းအတွင်းသို့ စီးဝင်နေမှုများကြောင့် ရေအရင်းအမြစ်များလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဒေသခံတစ်ဦးက ပြောကြားသည်။

“ကုမ္ပဏီတွေက ရွှေမျောတိုက်တာတွေကို မြေတူးစက်တွေအသုံးပြုပြီး ဆောင်ရွက်နေကြပါတယ်။ သူတို့က ဒီလိုလုပ်တဲ့အတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေဖြစ်တယ်။ ပြီးတော့ ရွှေမျောတွေကြောင့် လယ်ယာမြေတွေ အဆိပ်သင့် တဲ့အပြင် ရေတွေလည်းအဆိပ်သင့်ပြီး သောက်လို့ကို မရတော့ပါဘူး”ပာု ၎င်းက ပြောကြားသည်။

လက်ရှိအချိန်တွင် မော်လိုက်အထက်ဘက် ယောစုရွာတွင် ရွှေမျောတိုက်လုပ်ငန်းများကို ရွှေကျင်စက်လှေ ၇၀ခန့်ဖြင့် အကြီးအကျယ် ဆောင်ရွက်လျက်ရှိပြီး မုံရွာ၊ မော်လိုက်၊ ကနီ၊ မင်းကင်း၊ ကလေးဝ၊ ဖောင်းပြင်၊ ပာုမ္မလင်းနှင့် ခန္တီး စသည့် ဒေသများတွင်ပါ ချင်းတွင်းမြစ်ရေအား သောက်သုံးရေအတွက်သာမက ဆက်သွယ်သွားလာရေးအတွက်ပါ အသုံး ပြုလျက်ရှိကြောင်း သိရသည်။

“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းတွေ သိပ်အားမကောင်းသေးတော့ ချင်းတွင်းမြစ်နဲ့ ပတ်သက်ပြီး တိတိကျကျ သုံးသပ်မှုတွေ မလုပ်နိုင်ကြသေးပါဘူး။ လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေကတော့ တစ်လကို ရွှေ ၅ ကျပ်သားပေးပြီး ဝင်လုပ်တယ်လို့ သိကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လုပ်ရပ်တွေကြောင့် နောက်ပိုင်းချင်းတွင်းမြစ် တိမ်ကောလာမှာတောင် စိုးရိမ်စရာပါပဲ”ပာု ဒေသခံတစ်ဦးက ဆိုသည်။

ချင်းတွင်းမြစ်အတွင်း ရွှေတူးဖော်ရေးလုပ်ငန်းများ အကြီးအကျယ် လုပ်ကိုင်နေသည့်အတွက် သဘာဝ ငါးမျိုးစိတ်များ ရှင်သန်ပေါက်ပွားမှုကို ထိခိုက်စေသည့်အပြင် ခေတ်ပေါ် နည်းပညာများဖြင့် ရွှေ အကြီးအကျယ် တူးဖော်နေသဖြင့် မြစ်ရေလည်း ကြည်လင်မှု မရှိတော့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------

ပြည်တွင်းသို့ ကုန်ပစ္စည်းများတင်သွင်းရာတွင် ကွဲလွဲမှု အများအပြားဖြစ်ပေါ်

ပြည်တွင်းသို့ ကုန်ပစ္စည်းများတင်သွင်းရာတွင် သွင်းကုန်လိုင်စင်၊ ပါမစ်၊ ကုန်ပါပစ္စည်းစာရင်းများ အများအပြား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ပြည်တွင်းကိုကုန်ပစ္စည်းတွေ တင်သွင်းတာမှုာ သွင်းကုန်လိုင်စင်တွေ၊ ပါမစ်တွေ၊ ကုန်ပါပစ္စည်းတွေပာာ အမျိုးမျိုး ကွဲလွဲနေပါတယ်။ ပြီးတော့ မော်တော်ယာဉ်များအတွင်း ရိုးရိုး truck နဲ့ Box truck တွေ၊ အထွေထွေ ကုန်ပစ္စည်း တွေအတွက် STAND FAN နဲ့ TABLE FAN တွေ အများကြီး ကွဲလွဲနေပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအစိုးရသစ် လက်ထက်မှစတင်၍ တရားဝင်လွတ်လပ်စွာ ကားတင်သွင်းခွင့်ပြုလိုက်ပြီးနောက် ကားဆက်စပ်ပစ္စည်း တင်သွင်း မှုများ၊ လိုင်စင်/ပါမစ်ခွင့်ပြု mODEL YEAR ထက်ကျော်လွန်၍ အမြင့်တင်သွင်းခြင်း၊ ခွင့်ပြုချက်များနှင့် ကွဲလွဲခြင်းများ၊ သွင်းကုန်ပါမစ် ကွဲလွဲမှုများ အများအပြားဖြစ်ပေါ်ခဲ့ပြီး ယခုကဲ့သို့ သွင်းကုန်လိုင်စင်ပါမစ်နှင့် ကုန် ပါစာရင်းများ ကွဲလွဲမှုများအပေါ် အကောက်ခွန်ဦးစီးဌာနက ဒဏ်ကြေးများ ပြင် ဆင်သတ်မှတ်၍ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီလိုကွဲလွဲမှုတွေဖြစ်နေတာတွေကို အရေးယူဆောင်ရွက်သွားတော့မှာပါ။ အကောက်ခွန်က ဒဏ်ကြေးတွေကိုလည်း ပြင်ဆင်လိုက်ပါပြီ။ ထိထိ ရောက်ရောက်အရေးယူသွားမှာပါ။ အများစုက တင်သွင်းဖို့အတွက် မှတ်ပုံတင်ထားတာက တစ်မျိုး။ တစ်ကယ့်တစ်ကယ်တမ်း သွင်းလာတော့ တစ်မျိုး လုပ်ဆောင်ကြပါတယ်”ပာု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းသို့ ယာဉ်အသစ်များတင်သွင်းပါက ထုတ်လုပ်သည့်နိုင်ငံ Asean trade in good agreement atiga form-d လက်မှတ်အား တင်ပါလာပါက အာဆီယံကုန်သွယ်ရေး သဘောတူစာချုပ်များအရ အင်ဂျင်ပါဝါ အမျိုးအစားအားလုံးအတွက် အကောက်ခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံ သွားမည်ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

အမေရိကန်-မြန်မာ စစ်ရေးပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

အမေရိကန်နှင့် မြန်မာနိုင်ငံတို့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်နှင့် တပ်မတ်ေအရာရှိများအား သင်တန်းပေးရန် စစ်ဘက် ဆိုင်ရာ အကြီးအကဲအသီးသီးမှ စတင်ဆွေးနွေးဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

“Financial time မှာလည်း ဖော်ပြထားပါတယ်။ အမေရိကန်-မြန်မာ ကနဦးစစ်ရေး ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ စစ်ရေးနဲ့မဆိုင်တဲ့ မပာာဗျူပာာ လေ့လာရေးသင်တန်းတွေကို စပေးဖို့ လုပ်ဆောင်နေပါတယ်။ ဒီလေ့ကျင့်တဲ့ စစ်သင်တန်းတွေနဲ့ စစ်ရေးအထောက်အပံ့တွေကို အမေရိကန်နိုင်ငံက ပေးသွားနိုင်ဖွယ် ရှိတယ်လို့ ဖော်ပြထားပါတယ်”ပာု ပြည်တွင်းမီဒီယာတစ်ခုမှ သတင်းထောက်တစ်ဦးက ပြောကြားသည်။

အမေရိကန်-မြန်မာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် ဝါရှင်တန်အခြေစိုက် မပာာဗျူပာာနှင့် နိုင်ငံတကာ လေ့လာရေးဌာန (CSIS)၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် အရပ်ဘက်အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းနေပြီဖြစ်သည့်အတွက် ပြည်တွင်းငြိမ်းချမ်းရေးရရှိပြီဆိုပါက အမေရိကန် နိုင်ငံအနေဖြင့် မြန်မာတပ်မတော်နှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန်နှင့် မြန်မာတပ်မတော်အတွင်းရှိ အရာရှိများအား အမေရိကန်သို့ ဖိတ်ခေါ်၍ နိုင်ငံတကာစစ်ရေးပညာနှင့် သင်တန်းအစီအစဉ်များ ပေးစေလိုကြောင်း ဖော်ပြထားသည်။

“မြန်မာနိုင်ငံပာာ ဒီနှစ်ပိုင်းအတွင်းမှာကို တခြားနိုင်ငံတွေနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်လာပါတယ်။ ဗီယက်နမ်၊ တောင်ကိုရီး ယားနဲ့၊ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတွေနဲ့ပါ စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေ တယ်လို့ကြားပါတယ်”ပာု အစိုးရပိုင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်သာမက အိန္ဒိယနိုင်ငံနှင့်ပါ စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် စီစဉ် ဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၂ စက်တင်ဘာလ ပထမပတ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံစစ်ရေးနှင့် လုံခြုံရေး ပူးတွဲဆောင်ရွက်မှုများကို မြှင့်တင်သည့်အနေဖြင့် အိန္ဒိယအစိုးရက မြန်မာ့တပ်မတော်သား များအား ပိုမိုလေ့ကျင့်သင်တန်းပေးသွားရန်နှင့် လက်နက်မပာုတ်သည့် စစ်ရေးဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ကူညီသွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------

တိုင်းဒေသကြီး/ုပြည်နယ်အဆင့် ပုဂ)