Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၉.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်က သမ္မတအဖြစ်တာဝန်ယူရန်ဆန္ဒရှိကြောင်း အခြေခံဥပဒေကိုပြင်ဆင်လိုကြောင်း ပြောကြား

(Associated Press မှ 8 Oct 2012 ရက်စွဲပါ “Suu Kyi says she’s willing to be Myanamar president, wants constitution amended to allow it” သတင်းကိုဘာသာပြန်ဆိုသည်)

  1. ရာမူးအကြမ်းဖက်မှုသည်ရခိုင်ပြသနာနှင့်ဆက်နွယ်ကြောင်းလက်ဝဲပါတီများပြောကြား

(“Daily Star News မှ 9 oct 2012 ရက်စွဲပါ” Ramu Violence Linked to Rakhine’s: (PB,BSD” သ တင်းကိုဘာသာပြန်ဆိုသည်။)

  1. ဝန်ကြီးချုပ်လီယီရှန်းဦးဆောင်သော စင်ကာပူ စင်ကာပူစားသေက်ကုန်လုပ်ငန်း မြန်မာနိုင်ငံသို့လာမည်

(Channel News Asiaမှ 8Oct 2012ရက်စွဲပါ “Lee Yi Shyan leads delegation to Myanmar”သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ဂျပန်အစိုးရက မြန်မာအားအတိုးနည်းချေးငွေ ပြန်ပေးတော့မည်။

(Daily Yomiuri မှ 8 Oct 2012 ရက်စွဲပါ “Goxt to resume Lending to Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

***********************************************

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည်က သမ္မတအဖြစ်တာဝန်ယူရန်ဆန္ဒရှိကြောင်း အခြေခံဥပဒေကိုပြင်ဆင်လိုကြောင်း ပြောကြား

(Associated Press မှ 8 Oct 2012 ရက်စွဲပါ “Suu Kyi says she’s willing to be Myanamar president, wants constitution amended to allow it” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် သမ္မတအဖြစ် တာဝန်ယူရန် ဆန္ဒရှိကြောင်းနှင့် ထို့အတွက် အခြေခံ ဥပဒေကို ပြင်ဆင်ရန် သူမ၏ပါတီက ရည်ရွယ်ထားကြောင်း တနလာင်္နေ့က ပြောကြားလိုက်သည်။

အကယ်၍ ပြည်သူများက ထိုသို့ဆန္ဒရှိပါကသမ္မတတာဝန်ကိုလိုလိုလားလားယူခြင်းသည် NLDပါတီခေါင်းဆောင် ဖြစ်သောသူမ၏ တာဝန်ဖြစ်သည် ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုပါသည်။မြန်မာနိုင်ငံ၏လာမည့် ရွေးကောက်ပွဲကို ၂၀၁၅တွင် ကျင်းပမည်ဖြစ်သည်။

“ကျွန်မက နိုင်ငံရေး ပါတီခေါင်းဆောင် တစ်ယောက်ပါ။ နိုင်ငံရေး ပါတီခေါင်းဆောင် တစ်ဦးအနေနဲ့ သမ္မတ တာဝန်ယူဖို့ ရဲရင့်ယုံကြည်မှုလည်း ရှိပါ တယ်။ ပြည်သူတွေက ဆန္ဒရှိတယ်ဆိုရင် ကျွန်မဒါကို လုပ်ရမှာပါ”ဟု သူမက သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။

သတင်းထောက်များ၏ မေးခွန်းကိုဖြေကြားရာတွင် သူမသမ္မတအဖြစ်အောင်ထိထိရောက်ရောက် တားဆီးထားသော အခြေခံ ဥပဒေပါ စာပိုဒ်ကို ပြင်ဆင်ရေး ကိစ္စသည် သူမ၏ပါတီက ပြောင်းလဲချင်သော အရာများစွာထဲမှ တစ်ခုဖြစ်သည်ဟု သူမက ပြောကြားသည်။

သူမသည် ဒီမိုကရေစီ သူရဲကောင်းတစ်ဦးအဖြစ် ကြိုဆိုခြင်းခံရသော ၁၇ရက်ကြာ အမေရိကန် ခရီးစဉ်မှ ပြီးခဲ့သော အပတ်တွင် ပြန်လည်ရောက်ရှိ ခဲ့သည်။

မြန်မာနိုင်ငံ၏ ပြောင်းလဲရေးဝါဒီ သမ္မတဦးသိန်းစိန်သည်လည်းယခင်လက အမေရိကန်ပြည်ထောင်စုသို့သွား ရောက်ခဲ့သည်။ ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သူ ဦးသိန်းစိန်သည် နှစ်ပေါင်း ၅၀ အာဏာရှင် စစ်အုပ်ချုပ်ရေး ပြည်ဖုံးကားချချိန် မနှစ်ကအာဏာ ရရှိလာပြီး နောက်ပိုင်း နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုများကို တစ်သီတစ်တန်း စတင်ပြုလုပ်ခဲ့သည်။

ဦးသိန်းစိန်က BBC နှင့်အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်သမ္မတ တာဝန်ယူခြင်းကိုလက်ခံနိုင်ပါသည် ဟု ပြောကြားခဲ့သည်။ “ဒေါ်အောင် ဆန်းစုကြည် နိုင်ငံ့ခေါင်းဆောင် ဖြစ်လာမှာလားဆိုတဲ့ ကိစ္စဟာ ပြည်သူတွေရဲ့ ဆန္ဒပေါ် မူတည်ပါတယ်။ ပြည်သူတွေက လက်ခံတယ်ဆိုရင် ကျွန်တော် လက်ခံ ပေးမှာပါ”ဟု ဦးသိန်းစိန်က ဆိုသည်။

၂၀၁၀ခုနှစ်က နောက်ဆုံးရွေးကောက်ပွဲသည် ဥပဒေ စည်းကမ်းများ မျှတမှန်ကန်မှုမရှိသောကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ NLDပါတီက သပိတ်မှောက်ခဲ့ပြီး ယင်းဥပဒေ စည်းကမ်းများကို သမ္မတ ဦးသိန်းစိန် ပြင်ဆင်ပေးပြီးနောက်တွင် ယခုနှစ် အစောပိုင်း ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရန်သ ဘော တူခဲ့သည်။

သို့ရာတွင် အခြေခံဥပဒေပါ စည်းကမ်းချက်များစွာကို NLD ပါတီက ပြောင်းလဲပြင်ဆင် ချင်သော်လည်း အခြေခံ ဥပဒေ အပြောင်းအလဲကို ထိထိ ရောက်ရောက် တားဆီးနိုင်သော မိုးကျရွှေကိုယ် တပ်မတော်သား အမတ်များ လွှတ်တော်ထဲတွင် အလုံအလောက် ရှိနေသည်။

မိသားစု တစ်ဦးဦး ပြည်ပနိုင်ငံသားအဖြစ် ခံယူထားပါက သမ္မတအဖြစ် မရွေးချယ်ရန် အခြေခံဥပဒေက တားဆီးထား ပါသည်။ ဒေါ်အောင်ဆန်းစု ကြည်၏ ကွယ်လွန်သူ ခင်ပွန်းမှာ ဗြိတိသျှနိုင်ငံသား တစ်ဦးဖြစ်ပြီး သူမ၏ သားနှစ်ယောက်မှာလည်း ပြည်ပနိုင်ငံသားများ ဖြစ်ကြသည်။

NLDပါတီသည် လွှတ်တော်တွင် နေရာအနည်းငယ်မျှသာ ရရှိထားသည့်တိုင်အောင် လွှတ်တော်သည် မျှော်လင့်ထားသည်ထက် ဒီမိုကရေစီ ပိုရှိနေ သောကြောင့် အခြားလွှတ်တော် အမတ်များကလည်း အပြောင်းအလဲကို သဘောတူကြ လိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ကတည်းကစပြီး ချမှတ်ထားတဲ့ မူဝါဒတွေထဲမှာ အခြေခံ ဥပဒေ ပြင်ဆင်ရေးဟာ လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါကိုပြင်ဆင်ဖို့ ကျွန်မတို့ ဆက်လက်ကြိုးစား သွားမှာပါ။ ကျွန်မသမ္မတ ဖြစ်လာဖို့အတွက် သာမကပဲ အခြားအရာတွေ ကိုလည်း ပြင်ဆင်သွားမှာပါ”ဟု ပြောကြားသွားသည်။

--------------------------------------------------------------------------------------------------------------

ရာမူးအကြမ်းဖက်မှုသည်ရခိုင်ပြသနာနှင့်ဆက်နွယ်ကြောင်းလက်ဝဲပါတီများပြောကြား

(“Daily Star News မှ 9 oct 2012 ရက်စွဲပါ” Ramu Violence Linked to Rakhine’s: (PB,BSD” သ တင်း ကိုဘာသာပြန်ဆိုသည်။)

ရာမူး(ပန်းဝါ) အကြမ်းဖက်မှုသည် မြန်မာရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာဝင် ရခိုင်များနှင့် ရိုဟင်ဂျာ မွတ်ဆလင်များအကြား ပဋိပက္ခ ဖြစ်ပွားမှုနှင့် ဆက် နွယ်နေသည်ဟု ဘင်္ဂလားဒေ့ရှ် လက်ဝဲယိမ်း ပါတီနှစ်ခုမှ ခေါင်းဆောင်များက မနေ့က ပြောကြားသည်။

ရိုဟင်ဂျာ မွတ်ဆလင်များသည် ဘင်္ဂလားဒေ့ရှ်နယ်ခံ မွတ်ဆလင်များနှင့် ဆက်ဆံရေး မကောင်းခြင်းကိုပြောင်းလဲ ပြင်ဆင်ရန်အတွက် ယင်း အကြမ်းဖက်မှုကို  ကြိုးကိုင်စီစဉ် ခဲ့ကြဖွယ် ရှိသည်ဟု ပါတီခေါင်းဆောင်များက ဒက္ကားမြို့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြသည်။

လက်ဝဲယိမ်း CPB နှင့်BSD ပါတီတို့မှ ခေါင်းဆောင်များသည် အခင်းဖြစ်ပွါးရာ စစ်တကောင်းနှင့် ကော့ဘဇားဒေသများသို့ လတ်တလော သွား ရောက်ခဲ့ကြသည်။

ရာမူးမှ ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက် တိုက်ခိုက်ခံရမှု နောက်ကွယ်တွင် ပြည်တွင်း၊ ပြည်ပမှ လျှို့ဝှက်ကြံစည်သူများ ရှိနေသည်ဟု BSD ပါတီ ခေါင်းဆောင်ဘာဇလာရာ ရှစ်ဖီရော့စ်က ပြောကြားသည်။ ထို့အပြင် ထောက်လှမ်းရေး အဖွဲ့နှင့်အစိုးရ၏ တာဝန်ယူမှု အားနည်းသည်ဟု ၎င်းကပြစ်တင် ပြော ဆိုခဲ့သည်။

ဒေသခံများ၏ ပြောကြားချက်အရ အကြမ်းဖက် တိုက်ခိုက်သူများသည် အခင်းဖြစ်ရပ် မတိုင်မှီ ကိုရမ်ကျမ်းစာ စော်ကားခံရမှု ကန့်ကွက်ဆန္ဒပြပွဲ ကျင်းပ ခဲ့ကြသည့် အာဏာရAwami League ၊ BNP နှင့်Jamaat-e-Islami ပါတီ များမှ အင်းအားစုများဖြစ်သည်ဟု ဘာဇလာရာရှစ်က ပြောကြားသည်။

Facebookတွင် တင်ထားသော ကိုရမ်ကျမ်းစာ မီးလောင်ဓါတ်ပုံကြောင့် ဒေါသထွက်နေပုံရသည့် လူအုပ်ကြီးက စက်တင်ဘာ ၂၉ရက်တွင် ရာမူး မြို့ရှိ ဘုန်းကြီးကျောင်း ၁၂ကျောင်းနှင့် အိမ်ခြေ၅၀ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။

ထိုအတောအတွင်း ဘင်္ဂလားဒေ့ရှ် လူ့အခွင့်အရေး ကော်မရှင်က ရာမူးနှင့်ယူခီယား အကြမ်းဖက် ဖြစ်ရပ်များကို စုံစမ်းစစ်ဆေးရန်အတွက် သီးခြား ကော်မတီ နှစ်ရပ်ဖွဲ့စည်းရန် အကြံပြုခဲ့သည်။

နိုင်ငံတကာ ကော်မတီကို ဗုဒ္ဓဘာသာဝင်များ နေထိုင်သော နိုင်ငံများမှ စိတ်ဝင်စားသူ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည် ဖြစ်ပြီး၊ အုပ်စုအားလုံး ပါဝင်သော အခြားစုံစမ်းရေး ကော်မတီကို အစိုးရက ဖွဲ့စည်းမည်ဟု လူ့အခွင့်အရေး ကော်မရှင်က သတင်းစာ ရှင်းလင်းပွဲတွင် ကြေငြာသည်။

ထို့အပြင် အကြမ်းဖက်ဖြစ်ရပ် ကြိုးကိုင်သူများကို ပြင်းထန်စွာ အရေးယူရန် ဒက္ကားယူနီဗာစီတီမှ ကျောင်းသားများ၊ ဆရာများ တာဝန်ရှိသူများက ဘင်္ဂလားဒေ့ရှ် အစိုးရကို မနေ့က တိုက်တွန်းခဲ့ကြသည်။

 --------------------------------------------------------------------------------------------------------------------

ဝန်ကြီးချုပ် လီယီရှန်း ဦးဆောင်သော စင်ကာပူ စားသေက်ကုန်လုပ်ငန်း မြန်မာနိုင်ငံသို့လာမည်

(Channel News Asiaမှ 8Oct 2012ရက်စွဲပါ “Lee Yi Shyan leads delegation to Myanmar”သတင်းကို ဘာသာပြန်ဆိုသည်။)

စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုလက်မှု နှင့် အမျိုးသားဖွံဖြိုးတိုးတက်ရေး အကြီးတန်းဝန်ကြီး လီရှန်ယန်းသည် စာသောက်ကုန်လုပ်ငန်း ကိုယ်စားလှယ်များအဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံသို့လာရောက် ကာ အလားအလာကောင်းသော လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု အခွင့် အလမ်း များကို လေ့လာကြမည်ဟု သိရှိရသည်။

အောက်တိုဘာ၈ရက်မှ ၁၁ရက်အထိ ကြာမြင့်မည့် ခရီးစဉ် အတွင်း ဝန်ကြီးချုပ် လီရှန်ယန်းသည် မြန်မာအစိုးရ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဌာန ၊လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီင်္းဌာနတို့မှ အဓိက တာဝန်ရှိ သူများနှင့် တွေ့ဆုံမည်ဟု စင်ကာပူ အမျိုးသား ဖွံ့ဖြိုးမှုဝန်ကြီးဌာန က တနင်္လာ နေ့တွင် ပြောကြားသည်။

စင်ကာပူဝန်ကြီးသည် စိုက်ပျိုးရေး သုတေသန လုပ်ငန်းများကို သွားရောက်ကြည့်ရှု မည့်အပြင် နှစ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းများကို သွားရောက်ကြည့်ရှု မည့် အပြင် နှစ်နိုင်ငံကုမ္ပဏီ လုပ်ငန်းရှင်များ နှီးနှောဖလှယ်ပွဲ သို့လည်း တက်ရောက်မည်ဟု ဆိုသည်။

ဝန်ကြီးမစ္စတာလီ နှင့်အတူစင်ကာပူ စိုက်ပျိုးရေး ၊စားသောက်ကုန်နှင့် မွေးမြူရေးဌာန၊ စင်ကာပူ နိုင်ငံတကာ လုပ်ငန်းဌာန၊နိုင်ငံခြားရေး ဝန်ကြီးဌာန များမှ တာဝန်ရှိသူများလည်း လိုက်ပါသွားကြမည်ဟု သိရှိရသည်။

-------------------------------------------------------------------------------------------------------------------

ဂျပန်အစိုးရက မြန်မာအား အတိုးနည်းချေးငွေ ပြန်ပေးတော့မည်

(Daily Yomiuri မှ 8 Oct 2012 ရက်စွဲပါ “Goxt to resume Lending to Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံကို ကူညီရန် ကတိပေးထားခြင်းကို အကောင်အထည်ဖော်သည့် အနေဖြင့် ဂျပန်အစိုးရသည် ၁၉၈၀ခုနှစ်များ နှောင်းပိုင်းကာလ နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် လာမည့်နှစ်တွင် စောနိုင်သမျှစောစော အတိုးနည်းချေးငွေ အစီအစဉ် ပြန်လည်စတင်ရန် စီစဉ်နေသည်ဟု သတင်းရပ် ကွက်များမှ ကြားသိရသည်။

လျှပ်စစ်ဓါတ်အား၊ လမ်းပန်းဆက်သွယ်ရေး၊ တယ်လီဖုန်း ကွန်ယက်စသော အခြေခံအဆောက်အဦး စီမံကိန်းများကို ရန်ပုံငွေထောက်ပံ့ရန် ရည် ရွယ်သော အထက်ပါ ချေးငွေအစီအစဉ်ကို ကြာသာပတေးနေ့တွင် တိုကျို၌ ကျင်းပမည့် မြန်မာနိုင်ငံ ထောက်ပံ့ကူညီရေး တွေ့ဆုံဆွေးနွေးပွဲတွင် ကြေညာ မည် ဟု မျှော်လင့်ရသည်။

၎င်းချေးငွေ အစီအစဉ်သည် အာရှနောက်ဆုံးပေါ်ဈေးကွက်အဖြစ် အာရုံကျနေကြသော မြန်မာနိုင်ငံတွင် စီးပွားရေးစလုပ်မည့် ဂျပန်ကုမ္ပဏီများကို လည်း ကူညီရန် ရည်ရွယ်ထားသည်ဟု ဆိုပါသည်။

ဂျပန်ကုမ္ပဏီများ လုပ်ငန်းပြန်စရေးသည် မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီပေးရန် တာဝန်များ ကင်းရှင်းသွားမှုပေါ်တွင် မူတည်နေပါသည်။ ကမ္ဘာ့ဘဏ် နှင့် (ADB)တို့ထံ မြန်မာက တင်နေသော အကြွေးများ ပြန်ပေးဆပ်နိုင်မည့် ပေါင်းကူးချေးငွေ အစီအစဉ်ကို အစိုးရ နောက်ခံ(Japan Bank for International Cooperation)က တိုးချဲ့နိုင်စေရန်အတွက် ရန်ပုံငွေ ပြန်လည်ထောက်ပံ့ရေး အစီအစဉ် တစ်ရပ်ကို ဂျပန်အစိုးရက ရေးဆွဲခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ် နှစ်ပတ်လည် အစည်းအဝေး၏ အဝန်းအဝိုင်းတွင် ပြုလုပ်မည့် မြန်မာနိုင်ငံ ထောက်ပံကူ ညီရေး ဆွေးနွေးပွဲတွင် အထက်ပါ အစီအစဉ် သဘောတူညီမှု ရရှိမည့် အလားအလာ ရှိသည်ဟု သိရှိရသည်။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment