Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၉.၁၀.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ခရီးသွားလုပ်ငန်း ညီလာခံ မြန်မာကျင်းပရန်ရှိ

(Gulf Todayမှ8 Oct 2012ရက်စွဲပါ “Myanmar to hold tourism meet”သတင်းကိုဘာသာပြန်ဆိုသည်)

  1. Huawei နှင့် ZETသည်လုံခြုံရေး ကိုခြိမ်းခြောက်သည်ဟု အမေရိကန်သတိပေး

(8 October 2012ရက်စွဲပါ BBC Newsမှ “Huaewi and ZTE posc security threat,warns US panel”ကိုဘာသာပြန်ဆိုသည်။)

***********************************************************

ဘာသာပြန်သတင်းများ

ခရီးသွားလုပ်ငန်း ညီလာခံ မြန်မာကျင်းပရန်ရှိ

(Gulf Todayမှ8 Oct 2012ရက်စွဲပါ “Myanmar to hold tourism meet”သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် နိုင်ငံတကာ ခရီးသွားလုပ်ငန်းဆိုင်ရာ ညီလာခံတစ်ရပ်ကို လာမည့်နှစ်တွင် ကျင်းပလိမ့်မည်။ နောင်နှစ်ဖေဖ်ာဝါရီလ၂၆-၂၈တွင် ယင်းညီလာခံသည် တိုင်းပြည်၏ စီးပွားရေး ခရီးသွားလုပ်ငန်းကို မြှင့်တင်အားပေးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းများအသင်း နှင့်Sphere Conference of Singaporeတို့ပူးပေါင်းကျင်း ပမည့် ညီလာခံတွင်ရင်းနှီး မြှုပ်နှံမှု အခွင့် အလမ်းများကို ဦးစားပေး ဆွေးနွေးကြလိမ့်မည်ဟု Xinhua သတင်းက ဆိုသည်။

စင်ကာပူ Sphere Conferenceဥက္ကဋ္ဌ ချူစီပေါင်က “မြန်မာ့ခရီးသွားလုပ်ငန်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားနေကြသည်”ဟု ပြော ကြားသည်။

မြန်မာနိုင်ငံ၏ ခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ယခင်တစ်နှစ်က ၇၉၀၀၀၀ရှိရာမှ ၂၀၁၁တွင် ၃ရာခိုင်နှုန်းတိုးကာ ၈၀၀၀၀၀အထိ ရောက်ရှိခဲ့ သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ကိန်းဂဏန်းများအရ သိရသည်။

---------------------------------------------------------------------------------------------------------------------

Huawei နှင့် ZETသည်လုံခြုံရေး ကိုခြိမ်းခြောက်သည်ဟု အမေရိကန်သတိပေး

(8 October 2012ရက်စွဲပါ BBC Newsမှ “Huaewi and ZTE posc security threat,warns US panel”ကိုဘာသာပြန်ဆိုသည်။)

တရုတ်ကုန်သွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော Huaweiနှင့် ZTEတို့သည် အမေရိကန် ပြည်ထောင်စုသို လုံခြုံရေး အရခြိမ်းခြောက်မှုပြုခဲ့ကြောင်း အဆိုပါ ကုမ္ပဏီနှစ်ခုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ကွန်ဂရက်အဖွဲ့တစ်ခုက သတိပေးခဲ့သည်။

အဆိုပါ ကုမ္ပဏီနှစ်ခုအား အမေရိကန်မှ ပူးတွဲလုပ်ဆောင်ခြင်း ဝယ်ယူခြင်းများ ပိတ်ပင်သင့်ကြောင်း Houseစုံစမ်းထောက်လှမ်းရေး ကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကွန်ဂရက်အဖွဲ့က ပြောကြားရာတွင် ၎င်းကုမ္ပဏီနှစ်ခုသည် တရုတ်အစိုးနှင့် လည်းကောင်း၊ တရုတ်စစ်တပ်နှင့် လည်းကောင်း၊ ပါဝင်ပတ်သက်နေမှု အတွက် စိုးရွံ့နေမှုများကို ဖြေဖျောက်မပေးနိုင်ကြောင်း ဆိုသည်။

Huawei နှင့်ZTEသည် စက်တင်ဘာလက ကွန်ဂရက် အဖွဲ့အရှေ့တွင် စွပ်စွဲချက်များကို ငြင်းဆိုခဲ့ သည်။  တနင်္လာနေ့က ZTEက ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ရာ ၎င်း၏ပစ္စည်းများသည် အမေရိကန်၏စံကို ပြည့်မီကြောင်း၊ ခြိမ်းခြောက်မှုများလည်း ပြုလုပ်သွားခြင်း မရှိကြောင်း “ZTEဟာ ကွန်ဂ ရက်၏ စုံစမ်းစစ်ဆေးမှု နှင့်အတူ အခြားမည်သည့် တရုတ်ကုမ္ပဏီမှ မလုပ်ဆောင်ဖူးသော ကော်ပိုရေးရှင်းဆိုင်ရာစံများ ထချမှတ်ခဲ့ပါတယ်”ဟုတရုတ် Xinhuaသတင်းဌာနက  ကုမ္ပဏီ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။

Huawei၏ ဒုတိယဥက္ကဋ္ဌ William Plummerက ပြောကြားရာတွင် ယခုနောက်ဆုံး စွပ်စွဲချက်များသည် အန္တရာယ်ကြီးသော နိုင်ငံရေးအရ မတည် ငြိမ်အောင် ဆွပေးခြင်းဖြစ်ကြောင်း ပြောသည်။

“Huaweiသည် ၎င်း၏နည်းပညာနှင့် ဈေးကွက်ဆိုင်ရာ ကောင်းကွက်များကို လျစ်လျူရှု၍ ဆိုက်ဘာ၏ ဆိုးရွားသော တိုက်ခိုက်မှု Cyber Mischief” ကို ထီးထီးကြီး ခံနေကြောင်း ရှင်းပြလိုပါတယ်။ အမေရိကန်၏ အလုပ်အကိုငှ်င့် တီထွင်ဖန်တီးမှုများကို အမှုမဲ့အမှတ်မဲ့ ခြိမ်းခြောက်သလို ဖြစ်သွးရခြင်းသာ ဖြစ်ပြီး အမျိုးသား လုံခြုံရေးကို ကာကွယ်ရန် ဘာမှ မလုပ်ခဲ့ပါဟုရှင်ပြခဲ့သည်။

Houseထောက်လှမ်းရေး အစီရင်ခံစာတွင် အဆိုပါ ကုမ္ပဏီများမှ ထုတ်လုပ်သော မိုဘိုင်းဖုန်း ထုတ်ကုန်များကို သပိတ်မှောက်ရန် တိုက်တွန်း ထားရာ အဆိုပါ ကုမ္ပဏီ များအတွက် လွန်စွာအရေးကြီးသည်။ “တရုတ်မှာ သူရဲ့တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီများကို သူတစ်ပါးအား ထိခိုက်စေလို သော ရည်ရွယ်ချက်ဖြင့် အသုံးချရန် ငွေကြေးအခွင်အလမ်းနှင့် စိတ်နေစိတ်ထား ရှိနေပါတယ်”ဟု အစီရင်ခံစာက ပြောသည်။

ရနိုင်သမျှ လျို့ဝှက်သတင်းများ နှင့် အခြားသတင်းအချက်အလက်များကို အခြေခံပြီး ပြောရလျှင် Huaweiနဲ့ ZTEဟာ နိုင်ငံခြားအစိုးရရဲ့ သြဇာ လွှမ်းမိုးမှု လွတ်ကင်းတယ်လို့ ယုံကြည်မှုမရှိနိုင်ပါဘူး ဒါ့ကြောင့် အမေရိကန် ပြည်ထောင်စုနဲ့ ကျွန်ုပ်တို့ရဲ့ စနစ်များကို လုံခြုံရေးအရ ခြိမ်းခြောက်နေတယ်လို့ ဆိုနိုင်ပါတယ်ဟု ဖော်ပြထားသည်။

ကွန်ဂရက်အဖွဲ့က ပြောကြားရာတွင် ၎င်းတို့၏ စုံစမ်းစစ်ဆေးမှု များတွင် Huawei၏လက်ရှိနှင့် ဝန်ထမ်းဟောင်းများထံမှ လာဘ်ပေးမှု၊ အဂတိ လိုက် စားမှု မတရားသော အပြုအမူနှင့် မူပိုင်ခွင့် ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များနှင့် ပတ်သက်၍ လုံလောက်သော ခိုင်လုံသည့် သတင်းများ ရရှိထားသည်ဟု ဆိုသည်။

ရီပက်ဘလစ်ကန် ကော်မတီဥက္ကဋ္ဌ Mike Rogersကပြောကြားရာတွင် ၎င်းတို့သည် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးနိုင်ရန် သတင်း အချက် အလက်များအား FBIသို့လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ကြောင်းဆိုသည်။

“ကျွန်တော်တို့ကိစ္စက ပြီးပါပြီ။ ကံမကောင်းတာက ဒီကိစ္စဟာ အများနဲ့ မဆိုင်တဲ့ သီးသန့်ကိစ္စပါ”ဟု Mr Rogersက တနင်္လာနေ့က ပြောကြား ခဲ့သည်။ တနင်္လာနေ့က အမေရိကန်၏ Networkဖြစ်သော CBSတွင် Mr Rogersကမိနစ်ခြောက်ဆယ်ကြာ ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပွင့်ပွင့်လင်းလင်းပြော ခဲ့သည်။

“တကယ်လို့ ကျွန်တော်တို့သာ Huaweiနှင့် အလုပ်လုပ်ဖို့ စဉ်းစားနေတဲ့ အမရိကန်ကုမ္ပဏီတစ်ခု ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပစ္စည်းကို ဂရုပြုမယ်၊ ကိုယ့်ဖောက်သည်တွေရဲ့ ပုဂ္ဂလိက အခွင့်အရေး ကို ကိုအလေးထားမယ်။ အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသား လုံခြုံရေးကို အလေးထားမယ် ဆိုရင် တခြားကုမ္ပဏီ တစ်ခုဖြစ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပစ္စည်း ကိုဂရုပြုရမယ်။ ကိုယ့်ဖောက်သည်တွေရဲ့ ပုဂ္ဂလိက အခွင့်အရေးကို အလေး ထားရမယ်။ အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးကို အလေးထားမယ်ဆိုရင် တခြားကုမ္ပဏီ တစ်ခုကို ထပ်ရှာပါတယ်”ဟု ၎င်းကပြောသည်။

အစီရင်ခံစာတွင် ထောက်ခံပြထားသော အချက်များ၌ အမေရိကန် ကန်ထရိုက်တာများသည် Huawei နှင့်ZET ပစ္စည်းများကို သုံးစွဲခြင်းမပြုရန်နှင့် သို့မှသာ အဆိုပါ ကုမ္ပဏီများသည် ပိုမိုပွင့်လင်းမှုရှိလာပြီး အမေရိကန် ဥပဒေကို လိုက်နာရန် လုပ်ဆောင်လာမည်ဟု ဆိုသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အဆိုပါကုမ္ပဏီနှစ်ခုနှင့် ပတ်သက်သော အကြောင်းအကျိုး မခိုင်လုံသည့် စွပ်စွဲချက်များကို စွန့်လွှတ်ရန် အမေရိကန်အား တိုက်တွန်းခဲ့သည်။

“တရုတ် တယ်လီကွန်းကုမ္ပဏီတွေ သူတို့ရဲ့နိုင်ငံတကာ စီးပွားရေးတွေကို ဈေးကွက်စီးပွားရေး စည်းမျဉ်း စည်းကမ်းများ  အပေါ်အခြေခံပြီင်္း လုပ်ဆောင်နေတာဖြစ်ပါတယ် ”နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Hong lei ကပြောသည်။

Huaweiကို တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ Ren Zhengfei က၁၉၈၇ခုနှစ်တွင် စတင်တည်ထောင် ခဲ့ သည်။

၎င်းသည်အဆိုပါ ကဏ္ဍ၌ ကမ္ဘာပေါ်တွင် အကြီးဆုံး ပလေယာအဖြစ် ကြီးထွားရာ ၎င်း၏တရုတ် စစ်တပ် နှင့် ဆက်ဆံမှုများမှာ မကြာခဏ ပေါ်လာ ပြီး စိုးရိမ်မှုများပင် ဖြစ်စေသည်။

Huaweiသည် တရုတ်နိုင်ငံအတွက် နိုင်ငံခြား တိုင်းပြည်များနှင့် ကုမ္ပဏီများထံမှ သတင်းအချက်အလက်များ စုဆောင်းပေးသည်ဟု စွပ်စွဲချက်များ ၊ စိုးရိမ်မှုများ ရှိခဲ့ပြီး ၎င်းကစွပ်စွဲချက်များ မဟုတ်မှန်ကြောင်း ငြင်းဆိုမှုများရှိခဲ့သည်။

ပြီးခဲ့သည့်နှစ်က ၎င်းသည် အမေရိကန်ကွန်ပျူတာ  ကုမ္ပဏီဖြစ်သော 3Leafမှ စနစ်များ ဝယ်ယူရာ အမေရိကန် လုံခြုံရေး အဖွဲ့တစ်ခုမှ ပယ်ဖျက် ခြင်းကို ခံခဲ့ရသည်။

ယခုနှစ် အစောပိုင်း ကလည်း၎င်းနှင့် ZETမှ အချို့ကိရိယာများတွင် အချို့သတင်းအချက် အလက်များ တရုတ်နိုင်ငံသို့ ပြန်ပို့သည့် ကုဒ်(Code of Rely)များ ထည့်သွင်းထားကြောင်း စွပ်စွဲချက်များကို ကြုံတွေ့ခဲ့ ရသည်။

အဆိုပါ ကုမ္ပဏီနှစ်ခုမှ အကြီးတန်းအမှုဆောင်များသည် စက်တင်ဘာလက အမေရိကန်  အမတ်များအရှေ့တွင် အဆိုပါ စွပ်စွဲချက်များကို မမှန် ကန်ကြောင်း ငြင်းဆိုခဲ့ကြသည်။

ZETသည်၎င်းအနေဖြင့် အမေရိကန် တယ်လီကွန်း ကိရိယာများကို အရေးယူမှုများ ချမှတ်ခံထားရသော အီရန်သို့ရောင်းချကြောင်း စွပ်စွဲချက်များ ကို ရင်ဆိုင်ခဲ့သည်။ အမေရိကန် ဧရာမ တယ်လီကွန်း ကုမ္ပဏီတစ်ခု ဖြစ်သော Ciscoသည် တနင်္ဂနွေနေ့က ZETနှင့်ဆက်ဆံရေးကို ရပ်ဆိုင်ခဲ့ကြောင်း Reutersက သတင်းထုတ်ပြန်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အီရန်နှင့်  သဘောတူညီချက်များတွင် ၎င်း၏ပစ္စည်းကိရိယာများ ပါဝင်နေခြင်း ကြောင့်ဟု ဆိုသည်။

ယခုနောက်ဆုံး သတင်းထွက်ပေါ်လာချိန်မှာ အမေရိကန် သမ္မတမဲဆွယ်မှုများတွင် တရုတ်အရေးကိစ္စ သည် ရေပန်းစားနေသည့် အချိန်ဖြစ်သည်။ သမ္မတBarack Obamaရော ၎င်း၏ရီပက်ဘလစ်ကန် ပြိုင်ဘက် Mitt Romney ပါတရုတ်၏ ငွေကြေးမူဝါဒ မှအစပြ၍ တရုတ်ကုမ္ပဏီများအပေါ် အစိုးရကဝင်၍ အရှုံးခံ ပေးနေမှု အများအဆုံး ကိစ္စရပ်များတွင် Beijingအား ဖိအားတိုး၍ ပေးရန်စီစဉ်လျက်ရှိသည်။

ယခုအစောပိုင်း ကာလကလည်း Obamaသည်တရုတ်ကုမ္ပဏီ ဖြစ်သော Rall Cropsက Oregon အနီး အမေရိကန်ရေတပ် အဆောက်အဦး အနီး တွင် လေအားလျှပ်စစ် (Wind farm)စီမံကိန်းလေးခုတွင် သဘောတူညီချက်ကို ပိတ်ဆို့သည့် အမိန့်အား လက်မှတ်ရေးထိုးခဲ့သည်။ ဤသည်မှ အမေရိကန် အနေဖြင့် ၂၂နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကို ပိတ်ဆို့ခြင်း ဖြစ်သည်။

ထိုကိစ္စအတွက်  တရုတ်ကုမ္ပဏီက Mr Obamaအား တရားစွဲခဲ့ပြီး အမေရိကန်အစိုးရသည် ၎င်း၏အာဏာကို လိုအပ်သည်ထက် အလွန်အကျွံ သုံးစွဲခဲ့ကြောင်း စွပ်စွဲခဲ့သည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment