Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၈.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. အမျိုးသား အမွေအနှစ် အဆောက်အဦးများ ရောင်းချခြင်းကို ရှေ့နေများ ဆန္ဒပြ        

(Gulf Time မှ 18 Oct 2012 ရက်စွဲပါ “Myanmar Lawyers protest sale of heritage building” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. မြန်မာနှင့် လူ့အခွင့်အရေး ကိစ္စဆွေးနွေးရန် လမ်းပွင့်ပြီဟု အမေရိကန်ပြော

(Associated Press မှ 18 Oct 2012 ရက်စွဲပါ “Open Channel with Myanmar on Human Rights: US” သတင်းကို ဘာသာပြန် ဆိုသည်။)

  1. ရုံးဖွင့်ခွင့် ပိတ်ပင်ခံရခြင်းကို နှောင့်နှေးမှုဟု OIC ယူဆ

(VOA News မှ 16 Oct 2012 ရက်စွဲပါ“ OIC considers Burma's office denial a setback” သတင်းကို ဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

အမျိုးသား အမွေအနှစ် အဆောက်အဦးများ ရောင်းချခြင်းကို ရှေ့နေများ ဆန္ဒပြ

(Gulf Time မှ 18 Oct 2012 ရက်စွဲပါ “Myanmar Lawyers protest sale of heritage building” သတင်းကို ဘာသာပြန်ဆိုသည်။)

ကိုလိုနီခေတ် တရားရုံးချုပ် အဆောက်အဦးနှင့် ရဲဌာနချုပ် အဆောက်အဦးများအား ယခင်အစိုးရက ရောင်းချထားခဲ့ခြင်းကို ရန်ကုန်မြို့တွင် ရှေ့နေ များက မနေ့က ကန့်ကွက်ဆန္ဒပြ ခဲ့ကြသည်။

“အမျိုးသား အမွေအနှစ် ထိန်းသိမ်းရေး ဥပဒေကို မချိုးဖောက်ပါနဲ့”ဟု ရေးသားထားသော စာတမ်းများ ကိုင်ဆောင်ထားကြသည့် ရှေ့နေ၂၀၀ ခန့်က ၁၀၁နှစ် သက်တမ်းရှိ တရားရုံးချုပ် အဆောက်အဦးမှ ပုလိပ်မင်းကြီး ရုံးအထိ ချီတက်ဆန္ဒပြ ခဲ့ကြသည်။

ယခင်တပ်မတော် အစိုးရက ပုဂ္ဂလိကထံ ရောင်းချခဲ့သော အဆိုပါ အဆောက်အဦး နှစ်ခုကို ပြန်လည်ရယူရန် ရှေ့နေများက အစိုးရထံ မေတ္တာရပ်ခံ တောင်းဆို ထားသည်။

ရှေ့နေအသင်း ပြောရေးဆိုခွင့်ရှိသူ ဦးအောင်သိန်းက “အရင်အစိုးရဟောင်းက အမျိုးသား အမွေအနှစ် ထိန်းသိမ်းရေး ဥပဒေကို ချိုးဖောက်ခဲ့တာပါ။ ဒါ့ကြောင့် ဒီအဆောက်အဦးတွေ ပုဂ္ဂလိက စီးပွားရေး သမားတွေ လက်ထဲမရောက်အောင် အစိုးရသစ်က တားပေးစေ ချင်ပါတယ်”ဟု ပြောကြားသည်။

ယခင် တပ်မတော် အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး သန်းရွှေက အုပ်ချုပ်ရေးမြို့တော်ကို ၂၀၀၆ခုနှစ်တွင် ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ ခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ နိုင်ငံပိုင် ကိုလိုနီခေတ် အဆောက်အဦး များစွာကို ရောင်းချပစ်ခဲ့ခြင်း ဖြစ်သည်။

တရားရုံးချုပ်အဆောက်အဦးကို လုပ်ငန်းရှင်သူဌေး ဦးသိန်းထွန်းထံ ရောင်းချထားပြီး ၎င်းကပြတိုက်အဖြစ် ပြောင်းလဲလိုသည်ဟု ကြားသိရသည်။ ပု လိပ် မင်းကြီး ရုံးဟောင်းကိုမူ ဟိုတယ်အဖြစ် ပြောင်းလဲရန် ကြံရွယ်ထားသည့်  တရုတ်ရင်းနှီးမြှုပ်နှံသူ တစ်ဦးထံ ရောင်းချထားသည်။

ထို့နောက် ၂၀၁၁မတ်လတွင် အာဏာရရှိလာသော သမ္မတ ဦးသိန်းစိန်က ၁၈၂၄-၁၉၄၈ ဗြိတိသျှ အုပ်ချုပ်ရေး ကာလတွင် ဆောက်လုပ်ခဲ့သော ကို လိုနီခေတ် ဗိသုကာလက်ရာများ ထိန်းသိမ်းစောင့်ရှောက်ရေးကို အားပေးထောက်ခံမှု ပြုခဲ့သည်။

“ရန်ကုန်ဟာ အရှေ့တောင် အာရှမှာ သာမကပဲ အာရှတိုက်မှာပါ ကိုလိုနီခေတ် ဗိသုကာ လက်ရာတွေ အကြီးမားဆုံး စုဝေးနေတဲ့နေရာ ဖြစ်နိုင်ပါ တယ်”ဟု Historial Walks in Yangon စာအုပ်ရေးသားသူ အယ်လ်ဖရက် ဘန်ဘွန်က ပြောကြားသည်။

ယခုအခါ တံခါးဖွင့်မြန်မာနိုင်ငံ၏ မြန်ဆန်သော စီးပွားရေး လှိုင်းလုံးများ၏ ခြိမ်းခြောက်ခြင်း ခံနေရသော အမွေအနှစ် ထိန်းသိမ်းရေး ကြိုးပမ်းမှုများ ကို အရှိန်မြှင့်ရန်အတွက် The Yangon Heritage Trustကို ကုလအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေးဖြစ်သူ ဦးသန်းမြင့်ဦးက ယခုနှစ် အ စောပိုင်းတွင် ထူထောင်ခဲ့သည်။

မကြာသေးမီက ဖိုရမ်တစ်ခုတွင် ဦးသန်းမြင့်ဦးက “ ဒီကိစ္စဟာ အရေးပေါ် အခြေအနေ ဖြစ်နေပြီလို့ ခံစားမိပါတယ်။ ဒါဟာတစ်နှစ်၊ နှစ်နှစ်လောက် စောင့်နိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး”ဟု ပြောကြားသွားသည်။

----------------------------------------------------------------------------------------------------------------

မြန်မာနှင့်လူ့အခွင့်အရေး ကိစ္စဆွေးနွေးရန် လမ်းပွင့်ပြီဟု အမေရိကန်ပြော

(Associated Press မှ 18 Oct 2012 ရက်စွဲပါ “Open Channel with Myanmar on Human Rights: US”သတင်းကို ဘာသာပြန် ဆိုသည်။)

မြန်မာနိုင်ငံနှင့် လူ့အခွင့်အရေးဆိုင်ရာ ပထမဆုံး တရားဝင် ဆွေးနွေးပွဲ ကျင်းပပြီးနောက်တွင် အမေရိကန် ပြည်ထောင်စုက “မြန်မာခေါင်းဆောင် များနှင့် လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ပူပန်စရာ ကိစ္စရပ်များ ဖော်ထုတ်ဆွေးနွေးရန် လမ်းပွင့်သွားပြီဟု ယုံကြည်စိတ်ချ သွားကြောင်း” မနေ့က ပြောကြား လိုက်သည်။

ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် ကျင်းပသော အစည်းအဝေးသည် မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု တို့အကြား မြန်မြန်ဆန်ဆန် ပြန်လည် ဆက်ဆံ နွေးထွေးလာခြင်းကို ထင်ဟပ်နေသည်။

ဦးသိန်းစိန် အစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြု တုန့်ပြန်သည့် အနေဖြင့် ယခင်နှစ်ပေါင်း ၂၀ခန့် ဆုတ်ယုတ်နေခဲ့သော သံ တမန် ဆက်ဆံရေးကို ဝါရှင်တန်က ယခုနှစ်အတွင်း ပြောင်းလဲကာပုံမှန် ပြန်လည်ဆက်ဆံခဲ့သည်။

မြန်မာနိုင်ငံတွင် သိသာထင်ရှားသော ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများ ပြုလုပ်နေသော်လည်း နိုင်ငံရေး အကျဉ်းသား ရာဂဏန်း၊ အရေအတွက် ကို ဆက်လက် ဖမ်းဆီးထားပြီး တပ်မတော် (စစ်တပ်)ကလည်း ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ကျုးလွန် နေသည်ဟု စွပ်စွဲခံနေရ သည်။

အမေရိကန် နိုင်ငံခြားရေးဌာန လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုခနာ ဦးဆောင်သော အဖွဲ့ဝင်၂၂ ဦးပါ ကိုယ် စားလှယ် အဖွဲ့တွင် ပင်ဒါဂွန် စစ်ဌာနချုပ်မှ အရာရှိများလည်း ပါဝင်သည်ဟု သိရှိရသည်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယားနူလန်က “ဗုဒ္ဓဟူးနေ့က ဆွေးနွေးမှုများသည် လွန်စွာအပြုသဘော ဆောင်ကြောင်း မြန်မာ တာဝန်ရှိသူ များကလည်း လူ့အခွင့်အရေး ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရန် လိုလိုလားလား ရှိကြကြောင်း ၊ မြန်မာအစိုးရနှင့် လူ့အ ခွင့်အရေးကိစ္စ ဆွေးနွေးရန်နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန် လမ်းပွင့်သွားပြီဟု စိတ်ချယုံကြည်ကြောင်း” ရှင်းလင်းပြောကြား ခဲ့သည်။

-------------------------------------------------------------------------------------------------------------------

ရုံးဖွင့်ခွင့် ပိတ်ပင်ခံရခြင်းကို နှောင့်နှေးမှုဟု OIC ယူဆ

(VOA News မှ 16 Oct 2012 ရက်စွဲပါ“ OIC considers Burma's office denial a setback” သတင်းကို ဘာသာပြန်ဆိုသည်)

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OICက ၎င်းတို့အဖွဲ့ မြန်မာနိုင်ငံ၌ ရုံးဖွင့်မည့်ကိစ္စကို ပိတ်ပင်သော မြန်မာနိုင်ငံ၏ ဆုံးဖြတ်ချက်သည် မြန် မာ တာဝန်ရှိသူများနှင့် အစောပိုင်းက ဆွေးနွေးသဘောတူညီ ထားမှုနှင့် ကွဲလွဲနေပုံရသော နှောင့်နှေးမှုတစ်ခု ဖြစ်သည်ဟု မနေ့က ပြောကြားသည်။

ရခိုင်ပြည်နယ် အကြမ်းဖက် အဓိကဂိုဏ်းကို စုံစမ်းစစ်ဆေးလျက်ရှိသည့် အဖွဲ့ဝင် ၅၇ နိုင်ငံ OIC  အဖွဲ့ရုံးဖွင့်မည့် ကိစ္စကို ယခုသီတင်းပတ် အတွင်း သံ ဃာတော်များနှင့် မြန်မာပြည်သူ ထောင်ပေါင်းများစွာတို့ ကန့်ကွတ်ဆန္ဒပြ ခဲ့ကြပြီးနောက် မြန်မာအစိုးရက ယင်းသို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် ရခိုင်ဗုဒ္ဓဘာသာနှင့် ရိုဟင်ဂျာ မွတ်ဆလင်များအကြား အကြမ်းဖက် အဓိကရုဏ်းများ ဖြစ်ပြီးနောက် မြန်မာနိုင်ငံသို့ OICကိုယ်စား လှယ်အဖွဲ့ ယခင်လက လာရောက်ခဲ့သည်။

အထက်ပါ အကြမ်းဖက်မှု ဖြစ်စဉ်များအတွင်း လူပေါင်း၁၀၀ဝန်းကျင် အသက်ဆုံးရှုံး ခဲ့ရပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသောကြောင့် လူ သားခြင်း စာနာမှုဆိုင်ရာ ပြဿနာ ရှိနေပြီဟု ကုလသမဂ္ဂက သတိပေး ပြောကြားခဲ့သည်။

OICအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မာဟာအေကီးလ်က “ရုံးဖွင့်ခွင့် မပြုကြောင်း တရားဝင် အကြောင်းကြားစာ လက်ခံရရှိခြင်း မရှိသေးကြောင်း၊ သို့သော် သမ္မတ၏ ကြေညာချက်အပေါ် အံ့အားသင့်မိကြောင်း” ပြောကြားသည်။

“ဒါဟာ ခေတ္တနှောင့်နှေးမှု တစ်ခုပါ။ ဘာကြောင့်လဲဆိုရင် မွတ်ဆလင်တွေ အတွက်သာ မကပဲ၊ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ အသိုင်းအဝိုင်းတွေ အားလုံးကို ကူညီမယ့် လူသားခြင်း စာနာမှုဆိုင်ရာ ရုံးဖွင့်ဖို့ခွင့်ပြုတဲ့ လက်မှတ်ထိုး သဘောတူညီချက် ရရှိထားပြီး ဖြစ်လို့ပါ”ဟု ၎င်းကရှင်းလင်း ပြောကြား သည်။

မြန်မာအစိုးရ ဘက်ကမူ “OIC အဖွဲ့၏ ရုံးဖွင့်ခြင်းကိုသာ ပိတ်ပင်ခြင်းဖြစ်ပြီး လူသားခြင်း စာနာသောကူညီမှု အစီအစဉ်များကို တားမြစ်ခြင်း မရှိဘဲ ခွင့်ပြုထားကြောင်း” ရှင်းလင်းပြောဆို ထားသည်။

***************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment