Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၃.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. CIMB မှ မြန်မာအပါအဝင် အာရှငါးနိုင်ငံ ငွေလွှဲလုပ်ငန်းစတင်

(19 October 2012 ရက်စွဲပါ The Star Online မှ CIMB launches money transfer servise Myanmar, Vietnam, India, Bangladesh, Nepal ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာပြည်တွင်း လူ့ခွင့်အရေး တိုးတက်ကောင်းမွန်လျက်ရှိ

(VOA သတင်းဌာနမှ 22 Oct 2012 ရက်စွဲပါ Improving Human Rights In Burma ကိုဘာသာပြန်ဆိုသည်)

  1. ဗီယက်နမ်ဝန်ကြီးချုပ်ကစီးပွားရေးနှင့်ပတ်သက်သော အမှားများကိုဝန်ခံ

(22 October 2012 ရက်စွဲပါ BBC News မှ Vietnam’s Prime Minister admits faults on Economy ကိုဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

CIMB မှ မြန်မာအပါအဝင် အာရှငါးနိုင်ငံ ငွေလွှဲလုပ်ငန်းစတင်

(19 October 2012 ရက်စွဲပါ The Star Online မှ CIMB launches money transfer servise Myanmar, Vietnam, India, Bangladesh, Nepal ကို ဘာသာပြန်ဆိုသည်)

CIMB Group Holding Bhd သည်ယမန်နေ့က နိုင်ငံတကာငွေလွှဲပြောင်းခြင်း ဝန်ဆောင်မှုဖြစ်သော Speedsend ကိုစတင်ခဲ့ရာ မြန်မာ၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါတို့သို့ ငွေလွှဲဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။

အဆိုပါအုပ်စု၏ ဒုတိယ CEO ဖြစ်သူ Renzo Viegas ကပြောကြားရာတွင် အဆိုပါဝန်ဆောင်မှုကို လာမည့်လအနည်းငယ်အတွင်း စင်ကာပူ၊ ထိုင်း၊ သိရိလင်္ကာနှင့် ဥရောပတောင်ပိုင်းသို့လည်း စတင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

SpeedSend ကိုရှေ့ပြေးအစီအစဉ်အဖြစ် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့တွင် စတင်ဆောင်ရွက်ခဲ့သည်။ Viegas ကပြောကြားရာတွင် အင်ဒိုနီးရှားရှိ CIMB Niga နှင့် CIMB Thai တို့ကလည်း SpeedSend ဝန်ဆောင်မှုကို ကူညီခဲ့ကြကြောင်းဆိုသည်။

"SpeedSend ဟာ CIMB ဘဏ်ရဲ့ သီးသန့်ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး၊ တခြားငွေကြေး အဖွဲ့အစည်းတွေနဲ့ ငွေအရောင်းအဝယ် လုပ်နိုင်သလို၊ ငွေလွှဲပြောင်းမှုဝန်ဆောင်မှုအနေနဲ့ မြန်ဆန်လွယ်ကူပြီးစိတ်ချရတဲ့ ဝန်ဆောင်မှုပေးမှာပါ"ဟု ၎င်းကဆိုသည်။

မလေးရှားနိုင်ငံတွင် နိုင်ငံခြားလုပ်သားများ သန်းနှင့်ချီ၍ဝင်ရောက်နေခြင်းကြောင့် ဒေသတွင်းတွင်ငွေလွှဲလုပ်ငန်းဈေးကွက် ကြီးထွား လာနေသည့်နိုင်ငံဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

Viegas ကပြောကြားရာတွင် ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်အရ ၂၀၁၀ တွင်ရင်းဂစ် ၂၁ ဘီလီယံခန့် နိုင်ငံခြားသို့ငွေလွှဲပို့မှုရှိခဲ့ကြောင်း ဆိုသည်။

"SpeedSend အနေနဲ့ဈေးကွက်ကို အမိအရဆုပ်ကိုင်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့အာဆီယံမှာ ဘဏ်ခွဲတွေ ၁၁၀၀ ကျော် ဖွင့်ထားပြီး ဖြစ်သလို၊ ပါတနာလုပ်ထားတဲ့ဘဏ်တွေ၊ အေးဂျင့်တွေလည်း ဒေသတွင်းမှာရှိပါတယ်"ဟု ၎င်းကပြောသည်။

CIMB အုပ်စုသည် မလေးရှားတွင် ဒုတိယအကြီးဆုံးငွေကြေးဝန်ဆောင်မှု ပေးသောအဖွဲ့ဖြစ်ပြီး၊ ယခုနှစ်ဇွန်လ ၃၀ ရက်နေ့အထိ အာဆီယံ ဒေသတွင်းဘဏ်ခွဲကွန်ယက် ၁၁၁၃ ခုရှိကြောင်းသိရသည်။

                                                    *********************************************************

မြန်မာပြည်တွင်း လူ့ခွင့်အရေး တိုးတက်ကောင်းမွန်လျက်ရှိ

(VOA သတင်းဌာနမှ 22 Oct 2012 ရက်စွဲပါ Improving Human Rights In Burma ကိုဘာသာပြန်ဆိုသည်)

နှစ်ပေါင်းကြာရှည်စွာ စစ်အာဏာရှင်စနစ်အောက်သို့ ရောက်ရှိခဲ့သော မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် အစိုးရသစ် စတင်ပေါ်ပေါက်လာသည့် အချိန်မှစ၍ တိုးတက်ဖြစ်ထွန်းမှုများကို ဆောင်ကြဉ်းလာနိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် အရေးကြီးသောနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်နေစဉ် အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရနှင့် စေ့စပ် ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်လျက် ရှိသည်။ ထို့အတူ မြန်မာပြည်တွင်း လူ့အခွင့်အရေးအခြေအနေအပေါ် ဆွေးနွေးပြောဆိုမှုများလည်း ထွက်ပေါ်လျက် ရှိသည်ကိုတွေ့ရပါသည်။

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Michael Posner ဦးဆောင်သော အဖွဲ့ဝင် ၂၂ ဦးပါအမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့သွားရောက်ပြီး မြန်မာအစိုးရအရာရှိကြီးများနှင့်တွေ့ဆုံကာ လူ့အခွင့်အရေးကိစ္စများ ဆွေးနွေးပြောဆိုခဲ့ကြသည်။

ယင်းကိုယ်စားလှယ်အဖွဲ့တွင် White House(အိမ်ဖြူတော်)၊ Agency for International Development(နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ)နှင့် Department of Homeland Security(ပြည်တွင်းလုံခြုံရေးဌာန) အစရှိသည်တို့အပါအဝင် အမေရိကန်အစိုးရအေဂျင်စီများမှအကြီးတန်း ကိုယ်စားလှယ်များလည်း ပါဝင်ပြီး အမေရိကန်အစိုးရအနေဖြင့် လူ့ခွင့်အရေးကိစ္စများကို မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းသည်ဟူသော မတူညီသည့် လုပ်ဆောင်ချက်များကို မြန်မာအစိုးရအား ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းကြာရှည်စွာ စစ်အာဏာရှင်စနစ်အောက်သို့ ရောက်ရှိခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် အစိုးရသစ် စတင်ပေါ်ပေါက် လာသည့်အချိန်မှစ၍ တိုးတက်ဖြစ်ထွန်းမှုများကို ဆောင်ကြဉ်းလာနိုင်ခဲ့သည်။ စစ်ဘက်အုပ်ချုပ်ရေးစနစ်မှ အရပ်ဘက်အုပ်ချုပ်ရေးစနစ်သို့ စတင်ပြောင်းလဲ လိုက်သည့်အချိန်မှစ၍ သက်ဆိုင်သူ နိုင်ငံရေးသမားများအားလုံးပါဝင်ပြီး ယုံကြည်စိတ်ချရသော ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးခြင်း၊ မီဒီယာများအပေါ် ဆင်ဆာတည်းဖြတ်မှုများအား လျှော့ချပေးခြင်း၊ နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်ခန့်အား လွှတ်ပေးခြင်းအစရှိသည့် အရေးပါသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လာသည်။ ထိုသို့လုပ်ဆောင်မှုများကိုကြည့်လျှင် မြန်မာခေါင်းဆောင်များသည် ပွင့်လင်းမြင်သာမှုရှိပြီး ပြုပြင် ပြောင်းလဲရေးလမ်းကြောင်းကို ဦးတည်နေပြီဖြစ်သည်ဟူသော အချက်မှာပေါ်လွင်နေသည်။

ထိုသို့လုပ်ဆောင်နေသည့်ကာလအတွင်း အမေရိကန်ပြည်ထောင်စုကလည်း မြန်မာနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းရေးဟူသည့်မူဝါဒကို အားကောင်း မောင်းသန်ဖြစ်အောင် ဆက်လက်လုပ်ဆောင်ပြီး မြန်မာပြည်သူများ အကျိုးအမြတ်ဖြစ်ထွန်းရေး၊ မြန်မာအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ကိုင်နိုင်ရေး အစရှိသည်တို့ကို အားပေးအားမြှောက်ပြုလုပ်ခဲ့သည်။

မြန်မာအစိုးရအရာရှိကြီးများနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သော အမေရိကန်အရာရှိကြီးများအဆိုအရ ဆွေးနွေးမှုများမှာကောင်းမွန်ခဲ့ပြီး အနာဂါတ် ကာလတွင် အလားတူဆွေးနွေးပွဲများ ပြုလုပ်လာမည်ဟုမျှော်လင့်ရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Victoria Nuland ကပြောကြားသည်။

"လူ့အခွင့်အရေးကိစ္စတွေ ဆွေးနွေးနိုင်ဖို့ မြန်မာအစိုးရနဲ့ကျွန်မတို့ ယခုဆိုလျှင် လမ်းကြောင်းပွင့်သွားပြီဆိုတဲ့ အချက်အပေါ် ယုံကြည်မှုအပြည့် ရှိပါတယ်။ မြန်မာအစိုးရအတွက် လူ့အခွင့်အရေးစံချိန်စံနှုန်းဆိုတာတွေ ရရှိဖို့အတွက် ကျွန်မတို့ဆက်လက် လုပ်ကိုင်ပေးသွားမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအတော်များများနှင့် လူ့ခွင့်အရေးဒိုင်ယာလော့ခ်များကို လုပ်ဆောင်လျက်ရှိသလို လာမည့် လများအတွင်း မြန်မာအာဏာပိုင်များနှင့်လည်း အလားတူဒိုင်ယာလော့ခ်နှင့် ဆွေးနွေးမှုများပြုလုပ်သွားမည်ဟု မျှော်လင့်ရပါသည်။

                                                                   **********************************

 ဗီယက်နမ်ဝန်ကြီးချုပ်ကစီးပွားရေးနှင့်ပတ်သက်သော အမှားများကိုဝန်ခံ

(22 October 2012 ရက်စွဲပါ BBC News မှ Vietnam’s Prime Minister admits faults on Economy ကိုဘာသာပြန်ဆိုသည်)

ဗီယက်နမ်ဝန်ကြီးချုပ်က ချိနဲ့နေသောတိုင်းပြည်၏ စီးပွားရေးတွင် ၎င်းလုပ်ဆောင်ခဲ့သောမှားယွင်းသည့် စီမံခန့်ခွဲမှုများကိုဝန်ခံခဲ့ပြီး နိုင်ငံပိုင် လုပ်ငန်းများတွင် အဂတိလိုက်စားသည့်ကိစ္စများ ရှိနေခြင်းကိုပြုပြင်သွားရန် ကတိပေးခဲ့သည်။

ဝန်ကြီးချုပ် Nguyen Tan Dung ကပါလီမန်တွင်မိန့်ခွန်းပြောကြားရာ၌ ၎င်း၏နိုင်ငံရေးအရ တာဝန်ဝတ္တရားများကို သိနားလည်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်အပတ်က ကွန်မြူနစ်ပါတီခေါင်းဆောင်များ ဆွေးနွေးပွဲအပြီးတွင် ငွေကြေးဆိုင်ရာမသမာမှုများကို စည်းမျဉ်း၊ စည်းကမ်းအရ အရေးယူရန် ဖြစ်လာပါသည်။

နိုင်ငံပိုင်လုပ်ငန်းများအတွင်း အဂတိလိုက်စားမှုများအပေါ် ပြည်သူလူထုက စိတ်ဆိုးလာခြင်းကြောင့် အစည်းအဝေးမတိုင်မီ ဝန်ကြီးချုပ်အပေါ် ဖိအားဝင်ခဲ့ရသည်။

“ကျွန်တော်ဟာ ကျွန်တော်ရဲ့နိုင်ငံရေးအရလုပ်ဆာင်ရမယ့် တာဝန်ဝတ္တရားတွေရယ်၊ ကျွန်တော့် အမှားတွေကိုသိပါတယ်” ဝန်ကြီးချုပ်က ပါလီမန်အဖွင့်တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ သင်ခန်းစာရခဲ့ပါပြီ” ဟု ၎င်းက ပြောသည်။

Nguyen Tan Dung ၏အစိုးရအဖွဲ့သည် ဗီယက်နမ် သင်္ဘောဆောက်လုပ်ရေးလုပ်ငန်းစု (Vinashin)နှင့် ဗီယက်နမ်အမျိုးသားသင်္ဘောလိုင်း (Vinalines)ကဲ့သို့သော နိုင်ငံပိုင်လုပ်ငန်းများတွင် အဂတိလိုက်စားသော မသမာမှုများစွာကို ကြုံတွေ့ရလျက်ရှိသည်။

မတ်လက Vinashin ကိုဒေဝါလီခံရလုနီးပါးဖြစ်အောင် လုပ်ဆောင်ရာတွင်ပါဝင်ခဲ့မှုအတွက် ထိပ်တန်းတာဝန်ရှိသူကိုးဦးကို ထောင်ထဲသို့ ပို့ခဲ့ပါတယ်။

ပြီးခဲ့သည့်လက Vinalines ၏ဥက္ကဋ္ဌဟောင်းအား နိုင်ငံခြားတွင်ဖမ်းဆီးခဲ့ပြီး၊ စီးပွားရေးနှင့်ဆိုင်သောပြစ်မှုများအတွက် စွပ်စွဲချက်များကို အရေးယူခဲ့သည်။

Nguyen Tan Dung သည် ၂၀၀၆ ခုနှစ်ကတည်းက ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ၎င်းသည်တိုင်းပြည်တွင် စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ကိုင်လိမ့်မည်ဟု အများကမျှော်လင့်ခဲ့ကြသည်။

သို့သော် နောင်နှစ်နှစ်အကြာတွင်ဖြစ်ပေါ်သော ကမ္ဘာ့ငွေကြေးကပ်ဆိုက်ခြင်းကြောင့် ဆယ်စုနှစ်များစွာတိုးတက်မှုနှုန်း မြင့်မားခဲ့သော ဗီယက်နမ် စီးပွားရေးမှာကျဆင်းခဲ့ပြီး၊ ထိုအချိန်မှစ၍ ငွေကြေးဖောင်းပွမှုမြင့်မားခြင်းနှင့် ကြွေးမြီကိစ္စများကဲ့သို့သော ပြဿနာများကိုကြုံတွေ့ခဲ့ရသည်။

ဗီယက်နမ်တွင် အွန်လိုင်း၌ဘလော့ဂါအချို့က အဂတိလိုက်စားသည့်အမှုများနှင့် လူ့အခွင့်အရေးကိစ္စများကို ဆွေးနွေးကြခြင်းကြောင့် ဝန်ကြီးချုပ်အဖို့  ဖိအားဝင်ခဲ့ရသည်။

***************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment