Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၂၃.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. နောက်ကြောင်းပြန်မလှည့်ရေးနှင့် အနာဂတ်မြန်မာ့စီးပွားရေး

*****************************************

ဆောင်းပါးကဏ္ဍ

နောက်ကြောင်းပြန်မလှည့်ရေးနှင့် အနာဂတ်မြန်မာ့စီးပွားရေး

ထက်မြက်

(အောက်တိုဘာလ ၂၅ရက်နေ့ထုတ် အတွဲ ၄ အမှတ် ၄၂ မှ ထုတ်ယူဖော်ပြချက်။)

အစိုးရအပြောင်းအလဲတွင် စီးပွားရေးအပြောင်းအလဲများလည်း ဖြစ်ပေါ်လာခဲ့ပါသည်။ ဦးသိန်းစိန် အစိုးရလက်ထက်၌ လွှတ်တော်များနှင့် အစိုးရ တစ်ဖွဲ့လုံးကို ဦးဆောင်သော ဝန်ကြီးများနှင့် လွှတ်တော်ဥက္ကဠများမှာ အရပ်သားချည်းဖြစ်သည်။ အရပ်သားအစိုးရဖြင့် မြန်မာနိုင်ငံ၏အနာဂတ်ကို ကောင်းမွန်အောင် တည်ဆောက်နေသည်ဟု ကြေညာခဲ့၏။ အမှန်စင်စစ် ယခုဦးဆောင်နေသော အရပ်သားများမှာ ယခင် ဗိုလ်ချုပ်ကြီးများ ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်ပြောသလို LDC နိုင်ငံအဆင့်မှ ကင်းလွတ်ပြီး ဖွံ့ဖြိုးသောနိုင်ငံ ရောက်ရှိရန်မှာ ယခုဦးသိန်းစိန်အစိုးရတွင် တာဝန်ရှိလေသည်။ အပြောင်း အလဲများမှာ နှေးကွေးနေသော်လည်း ယခင်စစ်အစိုးရနှင့်မတူ ပြောင်းလဲမှုများရှိသည်ကိုကား ငြင်းကွယ်၍မရပေ။ စစ်အစိုးရတက်စက ဈေးကွက်စီးပွား ရေးစနစ်ကျင့်သုံးရန် ကြွေးကြော်ခဲ့သော်လည်း ထိုဈေးကွက်စီးပွားရေးကို ခရိုနီများကချုပ်ကိုင်သော စီးပွားရေးများ လွှမ်းမိုးခဲ့၏။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်မတော်သား ၂၅ ရာခိုင်နှုန်းမှ အလိုအလျောက်ပါစေခြင်းမှာ ဆူဟာတို၏ အခင်းအကျင်းတိုင်းပင် ဖြစ်၏။ ရိုလ်ကာပါတီက ဦးဆောင်ကာ ဖွဲ့စည်းပုံအတိုင်း ရွေးကောက်ပွဲများကျင်းပခဲ့သလို ယခုလည်း ကြံခိုင်ဖွံ့ဖြိုးရေးပါတီက မဲအများဆုံးရရှိစေပြီး တပ် မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်သော အရပ်သားအစိုးရသစ်ကို ဖွဲ့စည်းခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံ၌မူ မားကို့စ်ကို ယှဉ်ပြိုင်သော တစ်စုံတရာအားရှိသည့် အတိုက်အခံများပေါ်လာသည်။ အင်ဒိုနီးရှား၌မူ ဆူဟာတိုကို ယှဉ်ပြိုင်နိုင် သည့် သြဇာရှိသော အတိုက်အခံမျိုးမရှိပေ။ ထို့ကြောင့် အရပ်သားအစိုးရအဖြစ် ပြောင်းလဲဖို့ကြိုးစားသော်လည်း လူထုတိုက်ပွဲများ ဆက်တိုက်လိုလို ဖြစ် လာသဖြင့် ဗိုလ်ချုပ်ကြီး ဝီရန်တိုကို အာဏာလွှဲပေးခဲ့ရ၏။ စိတ်သဘောထားကောင်းပြီး ပြောင်းလဲမှုကို လိုလားသော ဗိုလ်ချုပ်ကြီး ဝီရန်တိုက ဘာသာ ရေးသမား မစ္စတာ ဟာဘီဘီကို တာဝန်လွှဲပေးခဲ့ပါသည်။ ထိုအချိန်မှစပြီး ၂၅ ရာခိုင်နှုန်း စစ်သားအမတ်များမှာလည်း လျော့ကျလာသလို ဒီမိုကရေစီလမ်း ကြောင်းမှာလည်း အားကောင်းလာသည်။ နောက်ဆုံး ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ မစ္စတာရိုတိုယိုနိုသည် အမှန်တကယ် စိတ်သဘောထားဖြူစင်ပြီး အ ပြောင်းအလဲလိုလားသောသူ ဖြစ်သောကြောင့် အမှန်တကယ် ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲလာလေသည်။

မြန်မာနိုင်ငံမှာမူ စစ်တပ်က သတ်မှတ်ရေးဆွဲခဲ့သော လမ်းပြမြေပုံ ၇ ချက်ဖြင့် ယခုအချိန်အထိ မတိမ်းမစောင်းချီတက်ခဲ့သည်မှာ ယခင် စစ်ဗိုလ် ချုပ်များအဖို့ ကျေနပ်အားရစရာပင် ဖြစ်သည်။ သို့သော် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားထက် မြန်မာနိုင်ငံ၏ အားသာချက်မှာ အလွန်အင်အားတောင့်တင်းသော လူထုထောက်ခံမှု တစ်ခဲနက်ရှိသော အတိုက်အခံခေါင်းဆောင်ရှိနေခြင်းပင်။ ထိုအတိုက်အခံခေါင်းဆောင်သည် နိုဘယ်ငြိမ်းချမ်းရေးဆုရရှိသူ၊ နှစ်ပေါင်း များစွာ စွန့်လွှတ်အနစ်နာခံခဲ့သူ၊ အနောက်နိုင်ငံများ၏ ယုံကြည်လေးစားခြင်းခံရသူ ဖြစ်နေသည်မှာ အားသာချက်ဖြစ်ပါသည်။ ထိုအားသာချက်ကို အပြောင်းအလဲဖြစ်လိုသော ဗိုလ်ချုပ်များက အသုံးချလိုသလို အတိုက်အခံများကလည်း ထိုသို့ပြောင်းအလဲများဖြစ်လိုသော ဗိုလ်ချုပ်များကို အသုံးချဖို့လို ပါတယ်။ ထိုကိစ္စကို ဖိဖိစီးစီးလုပ်နေသူမှာ အမေရိကန်ဖြစ်၏။ ဦးသိန်းစိန်အစိုးရက အပြောင်းအလဲလုပ်မည်ဟု ဆိုလိုက်သည်နှင့် အမေရိကန်သည် လုံးဝ လက်မနှေးပဲ သွက်သွက်လက်လက်ဖြင့် စီးပွားရေးအရရော၊ နိုင်ငံရေးအရပါ မြန်မာနိုင်ငံ၏ နယ်ပယ်အတွင်းသို့ ရောက်ရှိလာခဲ့လေသည်။

ထိုအခါ မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေးအတွက် အမှန်တကယ်ပြောင်းလဲရေးများ လိုအပ်လာပေသည်။ ထိုအပြောင်းအလဲများကို ဖိဖိစီးစီး လုပ်ဖို့ အရေးကြီးသလို ဈေးကွက်စီးပွားရေးနှင့် နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့လိုပါသည်။ ဥပဒေသစ်ရေးဆွဲကာ ထိုကိစ္စကို အမြန်ဆုံး အကောင်အထည်ဖော်သင့်သည်။ နိုင်ငံခြားရင်းနှီးမှု အထူးသဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ ရင်းနှီးမှုမပါဘဲ သိသိသာသာ ပြောင်းလဲနိုင်မည် မဟုတ်ပေ။ ထိုကဲ့သို့ ပြတ်သားသော ဈေးကွက်စီးပွားရေးပြောင်းလဲသည်ကို မြန်မာနိုင်ငံအတုယူသင့်သည်မှာ တရုတ်နှင့် ဗီယက်နမ် ဖြစ်သည်။ ယခု ပြဿနာဖြစ်နေသည်မှာ ခရိုနီစီးပွားရေးစနစ်ဖြစ်၏။

ခရိုနီစီးပွားရေးစနစ်ကို လုံးဝဖယ်ရှားပစ်ဖို့ကား မလွယ်ကူပါ။ သို့သော် ခရိုနီများအပေါ် ယခင်ကဲ့သို့ အခွင့်အရေးပေးရန် မလိုတော့ပေ။ လုပ်ပိုင်ခွင့် များဖြစ်သော ကုန်သွယ်ခွင့်၊ ကုန်ပစ္စည်းတင်သွင်းခွင့်များကို အပြိုင်အဆိုင် လုပ်ခွင့်ပေးရပေမည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စိတ်ပါလက်ပါဖြင့် ဝင်ရောက် လာပြီဆိုလျှင် ခရိုနီများအဖို့ ငွေအား၊ အာဏာအားဖြင့် ထင်တိုင်းခြယ်လှယ်၍ မရတော့ပေ။ အထူးသဖြင့် အမေရိကနှင့် ဥရောပကုမ္ပဏီကြီးများကသာ မြန်မာနိုင်ငံတွင် အားတက်သရော ရင်းနှီးမြှုပ်နှံမှုများ လုပ်လာလျှင် ခရိုနီများအဖို့ အရင်လို မလွယ်ကူတော့ပါ။ အစိုးရကလည်း လိုလိုလားလားပင် ခွင့်ပြုရ ပေမည်။ တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲမှုတွင် ထိုကိစ္စမှာ ပြတ်သား၏။ နိုင်ငံပိုင်မှ ပုဂ္ဂလိကပိုင်ပြုလုပ်ရာတွင် တရုတ်တို့သည် ထောက်ထားစရာရော၊ ဘာရော လှည့်မကြည့်တော့ပေ။ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသော ကုမ္ပဏီများကို လက်ခံကာ အခွန်စည်းကြပ်မှုကို လျှော့ချသည်။ သူတို့၏ ပိုင်ဆိုင်မှုများကို လည်း အစိုးရက ပြတ်ပြတ်သားသား အကာအကွယ်ပေး၏။ ထိုအခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသူများက ယုံကြည်ပြီးပုံအော၍ ရင်းနှီးမြှုပ်နှံရာမှ ကမ္ဘာတွင် ဒုတိယ စီးပွားရေးအတောင့်တင်းဆုံးနိုင်ငံ ဖြစ်လာလေသည်။ ဖွံ့ဖြိုးမှုနောက်ကျနေသော တရုတ်သည် ဆယ်စုနှစ် ၃စုအတွင်း ကမ္ဘာတွင် ဒုတိယ စီးပွား ရေးအင်အား အတောင့်တင်းဆုံးနိုင်ငံ ဖြစ်လာသည်မှာ ပြတ်သားသောစီးပွားရေးမူဝါဒ ချမှတ်ခဲ့သောကြောင့် ဖြစ်ပါသည်။

ဒုတိယ ပြတ်ပြတ်သားသား လုပ်သင့်သည်အလုပ်မှာ စစ်တပ်စီးပွားရေးဟု ဆိုရမည်။ တရုတ်ပြည်တွင်လည်း ယခင်က စစ်တပ်စီးပွားရေး ရှိပါ သည်။ တိန်ရှောင်ပင် လက်ထက်၌မူ ထိုစစ်တပ်စီးပွားရေးကို ပယ်ဖျက်လိုက်၏။ စစ်တပ်ကို နိုင်ငံတော်ကာကွယ်ရေးအတွက်သာ တာဝန်ပေးပြီး စစ်တပ်မှ လိုအပ်သော ရိက္ခာ၊ ကိရိယာ၊ လက်နက်၊ ယူနီဖောင်းကအစ လိုလေးသေးမရှိ ကာကွယ်ရေးဌာနက အစိုးရကို တင်ပြကာစစ်တပ်စီးပွားရေးကို ပယ်ဖျက်ခဲ့ သည်။ မြန်မာနိုင်ငံတွင် လောလောဆယ်၌ မဖြစ်နိုင်သေးပေ။ စီးပွားရေးလည်း အားမကောင်းသေး၍ ချက်ချင်းဖျက်သိမ်းဒပစ်ရန် မလိုပေ။ ဖျက်သိမ်းဖို့မ လိုသော်လည်း လုပ်ပိုင်ခွင့်များကိုမူ အတက်နိုင်ဆုံး လျှော့ချပစ်သင့်ပေသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များလာလျှင် ဈေးပြိုင်စနစ်၊ တင်ဒါစနစ်ဖြင့် အပြိုင် လုပ်ကြပေမည်။ ထိုအခါထောက်ထားစရာများြ&#