![]() | yangonchronicle 2011- (1) |
၂၅.၁၀.၂၀၁၂
ဘာသာပြန်သတင်းများ
- ဦးသိန်းစိန်ဟာ ကမ္ဘာ့ရေပန်းအစားဆုံး လူတစ်ယောက်လား
(The Nation သတင်းမှ 23 October 2012 ရက်စွဲပါ “Thein Sein as the World's most popular man?” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)
- ဒုက္ခသည်များ နေရပ်ပြန်ရေးအစီအစဉ် ရေးဆွဲရန်လိုအပ်ဟု ကုလပြော
(25 October 2012 ရက်စွဲပါ Bangkok Post မှ UN says plan is needed to move refugees ကိုဘာသာပြန်ဆိုသည်)
***********************************************
ဘာသာပြန်သတင်းများ
ဦးသိန်းစိန်ဟာ ကမ္ဘာ့ရေပန်းအစားဆုံး လူတစ်ယောက်လား
(The Nation သတင်းမှ 23 October 2012 ရက်စွဲပါ “Thein Sein as the World's most popular man?” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)
ကမ္ဘာကြီးနှင့်နှစ်ပေါင်း ၅၀ ကျော် ပုန်းရှောင်နေပြီးမှ ပြန်ပေါ်လာသည့် မြန်မာနိုင်ငံသည် လူတစ်ကာရုတ်တရက် အာရုံကျစရာ ရှားရှားပါးပါး ကျောက်ရိုင်းတုံးကလေးနှင့် အလားသဏ္ဍန်တူနေသည်။
သို့သော် ထိုကျောက်ရိုင်းတုံးကို ထိတွေ့ခွင့်ရဖို့အတွက် ယင်း၏ပိုင်ရှင်အကြောင်း သိထားဖို့လိုလိမ့်မည်။ လောလောဆယ် ထိုပုဂ္ဂိုလ်မှာ သမ္မတ ဦးသိန်းစိန်ပင် ဖြစ်သည်။
ပြီးခဲ့သော နှစ်နှစ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် သမ္မတဦးသိန်းစိန်တို့အကြား ၃ ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြရာ နောက်ဆုံး အကြိမ်မှာ နယူးယောက်မြို့တွင် ဦးသိန်းစိန် ကုလသမဂ္ဂညီလာခံ တက်ရောက်စဉ်က ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာထံတွင် အများပြောစရာဖြစ်လောက်အောင် ဂရုစိုက်ရသော ပုဂ္ဂိုလ်များစာရင်းရှိသည်။ သူမအကို သက်ဆင်မှသည် သူမခင်ပွန်းနှင့် သားအထိပါအဝင်သော ထိုစာရင်းတွင် ဦးသိန်းစိန်နောက်ဆုံး ပါဝင်လာပုံ ရသည်။
မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဘန်ကောက်ခရီးစဉ်တွင် ဦးသိန်းစိန်အပေါ် လောင်းရိပ်မိုးသွားခြင်းကို တားဆီးရန် ပျက်ကွက်ခဲ့သော ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ဝန်ကြီးချုပ်ယင်လပ်က ဒေါသထွက်ခဲ့သည်ဟု ကြားသိရသည်။
အမှန်စင်စစ်မေလက ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ထိုင်းခေါင်းဆောင် ယင်လပ်အပါအဝင် လူတစ်ကာထက် ဒေါ်အောင်ဆန်းစုကြည်က ပိုမိုထင်ပေါ် ကျော်ကြားခဲ့သည်။ ထို့ကြောင့်ပင် နောက်ဆုံး မိနစ်ပိုင်းတွင် ဦးသိန်းစိန် စိတ်ပြောင်းကာ ခရီးစဉ် ဖျက်သိမ်းခဲ့ခြင်းကို အံ့သြစရာ မရှိပါ။ နောက်တစ်ကြိမ်ရက် သတ်မှတ်ရန် တစ်လခန့်အချိန်ကြာခဲ့ပြီး ထိုရက်ကိုလည်း ထပ်မံရွှေ့ဆိုင်း ခဲ့သည်။