Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂၈.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. ဥရောပသို့ မြန်မာ့သစ်တင်ပို့နိုင်ရန် စီစဉ်
  2. Data Center တစ်ခု မြန်မာ-ဂျပန် ပူးပေါင်းတည်ဆောက်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. တရားစီရင်ရေးနယ်ပယ် အဂတိလိုက်စားမှုကင်း၍ အားကောင်းစေရေး ကော်မတီနှစ်ခု စောင့်ကြည့်မည်
  2. နိုင်ငံဝန်ထမ်းနည်းတူ ပုဂ္ဂလိကဝန်ထမ်းများ အခွန်ပေးဆောင်ရမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ဥရောပသို့ မြန်မာ့သစ်တင်ပို့နိုင်ရန် စီစဉ်

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့ပြီး အစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကြောင့် Santion ဖြေလျော့ မှုများ ပြုလိုက်ခဲ့သည့် ဥရောပ(EU)နိုင်ငံများသို့ မြန်မာ့သစ်များတင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သစ်တောရေးရာဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မြန်မာ့သစ်တွေကို ဥရောပနိုင်ငံတွေကို တင်ပို့နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပါပြီ။ အဓိကအခက်အခဲ တစ်ခုအနေနဲ့ကတော့ EU နိုင်ငံတွေကို သစ်တင်ပို့မယ်ဆိုရင် ထောက်ခံချက်လိုတာပါပဲ။ ဒီတင်ပို့မှုတွေအတွက် သဘာဝပတ်ဝန်း ကျင်လုံးဝထိခိုက်မှု မရှိအောင် ဆောင်ရွက်ထားပါတယ်”ပာု ၎င်းကဆက်လက်ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းက “သစ်နှင့် EU ဈေးကွက်”အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် International Business Centre(IBC)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲ တွင် ဥရောပ(EU)နိုင်ငံများသို့ သစ်တင်ပို့ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးမှု များ ပြုလုပ်ခဲ့သည်။

“ပြည်ပကိုသစ်တင်ပို့တဲ့အခါမှာ သူတို့တောင်းတာနဲ့ ဦးတို့ဘက်ကပေးတာနဲ့ ကိုက်ရဲ့လား။ သူတို့တောင်းတာ မြင့်နေသလား။ သူတို့လိုချင်တဲ့ ပုံစံကိုလေ့လာပြီး ဝန်ကြီးဌာနကို ထောက်ခံတင်ပြမယ်။ သူတို့ကို လိုက်ဖို့စနစ်က အခက်အခဲမရှိဘူး။ စာရွက်စာတမ်း ဖြည့်ဆည်းရမယ်။ အဲဒါကို မဖြည့် ဆည်းနိုင်ရင် မရဘူး။ စာရွက်စာတမ်းအတွက် ကြိုတင် ပြင်ဆင်ထားတာတွေ ရှိတယ်။ ပြင်ဆင်ထားတဲ့စနစ်ကို သူတို့လက်ခံဖို့ လိုတယ်”ပာု မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးဘာဘာချိုက ပြောကြားသည်။

သစ်လုပ်ငန်းရှင်များအနေဖြင့် သစ်တောထွက်ကုန်ပစ္စည်းများ ပြည်ပသို့တင်ပို့ရာတွင် သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များကို မထိခိုက်စေဘဲ လုပ်ကိုင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Ref:Popular News

------------------------------------------------------------------------------------------------------------------------

Data Center တစ်ခု မြန်မာ-ဂျပန် ပူးပေါင်းတည်ဆောက်မည်

ပြည်တွင်းရှိသတင်းမီဒီယာသမားများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာကဏ္ဍအသီးသီးရှိ ပုဂ္ဂိုလ်များအတွက် လိုအပ်သည့် အချက် အလက်များကို သိရှိနိုင်စေရန် ၂၀၁၃ နှစ်ဆန်းပိုင်းတွင် မြန်မာ-ဂျပန် ပူးပေါင်း၍ Data Center တစ်ခုကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့တွင် လှိုင်တက္ကသိုလ်နယ်မြေတွင် ကျင်းပခဲ့သော Data Center Service in Myanmar မိတ်ဆက်ပွဲတွင် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“နှစ်ဆန်းပိုင်းမှာ လုပ်ငန်းစပြီးလည်ပတ်လာရင် ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းတွေကို ပဏာမှုဦးစားပေး လုပ် ဆောင်ပေးသွားမှာပါ။ ပြီးရင် ကုမ္ပဏီတွေ၊ စက်ရုံအလုပ်ရုံတွေကို ဆက်ပြီးလုပ်ငန်းလက်ခံပေးသွားမှာပါ”ပာု MICTDC ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် News Watch ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ယင်း Data Center ကို ပြည်တွင်းရှိ MICTDC ကုမ္ပဏီ(Myanmar ICT Development Center)နှင့် ဂျပန်နိုင်ငံ Hitachi ကုမ္ပဏီတို့မှ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်းရှိဘဏ်လုပ်ငန်းများ၊ အာမခံလုပ်ငန်းများ၊ ဆက်သွယ်ရေး ကွန်ရက်လုပ်ငန်းများတွင် သက်ဆိုင်ရာ ဒေတာအချက် အလက်များကို လုံခြုံစွာထိန်းသိမ်းနိုင်၍ ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ Data Center တစ်ခု တည်ထောင်ခြင်း ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတကာမှာ အသုံးပြုနေတဲ့ Data Center ကိုမြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အကောင်အထည် ဖော်သွားမှာပါ။ ပြည်တွင်းမှာ Data Center အများအပြား ဖွင့်လှစ်လုပ်ကိုင်ဖို့ လိုအပ်ပါတယ်။ ဒီစင်တာမှာ ဘယ်လုပ်ငန်းဆို ဘယ်လောက်ယူသင့်တယ်ဆိုတာ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးနေပါတယ်”ပာု MICTDC ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Data Center တည်ဆောက်ရန် မြန်မာနိုင်ငံရှိ MICTDC နှင့်ပူးပေါင်းဆောင်ရွက်မည့် ဂျပန်နိုင်ငံ၏ Hitachi ကုမ္ပဏီမှာ နိုင်ငံတကာတွင် Data Center အများအပြားကို တာဝန်ယူလုပ်ကိုင်လျက်ရှိပြီး ဂျပန်နိုင်ငံတွင်လည်း စုစုပေါင်း Data Center ၁၈ ခုကိုလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ref:News Watch

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

တရားစီရင်ရေးနယ်ပယ် အဂတိလိုက်စားမှုကင်း၍ အားကောင်းစေရေး ကော်မတီနှစ်ခု စောင့်ကြည့်မည်

မြန်မာနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍများတွင် လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုများကင်း၍ ဖြောင့်မတ်မှန်ကန် အားကောင်းလာနိုင်စေရေး အတွက် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီနှစ်ခုမှ စောင့်ကြည့်၍ ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ယင်းသတင်းထုတ်ပြန်ကြေညာချက်တွင် တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်လာစေရန်နှင့် တရားဥပဒေ စိုးမိုမှုအားကောင်းလာစေရန် အတွက် ပဉ္စမမဏ္ဍိုင်ဖြစ်သော ပြည်သူ့ကိုယ်စားလှယ်များအပါအဝင် ပြည်သူတစ်ရပ်လုံးက တာဝန်သိသိ ဝိုင်းဝန်းဆောင်ရွက်ရန်အထူးလိုအပ်ကြောင်း၊ လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုများကို သတ္တိရှိရှိ ဖော်ထုတ်တင်ပြ၍ လူထုအတွင်း တွေ့ကြုံနေရသော မှုခင်းများအတွက် လာဘ်ပေးလာဘ်ယူ မလုပ်ကြဘဲ အမှန်အတိုင်း ရင်ဆိုင်ဖြေရှင်းကြရန် ပညာပေးတိုက်တွန်းကြရမည်ဖြစ်ကြောင်းနှင့် တရားစီရင်ရေးနယ်ပယ်တွင် လာဘ်ပေးလာဘ်ယူ အဂတိ လိုက်စားမှုအခြေအနေ ပဏာမစုံစမ်းစစ်ဆေးမှု ပြုလုပ်ဖော်ထုတ်၍ ယင်းကိစ္စရပ်များအား အုပ်ချုပ်ရေးမဏ္ဍိုင်မှ ထိရောက်သော အရေးယူမှုများ ပြုလုပ်ရ မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့်လည်း တရားစီရင်ရေးနယ်ပယ်တွင် လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှု ကင်းစင်စေရေးအတွက် လိုအပ်သည့် ဥပဒေများ ပြုစုပြဋ္ဌာန်းခြင်း၊ ဥပဒေပောာင်းအချို့ကို ပြင်ဆင်ခြင်းနှင့် ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စောင့်ကြည့် ထိန်းညှိခြင်းကိုသာ ပြုလုပ်နိုင်မည်ဖြစ်ပြီး တရားစီရင်ရေး မဏ္ဍိုင်အားကောင်းလာနိုင်စေရေးအတွက် အမှန်တကယ် လုပ်ဆောင်နိုင်မည့်သူများမှာ တရား စီရင်ရေးစနစ်အတွင်းမှ ပုဂ္ဂိုလ်များကသာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တရားစီရင်ရေးကဏ္ဍ၌ လက်ရှိ လာဘ်ပေးလာဘ်ယူအဂတိလိုက်စားမှုများမှာ လွန်စွာသိမ်မွေ့လှပြီး လက်ပူးလက်ကြပ် ဖမ်းဆီးဖော် ထုတ်ရန် ခက်ခဲလှပြီး တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်လာနိုင်စေရန်အတွက် အခြား မဏ္ဍိုင်(၄)ရပ်ဖြင့် ထိန်းညှိထောက်မမှုကို ပာန်ချက်ညီညီ ပြု လုပ်ရန်လိုအပ်ကြောင်းနှင့် ထိုသို့ ဘက်ပေါင်းစုံကြပ်မတ်နေသည့်တိုင် ပြောင်းလဲတိုးတက်မှုများမရှိပါက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

YC

 ------------------------------------------------------------------------------------------------------------------------

နိုင်ငံဝန်ထမ်းနည်းတူ ပုဂ္ဂလိကဝန်ထမ်းများ အခွန်ပေးဆေ&